“မြန်မာအစ တကောင်း က” တဲ့။ သမိုင်းသင်တဲ့ ဆရာမ က သင်ပေးခဲ့တာ။

မြန်မာစာ ဆရာမလည်း ခဏခဏ ပြောဖူးတယ်။ ဟိုးရှေးရှေးတုန်းက……..

အိနိ္ဒယပြည် (မြန်မာတွေ ရဲ့ အခေါ်အရ ကုလားပြည်ပေါ့) မှာ ဘုရင် နှစ်ပါး

စစ်ဖြစ်ကြတယ်တဲ့။ အဲဒီမှာ သာကီဝင် မင်းမျိုးဘုရင်က စစ်ရှုံးပြီး သူ့ရဲ့ မိ

ဘုရားတွေ၊ မောင်းမတွေ၊ သားတော်တွေ၊ သမီးတော်တွေ၊ ဝန်ကြီးမှူး

မတ်တွေ၊ စစ်သည်တော်သူရဲကောင်းတွေ၊ နန်းတွင်းသူ၊ နန်းတွင်း

သားတွေခြွေရံသင်းပင်း အားလုံးနဲ့အတူ အိနိ္ဒယပြည် အရှေ့ဘက်

နယ်မြေကို အသက်လုထွက်ပြေး လာခဲ့ရသတဲ့။ အဲဒီလို ပြေးလာရင်း

ခု မြန်မာနိုင်ငံလို့ခေါ်တဲ့ ဒေသကို ရောက်တော့ အဲဒီဒေသမှာ နေကြတဲ့

မြန်လည်းမြန်မာလည်းမာတဲ့ လူတွေကိုတွေ့သတဲ့။ အဲဒီလူတွေက မြန်

တယ်၊ မာတယ် ဒါပေမဲ့ မယဉ်ကျေး ဘူးတဲ့။ အဲဒီ သာကီဝင်ဘုရင်က

အဲဒီမြန်ပြီးမာတဲ့ မယဉ်ကျေးတဲ့လူတွေကို ယဉ်ကျေးအောင်သင်ပေး

အုပ်ချုပ် မင်းလုပ် တိုင်းနိုင်ငံ ထူထောင်လိုက်သတဲ့ကွယ်။ နန်းစိုက်

ရာမြို့ကို “တကောင်း” လို့ သမုတ်ပြီး အဲဒီ အချိန်က စပြီး ယဉ်ကျေးတဲ့

လူမျိုးတစ်မျိုးနဲ့ ယဉ်ကျေးမှုအသစ်တစ်ခုဟာ ကမ ္ဘာပေါ်မှာ ပေါ်ပေါက်

လာတော့သတဲ့။ အဲဒါ မြန်မာလူမျိုးနဲ့မြန်မာ့ယဉ်ကျေးမှု အစတဲ့။ အဲလို

နားရည်ဝနေရင်း……..
ကလေးဆိုတော့လည်း ကလေးအတွေးလေးနဲ့ ဆက်စပ်တွေးမိ

တာပေါ့နော်……..။ တင်ပြသူ ကလေးဘဝက သုတေသန ပြုခဲ့တဲ့

သမိုင်းဆိုရင်လည်း မမှားပါဘူး။ ကလေးသမိုင်းပေါ့။ ကလေး တင်ပြ

သူ အတွေး သမိုင်း ကို ပြောပြမယ်နော်…… နားထောင်ကြပါနော်……။
သာကီဝင် ဘုရင်ဟာ အဲလို စစ်ရှုံးပြီးထွက်ပြေးလာပေမယ့်လည်း ဘု

