အများပိုင် လား ပြည်သူပိုင်လား…

Mr. PocketOctober 19, 20151min25734

ဒီတစ်ခါတော့ ကျွန်တော် မတောက်တစ်ခေါက် သိတာလေးတွေကို ပြောရင်း ပိုပိုပြီးထဲထဲဝင်ဝင် သိချင်တာလေးတွေလည်းရှိလာတယ်ဗျာ။ အရင်က မြန်မာပြည်သူတွေ အရမ်းကြောက်တဲ့ စကားလေးရှိတယ် အဲ့ဒါပြည်သူပိုင်သိမ်းတယ်ဆိုတာပဲ.. ကျွန်တော်တို့ငယ်ငယ် ကဆို အရုပ်ပစ်တိုင်းကစားတဲ့အခါ မနိုင်ရင်ငြင်း ထောင်ထားတဲ့ အရုပ်တွေကို လု ပြီးတော့ ခပ်တည်တည်ပဲပြောပြီးအိမ်ပြန်လာတာ.. ဘာတဲ့ ပြည်သူပိုင်သိမ်းတယ်ဆိုပြီး.ပြောပစ်ခဲ့တာ… အဲ့တော့ ငယ်ငယ်ကတွေးမိတာက ပြည်သူပိုင်သိမ်းတယ်ဆိုတာ အရှက်မရှိလုတာပဲလို့..ကဲ ထားပါလေ.. အခုပြောချင်တာက company တွေကို အများပိုင် company အဖြစ်ပြောင်းမယ်ဆိုတဲ့ အသံလေးတွေကြားတယ်..    ပြီးတော့ ရှယ်ယာတွေရောင်းမယ် ဝယ်မယ်.. အဲ ဟိုတစ်လောတုန်းကတောင် company တစ်ချို့က ရှယ်ယာတွေ ရောင်းတယ် ဆိုတဲ့အသံတွေကြားတယ်…

ခက်တာက အဲ့ ရှယ်ယာတစ်ခုရဲ့တန်ဖိုးက ကိုယ့်ရဲ့တစ်လစာလောက်ရှိတယ် အဲ့ တော့ မဝယ်နိုင်ပေါင်..

တကယ်တမ်းရှယ်ယာတွေ ဝယ်ကြရောင်းကြမယ်ဆိုရင် ဘယ်နေရာတွေမှာရောင်းကြမလဲ.. ဘယ်သူတွေဝယ်လိုရကြမလဲ..

ဘယ်လိုကောင်းကျိုးတွေရှိမလဲ… ဆိုးကျိုးတွေကရော ဘယ်လောက်များမလဲ..

အင်း ကိုရီးယားကားတွေမှာတော့ မြင်နေရတာပဲ .. ကျွန်တော်တို့ မြန်ပြည်မှာ.. အဲ့လို ရှယ်ယာတွေ ဝယ်ကြရောင်းကြနဲ့ ဘဝတွေပျက်သထက်ပျက်ရင် ဒုက္ခတွေ များရချည်ရဲ့…( အဲ့ဒါတွေနဲ့ပတ်သက်တဲ့ သင်တန်းတွေ အသိအမှတ်ပြုလက်မှတ်တွေ အရင်ရှိလာရင်တော့ကောင်းသား..).. အဲ့.. အိပ်ကပ်လေးသိချင်တာက အဲ့ဒီရှယ်ယာအရောင်းအဝယ်တွေ မြန်မြန် ကျယ်ပြန့်လားမှာလား.. ကောင်းကျိုးတွေများလာမှာလား.. ဆိုးကျိုးတွေကရော အဲ့ဒါလေးတွေကို ပိုပြီးသိချင်မိနေတယ်ဗျာ.. သိနေတဲ့ လူတွေ.. ရှိနေရင် အိပ်ကပ်တို့လို သိချင်နေတဲ့သူတွေအတွက် ပြောပြကြပါဦး..

အိပ်ကပ် တွေးမိတာတော့.. တကယ့်ကို ရှယ်ယာတွေ မရောင်းခင်မှာ လူထုကို အရင်ပညာပေး သတင်းအချက်အလက် အစုံအလင် ထုတ်ပြန် သင်တန်းတွေဖွင့်လှစ်ပေးရင်တော့.. နှစ်လုံးထီထိုးမယ်အစား.. အိပ်ကပ်ကတော့ ရှယ်ယာတွေပဲ ဝယ်မယ်ရောင်းမယ်..ပေါ့နော်..

ကဲကဲ.. အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ..

အိပ်ကပ်ပုံပြင်လေး အခုတော့တော်သေးပြီ..

34 comments

  • မြစပဲရိုး

    October 20, 2015 at 4:41 am

    နားလည်သလောက် ဝင်ရွှီးကြည့်မယ်နော်။ 😉

    ဟိုးအရင် မြန်မာပြည်မှာ အရင်းရှင်စနစ် မလိုလားတဲ့ ဆိုရှယ်လစ်ဝါဒ ကျင့်သုံးသူအစိုးရ က ပုဂ္ဂလိကပိုင် လုပ်ငန်းတွေ ကို အစိုးရပိုင်အဖြစ် သိမ်းပြီး ကြီးကြပ်စီမံခန့်ခွဲ လိုက်တာ ကို ပြည်သူပိုင်သိမ်း တယ် ခေါ်ပါတယ်။
    သီအိုရီအားဖြင့် အဲဒီက ရလာတဲ့အကျိုးအမြတ် ကို ပြည်သူတွေ အားလုံး (တစ်ယောက်မကျန်) ပိုင်ဆိုင်သည်ပေါ့။
    လက်တွေ့မှာတော့ ညံ့ဖျင်းတဲ့ စီမံမှုတွေ နဲ့ ပြီးစလွယ် လုပ်ကိုင်မှုများ အောက်မှာ လုပ်ငန်းတွေ ဖွတ် ဖြစ်ခဲ့တာပါဘဲ။

    အခု မြန်မာပြည်မှာ ပြောလာတဲ့ အစုရှယ်ယာတွေရောင်းဖို့ လုပ်နေတဲ့ အများပိုင်ကုမ္ပဏီ ကတော့ အဲဒါနဲ့ သဘောသဘာဝ လုံးဝမတူပါဘူး။

    ပိုရှင်းအောင် အလွယ် ကို နဲနဲ ရှည်ပြောဗျစီ။

    လုပ်ငန်း လုပ်ရာမှာ
    စစ်တပ် က ဦးစီးလုပ်တော့ ဦးပိုင်ပေါ့။
    အစိုးရက ဦးစီး လုပ်ရင် အစိုးရပိုင် ပေါ့။
    ပုဂ္ဂလိက က ဦးစီးလုပ်ရင် ပုဂ္ဂလိကပိုင်ပေါ့။
    အဲဒီ ပုဂ္ဂလိကပိုင် ဆိုတာက အစိုးရ နဲ့ မဆိုင်တဲ့ သီးသန့် လူ/အဖွဲ့အစည်း က ဦးစီးမှာပါ။

    အဲဒီလို ပုဂ္ဂလိကပိုင်မှာ နှစ်မျိုး ခွဲကြည့်လို့ ရပါတယ်။

    (၁) တစ်ဦးတည်း က သူ့လုပ်ငန်းကို သူ ဦးစီး လုပ်တာ ဆိုရင် တစ်ဦးတည်းပိုင် ခေါ်မှာပေါ့။ သိုးဆောင်းလိုတော့ Sole trader ခေါ်မှာပါ။
    မြတ်မြတ် ရှုံးရှုံး သူ့ဟာသူ စံ၊ သူ့ဟာသူ ခံဘဲ။
    အခွန်ကိုလဲ လူပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ ဆောင်ရမှာပါ။
    လုပ်ငန်း ဒေဝါလီ ခံရ လို့ ကြွေးရှိနေရင် လုပ်ငန်းနဲ့ မဆိုင်တဲ့ ကိုယ့်တစ်ခြား ပိုင်ဆိုင်တာတွေ ကို ထုခွဲပြီး ပြန်ဆပ်ရပါတယ်။
    မဟုတ်ရင် တရားစွဲ ခံ ထောင်ကျခံ ရသပေါ့။

    (၂) နောက် တစ်မျိုးကတော့ တစ်ဦးထက် ပိုပြီး စုပေါင်းလုပ်တဲ့ လုပ်ငန်းပါ။ လစ်မစ်တက် ကုမ္ပဏီ (Limited Company) လို့ ခေါ်ပါတယ်။
    သူတို့ကတော့ အစိုးရက ချမှတ်ထားတဲ့ ဥပဒေနဲ့ အညီ အတိအကျလိုက်နာရပါတယ်။
    အခုနောက်ပိုင်း International Standard ကိုပါ ထားပြီး လုပ်ငန်းများ စာရင်း ညီအောင် လုပ်ခိုင်းလာပြီ ထင်ပါတယ်။
    အခွန် က ကုမ္ပဏီ နာမည် နဲ့ ဆောင်ရပါတယ်။
    လုပ်ငန်း ဒေဝါလီ ခံရရင် ပါဝင်ထားသူများ ရဲ့ ကိုယ်ပိုင်ပစ္စည်း များ စက်ကွင်းလွတ်ပါတယ်။
    ကုမ္ပဏီ နာမည်နဲ့ တရားဆိုင်ရတာမို့ အကြွေးရှင်များ ပြန်ရဖို့ မလွယ်နိုင်တဲ့ အခြေပါ။
    ကုမ္ပဏီ ထဲ ပါသူ တစ်ယောက်ချင်း ကို တရားမစွဲနိုင်၊ ထောင်မချနိုင်ပါ။
    ဒါကြောင့် ကုမ္ပဏီ ဖြစ်ရင် သူတို့ ရဲ့ နှစ်ချုပ် စာရင်းများ ကို အများကြည့်နိုင်အောင် ထုတ်ပြရပါတယ်။
    အမြဲတမ်း နှစ်စဉ် ပြင်ပ စာရင်းစစ် နဲ့ စစ်ခံ ရပါတယ်။
    ဒါမှ ကြွေးပေးမဲ့ သူတွေ၊ အစိုးရ အခွန်ဌာနတွေ၊ ဘဏ်တွေ က အကဲဖြတ်နိုင်မှာဖြစ်ပါတယ်။

    အဲဒီ မှာလဲ
    (က) ပရိုက်ဗိတ် လစ်မစ်တက် ကုမ္ပဏီ (Private Limited Company)
    အတိုကောက် ကို “Ltd” လို့ ခေါ်ပါတယ်။ ဥပမာ – MG Ltd ပေါ့။
    ပိုင်ဆိုင်သူ တွေ က ကိုယ် နဲ့ သိသူချင်း စုပေါင်း ရှယ်ယာထည့်ပြီး လုပ်တာပါ။
    ရလာတဲ့ အမြတ်ကို ထည့်တဲ့ အချိုး အတိုင်း ခွဲကြပါတယ်။
    ရှုံးရင်လဲ ကိုယ့်ထည့်ထားတဲ့ ပမာဏ ရှုံးတာပေါ့။
    သိသူတွေဘဲ ပါပြီး မသိသူ တစ်စိမ်းများ မပါဝင်တာမို့ Ltd ဆိုရင် သူတို့ ရဲ့ ရှယ်ယာများ ကို အပြင်မှာ ရောင်းခွင့်မရပါဘူး။

    (ခ) ပပ်ဗလစ် လစ်မစ်တက် ကုမ္ပဏီ (Public Limited Company)
    အတိုကောက် ခေါ်တာက “Plc” ပါ။ ဥပမာ – MG Plc ပေါ့။
    ဒီမှာတော့ သိသိ မသိသိ ဈေးကွက်ထဲ မှာ တင်လိုက်ရင် အများပြည်သူများ အဲဒီ ရှယ်ယာ ကို ဝယ်ယူပြီး ပိုင်ဆိုင်မှု ကို ထည့်ဝင်နိုင် ပါတယ်။
    ရတဲ့ အမြတ် ကို ဝယ်ထားတဲ့ အရေအတွက် အလိုက် ခံစားနိုင်ပါတယ်။
    ပြန်ရောင်းချင်လဲ ရောင်းလို့ ရပါတယ်။

    ဒါကြောင့် အဲဒီလို ကိုယ့် Company Shares/Stocks/Bonds/Debentures တွေ ကို ဈေးကွက်ထဲ လူအများ ကို ရောင်းချင်ရင် Ltd ကနေ Plc ကို ပြောင်းရပါတယ်။
    ကမ္ဘာမှာ လူချမ်းသာကြီး တစ်ချို့က အဲဒီလို ရှယ်ယာတွေ ဝယ်လိုက် ရောင်းလိုက်လုပ်ပြီး ချမ်းသာကြပါတယ်။
    သူတို့ ကတော့ ပုံမှန်အားဖြင့် တွက်ချက်ပြီး လုပ်တာပါ။

    အဲဒီလို စတော့/ရှယ် ရောင်းတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်သူများ အတွက် အင်မတန် တင်းကြပ် တဲ့ စည်းကမ်းတွေ၊ ဥပဒေတွေ ရှိရပါတယ်။
    မဟုတ်လို့ ကတော့ ထင်တိုင်းကြဲပြီး ဈေးကွက် ကို လူတစ်စု ကဘဲကိုင်ထားပါလိမ့်မယ်။
    အဲဒီမှာ အများ က အယုံအကြည် မဲ့ပြီး စီးပွါးရေးလောက တစ်ခု လုံး ကမောက်ကမ ဖြစ်သွားပါလိမ့်မယ်။

    ဘယ်လို မှ ဥပဒေမစိုးမိုးသေးတဲ့ နေရာ၊ စည်းကမ်း ကို အလွယ်ဖောက်နိုင်တဲ့ နေရာ၊ Professional Ethics ဆိုတာ ကို ငွေကြေးနဲ့ လဲ သူတွေ ပေါများလွန်းလှတဲ့ နေရာမှာ တော့ ……. 🙄

    အချိန်စေ့ပြီမို့ ရပ်ပါပြီ။ 😉

    PS – တတ်လွန်းလို့ ဝင် ဆရာလုပ်တာမဟုတ်ပါ။ နားလည်မိတာလေး မျှတာပါ။ အမှားပါရင် ထောက်ပြလို့ ရပါတယ်။ :-)))

    • Mr. Pocket

      October 20, 2015 at 9:42 am

      ဟုတ်ကဲ့ပါခင်ဗျ အခုလို ကိုယ်သိထားတာလေးတွေကို ရှယ်ပေးတာ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ.. ကျွန်တော်သိထားတာတစ်ခုရှိပါတယ်… အဲ့ဒါက ဖြည့်စွက်တယ်ပဲပြောရမယ်ထင်တယ်… ကိုရီးယားကားတွေမှာ company အကြွေးတင်တော့ ရှိသမျှ စည်းစိမ်းအကုန်သိမ်းခံရပြီး.. မွဲသွားတာကို တွေ့ရမှာပါ.. အဲ့ဒါ သူတို့ကုမ္ပဏီ က Limited မလုပ်ထားလို့ပါ.. တစ်နည်းဆိုရရင် ဆပ်ရန်ကြွေးတွေကို ကန့်သတ်မထားတဲ့အတွက်.. ရှိသမျှစည်းစိမ် အကုန် အသိမ်းခံရတာပါပဲ… တစ်ချို့ကအဲ့ဒီ့နေရာလေးရောက်ရင် မရှင်းပဲ ရောထွေးတတ်လို့ပါ.. နောက်ဆုံးအနေနဲ့ဖြည့်စွက်လက်ဆောင်လေးပေးချင်တာရှိပါတယ် အဲ့ဒါက စတော့ပ် ကစားတဲ့ ပညာရှင်ကြီး… warren buffett ကပြောဖူးတယ်.. ” ခြင်းတစ်ခြင်းထဲမှာ ကြက်ဥတွေကို အကုန်ထည့်မထားပါနဲ့.” တဲ့.. ဘာလို့ဆိုတော့ အဲ့ခြင်းကျကွဲတာနဲ့ ကြက်ဥ တွေအကုန်ကွဲကုန်မှာစိုးလို့ပါ…

      • ムラカミ

        October 20, 2015 at 12:00 pm

        အပေါ်က ကျော့် ယောက္ခမ ပေါက်ကရ ဝင်ရွှီးတာ သီးခံပါဗျာ….

        Stock အကြောင်း ပြောရရင် တထောင့်တည ဗျ…
        ခညားပြောတဲ့ don’t put all your eggs in an single basket ဆိုတာလည်း … သိပ်တော့မမှန်ဘူး..
        ဥတွေအကုန် တခြင်းထဲ မထည့်ချင်ရင် လုပ်သင့်တဲ့ အလုပ်က (ထိပ်ဆုံးအဖြေပေါ့) Diversification ဗျ…
        သီအိုရီ အရပြောရရင် ဒိုင်ဗာစဖကေးရှင်းမှာ Risk factor က 16x ရှိတယ်…
        သာမန်အခြား လုပ်ရပ်တခုခုထက်စာရင် ကျရှုံးနိုင်ခြေ ၁၆ဆ မြင့်တဲ့ အလုပ်ဆိုပါတော့…။

        ဘာပဲပြောပြောဗျာ မာကတ္တာတွေ ယုတ်မာကြထားတဲ့ လောကပါ…
        ဥပမာ တခုပြောပြမယ်….
        လော်ရီရယ် ရော မေဘယ်လင်း ရော ကန်ပနီတခုထဲကပိုင်တယ်ဆိုရင် ယုံမလား…။
        အဲ့ထဲ ဘော်ဒီရှော့ပ်တောင် ပါသေး…..။
        အနှီကန်ပနီကို ရင်းနှီးမြှုပ်နှံထားတဲ့ နောက်ကွယ်က ကန်ပနီ မေးရင် အဖြေကရှသဗျ…..။
        မိုင်လို တို့ အိုဗာတင်းတို့ မြစ်ဖျားခံ … နက်စ်လီ ပါတဲ့ဗျာ…
        ဥတွေကို တခြင်းထဲ ထည့်မထားတဲ့ ကိစ္စရပ် ပြောပါတယ်….
        တော်သေးပြီ..

        • Mr. Pocket

          October 20, 2015 at 3:48 pm

          တစ်ခါတစ်လေတော့လည်း risk ကို ယူရဲရတာပဲဗျ စီးပွားရေးလေ.. risk ကို မယူရဲရင်တစ်ချိန်မှာ ပြိုင်ဘက်တွေ ပေါလာတဲ့အခါ.. သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်ကျတဲ့အခါ ကျရှုံးမှာပဲ..

      • မြစပဲရိုး

        October 21, 2015 at 4:37 am

        { ကိုရီးယားကားတွေမှာ company အကြွေးတင်တော့ ရှိသမျှ စည်းစိမ်းအကုန်သိမ်းခံရပြီး.. မွဲသွားတာကို တွေ့ရမှာပါ..
        အဲ့ဒါ သူတို့ကုမ္ပဏီ က Limited မလုပ်ထားလို့ပါ.. တစ်နည်းဆိုရရင် ဆပ်ရန်ကြွေးတွေကို ကန့်သတ်မထားတဲ့အတွက်..
        ရှိသမျှစည်းစိမ် အကုန် အသိမ်းခံရတာပါပဲ… }

        ကိုအိတ်ကပ် ပြောတာ ကျွန်မ မရှင်းလို့ ကျွန်မ နားလည်တာလဲ ထပ်ပြောဗျစေဦး။
        {ဆပ်ရန်ကြွေးတွေကို ကန့်သတ်မထားတဲ့အတွက်) ဆိုရာမှာ ရှင်းသလိုနဲ့ ရှုပ်မှာစိုးလို့ ထပ်ပြီး ဆရာ ဝင်လုပ်တယ်လို့ သာမှတ်ပါတော့။ 😉

        အပေါ်မှာ ကျွန်မ ရှင်းထား တဲ့ Limited Company ကို တည်ထောင်ကြတာ အလကား မဟုတ်ပါဘူး။
        အကျိုးကျေးဇူးတွေ ရှိလို့ပါ။
        အဲဒီထဲက တစ်ခု က “limited liability” ဆိုတာပါပါ တယ်။
        အဲဒီ အဓိပ္ပါယ် က “ဆပ်ရန်ကြွေး liability” ဆိုတာ Company ကနေ ပြင်ပ ကြွေးရှင် တွေ ကို ဆပ်ရမဲ့ လစ်မစ် ကို ညွန်းတာ မဟုတ်ပါဘူး။
        ရှယ်ယာတွေ ကို ဝယ်ထားတဲ့ ရှယ်ယာရှင်တွေ အနေနဲ့ Company အပေါ်ကို တာဝန်ခံ ရမှု ကို ပြောတာပါ။
        ဥပမာ – တစ်ချို့ ရှယ်ယာ တွေ က အရစ်ကျပေးရမှာ မျိုး တွေ ရှိပါတယ်။ ၁၀၀ဝ ဖိုး ဝယ်ပြီး ၁ဝခါ ဆပ်ရမယ် ထားပါတော့။
        ကိုယ်က ၆ခါ ဆပ်ပြီး ချိန် Company ဒေဝါလီခံလိုက်ရရင် ကိုယ့်မှာ ကျန်တဲ့ ၄၀ဝ ကို တော့ ပြီးအောင်ဆပ်ရပါဦးမယ်။
        ဒါပေမဲ့ အားလုံးအကျေ ၁၀၀ဝ ဆပ်ပြီးနေခဲ့ ရင်တော့ Company အတွက် ကိုယ်က ဘာမှ တာဝန်ထပ်ခံစရာ မလို ဘူး လို့ ဆိုလိုပါတယ်။
        အဲဒီ ၁၀၀ဝ ကတော့ အမျှ ဝေလိုက်ပေါ့။ ဒါပေမဲ့ ကျန်တာ ကိုယ့်မှာ တာဝန်ကင်းပါတယ်။
        ဒါကို “limited liability” လို့ ခေါ်တာပါ။
        သို့ပေသော်လည်း ….
        ကိုယ်က အရင်က အကြောင်း တစ်ခု ကြောင့် ကိုယ့်ရဲ့ အိမ်၊ မြေ စတာ တွေ ကို Company အတွက် ဂရန်လိုမျိုး ပေးထားလိုက်ရင်တော့ အဲဒီ ပစ္စည်းတွေ ကို ထုခွဲ ပြီး တစ်ခြားပြင်ပ ကြွေးရှင် တွေ ကို ဆပ်ရပါမယ်။
        ဒါကြောင့် Company တစ်ခု ထောင်ရင် ရှယ်ယာတွေ ရောင်းရင် အစိုးရ ဒါမှမဟုတ် တစ်ခြား ပြင်ပ ကြီးကြပ် တဲ့ အဖွဲ့အစည်းများ က စည်းစနစ် ကျကျ အထိန်းအကွပ်များ လုပ်ပြီး
        အဲဒီမှာ ရင်းနှီးမြှပ်နှံသူ တွေ / ဘဏ်တွေ နဲ့ တစ်ခြားငွေချေးသူ တွေ ကို လူလည်ကျ မရအောင် ညာလို့ မရနိုင်အောင် စောင့်ရှောက်ပေးရတာပါ။

        နားလည်ပြီး သား ကို ရှင်းပြန်ပေးမိတာ ဆိုရင်တော့ စောဒီးပါ။

        အဲဒီ အကြောင်းတွေ စိတ်ဝင်စားရင် လီယိုနာဒို ပါတဲ့ ကား The Wolf of Wall Street ဆိုတာ ကြည့်ပါလား။ :-)))

        • ムラカミ

          October 21, 2015 at 9:28 am

          သဘောမပါသေးဘူးပဲ….
          risk ဟာ ထွားလာတဲ့အခါ uncertainty ကမ်းကိုဆိုက်သဗျ..
          အဲလာ ဘယ် ဘိဇနက်မှ မသွားချင်တဲ့လမ်း…..

    • လုံမလေးမွန်မွန်

      October 24, 2015 at 12:58 pm

      အရီးပြောထားတွေအကုန်လုံး DBL တက်တုန်းက သင်ရပါ့… Company Law ဆိုပြီး.. အကုန်မေ့ကုန်ပြီ.. ခု အရီးပြောမှ စာတွေ ပြန်မှတ်မိတာ.. ဟီး..

      ဆိုတော့ Company ဆိုရင် BOD ရှိရတယ်ဟုတ်…

      • မြစပဲရိုး

        October 24, 2015 at 4:44 pm

        Company လို့ ဆိုရင် ဥပဒေကြောင်း အရ ပိုင်ရှင် တွေ နဲ့ သီးခြားခွဲကြည့်လို့ ရနိုင်တဲ့ အဆင့် ဖြစ်သွားတယ် ဆိုပါစို့။ (Separate legal entity)
        (Separate legal entity ကလဲ Limited လုပ်ရတဲ့ အကျိုးရလဒ် တွေထဲ က တစ်ခုပါ)
        ဒီတော့ လူတစ်ဦးချင်း စီ ရဲ့ နာမည်ထက် Company နာမည်က အရေးပါသွားတဲ့ သဘောပေါ့။
        အဲဒီလို Company ကို ကိုယ်စားပြုဖို့ အတွက် က လဲ လူတစ်ဦးချင်း လို့ မသတ်မှတ်တော့ဘဲ အဖွဲ့ လို့ သတ်မှတ်လိုက်ပါတယ်။
        သမီးပြောတဲ့ ဘုတ်အဖွဲ့ကြီးပေါ့။
        အဲဒီ ဘုတ်အဖွဲ့ (Board of Directors) မှာ ပါဝင်သူတွေ က
        လုပ်ငန်းသေး Ltd ဆိုရင် အဓိက ရှယ်ယာရှင် တွေ က ဦးစီး တတ်ပြီး ဆုံးဖြတ်ချက်ချတာတွေ အတွက် အာဏာ ကို အစုရှယ်ယာ များများ ပိုင်သူက ရပါတယ်။
        လုပ်ငန်းကြီး Plc တွေမှာတော့ ပြင်ပက နေ ဒါရိုက်တာ တွေ ကို လစာပေးပြီး ငှားပါတယ်။
        အဲဒီ ဒါရိုက်တာ တွေ ကလဲ ရှယ်ယာရှင် တွေ ဖြစ်နိုင်ပါတယ်။
        ဒါပေမဲ့ (အမှတ်မမှားရင်) Plc တွေ ရဲ့ Vote/ Decision ကတော့ ရှယ်ယာရှင် တွေ ဆီမှာ ပါဝါ မရှိသအောက် နဲ ပါတယ်။
        ဆုံးဖြတ်ချတ် ကို ဘုတ်အဖွဲ့ က ဘဲ တာဝန်ယူကြတာများပါတယ်။
        အဲဒါတွေ ကလဲ ပုံသေတော့ မဟုတ်ပါဘူး။
        Company ရဲ့ ပေါ်လစီ ပေါ်မှာ မူတည်ပါတယ်။

        ဘုတ်အဖွဲ့ ထားခြင်းအားဖြင့် လူတစ်ယောက် ထွက် သွားလဲ Company အနေ နဲ့ ဘာမှ အထိအခိုက် မဖြစ်နိုင်တော့ပါဘူး။
        ဒီနေရာမှာလဲ ပြင်းထန်တိကျ တဲ့ စည်းကမ်း နည်းလမ်း ဥပဒေ နဲ့ လိုက်နာရမဲ့ Ethics တွေ အများကြီး လိုပါတယ်။

  • ဇီဇီခင်ဇော်

    October 20, 2015 at 8:58 am

    သိမ်းတာတော့ ပြည်သူပိုင် ဆိုပြီးပဲ။
    အာဏာပိုင်တွေရဲ့ အိတ်ထဲ ဘယ်လိုလုပ်ရောက်သွားလဲတော့ မရှင်းပြတတ်ဘူး

    :mrgreenn:

    • Mr. Pocket

      October 20, 2015 at 9:50 am

      ဆိုရှယ်လစ်စနစ်ရဲ့ ဆိုးကျိုးတွေပေါ့ဗျာ.. monopoly ကစားသလိုပေါ့ လူတစ်ဦးထဲက စိတ်ကြိုကခြယ်လှယ်တဲ့ခေတ်ပေါ့.. အခုကျတော့ပြောင်းသွားပြီဗျ… Oligopoly လို့ခေါ်တဲ့.. လူတစ်စုက ကြီးစိုးခြယ်လှယ်တဲ့ခေတ်ကိုရောက်သွားတာ….

  • ဂျက်စပဲရိုး

    October 20, 2015 at 10:01 am

    ဆရာကြီး ရွှေဥဒေါင်း ရဲ့ သူတော်စိန် စာအုပ် ထဲမှာ ရေးဖူးသလိုပေါ့။
    ဒီ စတော့ရှယ်ယာ တွေ ရောင်းတယ် ဝယ်တယ် ဆိုတဲ့ ဈေးကွက် ဟာ တကယ် ရိုးရိုးသားသား လုပ်မယ် ဆိုရင်တော့ အခြေခံ လူတန်းစား တွေ အတွက် ငွေစုစရာ နေရာ ဖြစ်သလို
    နည်းနည်း တွက်တတ်ချက်တတ် တဲ့ လူတွေ အတွက်လဲ ငွေရှာစရာ နေရာ ဖြစ်ပါလိမ့်မယ်။
    မြန်မာပြည် မှာက ခုမှ စ မယ် ဆိုတော့ သူ့ လုပ်ထုုံးလုပ်နည်းတွေ အကျိုးအပြစ်တွေ ကို နားလည်တဲ့လူက ခပ်ရှားရှား ရှိနေတုန်းပါပဲ။ (ကျနော်လဲ အဲ့ဒီ စတော့ တွေ ရောင်းတယ် ဝယ်တယ် ကို နားမလည်ဘူး လုပ်လဲ မလုပ်ရဲ ရှိတာလေး ဆုံးသွားမစိုးလို့)။
    အဲဒီတော့ လူလည်တွေက ကလိမ်ကကျစ် နဲ့ နှစ်ပေါက်တစ်ပေါက် ရိုက်မယ့် ရန်ကိုတော့ ကြောက်ရတာပေါ့။

    • Mr. Pocket

      October 20, 2015 at 10:16 am

      မှန်တယ်ဗျ ကျွန်တော်ကြောက်တာလည်းအဲ့ဒါပဲ.. ပထမ ဆုံးအကြိမ် အရောင်းအဝယ်မှာ.. အမြတ်ကလေးရလိုက်တာနဲ့.. လောဘကြီးပြီး.. အလောင်းကစားတစ်ခုလိုမြင်.. အသည်းအသန်လောဘဇောတိုက်ရင်.. တိုးတက်မယ်ကြံကာရှိသေး.. မြန်ပြည်ကြီး.. ခါးချိသွားမှာကြောက်ရချည်ရဲ့

  • ဦးကြောင်ကြီး

    October 20, 2015 at 12:46 pm

    ပုဂ္ဂလိကကဏ္ဍ စီးပွားရေး ကြီးထွားဖို့ဆိုလ ျင် ရှယ်ယာဈေးကွက် လိုကိုလိုပါသည်။ လုပ်ငန်းတခု အောင်မြင်တယ် မြတ်တယ်၊ ဒါပေမဲ့ ကြီးကြီးမားမား ခ ျဲ့ထွင်ဖို့ ငွေမတတ်နိုင်ဘူး၊ ဘဏ်တွေကလည်း အတိုင်းအတာ တခုအထိပဲ ခေ ျးမှာ၊ ခေ ျးလည်း ကန့်သတ်ခ ျက်တွေနဲ့။ သူဌေး ဘယ်နှစ်ယောက် ပေါင်းလုပ်လုပ် အမ ျားပြည်သူဆီက ငွေစုစုပေါင်းကို မမှီဘူး။ ပြီးတော့ ရှယ်လှ ျာထုတ်ရောင်းလို့ရငွေက အသားတင်ရတာ။ အုပမာ တလှုပ်ပြည်က အလီဘာဘာ ကုမ္မဏီကိုကြည့်။ အိမ်ခန်းလေးကစတယ်၊ အင်တာနက်မှာ ဈေးရောင်းတယ် အောင်မြင်လာတယ်၊ ဘဏ်ကငွေခေ ျးလုပ်တယ်။ ပိုအောင်မြင်လာတော့ ရာဟူးအင်တာနက် ကုမ္မဏီကနေ ဒေါ်လာသန်းတရာထင်တယ် ၂၃% အစုစပ်ထည့်ဝင်တယ်။ ဂ ျပန်ကုမ္မဏီတခုလည်းပါတယ်။ ဒီနှစ်ထဲမှာပဲ နယူးယောက်စတော့အိပ်ခ ျိန်းမှာ အများပြည်သူကို ရှယ်လှ ျာထုတ်ရောင်းတယ်၊ ဒေါ်လာ ဘီလ ျံရာခ ျီရတယ်။ နေ့ခြင်းညခြင်း အောင်မြင်သွားတယ်။ တရှယ်လှ ျာရောင်းဈေးကလဲ ၆၈ ဒေါ်လာကနေ တရာကေ ျာ်သွားတယ်။ ခုတော့ တလှုပ်စီးပွားရေး က ျလို့ သူလည်း ထိနေပါပြီ။ က ျတာမှ ၆ဝအောက် ပြုတ်က ျတာ၊ အခုတော့ ၇ဝ ပြန်ကေ ျာ်သွားပြီ။ အဓိက ပြောခ ျင်တာ အမ ျားပြည်သူကို ထုတ်မရောင်းလ ျင် လိုအပ်တဲ့ အရင်းအနှီး ဘီလ ျံရာခ ျီ မရနိုင်။ နဂိုမူလ တန်ဖိုးကနေ အဆပေါင်းမ ျားစွာ တက်သွားတာ။ သူဌေးတယောက်ယောက် ရှာပြီးငွေထည့်ခိုင်းလ ျင် အဲလောက်မရ၊ ဝေစုလည်း သူတောင်းသလောက် ပေးရဦးမည်။ ခုတော့ ကိုယ်က ရာခိုင်နှုန်းတခု ဥပမာ ၅၁% ကိုင်ထား က ျန်တာ ခပ်တည်တည်နဲ့ အရေအတွက် ကြိုက်သလောက် သတ်မှတ် ထုတ်ရောင်း။ ရောင်းရလ ျင် သပိတ်ဝင် အိတ်ဝင်ပဲ။ ဒါပေမဲ့ ပတ်ဗလစ်ကို ထုတ်ပြီးသွားရင်တော့ ဥပဒေ စည်းမ ျဉ်းစည်းကမ်းတွေ လာတော့မည်။ အစစ်အဆေး ခံရတော့မည်။ စားရိတ်စက မ ျားစွာတက်လာတော့မည်။ မြန်တ ျန့်ပြည်မှာ အဲလို ယုံကြည်ရတဲ့ ကုမ္မဏီ မရှိသေးထင်ပါသည်။ စာရင်းစစ်ကုမ္မဏီမ ျား တွင်က ျယ်လာမည်။ အဆိုးဓမြအတွက်လည်း ရှယ်လှ ျာအရောင်းအဝယ်မှ အခွန်မ ျားစွာရမည်။ နယူးယောက်ဝေါလ်စထရိမှ လှ ျာပေးနေသော အခွန်က နှစ်စဉ် ဘီလ ျံရာချီမည်။ ဂ ျပန်ကုမ္မဏီ တခုကတော့ မြန်တ ျန့်အိပ်ခ ျိန်မှာ စမည်ပြောသည်။ ဒါလဲ ရှင်းပါသည် မြန်တ ျန့်ပြည်မှာ ရင်းထားငွေကို စာရင်းဇယား ထုတ်ပြပြီး အမ ျားပြည်သူဆီက ပြန်နှိုက်မည်။ ငါးကြင်းဆီနဲ့ငါးဂ ျင်း ကြော ်မည်လေ။ မှန်လ ျင်တော့ ဘယ်စီးပွားမဆို ကနဦးမှီသူ အဆပေါင်း များစွာမြတ်မည်။ အဲ မမှန်လ ျင်တော့ စောစောနှိုးတဲ့ငှက် ခဲအပစ်ခံရပါမည်။

  • kai

    October 20, 2015 at 12:54 pm

    ကမ္ဘာအရှုပ်ဆုံးအလုပ်.. အင်စတီကျူးရှင်းကြီးကို.. စာတပိုဒ်လောက်နဲ့ဖေါ်ပြဖို့.. ကြိုးစားနေသလားတော့မသိ…
    ဆိုတော့…
    ဆိုးတာ..ကောင်းတာ…ဘေးချိပ်..
    မြန်မာပြည်ထဲ.. ရှိကိုရှိရမည်… ဖြစ်သည့်အကြောင်း…။

    လုပ်တတ်သူတွေ.. ချမ်းသာကြ..
    မလုပ်တတ်သူတွေ.. မွဲကြ…။
    ပညာအပါဆုံး.. လောင်းကစား..။ :k:

    • ဦးကြောင်ကြီး

      October 20, 2015 at 1:09 pm

      လောင်းဂစားတော့လဲ ဟုတ်ဖူး ကြောင်က္ခထီးဂ ျီးရ… အဲလို လောင်းဂစားဆန်တာကို speculative stock သတ်မှတ်တယ်၊ ဖြစ်နိုင်ခေ ျသတ်မှတ်ပီး ယုန်ကြည်ခ ျက်နဲ့ စွတ်ဝယ်၊ရောင်းလိုက်တာ။ သာမန်အားဖြင့် ဝယ်၊ရောင်း တကယ်လုပ်သူတွေက သတ်မှတ်ထားတဲ့စံ၊ အခ ျိုး၊ ဂ ျီဒီပီ ဘက်ပေါင်းစုံ တွက်ခ ျက်ပြီးမှ ကစားတာ။ ခံရတာ အနော ်တို့ အမ ျားတို့လို့ မလည်ရှုပ်တွေ။ ငွေကလည်း တပဲခြောက်ပြား၊ ဘာသတင်း အခ ျက်အလက်မှလည်း မရှိ၊ ဝယ်ဖို့လဲ တတ်လည်းမတတ်နိုင်.. ဝယ်တုံ့တုံ့ ရောင်းတုံ့တုံ့.. ဒါမနဲ့ပဲခံရတာမ ျားတယ်။ အဲဒီ မလည်ရှုပ်တွေ စွတ်လုပ်ရင်တော့ လောင်းကစား ပြောနိုင်တယ်။ မလည်ရှုပ်ပေမဲ့ ထိန်းလုပ်ထိန်းကစားရင် လောင်းကစား မဆန်တော့ဘူး..။ အရှုံးအမြတ်ဆိုတာ စွန့်စားရမှု အနည်းအများနဲ့ ပြောင်းပြန်အခ ျိုးကြလို့ လောင်းကစား မဆန်လ ျင် အရနည်းမည် သို့သော ်လုံခြုံမည်.. ဒါပေမည့် သူဌေးဖြစ် ခွေးဖြစ် အခွင့်အရေး မရနိုင်။

    • မြစပဲရိုး

      October 21, 2015 at 4:47 am

      . မြန်မာပြည် ထဲ မယ် ၁၉၉ဝ အလွန် မှာ ဂျပန်က Stock Exchange တစ်ခု ရင်းနှီးထားပြီးသားပါ။
      အခုထိလဲ သူ့ခမျာ စောင့်နေပါသေးတယ်။
      ဒီ အစိုးရ ရဲ့ ကျေးဇူး တွေ နဲ့ ပိုဆိုးတဲ့ ဆုတ်ကပ်ကြီး ဖြစ်လာချိန် ဘယ်လိုမှ စမရ၊ ယုံ မရ နဲ့ ဖြစ်လာချိန်
      သူတို့ဆီက Training ယူထား သူတွေ ငါ့ဝမ်းပူဆာ မနေနိုင်တာ နဲ့ …..

      • kai

        October 21, 2015 at 7:05 am

        လူရော.. ကုမ္ပဏီရော.. Org ရော.. အကုန်…
        Credit History (Credit Score)အကြွေးသမိုင်း တည်ဆောက်တာက စရမယ်ထင်မိတယ်…
        ကွက်ကျော်ရိုက်လို့မရ…။

        … “အကြွေးရ ဆင်ဝယ်စီးမယ်…” ဆိုတဲ့လူမျိုးမှာ…
        အားနာတယ်ဆိုတာကို..ရင်မဆိုင်ရဲတာနဲ့လွှဲချတတ်တဲ့လူမျိုးမှာ…
        ဒီဘဝဒီမျှသာဆိုပြီး.. နောက်ဘဝပို့တတ်တဲ့လူမျိုးမှာ…
        ခင်မင်မှု/ယုံကြည်မှုအလွှဲသုံးစားလုပ်ဖို့.. ဝန်မလေးတတ်တဲ့လူမျိုးမှာ…
        … ဒီကိစ္စအရင်မရှင်းပဲ.. ယုံကြည်မှုမတည်ဆောက်ပဲ… ဘာဘာ.. ဘာမှလုပ်မရ…။

  • Mr. Pocket

    October 20, 2015 at 3:42 pm

    ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဉာဏ်ရှိရင်ရှိသလို သုံးလို့ရတယ်ဗျ.. ကဲ ရှယ်ယာတစ်ခုရဲ့အမြတ်ကဘဏ်ကပေးတဲ့အမြတ်ထက်များနေရင် ရှယ်ယာဝယ်စုထားလိုက်မယ်. ဘဏ်ကများနေရင် ဘဏ်မှာစုထားလိုက်မယ်..အဲ့ဒီလို ရှယ်ယာတွေဝယ် ဘွန်းတွေဝယ် နဲ့ အနော်တို့မြန်ပြည်က အလယ်အလတ်လူတန်းစားတွေ နဂိုထက် ငွေကို ပိုစုလာနိုင်မယ်လို့ အနော်ကတော့ထင်တယ်.. ဒါ အိပ်ကပ်ရဲ့ အတွေးသေးသေး လေးနော်… ပိုပြီးအဆင်ပြေမယ်ထင်မိတယ်.. ဒီပိုစ်လေးရေးမိတာ အားအရဆုံးပဲ.. လူများများပိုဖတ်မိရင်ပိုအားရစရာပေါ့ဗျာ..

    • kai

      October 20, 2015 at 3:51 pm

      မြန်မာပြည်မယ်… လူတယောက်ရဲ့.. အကြွေးသမိုင်းမရှိသေး..။ အခွန်လိမ်များသေး..။ အမြတ်ခွန်ကုဒ်တွေတိတိကျကျမရှိသေး…။… သေး..။… သေး..။… သေး..။… သေး..။… သေး..။
      တွေနိုင်ငံမျိုးမယ်… စတော့ရှယ်ရာဈေးကွက်ဘယ်သူက.. ဘယ်လိုဈေးနဲ့စဖွင့်မလဲ… စိတ်ဝင်စားမိတယ်..။

      ပြောသာပြောတာပါ…
      နယူးယောက်စတော့အိပ်ချိန်းထဲ… ကျွမ်းကျွမ်းကျင်ကျင်ဝင်ကစားပြီး.. မီလီယန်ကိုင်ထားတဲ့..ဗမာတွေရှိ့ပါ့…။
      မြန်မာပြည်ထဲ.. သွားနေနေတဲ့.. ဟိုအမေရိကန်ကြီးဆိုလည်း.. ငွေကြေးဈေးကစားတတ်သူ.. ဆရာ့…ဆရာ့..ဆရာကြီး…
      သူတချက်လှုပ်လိုက်တုံးကများ.. အရှေ့တောင်အာရှငွေကြေးဈေးကွက်တောင်.. ပြိုကျခဲ့ဖူး….သလို….လို..။ :k:

      • kai

        October 21, 2015 at 3:06 am

        Soros Calls Mahathir A ‘Menace’ To Malaysia – NYTimes.com
        http://www.nytimes.com/1997/09/22/…/22iht-soros.t.htm...
        The New York Times
        Sep 22, 1997 – HONG KONG— The international financier George Soros on Sunday … were responsible for Southeast Asia’s recent currency and financial turmoil. … When Thailand’s currency crisis caused the Malaysian ringgit and other ..

  • Alinsett @ Maung Thura

    October 20, 2015 at 7:08 pm

    .ဖွေးဖွေးက်ို ပြည်သူပိုင် သိမ်းလို့ရကြေးဆိုရင် ဘောက်ကောင်းလိုက်မဲ
    အနော်ကတော့ အပြေးအလွှား သွား သိမ်းပြိုက်မှာ

    (မှတ်ချက်စ်။ ။ wifi free ဖြင့် မန့်ခဲ့သည်။)

    • ဂျက်စပဲရိုး

      October 20, 2015 at 9:31 pm

      ပြည်သူပိုင် ဆိုတော့ ညည်း အလှည့်လောက် ကျရင် အရိုးတောင် ရှာတွေ့ပါမလား ဆက်ဆက် ရယ် း)

      • kai

        October 21, 2015 at 3:02 am

        ဂေါတမဗုဒ္ဓလက်ထက်ကတော့… တိုင်းပြည်တပြည်မှာ. အလှဆုံးကညာကို.. ဝိုင်းလုတာမျိုးဖြစ်မနေအောင်… ပြည်သူပိုင်.. ပြည့်တန်ဆာ(တိုင်းပြည့်တန်ဆာ) လုပ်တယ်ဗျ…။
        “သီရိမာ”ဆိုနာမယ်ကြီးပေါ့..။ သူ့ကြောင့်.. ရဟန္တာဖြစ်ကုန်သူတွေတောင်ရှိသေး..။
        သူကိုယ်တိုင်လည်း.. သောတာပန်လို့… ဖတ်ဖူး..။

        ဆိုတော့…
        ပြည့်တန်ဆာဥပဒေပြုရေး.. ဒို့အရေး.. ဒို့အရေး..။
        ကန့်ကွက်သူကို.. မျိုးစောင့်ဥပဒေသစ်ပြဌာန်းအရေးယူရေး.. ဒို့အရေး.. ဒို့အရေး..။

        • ဂျက်စပဲရိုး

          October 21, 2015 at 6:30 am

          အချောအလှ စာရင်း ပြုစု ရင် ကျနော်တို့ကိုပါ ခေါ်ပါ လို့။ း)

  • Shwe Ei

    October 21, 2015 at 1:44 pm

    -ဘဏ်မှာငွေစုဖို့ဆိုတာတောင် တစ်ဘဏ်ထဲမထားရဲလို့
    -သုံး..လေးနေရာခွဲထားရတဲ့ အခြေအနေ…
    -တစ်ခါတစ်လေ..ဘယ်ကမှန်းမသိ…ဘဏ်တွေဒေဝါလီခံမဲ့ သတင်း
    -တက်လာရင်…ပဆံပြန်ပြေးထုတ်ရတာကရှိသေး (ဖြစ်နေတာတွေပျောပါတယ်) 😀
    -ကို့အနေနဲ့ စင်းစားရင်တော့ ရှိစုမဲ့စု ပဆံလေး နားမလည်ဘဲ အရောင်းအဝယ်လုပ်လို်က်မှ
    -ဂွမ်းသွားမလားလို့တွေးမိတာအရင်…ဆိုတော့..စုချင်းစု ဘဏ်မှာဘဲစုဖြစ်မယ်…
    -အများမိုးခါးရေးသောက်ပီး ကြီးပွားတယ်ဆိုတိုင်း.. လိုက်သောက်မိပီးမှ
    -ငါးပွက်ရာ ငါးစာချခံရတဲ့အထဲ ရောပါသွားမှာစိုးလို့ ..

    • Mr. Pocket

      October 21, 2015 at 4:50 pm

      အယ်မိုးခါးရေတော့မဟုတ်ပါဘူးဗ.ျ..တကယ်ဆို သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး ပါ.. နောက်တစ်မျိုးက တန်ဆေးလွန်ဘေးပေါ့.. 😛

    • သူများနိုင်ငံမှာက ဒေဝါလီခံပြီးသွားရင် black list ထဲ ဝင်သွားတယ် မှတ်ဖူးရဲ့..
      မြန်မာနိုင်ငံမှာက ဒေဝါလီခံပြီးလို့ အချိန်ကာလတစ်ခုကြာသွားရင် ကျိကျိတက်စီးပွားရေးလုပ်ငန်းရှင်တွေ ပြန်ဖြစ်လာကြရဲ့.. မြန်မာပြည်မယ် ဒေဝါလီခံဖို့ ဝန်မလေးကြ…

      • kai

        October 24, 2015 at 2:01 pm

        First things first: Donald Trump has filed for corporate bankruptcy four times, in 1991, 1992, 2004 and 2009. All of these bankruptcies were connected to over-leveraged casino and hotel properties in Atlantic City, all of which are now operated under the banner of Trump Entertainment Resorts.Apr 29, 2011
        ==
        ဒေဝါလီမှာ.. ဥပဒေအမျိုးမျိုးရှိပါတယ်..။
        ထားပါတော့…
        ယူအက်စ်မှာ.. လူရော..ကုမ္ပဏီရော ဒေဝါလီခံလို့ရသလို.. ဒေဝါလီခံလို့.. အမည်းစရင်းသွင်းတာထက်.. ခရက်ဒစ်ပျက်( အကြွေးသမိုင်းပျက်) တာ.. အဓိကပါ..။
        .. အမှတ်မမှားရင်.. ခရက်ဒစ်ပျက်တာကလည်း.. နောက်ရနှစ်လောက်ဆို.. အလိုလိုပြန်တက်လာရောပဲ..။

        အခု.. ယူအ်ကစ်သမ္မတဝင်ရွေးပြိုင်နေတဲ့.. ဒေါ်နယ်ထရမ့်ဆို.. ၄ခါ.. ဒေဝါလီခံဖူးသဗျ..။
        ပြောရရင်..အခုအောင်မြင်နေသူတွေ.. ကုမ္ပဏီတွေလည်း.. ဒေဝါလီခံဖူးပါ့..။

        • မြစပဲရိုး

          October 24, 2015 at 5:01 pm

          သူကြီးပြောတာ မှန်ပါတယ်။
          ဒါပေမဲ့ ဒေဝါလီ ခံ ရတာ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းတော့ ရှိပါတယ်။
          မဟုတ်တာ လုပ် ပိုက်ဆံတွေ အလွဲသုံးစားပြု လူတွေကို လိမ်ညာပြီး ဒေဝါလီ ခံရရင် တော့ ဒီ Company နာမည် ပြန်တက်လာစရာ အကြောင်း မရှိနိုင်ပါဘူး။
          တစ်ချို့ ကြွေးမြီမဆပ်နိုင်ဘူး ဆိုတာ က လုပ်ငန်းထဲမှာ လည်ပတ် နေတဲ့ ငွေကြေး ပြတ်သွားတာ (Insolvency) မျိုး ကြောင့် ရှိပါတယ်။

          အဲဒီအချိန်မှာ liquidation လို့ ခေါ်တဲ့ လုပ်ငန်းဖျက်သိမ်းတာ လုပ်ပြီး ရှိတဲ့ Assets တွေ ကို ထုခွဲ ပြီး ကြွေးဆပ်လိုက်ရတာပါ။
          အဲဒါမျိုး က လုပ်ငန်း ကို ပြန်ထူထောင်လို့ လွယ်ပါတယ်။
          တစ်ချို့ ကျတော့ အဲဒီလို အခြေအနေဖြစ်လာရင် အစိုးရ က ဝင်ပြီး ကယ်လိုက်တာလဲ ရှိပါတယ်။

          sole trader ဆိုရင် insolvent ဖြစ်တာနဲ့ အလွယ်ဘဲ bankrupt ဒေဝါလီခံလိုက်လို့ ရပါတယ်။
          ပြီးမှ အသစ် နာမည် နဲ့ ပြန်စပေါ့။
          ဒါကြောင့် sole trader ဆိုရင် ဘဏ်က ချေးရင် အိမ်မြေ တွေကို ဂရန်တီ security အနေနဲ့ ပြရတာ များပါတယ်။

          BTW – ဒေါ်နယ်ထရမ့် ဒီလောက် ကြွေးထူဘူးသူ ဖြစ်တာ ဖော်ထုတ်ပြလိုက် တာ က အမှတ် လျော့ ရောပေါ့ သူကြီး ရယ်။
          သူ့လက်ထဲ မှ နိုင်ငံ ဒေဝါလီခံ သွားရမှာ ကို မတွေးကြမှာ မှ မဟုတ်တာ။ lol:-))

        • ムラカミ

          October 24, 2015 at 6:40 pm

          ဒေါ်နယ်ထရမ့်လား..
          ဂလိုစိတယ် အရီး…
          အနှီ ဘီးကျဲ လူအထင်ထွားတဲ့ အကြောင်းရာတွေ သပ်သပ်ရှိသေးတယ်…
          ဘန့်ခ်ရပ်စီ သပ်သပ်နဲ့ သူ့ကို တန်ဖိုးဖြတ်လို့မရဘူး…
          အကောင်းအဆိုး အကုန်မျှတွေးရမှာ….
          အဆိုးဆိုတာလည်း သည်တခုမကပါဘူး…….
          သ်ု့သော်…
          သည်အဆင့်ရောက်လာတယ်ဆိုကတည်းက … စတုပစ်မဖြစ်လို့ဆိုတဲ့အချက်ပဲ….
          အဲ့ဒါ အမေရိကန်တွေ သိသဗျ….
          ကမာ္ဘ့အရေးအရ …. ပုပ်ဘုန်းကြီးလိုလူလိုလား ..ဂျူနယာဘုရှ်လို ကောင်းဘွိုင်စတိုင် ဖိုက်တာလိုလား … အမေရိကန်တွေသိပါတယ်….

        • ဦးကြောင်ကြီး

          October 26, 2015 at 5:26 am

          ဒေါ်နယ်ထရမ့် လေးဂ ျိန်ဒေဝှါလီခံတာ ဟုတ်တယ် ဒါပေမှဲ့ သူ့ကုမ္မဏီခံတာပါ၊ သူ့ပုဂ္ဂလိက ပိုင်ဆိုင်မှုခံတာ ဟုတ်ဖူး။ သူက ကိုယ်ပိုင်ဥစ္စာနