အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၆ ( Grand Canyon Helicopter Tour & Amusement Rides ) ။

Foreign ResidentOctober 14, 201516min2339

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၆

( Grand Canyon Helicopter Tour & Amusement Rides ) ။

 

၁၂ – ဝ၅ – ၂၀၁၄ ။

 

ဒီနေ့ မနက်ပိုင်းကတော့ အမေရိက ရဲ့ နာမည်ကျော် ၊

Grand Canyon ကို Helicopter နှင့် သွားကြည့်ရမယ့် ခရီးစဉ်ပါ ။

 

အဘတို့က Maverick ကုမ္ပဏီ ရဲ့ ရဟတ်ယာဉ် ခရီးစဉ် နှင့် သွားမှာပါ ။

၁ ဦးကို ဒေါ်လှ ၅၀ဝ နှင့် ၊ ၂ ဦးစာ ဒေါ်လှ ၁၀၀ဝ နှင့် ဝယ်လိုက်တာပါ ။

Maverick ကုမ္ပဏီ က အဘတို့ရဲ့ Hotel ကို လာကြို ပြန်ပို့ပေးပါမယ် ။

Las Vegas ကနေ အနီးဆုံး ဖြစ်တဲ့ Grand Canyon ရဲ့ West Rim ကို ၊

Grand Canyon ကို Helicopter နှင့် အသွား ၄၅ မိနစ် ၊ အပြန် ၄၅ မိနစ် ၊

Grand Canyon မှာ ရှန်ပိန်တိုက် Snack ကျွေး ၄၅ မိနစ် လောက် လျှောက်ကြည့်မှာပါ ။

 

16 Las Vegas ကနေ Grand Canyon ရဲ့ West Rim ကို ရဟတ်ယာဉ် နှင့် သွားကြည့်မှာပါ ။

16 Las Vegas ကနေ Grand Canyon ရဲ့ West Rim ကို ရဟတ်ယာဉ် နှင့် သွားကြည့်မှာပါ ။
16 Las Vegas ကနေ Grand Canyon ရဲ့ West Rim ကို ရဟတ်ယာဉ် နှင့် သွားကြည့်မှာပါ ။

 

16 အဘတို့ စီးမယ့် Eurocopter ( Airbus ) EC130 B 4 နှင့် ရဟတ်ယာဉ် ပိုင်းလော့ ။

16 အဘတို့ စီးမယ့် Eurocopter ( Airbus ) EC130  B 4 နှင့် ရဟတ်ယာဉ် ပိုင်းလော့ ။
16 အဘတို့ စီးမယ့် Eurocopter ( Airbus ) EC130 B 4 နှင့် ရဟတ်ယာဉ် ပိုင်းလော့ ။

 

16 အဘတို့ နှင့် အတူထွက်ခဲ့တဲ့ အတွဲ ရဟတ်ယာဉ် ။

16 အဘတို့ နှင့် အတူထွက်ခဲ့တဲ့ အတွဲ ရဟတ်ယာဉ် ။
16 အဘတို့ နှင့် အတူထွက်ခဲ့တဲ့ အတွဲ ရဟတ်ယာဉ် ။

 

မနက် ရ နာရီလောက် Maverick ကုမ္ပဏီက ကားကြီးနှင့် ဟော်တယ် လာကြိုပါတယ် ။

Maverick ကုမ္ပဏီ ရဲ့ လေယာဉ်ကွင်းက မြို့ပြင် တောင်ဘက်မှာပါ ။

Maverick ကုမ္ပဏီ မှာ ရဟတ်ယာဉ် အပြင် လေယာဉ်ခရီးစဉ်တွေပါ ရှိပါတယ် ။

သူတို့ရဲ့ လေယာဉ်ကွင်းကရုံးမှာ လူမစုံသေးလို့ နာရီဝက်လောက် စောင့်ရပါတယ် ။

 

အဘတို့ စီးရမယ့် ရဟတ်ယာဉ်က Eurocopter ( Airbus ) EC130 / B 4 ပါ ။

အခုလက်ရှိ ကမ႓ာမှာ အကောင်းဆုံး ခရီးသည်တင် ရဟတ်ယာဉ်လို့ ပြောပါတယ် ။

( ဦးတေဇ တို့ပျက်ကျတဲ့ ရဟတ်ယာဉ်က မေါ်ဒယ်နိမ့်တဲ့ B 3 လို့ ကြားပါတယ် ၊

ဦးတေဇ တို့ကို လိုက်ကယ်တော့ ပိုကောင်းတဲ့ B 4 နှင့် လို့ ကြားပါတယ် )

 

B 4 ရဟတ်ယာဉ် က B 3 ထက် နေရာ ပိုကျယ် တယ် ။

ပါတ်ပါတ်လည်မှာ မှန်တွေ နှင့်ဘဲ ကာထားတော့ မြင်ကွင်းပိုကောင်းတယ် ။

B 4 ရဟတ်ယာဉ်က စက်သံ ပိုတိုးလို့ Tour အတွက် ပိုကောင်းတယ်တဲ့ ။

ပြောရရင် B 3 ရဟတ်ယာဉ် က ၁၉၇၅ Model ပါ ။ B 4 က ၂၀၀၁ Model ပါ ။

 

အဲ့ဒီ B 4 ရဟတ်ယာဉ်က ခရီးသည် ရ ဦး ၊ ပိုင်းလော့ ၁ ဦး တင်နိုင်ပါတယ် ။

ဒါပေမယ့် ချောင်ချောင်ချိချိ ဖြစ်အောင် ခရီးသည် ၆ ဦးစီဘဲ တင်တာ တွေ့ရပါတယ် ။

 

အဘတို့ ခရီးစဉ်က ရဟတ်ယာဉ် ၂ တွဲ တစ်ခါ ထွက်ကြပုံ ရပါတယ် ။

ရဟတ်ယာဉ် ၂ စီးစာ ခရီးသည် ၁၂ ဦး စုံသွားတဲ့ အခါမှာ ၊

ရဟတ်ယာဉ် ပိုင်းလော့ ၂ ဦး ထွက်လာပြီး အဘတို့ကို ကြိုဆို နှုတ်ခွန်းဆက် ပြီး ၊

ရဟတ်ယာဉ် ရပ်ထားတဲ့ လေယာဉ်ကွင်းထဲကို ခေါ်သွားပါတယ် ။

 

အဘတို့ ရဟတ်ယာဉ် ရဲ့ ခရီးသည် ၆ ဦး ကတော့ ၊

အဘတို့ ဇနီး မေါင်နှံ ရယ် ၊ အဖြူ အဖိုးကြီး အဖွားကြီး စုံတွဲ ရယ် ၊

ကျောင်းသူလို့ထင်ရတဲ့ အသက် ၂ဝ လောက် တရုတ်မ ငယ်ငယ် ၂ ယောက်ရယ်ပါ ။

 

အသက် ငယ်ငယ် အရွယ်မှာ အခုလို သုံးနိုင် ဖြုန်းနိုင် ကမ႓ာပါတ် ပျော်ပါးနိုင်တဲ့ ၊

တရုတ် ချာတိတ်မ ငယ်ငယ် ၂ ယောက် အတွက် မုဒိတာ ပွားမိပါတယ် ။

သူတို့ ပျော်ပါး လွတ်လပ်နေတာကြည့်ပြီး ကိုယ်တွေပါ ပျော်လာသလိုဘဲ ။

 

ဪ ပိုက်ပိုက်ဆိုတာ ကိုယ်တွေအတွက်သာ သိပ်မလွယ်လှတာ ၊

တစ်ချို့ ကံကောင်းတဲ့သူတွေမှာတော့ တော်တော် ပေါများပုံပါဘဲ ။

မုဒိတာ ပွားပါတယ်ကွယ် ၊ သတ္တဝါအားလုံး ကောင်းကျိုး လိုအင်တွေ ပြည့်စုံကြပါစေ ။

 

ခရီးစဉ် မှာ အဘတို့ ခရီးသည် ၆ ဦး က အလှည့်ကျ ခုံပြောင်းထိုင်ရပါတယ် ။

ရဟတ်ယာဉ် ပေါ်ရောက်တဲ့အခါ ခရီးသည်တိုင်း ခါးပါတ်ပါတ် ၊

ရဟတ်ယာဉ်မှူး ပိုင်းလော့ နှင့် ဆက်သွယ်နိုင်တဲ့ ခေါင်းဆောင်းတပ်ရပါတယ် ။

ပြီးရင် ဘာမှန် မသိတဲ့ အိတ် အဝါကြီး ပါတဲ့ ခါးပါတ် ပါတ်ရပါတယ် ။

 

မှန်တာပြောရရင် အဲဒီ့ အိတ် အဝါကြီးကို ဘာသုံးရမှန်းလဲ မသိပါဘူး ။

အဘလဲ ရဟတ်ယာဉ် ပျက်ကျမှတော့ ပွဲပြီးမှာက သေချာသလောက် ရှိနေတော့ ၊

ဘာမှ ထပ် complaint မလုပ် မမေးမြန်တော့ဘဲ ဝတ်ထားလိုက်ပါတယ် ။

 

