ကိုရွှေဗျိုင်းကို ဘယ်ခေါင်းပေါ်မှာ နားစေချင်လဲ

padonmarOctober 16, 20151min36012

မှော်ပီဆရာသိန်းကြီးရဲ့ ဗျိုင်းနားမင်္ဂလာ စာတမ်း ပြန်ပုံနှိပ်ထုတ်ဝေတာဖတ်ရပါတယ်။မင်းလောင်းရွေးတော့ အဖေက မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်မယ်၊မင်္ဂလာဗျိုင်းနားပါစေ။
သားက သူသာမင်းဖြစ်ရင် တိုင်းပြည်ကို ကမောက်ကမဖြစ်အောင် လုပ်မယ်တဲ့။
ဗျိုင်းက သားခေါင်းပေါ် နားလိုက်တာ တိုင်းပြည်ကြီးလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကရော။
အဲဒါ ဘာ့ကြောင့်လဲဆိုတော့ တိုင်းသူပြည်သားတွေ ကုသိုလ်ကံ မကောင်းလို့ပါတဲ့။
(ဒီနေရာမှာ ကုသိုလ်ကံဆိုတာကို ရှေးရိုးစွဲ ယူနေကျ အပေါ်ယံ လူအများမြင်ကောင်းရုံ လှူတာ ၊ဥပုသ်စောင့်တာ၊တရားအားထုတ်တာပဲ မယူဘဲ အတွင်းစိတ်ထားကောင်းများ ရှိတာမှ ကုသိုလ်ကံလို့ ယူစေချင်ပါတယ်)စည်းကမ်းမရှိ၊ ကိုယ်ချင်းစာစိတ်မရှိ၊လုံ့လဝီရိယမရှိ၊ဉာဏ်အမြော်အမြင်မရှိရင်တော့ မင်းကျင့်တရားနားမလည်တဲ့ သားပေါ်ပဲ ဗျိုင်းနားသွားပါလိမ့်မယ်။
1234

12 comments

  • ဦးကြောင်ကြီး

    October 16, 2015 at 9:29 am

    ခိုနီဒုံဂ ျီးအား မည်သူမှ မအူးဂင် အူးခြ ရှဉ့်က ျီးခိုးပါသီ…

  • ဦးကြောင်ကြီး

    October 16, 2015 at 9:34 am

    အူးခြပီး သကာလ… အရင်းယှဉ် အရင်ယှဉ်းမြည် ဖြစ်ကြောင်းနှင့် ပ ျက်နေသော တိုင်းဗ ျီအား ပြင်လ ျံ တနီးအားဖြင့် စဂေါထဲတွင် ဇဗါးဇေ့ မြားနေဗါက တဇေ့ခြင်း ကောက်လ ျံ မဖြစ်နိုင်ဘဲ စဂေါမွှေ့သကဲ့သို့ အားလုံးဗေ ျာင်းဆန် ကမောက်ကမဖြစ်အောင် ပြာပီးမှ ခိုနီနှင့်တူသော ဇဗါးစေ့မ ျားအား အလွယ်ဒဂူ ရွေးထုတ်ပစ်နိုင်မြည်ဖြစ်ကြောင်း တင်ပြပါသီ…
    ပုဏ်..
    ခိုနီဒုံဂ ျီးအိတူ ငါကွ …. ။။။။။

  • ဇီဇီခင်ဇော်

    October 16, 2015 at 10:05 am

    ကျော်တို့နိုင်ငံမှာလည်း ဗျိုင်းနား မှားခဲ့လေရော့သလား

    😥

  • Mike

    October 16, 2015 at 10:28 am

    .ပြည်သူအများ ကိုယ်ကျင့်တရားနှင့်စိတ်ထားကောင်းများရှိအောင်မွေးမြူကြပေလော့….
    .ဤကား ပုံပမာတွေပြောလေ့ရှိသော မပဒုမ္မာ၏အလိုတည်း…. :))

  • kai

    October 16, 2015 at 12:06 pm

    scenario ၁။၂၅%မှတင်လိုက်သော ပြည်ခိုင်ဖြိုး သမ္မတဦးသိန်းစိန်.. ဆက်လက်ထမ်းဆောင်မည်ဖြစ်ပါကြောင်း…။ ထိုမှနောက်၂နှစ်တွင် ဦးမင်းအောင်လှိုင်အား လွှဲပေးမည်ဖြစ်ပါကြောင်း..။
    scenario ၂။ အမျိုးသားလွှတ်တော်မှ တက်လာသော ဦးရွှေမန်းသမ္မတဖြစ်မည်ဖြစ်ပါကြောင်း…။ ဝန်ကြီး ၃၃နေရာကို.. ပြည်ခိုင်ဖြိုး။ ဒီချုပ်။ တပ် ညွှန့်ပေါင်းဖွဲ့မည်ဖြစ်ပါကြောင်း..
    scenario ၃။ ပြည်သူ့လွှတ်တော်မှ ဒုသမ္မတဦးခွန်ထွန်းဦး သမ္မတဖြစ်မည်ဖြစ်ပါကြောင်း..။ ဒီချုပ်အစိုးရဖွဲ့မည်ဖြစ်ပါကြောင်း..။

    ဗျိုင်း နံပါတ်ဘယ်မှာနားစေလိုသနည်း..။ :k:

    • pooch

      October 17, 2015 at 10:50 am

      စိတ်ကောင်းရှိတဲ့သူ နည်းပြီး လောဘ အတ္တ ဒေါသ မောဟကြီးတဲ့သူ များနေတဲ့ဆိုတဲ့ သဘောပေါ့နော် ဒေါ်ဒေါ်

      ဒါကြောင့်မို့ ကိုယ်နဲ့ တန်တာပဲ ရမယ်လို့ ဆိုတာပေါ့

      ကိုယ်ကံမကောင်းရင် နေပါ ကိုယ့်တူမလေးကိုတော့ ကံကောင်းစေချင်တယ်

      သူကြီးမေးတာ ဖြေရရင် နံပါတ် ၂ ဖြစ်မယ်ထင်တယ်

      ကိုယ့်သဘောအရတော့ အမေစုခေါင်းမှာပဲ နားစေချင်ပါတယ်

  • surmi

    October 16, 2015 at 4:40 pm

    ပေါက်ပင် ဘာလို့ ကိုင်းရတယ်……
    ဗျိုင်း နားလို့ ကိုင်းရတယ် ……
    🙂 🙂
    ဘာရယ်မဟုတ်
    ဘာပြောရမှန်းမသိလို့

  • Ma Ma

    October 16, 2015 at 10:32 pm

    ကိုယ့်ကုသိုလ်ကအဲလောက်ထိဆိုးနေတော့လည်းးးးးး :e:

  • nature

    October 17, 2015 at 12:15 pm

    ပြိုင်ဆိုင်မှုကြားမှာ ပြည်သူတွေမြေဇာပင်မဖြစ်ပါစေနဲ့လို့ဆုတောင်းပါတယ်။

  • nature

    October 17, 2015 at 12:31 pm

    အိုးတလုံးတည်းဖြင့်ခ ျက်သောထမင်းသည် တခြမ်းကပေ ျာ့၍ တခြမ်းကမာပြီး တခြမ်းက ကောင်းစာွက ျက်လေသည်။

  • Alinsett @ Maung Thura

    October 18, 2015 at 9:20 pm

    စာရေးဆရာကောင်းကြီးတွေဆီက…
    အတွေးအခေါ် အယူအဆ တင်ပြချက်ကောင်းကြီးတွေ… သိခွင့် ဖတ်ခွင့် ရ နေသေးတာ…
    မင်္ဂလာတစ်ပါးပါပဲ….

  • အမြင်အရတော့ဗျိုင်းနားမှာတော့ ခွပ်ဒေါင်းပေါ်ဘဲ။

    နားမယ့်ဗျိုင်း ခဲစာမမိဘို့လိုပါတယ်

Leave a Reply