ရင်တို့ရဲ့ အဆောင်အယောင် အပြည့်နဲ့ ပေါ့။ သန်လျှက်ကြီးကိုင်၊ ရွှေ

ထီးဆောင်း၊ ပြိုးပြိုးပြက်ပြက် တွေဝတ်၊ အနားမှာ ဒူးထောက်ခစားသူတွေ

အပြည့် နဲ့။ ထွက်ပြေးရင်း မြန်မာပြည် မြစ်ကမ်းဘေးတစ်နေရာထဲ

ကို ရောက်တော့ နေလောင်ထားတဲ့ ကြေးနီရောင် မျက်နှာကြီးတွေ

နဲ့ အဝတ်ကပ်ရမှန်းတောင် မသိဘဲအပေါ်ပိုင်း ဗလာကျင်း နေတဲ့

ဒေသခံ ယောက်ျား မိန်းမ တွေဟာ အဲဒီ ခမ်းနားလှတဲ့ သာကီဝင်ဘုရင့်

အရှိန်အဝါကိုမြင်ပြီး၊ မြေကြီးပေ ါ်ဒူးထောက်၊ မှောက်ရက်လှဲ၊ မော်

တောင် မကြည့်ဝံ့ဘဲ ရှိခိုးကြတော့တာပေါ့။ အဲဒါနဲ့…..ဘုရင် က

သူ့မှူးမတ်တွေဘက်လှည့် ဂုဏ်ယူဝင့်ကြွား စွာနဲ့ ကုလားလို “ဟမ်

အဘီ ဘီ ရာဂျာဟယ်” (ငါ ဟာအခုထိ ဘုရင်ဘဲ) လို့ မိန့်တော်မူ

လိုက်တာပေါ့။ အဲဒါ ကိုကြားပြီး မြန်လည်းမြန် မာလည်းမာတဲ့

လူတွေက “ဟာ-ဒါဆို ဒီဘုရင်ကြီး ရဲ့ ဘွဲ့တော်ဟာ “အဘိရာဇာ”

နဲ့တူတယ်လို့ထင်မှတ်လိုက်ကြပါလေရော။
အဲဒီလို နဲ့ သူတို့ဟာ ဘုရင်ကြီးသွားရာနောက် တစ်ကောက်ကောက်

လိုက်၊ ဘုရင်ကြီးအတွက် နေထိုင်ဖို့ အိမ်တစ်လုံးဆောက်ပေး အဲ

ဒါတွေ လုပ်ပေးကြတာပေါ့။ ဘုရင်ကြီးနဲ့ နောက်ပါတွေဟာအလွန်

ယဉ်ကျေးမှုမြင့် တဲ့ အိနိ္ဒယလူမျိုး တွေဆိုတော့ မြန်လည်းမြန်၊ မာလည်း

မာတဲ့ လူတွေအတွက် ဘုရင်ကြီးနဲ့ နောက် ပါတွေရဲ့ နေထိုင်ပြု မူ ပြော

ဆိုဝတ်စားဆင်ယင်ပုံတွေဟာ မြင်မြင်သမျှ အဆန်းကြီးဖြစ်နေ တော့

တာပေါ့နော်။
ဒီလိုနဲ့ နေလာကြရင်း ဒေသခံတွေကအချင်းချင်းတိုင်ပင်ကြတယ်၊

ဘုရင်ကြီး နဲ့ သူ့လူတွေ ရဲ့ လူမျိုး ကို ဘယ်လိုခေါ် ကြမလဲပေါ့။

တစ်ယောက်ကပြောတယ် သူတို့ကကွာတဲ့။ ဒေသကူးမြစ်ကူး

ပြီးလာကြတာဆိုတော့ “ကူးလာ” လို့ခေါ်ကြရအောင်တဲ့။

အားလုံးကသဘောတူကြတယ်။ နောက်နောင်အချင်းချင်းပြောရင်

“ကူးလာ” လို့ ရည်ညွှန်းသုံးနှုန်း ကြတာပေါ့နော်။ အဲ……ကာ

လရွေ့လျားလာတော့ အသံတွေပြောင်းပြီး”ကူးလာ” က နေ

“ကုလား” လို့ ဖြစ်သွားတာပေါ့။ အိနိ္ဒယ လူမျိုးဆိုရင် ကုလား ပေါ့။
အဲဒီလို နဲ့ တစ်နေ့ကျတော့ ဘုရင်ကြီးရဲ့ နောက်ပါတွေနေတဲ့

အဆောင်ဘက်ကို မြန် ၊ မာတဲ့ လူတွေက ဘာများအထူးအ

ဆန်းတွေ့ ရမလည်းလို့ သွားချောင်းကြပါလေရော။ အဲလိုချောင်း

ကြည့်တော့ ဘာတွေ့ရ သလဲဆိုရင်၊ ကုလား၊ မိန်းမတွေဟာ သစ်

သားနဲ့လုပ်ထားတဲ့ ထိုင်စရာတွေပေါ်မှာ အခန့်သားဟန်ကျပန်ကျ

နဲ့ထိုင်နေတာကိုတွေ့ပြီး သဘောကျကြတာပေါ့။ အဲဒါကို ဘယ်

လိုခေါ်ရင် ကောင်းမလဲ စဉ်းစားကြတယ်၊ တစ်ယောက်ကပြော

တယ် ကုလားတွေထိုင်တာဆိုတော့ “ကုလားထိုင်” လို့ခေါ်

ရအောင်ကွာတဲ့။ အိနိ္ဒယ လူမျိုး တွေဆိုတာက အရမ်းအရှက်

အကြောက်ကြီးတာဆိုတော့ သူတို့ရဲ့အိမ်ကို လာချောင်းတာ

ကိုတွေ့သွားပြီး သူတို့ရဲ့အိမ်ထဲကို အပြင်ကနေ မမြင်အောင်

ပါလာတဲ့ ပိတ်စကြီးတွေနဲ့ ကာလိုက်ကြရော။ အဲဒါကို မြင်ပြီး

ဒေသခံတွေက “ဟာဘာကြီးတွေနဲ့ ကာလိုက်တာလဲ” လို့ အံ့

အားသင့်ရေရွတ်မိကြတာပေါ့။ အဲဒီအခါ တစ်ယောက် က

“ဪမင်းတို့ကလဲကွာ၊ ကုလားတွေကာတဲ့ ဟာတွေဆိုတော့

ကုလားကာပေါ့ကွာ” လို့ ပြောလိုက်တယ်လေ။ အဲဒီအချိန်ကစပြီး

ဒီနေ့အထိ “ကုလားကာ” တဲ့ ခေါ်ဖြစ်သွားကြတာ။
အဲဒီ ကုလားတွေဟာ ဟိန္ဒူတွေ ၊ဆိုတော့ ဟိန္ဒူ ကုလားတွေဟာ

ဘာသာတရား ရှိကြတော့ ဘုရားကျောင်းကြီးတွေ ကို လည်း

ဆောက်ကြတယ်လေ။ ဘာကျောင်းဆောင်တွေလဲပေါ့။

“ဟာ-ကုလားတွေဆောက်တဲ့ ကျောင်းဆောင် ဆိုတော့

“ကုလားကျောင်း” ပေါ့ကွာတဲ့။ ဟိန္ဒူကုလားတွေဟာ သူတို့

ဘုရားရှိခိုး ပူဇော်ရာမှာ ခေါင်းလောင်း တွေကို သုံးတတ်ကြပေ

မယ့်၊ ခေါင်းလောင်းလုပ်ဖို့ ကြေးမရှိတော့ သစ်တုံးကိုထွင်းပြီး

အသံမြည်အောင်ခေါက် ကြတယ်လေ။ အဲတော့ ဒေသခံတွေ

ကထုံးစံအတိုင်း အံ့အားသင့်ကြတာပေါ့။ တုံတုံ နဲ့ခေါက်နေတာ

ဘာလဲ ပေါ့။ တစ်ယောက် က “အိုကွာ-ကုလားတွေ ဘုရားတက်

ရင် ခေါက်တာဆိုတော့ “ကုလားတက်” ပေါ့ကွာတဲ့။
ဒီလိုနဲ့ တစ်နေ့ကြတော့ အဲဒီကုလားတွေက ဒေသခံတွေကို သူ

တို့လက်ရာစားဖူးအောင် ဖွယ်ဖွယ်ရာရာ ကျွေးမယ်ဆိုပြီး အိနိ္ဒယ

ကနေရိက္ခာအဖြစ်ပါလာတဲ့ ပဲ တစ်မျိုး ကို ရေဆေး ကြတယ်လေ။

ဒေသခံတွေက အဲဒီ ပဲကို တစ်ခါမှ မမြင်ဖူးကြတော့ ဘာပဲလဲပေါ့။

ထုံးစံအတိုင်း အတွေးကောင်းတဲ့ တစ်ယောက်က “ကုလားတွေ

စားတဲ့ ပဲ ဆို ကုလားပဲ” ပေါ့ကွာတဲ့။ ဟင်းတွေကျက်ပြီ ၊ စားဖို့လာ

ကြတော့လို့ ခေါ်လိုက်တော့ ဒေသခံတွေက ဝမ်းသာအားရနဲ့ပြေး

လာပြီး အားရပါးရတွယ်ကြတယ်လေ။ အဲဒီဟင်းကို အရမ်းကို ကြိုက်

သွားကြတယ်။ အဲဒါနဲ့ ကုလားတွေချက်ကျွေးတဲ့ ပဲဟင်းကို “ကုလား

ဟင်း” လို့ ခေါ်စပြုလာကြတယ်။ ဪ အဲဒီ ဟင်းနဲ့ အတူစားဖို့ မရန်း

သီး၊ သရက်သီး စတာတွေကို ဆီ၊ မဆလာတွေနဲ့သမပြီးစိမ် အချဉ်

တည်ထားတဲ့ အစားအစာ တစ်မျိုး လည်းပါသေးတယ်။ အဲဒါ ကို လည်း

ဒေသခံတွေ က အရမ်းအရသာတွေ့ပြီး “ကုလားတွေ တည်ထား တဲ့အချဉ်

ဆိုတော့ “ကုလားတည်” ကွာလို့ ဝမ်းသာအားရ တစ်ညီတစ်ညွတ်တည်း

ကင်ပွန်း တပ်လိုက်ကြ လေရဲ့။
အဲ…….ဒေသခံတွေ နဲ့ အတူ ကုလားတွေကလည်း စားသောက်ကြ

တယ်လေ။ အဲလို စားရင်း ကုလားတွေက အစိမ်းရောင် အတောင့်လေးတွေ

ကို ကိုက်ကိုက်စားပြီး “အိုး-မာတာ၊ အရေး မာတာ” (အမလေး၊အမေရေ)

လို့အော်ကြတယ်။ အဲဒါကိုမြင်ပြီး ဘာလေးတွေလည်းပေါ့၊ အတောင့်လေးတွေ။

တစ်ယောက်က “အယ်…… မင်းတို့ကလဲ၊ ကုလားတွေစားပြီးအော်တဲ့

အသီးလေးတွေကို “ကုလား အော်သီး” လို့ခေါ်ကြမယ်တဲ့လေ။ အဲလိုနဲ့

ထမင်းစားပွဲလည်းပြီးရော ဒေသခံတွေက ကိုယ့်အိမ်ကိုမပြန်သေးဘဲ

သူတို့အကျင့်အတိုင်း အစားအစာတွေကို အိမ်ကိုပါသယ်ဖို့ စောင့်နေ

ကြတာပေါ့။ ထမင်းတွေဟင်းတွေ အများကြီး ချက်ဧည့်ခံရတဲ့ အတွက်

ကုလားတွေဟာ ပင်ပန်းပြီး ခြေပစ်လက်ပစ် အိပ်သွားကြပါလေရော

။ဒေသခံတွေဟာ ကုလားတွေ ခြေပစ်လက်ပစ် အိပ်တာမြင်ပြီး ခွက်

ထိုးခွက်လန်ရယ်ကြရင်း “ကုလားတွေအိပ်တာ သေနေသလိုဘဲ” လို့

လှောင်ပြောင်ပြောဆို ကြတယ်လေ။ ပြီးတော့ “အဲလို အိပ်တာမျိုး ကို

ကုလားသေ ကုလားမော” လို့ ပြောကြရ အောင်လို့ အချင်းချင်းလက်

ကုပ် သဘောတူကြတယ်။
အဲဒီ သာကီဝင် ကုလားဘုရင်ကြီးမှာ သားတော်နှစ်ယောက် ရှိတယ်လေ။

ကုလားစကားနဲ့ ဘုရင့်သားတွေ ကို “ရာ့ချ် ကုမာရ်” (ရာဇ ကုမာရ်)

(မင်းသား) လို့ခေါ်တယ်။ ဘုရင်ကြီးကတော့ ချစ်စနိုးနဲ့ သူ့သားတွေကို

“ရာဂျာ” (မင်းသား) လို့ ခေါ်လေ့ရှိတယ်။ တစ်နေ့ဘုရင့်သားအကြီးက

ဘုရင့်အနားမှာထိုင်နေရင်း ရုတ်တရက် ထထွက်သွားတယ်။ ဘုရင်က

သူ့သားကို “ကဟာန် ရာဂျာကြီး” (ဘယ်တုန်း မင်းသားကြီး) လို့

လှမ်းမေးတာ ပေါ့။ အဲဒါကိုကြားတဲ့ ဒေသခံတွေက မင်းသားအကြီး

ရဲ့နာမည်ဟာ “ကံရာဇာကြီး” ဘဲလို့ မှတ်ထင်လိုက် ကြတယ်။

(“ကဟာန် ရာဂျာကြီး” ကို သူတို့နားနဲ့ ကံရာဇာကြီး လို့ကြားကြတာကိုး)။

ဒီတော့ မင်းသားကြီးက “ကံရာဇာကြီး” ဆိုရင် မင်းသားငယ်က

“ကံရာဇာငယ်”ပေါ့လို့ သူတို့ဟာသူတို့ ယူဆလိုက်ကြပြန်တယ်။
ဩ……ဪ…..ပြောဖို့တစ်ခု ကျန်သွားတယ်။ အဲဒီ ကုလားတွေက

အိနိ္ဒယ ကနေ မြန်မာပြည်ဘက် လာတော့ သူတို့ရဲ့ ပစ္စည်း ပစ္စယ

တွေကို ကျောကုန်းမှာ ဘုကြီးတွေပါတဲ့ တိရိစ္ဆာန် တွေပေါ် အဝတ်တွေ

နဲ့အုပ်ပြီး တင်လာကြတယ်လေ။ အဲဒီ တိရိစ္ဆာန်မျိုးကို မမြင်ဖူးတဲ့

ဒေသခံတွေက အလွန်အံ့အားသင့်ခဲ့ ကြတယ်။ ဘာတိရိစ္ဆာန်လဲပေါ့။

တစ်ယောက်က “အေးကွာ…….ထူးတော့ထူးဆန်းတယ်၊ တစ်ခါမှ

မမြင်ဖူးဘူး၊ ဘယ်လိုတိရိစ္ဆာန် မှန်းမသိဘူး၊ အိုဘာပဲဖြစ်ဖြစ်ကွာ၊

ကုလားတွေအုပ်ပြီး ခေါ်လာတဲ့ တိရိစ္ဆာန်တွေဆိုတော့ ခပ်လွယ်လွယ်

“ကုလားအုပ်” လို့ခေါ် ကြတာပေါ့” လို့ပြောလိုက်လေရဲ့။ ကဲ…….

တင်ပြသူကလေး ငယ်ငယ် ဘဝ အတွေးသမိုင်းလေးထဲက

အတော်များများ ကို ပြန်ပြောင်းအောက်မေ့ ပြောပြပြီးပါပြီ။

အရွယ်ရောက်လာ တော့လည်း သမိုင်းကျွမ်းကျင်သူ၊

မြန်မာစာကထိက အတော်များများကို ဒီအကြောင်းပြောဖူးသေးတယ်။

အဲဒီ အတွေး ပြောပြတာ ပါးစပ် အဟောင်းသားလေးနဲ့ နားထောင်ကြ

ရှာတယ်လေ။ ပြီးတော့ ဝါးလုံးကွဲအောင် ရယ်ကြတယ်။ပြီးတော့ပြော

ကြတယ်ဗျ “ဖြစ်နိုင်တယ်ဗျ” တဲ့။

ရေးသူ – ဘကြီးတော် ကျာကျာကြီး

About maungko u

maungko u has written 3 post in this Website..