16 Grand Canyon ချိုင့်ဝှမ်း ရဲ့ အလှ တစ်ခု ။

16 Grand Canyon ချိုင့်ဝှမ်း ရဲ့ အလှ တစ်ခု ။
16 Grand Canyon ချိုင့်ဝှမ်း ရဲ့ အလှ တစ်ခု ။

 

16 Grand Canyon ချိုင့်ဝှမ်း နှင့် Colorado မြစ် 1

16 Grand Canyon ချိုင့်ဝှမ်း နှင့် Colorado မြစ် 1
16 Grand Canyon ချိုင့်ဝှမ်း နှင့် Colorado မြစ် 1

 

16 Grand Canyon ချိုင့်ဝှမ်း နှင့် Colorado မြစ် 2

16 Grand Canyon ချိုင့်ဝှမ်း နှင့် Colorado မြစ် 2
16 Grand Canyon ချိုင့်ဝှမ်း နှင့် Colorado မြစ် 2

 

မနက် ၈ နာရီခွဲလောက် ရဟတ်ယာဉ် စထွက်လာပြီး ၊ ပိုင်းလော့ က ၊

Nevada သဲကန္တာရကြီး အပေါ်ကနေ့ လှည့်ပါတ် ပျံပြီး ၊ ရှင်းလင်းပြပါတယ် ။

နောက် ၁၅ မိနစ်လောက် ကျော်ကျော်မှာတော့ ၊

Las Vegas မြို့ ရှိတဲ့ Nevada ပြည်နယ် နှင့် Grand Canyon ရှိတဲ့ Arizona ပြည်နယ် ၊

တို့ရဲ နယ်စပ်မျဉ်း အနေနှင့် စီးဆင်းနေတဲ့ Colorado မြစ်ကိုရောက်ပါတယ် ။

 

အဲ့ဒီနောက်မှာတော့ Colorado မြစ် ကို ၊

Lake Mead နှင့် Black Canyon နေရာမှာ ဆည်ပြီး ဆောက်ထားတဲ့ ၊

Hoover Dam ( Boulder Dam ) ရဲ့ အပေါ်ကနေ ဝဲပျံ ရှင်းပြပါတယ် ။

 

နောက် မိနစ် ၂ဝ လောက် မောင်းပြီးတဲ့ အခါမှာတော့ ၊

အမေရိက ရဲ့ နာမည်ကျော် Grand Canyon ရဲ့ West Rim အနောက်ဖက်ပိုင်းက ၊

Maverick ကုမ္ပဏီက အထူးငှားထားတဲ့ နေရာမှာ ရဟတ်ယာဉ် ဆင်းပါတယ် ။

 

16 Colorado မြစ် ကို Black Canyon နေရာမှာ ဆည်ပြီး ဆောက်ထားတဲ့ Hoover Dam ။

16 Colorado မြစ် ကို Black Canyon နေရာမှာ ဆည်ပြီး ဆောက်ထားတဲ့ Hoover Dam ။
16 Colorado မြစ် ကို Black Canyon နေရာမှာ ဆည်ပြီး ဆောက်ထားတဲ့ Hoover Dam ။

 

16 Hoover Dam ကို အားဖြည့်ပေးတဲ့ Colorado မြစ် ပေါ်ကLake Mead ရေကန် ။

16 Hoover Dam ကို အားဖြည့်ပေးတဲ့ Colorado မြစ် ပေါ်ကLake Mead ရေကန် ။
16 Hoover Dam ကို အားဖြည့်ပေးတဲ့ Colorado မြစ် ပေါ်ကLake Mead ရေကန် ။

 

16 Grand Canyon ချိုင့်ဝှမ်းကြီး ထဲ ရစ်ခွေ စီးဆင်းနေတဲ့ Colorado မြစ် ။

16 Grand Canyon ချိုင့်ဝှမ်းကြီး ထဲ ရစ်ခွေ စီးဆင်းနေတဲ့ Colorado မြစ် ။
16 Grand Canyon ချိုင့်ဝှမ်းကြီး ထဲ ရစ်ခွေ စီးဆင်းနေတဲ့ Colorado မြစ် ။

 

မှန်တာပြောရရင်တော့ Nevada သဲကန္တာရကြီး ရဲ့ နေ့လည်ခေါင် ဆိုတော့ ၊

နေ့ အလင်းရောင်တွေ လင်းထိန်နေလို့ Grand Canyon ကြီးက သိပ် မလှပါဘူး ။

မနက် နေထွက်စ နှင့် နေဝင်ချိန်တွေမှာမှ နီရဲပြီး အရမ်းလှတယ် ပြောပါတယ် ။

တတ်နိုင်ဘူးလေ ကိုယ့်မလဲ အဆင်ပြေတဲ့အချိန် အပြေးလာရတာကိုး ။

 

အဲ့ဒီ အဘတို့ ရဟတ်ယာဉ် ၂ စင်း ရပ်တဲ့ နေရာ နှင့် ခပ်လှမ်းလှမ်း တွေမှာ ၊

ရဟတ်ယာဉ်ပေါင်း မြောက်များစွာ ရပ်နေကြတာကိုလည်းတွေ့ရပါတယ် ။

ပုဇဉ်းတွေလိုဘဲ ၊ ရဟတ်ယာဉ် တစ်သုတ် က ပျံထွက်သွားလိုက် ၊

ရဟတ်ယာဉ် နောက်တစ်သုတ် က ၂ စီးတွဲ ပျံဝင်လာလိုက် ။

 

၁ ယောက် ကို ဒေါ်လှ ၅၀ဝ စီပေးစီးရတာတောင် ၊ များလိုက်တဲ့ ရဟတ်ယာဉ် တွေ ။

ဪ အောင်မြင်တဲ့ Tourism ဆိုတာ ဒါမျိုးကို ပြောတာဖြစ်မှာဘဲ ။

 

ရဟတ်ယာဉ် ရပ်ထားတဲ့ နေရာလေးကလည်း တော်တော် ကောင်းပါတယ် ။

ပေ ၂၀၀ဝ ကျော်မြင့်တဲ့ Colorado ကုန်းမြင့်ကြီး ရဲ့ အောက်ခြေနား ၊

ရစ်ခွေ စီးဆင်းနေတဲ့ Colorado မြစ်ရဲ့ ဘေး ကမ်းနား နေရာပါ ။

 

ရဟတ်ယာဉ် ကုမ္ပဏီက ကျွေးတဲ့ snack တွေ စား ရှန်ပိန်ကို တန်အောင်သောက်ပြီး ၊

အဘတို့လည်း ၊ အဲ့ဒီနား ပါတ်ဝန်းကျင် ကိုလှည့်ပါတ်ကြည့် ဓါတ်ပုံရိုက်ကြပါတယ် ။

Grand Canyon မှာ စုစုပေါင်း ၄၅ မိနစ်လောက်နေပြီး ပြန်ထွက်လာခဲ့ပါတယ် ။

 

16 Grand Canyon ချိုင့်ဝှမ်းကြီး ရဲ့ အလှအပ ။

16 Grand Canyon ချိုင့်ဝှမ်းကြီး ရဲ့ အလှအပ ။
16 Grand Canyon ချိုင့်ဝှမ်းကြီး ရဲ့ အလှအပ ။

 

16 ၁ ယောက် ကို ဒေါ်လှ ၅၀ဝ စီပေးစီးရတာတောင် ၊ များလိုက်တဲ့ ရဟတ်ယာဉ် တွေ ။

16 ၁ ယောက် ကို ဒေါ်လှ ၅၀ဝ စီပေးစီးရတာတောင် ၊ များလိုက်တဲ့ ရဟတ်ယာဉ် တွေ ။
16 ၁ ယောက် ကို ဒေါ်လှ ၅၀ဝ စီပေးစီးရတာတောင် ၊ များလိုက်တဲ့ ရဟတ်ယာဉ် တွေ ။

 

16 ရဟတ်ယာဉ် ကုမ္ပဏီက ကျွေးတဲ့ snack တွေ စား ရှန်ပိန်ကို တန်အောင်သောက်ပြီး ၊

16 ရဟတ်ယာဉ် ကုမ္ပဏီက ကျွေးတဲ့ snack တွေ စား ရှန်ပိန်ကို တန်အောင်သောက်ပြီး ၊
16 ရဟတ်ယာဉ် ကုမ္ပဏီက ကျွေးတဲ့ snack တွေ စား ရှန်ပိန်ကို တန်အောင်သောက်ပြီး ၊

 

16 ရဟတ်ယာဉ် မောင်းတဲ့ နေရာ Cockpit ။

16 ရဟတ်ယာဉ် မောင်းတဲ့ နေရာ Cockpit ။
16 ရဟတ်ယာဉ် မောင်းတဲ့ နေရာ Cockpit ။

 

16 အပြန်လမ်း ခရီး တစ်ဝက်မှာ ခဏရပ်ပြီး ရဟတ်ယာဉ်ကို လောင်စာဆီ ထပ်ဖြည့်ကြပါတယ် ။

16 အပြန်လမ်း ခရီး တစ်ဝက်မှာ ခဏရပ်ပြီး ရဟတ်ယာဉ်ကို လောင်စာဆီ ထပ်ဖြည့်ကြပါတယ် ။
16 အပြန်လမ်း ခရီး တစ်ဝက်မှာ ခဏရပ်ပြီး ရဟတ်ယာဉ်ကို လောင်စာဆီ ထပ်ဖြည့်ကြပါတယ် ။

 

အပြန်လမ်းက အသွားလမ်း နှင့် မတူဘဲ မြောက်ဘက်က ပြန်လာခဲ့ပါတယ် ။

အပြန်လမ်း ခရီး တစ်ဝက်လောက် တစ်နေရာမှာတော့ ခဏထပ်ရပ်ပြီး ၊

ရဟတ်ယာဉ်ကို လောင်စာဆီ ထပ်ဖြည့်ကြပါတယ် ။

 

Las Vegas တောင်ဘက် ရဟတ်ယာဉ်ကွင်းကို ၁၁ နာရီလောက် ပြန်ရောက် ၊

အဲ့ဒီကနေ အဘတို့ တည်းတဲ့ ဟိုတယ်ကို ၁၁ နာရီခွဲလောက် ပြန်ရောက်ပါတယ် ။

 

ဟိုတယ် ရောက်တော့ နေ့လည်စာစားချိန် ရောက်ပေမယ့် ၊

Grand Canyon မှာ snack တွေ အဝစား ရှန်ပိန်တွေသောက်ခဲ့တော့ ၊

မဆာ လဲ မဆာ ၊ ထပ်လဲ မစားနိုင်တော့ ၊ နေ့လည်စာ skip လုပ်လိုက်ပါတယ် ။

 

မဟေသီကတော့ ပင်ပန်းလို့အဝတ်အစားလဲ အနားယူနေပါတယ် ။

အဘကတော့ အနားမယူ နိုင်ဘဲ ဟော်တယ် ရဲ့ မျှော်စင်ထိပ်ကို တက်လာခဲ့ပါတယ် ။

ဟုတ်တယ်လေ ၊ အဘတို့တည်းတဲ့ Stratosphere ဟော်တယ် ရဲ့ Tower ဟာ ၊

အမေရိက ရဲ့ အမြင့်ဆုံး မျှော်စင် freestanding tower ပါ ။

အဲ့ဒီ အမြင့်ဆုံး မျှော်စင် ရဲ့ ထိပ်မှာ Amusement Park ကြီး ဆောက်ထားတယ်တဲ့ ။

ကမ႓ာမှာ အမြင့်ဆုံးမှာ ဆောက်ထားတဲ့ Amusement Park လို့ ပြောတာဘဲ ။

အဲ့ဒီတော့ကာ ၊ ရောက်တုန်း ရောက်ခိုက်တော့ မဖြစ်မနေ သွားရမပေါ့ ။

 

အဘက ဟိုတယ်မှာ တည်းနေတဲ့ Guest ဆိုတော့ မျှော်စင်ပေါ်တက်ခ မပေးရပါဘူး ။

ရှိရှိသမျှ Ride အားလုံးကို တစ်နေကုန် စီးခ ဒေါ်လှ ၆ဝ လောက် ထပ်ပေးလိုက်ပါတယ် ။

ဟဲ ဟဲ ၊ Ride တစ်မျိုးကို ကြုံဖူးအောင် တစ်ခါစီဘဲ စီးကြည့်မှာပါ ။

တန်အောင်ဆိုပြီး တစ်နေကုန် လျှောက်စီးနေရင် ၊ နုလုံးရောဂါရပြီး သေရချည်ရဲ့ ။

 

မျှော်စင် ဟော်တယ်ကြီး စဖွင့်ကာစကတော့ ၊

အဲ့ဒီ ၁၁၄၉ ပေ အမြင့်ရှိတဲ့ မျှော်စင် ထိပ်မှာ Roller Coaster ကြီးရှိသကွဲ့ ။

အဲ့ဒီ့ အချိန်က ကမ႓ာ့ အမြင့်ဆုံး Roller Coaster ပေါ့ကွယ် ။

 

ဒါပေမယ့် အဲ့ဒီလို ပေ ၁ဝဝဝ ကျော် အမြင့်ထိပ်မှာ ဆောက်ရတာဆိုတော့ ၊

အန္တရာယ်မကြီးလွန်းအောင် ၊ သိပ် စိတ်မလှုပ်ရှားအောင်ဆောက်ရတယ်တဲ့ ။

အဲ့ဒါနှင့်ဘဲ ၊ စိတ်မလှုပ်ရှားရတဲ့အတွက် လူကြိုက်နည်းခဲ့တယ်တဲ့ ။

အဲ့ဒဟာနှင့် ကုန်ကျစရိတ် ၊ အန္တရာယ်များမှုတွေနှင့် မကိုက်လို့ ပြန်ဖြုတ်လိုက်သတဲ့ ။

ဒါကတော့ မျှော်စင် ထိပ်မှာ Roller Coaster ကြီးရှိတုန်းက ဓါတ်ပုံ ပေါ့ကွယ် ။

 

အခုလက်ရှိတော့ မျှော်စင် ထိပ်မှာ The Big Shot ၊ Insanity the Ride ၊

XSCREAM နှင့် SkyJump Las Vegas ဆိုတဲ့ Attraction Ride တွေဘဲ ရှိတော့တယ် ။

 

The Big Shot ဆိုတာက မျှော်စင် ထိပ်ကို အရှိန်နှင့် ပြစ်တင်လိုက်ပြီး ပြန်ကျ တာပါ ။

 

Insanity the Ride ဆိုတာက မျှော်စင်ထိပ်ကနေ ဘေးကို ကားထွက်ပြီး ရဟတ်စီးတာပါ ။

 

XSCREAM ဆိုတာက မျှော်စင်ထိပ်က ရထားလမ်းစေါင်းလေးကနေ အောက်လွှတ်ချတာပါ ။

အဟဲ ၊ ရထားလမ်း အဆုံးမှာ ရပ်ရင်ရပ် မရပ်ရင်တော့ ပွဲပြီးပေါ့လေ ။

 

SkyJump Las Vegas ဆိုတာက မျှော်စင်ထိပ်ကနေ ကြိုးတွဲလောင်းနှင့် ခုန်ချရတာ ။

အဲ့ဒါက ပိုက်ပိုက် တော်တော်များများ ထပ်ပေးရမှာမို့ မလုပ်ခဲ့ဘူး ။

 

16 ဒါကတော့ မျှော်စင် ထိပ်မှာ Roller Coaster ကြီးရှိတုန်းက ဓါတ်ပုံ ပေါ့ကွယ် ။

16 ဒါကတော့ မျှော်စင် ထိပ်မှာ Roller Coaster ကြီးရှိတုန်းက ဓါတ်ပုံ ပေါ့ကွယ် ။
16 ဒါကတော့ မျှော်စင် ထိပ်မှာ Roller Coaster ကြီးရှိတုန်းက ဓါတ်ပုံ ပေါ့ကွယ် ။

 

16 The Big Shot ဆိုတာက မျှော်စင် ထိပ်ကို အရှိန်နှင့် ပြစ်တင်လိုက်ပြီး ပြန်ကျ တာပါ ။

16 The Big Shot ဆိုတာက မျှော်စင် ထိပ်ကို အရှိန်နှင့် ပြစ်တင်လိုက်ပြီး ပြန်ကျ တာပါ ။
16 The Big Shot ဆိုတာက မျှော်စင် ထိပ်ကို အရှိန်နှင့် ပြစ်တင်လိုက်ပြီး ပြန်ကျ တာပါ ။

 

16 Insanity the Ride ဆိုတာက မျှော်စင်ထိပ်ကနေ ဘေးကို ကားထွက်ပြီး ရဟတ်စီးတာပါ ။

16 Insanity the Ride ဆိုတာက မျှော်စင်ထိပ်ကနေ ဘေးကို ကားထွက်ပြီး ရဟတ်စီးတာပါ ။
16 Insanity the Ride ဆိုတာက မျှော်စင်ထိပ်ကနေ ဘေးကို ကားထွက်ပြီး ရဟတ်စီးတာပါ ။

 

16 XSCREAM ဆိုတာက မျှော်စင်ထိပ်က ရထားလမ်းစေါင်းလေးကနေ အောက်လွှတ်ချတာပါ ။

16 XSCREAM ဆိုတာက မျှော်စင်ထိပ်က ရထားလမ်းစေါင်းလေးကနေ အောက်လွှတ်ချတာပါ ။
16 XSCREAM ဆိုတာက မျှော်စင်ထိပ်က ရထားလမ်းစေါင်းလေးကနေ အောက်လွှတ်ချတာပါ ။

 

မှန်တာပြောရရင် ၊ ဒီ Ride တွေက ၊

မျှော်စင် အမြင့်ကြီးထိပ်မှာဆိုတော့ နဲနဲ ပိုထူးခြားတာပေါ့လေ ။

ဒါပေမယ့် မျှော်စင် အမြင့်ကြီးထိပ်မှာ ဆောက်ထားရတာ ဆိုတော့ ၊

စိတ်တိုင်းကျ အရမ်း စိတ်လှုပ်ရှားအောင် ဆောက်လို့ မရဘူးထင်တယ် ။

ဒါ့ကြောင့် အဘ တော့ အရမ်းကြီး သိပ်စိတ်မလှုပ်ရှားခဲ့ဘူးလေ ။

 

ကြုံတုန်း တစ်ခုပြောရဦးမယ် ၊

အဘတို့ လင်မယား ၊ ဩဇီ Gold Coast က Amusement Park တွေ ၊

Warner’s Brothers စသဖြင့်တွေကို သွားလည်ကြစဉ်ကပေါ့ ။

 

အစပိုင်းမှာ ၊ အဘ က မဟေသီကို စချင် နောက်ချင်တာနှင့် ၊

Roller Coaster အမြင့်ကြီးကို စီးရမှာ ကြောက်နေရင် ၊

အနိမ့်လေးဘဲသွားတဲ့ Roller Coaster ကိုစီးရအောင်လို့ ဆွယ်ပြီးစီးတာပေါ့ ။

 

အဟဲဟဲ ၊ အမှန်က အဲ့ဒီ့ Ride တွေ အားလုံးက ၊ နိမ့်နိမ့် မြင့်မြင့် ၊

လူတစ်ယောက်ရဲ့ ကြောက်စိတ် Fear Factor ကို ချိန်တွက်ပြီး ဆောက်ထားတာလေ ။

နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ Fear Factor ရဲ့ Limit ရောက်အောင် လုပ်ထားတာလေ ။

နိမ့်တဲ့ဟာ သွားစီးတော့ မြင့်တဲ့ဟာလို သူက အမြင့်မတက်ပေမယ့် ၊

သူက ဦးစောက် ပြောင်းပြန်တွေပါ ချာလပါတ် ရမ်းပြစ်လိုက်တာကိုး ။

Final အနေနှင့်ကတော့ ကြောက်စိတ် ရဲ့ Limit ရောက်အောင်လုပ်တာပါဘဲ ။

 

ဟဲ ဟဲ ၊ အဲ့ဒီ အနိမ့် Roller Coaster စီးပြီးကတည်းက ၊

အဘ မဟေသီလဲ သူကတော့ နိမ့်နိမ့် မြင့်မြင့် ဘာ Ride မှ ထပ်မစီးတော့ဘဲ ၊

( ဆိုးတာက ) ၂ ယောက်စာ ပိုက်ပိုက် ပေးထားတာ ဆိုတော့ ၁ ယောက်မှ မစီးရင် မတန်လို့ ဆိုပြီး ၊

အဘ ကို ရှိရှိသမျှ Ride တွေ အကုန ်အစုံ မစီးမနေရ လိုက်စီးခိုင်းတော့တာဘဲ ။

 

အဲ့ဒီ့ အဖြစ် နောက်ပိုင်း အဘလဲ Amusement Ride တွေကို မ ကြောက်တတ်တော့ဘူး ။

ဟုတ်တယ်လေ ၊ ဘာခက်သတုံး ၊ မစီးခင် ကိုယ့်လက္ခဏာ ကိုယ်ကြည့်လိုက်တယ် ။

ဟဲ ဟဲ ၊ အသက် လမ်းကြောင်း ကောင်းသေးတယ် ၊ မသေလောက်သေးဘူး ဆိုပြီး ၊

သေတော့လဲ သဗ္ဗေ သတ္တာ ကမ္မသကာ ဆိုပြီး ၊ တာဝန်အရ ပုံစံမျိုး ၊

စိတ်လှုပ်ရှားမှု ကင်းမဲ့တဲ့ မျက်နှာသေကြီးနှင့် စီးပြစ်လိုက်တာဘဲ ။ ဟီ ဟိ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

16 ဒါကတော့ မျှော်စင်ထိပ်ကနေ မြင်ရတဲ့ Las Vegas မြင်ကွင်းကျယ်ပါ ။

16 ဒါကတော့ မျှော်စင်ထိပ်ကနေ မြင်ရတဲ့ Las Vegas မြင်ကွင်းကျယ်ပါ ။
16 ဒါကတော့ မျှော်စင်ထိပ်ကနေ မြင်ရတဲ့ Las Vegas မြင်ကွင်းကျယ်ပါ ။

 

 

 

 

 

 

9 comments

  • ဇီဇီခင်ဇော်

    October 14, 2015 at 7:40 am

    လှတာဗျာ။

    ဟိုကလေးမလေးကိုပြောတာ။
    အဟီးဟီးးး

    ရိုလာကိုစတာ ကတော့ ၁ဝ သက် စည်းစိမ်ပေးမယ်ဆိုတောင် မစီးတာ။

    :k:

    • Foreign Resident

      October 15, 2015 at 3:26 am

      ဇီဇီခင်ဇော် says:
      ” လှတာဗျာ။ ဟိုကလေးမလေးကိုပြောတာ။ ”

      အမှန်က အဘက အဲ့ဒီ့ကလေးမလေးကို ဓါတ်ပုံလိုက်ရိုက်နေတာ ဟုတ်ဘူးရယ် ။
      ဘယ့်နှယ် ဘေးမှာ မဟေသီ ပါတဲ့ဟာ ချာတိတ်မတွေ လိုက်ရိုက်လို့ ဘယ်ရမလဲ ။
      ကလေးမလေး ကိုယ်တိုင်က ဘေးပါတ်လည်မှာ တစ်ချိန်လုံး ပတ်ပြေးနေတာလေ ။
      အဘမှာ ဘယ်နေရာ ရိုက်ရိုက် သူနှင့်ကို မလွတ်နိုင်ဘူး ဖြစ်နေတာ ။
      ဓါတ်ပုံလဲ အရိုက်ခံချင်ပုံ ရပါတယ် ၊ သူ့ပုံ ပါမယ်မှန်းသိသိကြီး နှင့် ပဲပေးနေတာ ။
      ဪ သူတို့လဲ ငယ်တုန်းအရွယ်ဆိုတော့ အစွမ်းကုန် တက်ကြွပျော်ပါးနေတာလေ ။

  • kai

    October 14, 2015 at 2:16 pm

    ရှိုးတွေမကြည့်လိုက်ဖူးပေါ့….
    ရလွှာ.. ၈လွှာ…အကုန်ချွတ်ရှိုးတွေပြောတာ…။

    • Foreign Resident

      October 15, 2015 at 3:08 am

      သူဂျီးရယ် ၊
      မဟေသီ နှင့် သွားတာ ဆိုတော့ အဲ့ဒီဘက်တွေ မသွားဖြစ်ပါဘူး ။
      ချွတ်ယုံ သက်သက်နှင့်တော့ သိပ်လည်း မထူးဆန်းလှပါဘူးလေ ။
      ချွတ်ယုံ သက်သက်က ဩဇီမှာလည်း ကြည့်လို့ရ ကြည့်ဘူးပါတယ် ။

      • kai

        October 15, 2015 at 9:16 am

        ဗေးဂတ်စ်ကအဒေါ့သ်ရှိုးတွေက.. ဘန်ကောက်အပါအဝင်.. တခြားနိုင်ငံတွေက.. လာလေ့လာရတဲ့..ရှိုးတွေပါ…။
        သူတို့မှာ.. တရားဝင်.. ကျောင်းတွေ..သင်တန်းတွေလည်းရှိတယ်လေ..။

        မတူဘူးလို့တော့… ထင်… တယ်လို့… မဆိုလိုဘူးဆိုတာ.. ဟုတ်သလိုလို.. မဟုတ်သလိုလို…။ :k:

  • uncle gyi

    October 14, 2015 at 10:15 pm

    မိုက်တယ်

  • Foreign Resident

    October 15, 2015 at 3:42 am

    အင်းးးးး ၊
    ရွာသူားတို့ရေ ခေတ္တ နှုတ်ဆက်တယ်နော် ။
    အဘတော့ ၊ ဒီနေ့ ညနေ Flight နှင့် ၊
    တူရကီ နှင့် ဂရိ ခရီးစဉ် ( 15th Oct – 4th Nov ) သွားလိုက်ဦးမယ် ။
    မနေ့ ညနေ ကဘဲ အဘ ခွေးလေးတွေကို ၊
    Dog Boarding မှာ သွားထားလိုက်ရတယ် ။
    သူတို့က အတင်း ဖက်တွယ်ပြီး ပြန်လိုက်ချင်နေလို့လေ ။
    စိတ်တောင် မကောင်းဘူး ။ သံယောဇဉ်တွေလေ ။

  • Mike

    October 15, 2015 at 9:33 am

    .မျှော်စင်ထိတ်က Ride တွေကကြောက်စရာကြီးတွေပဲ..

  • Shar Thet Man

    May 16, 2018 at 4:01 pm

    အဘကရယ်ရတယ်….ဟဟဟဟဟဟ…….မွန်လေးဆိုလည်းအကုန်စီးမှာ…တန်အောင်ဆိုပြီးဟီး…အဘရယ် ကုန်ကျစရိတ်လေးတွက်ပေးပါ….ဒီခရီးစဉ်ဘယ်လောက်ကုန်သွားသလဲပေါ့…ဗီဇာဝင်တာလေးပါသိချင်ပါတယ်

Leave a Reply