စာတော့ ရေးချင်နေတယ်။

ဘာရေးရမလဲ လည်း ခေါင်းထဲ ဘာမှ မရှိဘူးးး

ရုပ်ရှင်ကိုက်နေတယ်လေ။ Sherlock (British drama series 2010-2015) ရှားလော့ဟုမ်း ဇာတ်လမ်းတွဲ စွဲ နေတာ။

စီဇင် ၃ ခု။ တစ်ခု ၃ ကား နဲ့ စုစုပေါင်း ၉ ကားကို ၂ ခါပြန်ကြည့်တယ်။

:k:

 

သူ့ အကြောင်းပဲ ပြောကြတာပေါ့နော့။

 

.

.

.

ကိုယ် က မင်းသိင်္ခရဲ့ ဆားပုလင်း နှင်းမောင်ခေတ်မှာ လူဖြစ်တာဆိုတော့ ဦးစံရှားကို ပျင်းတယ်။ ဖတ်ရမှာကို။

ရှားလော့ဟုမ်း မူရင်းကို ဘာသာပြန်ကိုလည်း ဖတ်ပြီး စိတ်ထဲမရောက်။

Robert Downey, Jr.(Iron Man)  နဲ့ Jude Law ပါ ပြီး အထူးပြုလုပ်ချက်တွေ များတဲ့ ဟောလိဝုဒ် ရှားလော့ဟုမ်းတုန်းက

သူများတွေကြိုက်ကြတဲ့ အချိန်မှာ ကိုယ် က အိပ်ပျော်နေရော။

:mrgreenn:

 

အဲ။

ဘယ်မှာ မိသွား လည်း ဆိုတော့ အင်္ဂလန်က ရိုက်တဲ့ ရှားလော့ဟုမ်း Sherlock (British drama series 2010-2015) ဇာတ်လမ်းတွဲမှာ ညိ ပါလေရော။

သူ့ကြောင့်ပေါ့။

 

Benedict Timothy Carlton Cumberbatch CBE is an English actor and film producer who has performed in film, television, theatre and radio.

Benedict Timothy Carlton Cumberbatch CBE is an English actor and film producer who has performed in film, television, theatre and radio.

 

Benedict Cumberbatch  တဲ့။

 

 

မှတ်မိလွယ်အောင်ပြောရရင်…

နာဇီကုဒ် ကို ဖော်နိုင်ခဲ့တဲ့ အလန်ကျူးရင်း အကြောင်း ရိုက်ထားတဲ့ The Imitation Game (2014) က မင်းသားပါ။

imitation_game

သရုပ်ဆောင်တာကို သဘောကျတယ်လို့ မှတ်မှတ်ထင်ထင်ရှိခဲ့ဖူးလို့ သိတာပါ။

နို့မို့ ကိုယ် က မင်းသား မချောရင် လုံးဝ မမှတ်မိဘူးရယ်။

:mrgreenn:

 

အဲဒါနဲ့ သူ့ရဲ့ ဇာတ်ကားတွေ လိုက်ရှာမိတော့……

ကျနော် ပျင်း  တဲ့ The Theory of Everything (2014)  က ဟောလီဝုဒ်က ရိုက်တဲ့ Stephen Hawking  ရဲ့ ဇာတ်ကြောင်းး ဖြစ်ပြီး

.

.

.

အင်္ဂလိပ် ဇာတ်လမ်းတွဲ Stephen Hawking’s Grand Design (TV Mini-Series 2012) .မှာတော့ သူ က  Stephen Hawking ဇာတ်ဆောင် နေရာကပါ။

.

.

ဘယ်လောက်တိုက်ဆိုင်တုန်း ဆို ဟောလီဝုဒ် ကား The Theory of Everything (2014) ကို ကြည့်တော့ ကိုယ်က ပျင်းလို့  လျှောက်စဉ်းစားမိတာ

The Imitation Game (2014)   က မင်းသား က The Theory of Everything (2014) မှာ သရုပ်ဆောင်ရင်လည်း လိုက်မှာပဲလို့ တွေးခဲ့ဖူးလို့ပါ။

ရှာကြည့်ရမဲ့ စီးရီး စာရင်းထဲ Stephen Hawking’s Grand Design (TV Mini-Series 2012) ထည့်လိုက်ပြီ။

.

.

 

အဲ။ နောက်ပြီးတော့ ဟိုနေ့က ကြည့်ဖြစ်တဲ့ The Fifth Estate (2013).

fifth_estate_ver6_xlg

ကွန်ပြူတာ ဝက်ပေ့(ချ) နဲ့ ဆိုင် တဲ့ အသုံးအနှုံးတွေ အများကြီး ပါတဲ့ ကားပါ။

ဇာတ်လမ်း နားလည်ပေမဲ့ စကားတွေ နားမလည်ပါဘူး

:mrgreenn:

 

အဖြစ်အပျက်တစ်ခု

နောက်ကွယ်ဖြစ်ရပ်များစွာ

အမှန်အတိုင်း သိခွင့်ရှိတဲ့ သူ အရေအတွက်

ထုတ်ပြန်နိုင်တဲ့ သတင်းအမျိုးအစား

ထုတ်ပြန်နိုင်တဲ့ အတိုင်းးအတာ

စတာတွေ ကို ဖောက်ဖျက်ကျော်လွန်ပြီးးးး

နောက်ကွယ်က အကြောင်းအရာတိုင်း ကို လူတိုင်းက သိခွင့်ပေးးခဲ့တဲ့ WikiLeak website စတင်ခဲ့သူ တစ်ယောက် အကြောင်းး

ကြီးကြီးကျယ်ကျယ်ပြောတော့ပါဘူးးး

ဟိ.. သူ ပါတဲ့ ကားးမို့ ကြည့်တာပါ..

 

ခုနောက်ပိုင်း ဇာတ်ကောင်စရိုက် ပေါ်လွင်အောင် ရိုက်နိုင်တဲ့ ကားမဟုတ်ရင် မကြည့်တတ်တာမို့

Sherlock (British drama series 2010-2015) ရှားလော့ ဟုမ်း ဇာတ်လမ်းတွဲ တွေကတော့ သရုပ်ဆောင် ကောင်း တာ အပြင် ဇာတ်ကောင် စရိုက်မှာ မူရင်း အမြင်ပျောက်သွားတာမို့ ကြည့်ရင်း စွဲပါတယ်။

Sh

 

ခုထိ ကြည့်ဖူးတဲ့ ၃ ကားစလုံး မှာ ဇာတ်ကောင် စရိုက်အတိုင်း အပီအပြင် ဝင်လို့ကို ကြိုက်မိတာမို့

ချစ်သော ကိုရုပ်ဆိုး –  Benedict Cumberbatch  ကို တူး လိုက်ရခြင်း ဖြစ်ပါတယ်။

.

.

.

သူ ပါတယ် ဆိုလို့ ကိုယ် အင်မတန်မုန်းသော..

Star Trek Into Darkness (2013),

The Hobbit (2012-2014)  ကားတွေကိုလည်း ကြည့်ဖို့ ပြင်နေပါတယ်လို့။

ငိုရတယ် ဆိုလို့ မကြည့်ဖို့ ဆုံးဖြတ်ထားတဲ့ နာမည်ကြီး ကား 12 years a Slave (2013)  လည်း ကြည့်မယ်။

၂၀၀၈ တုန်း က ကြည့်ခဲ့တုန်းက သူ ပါ တယ် မသိလို့ The Other Boleyn Girl (2008) လည်း ပြန်ကြည့်မယ်။

 

:mrgreenn:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 343 post in this Website..

CJ # 129120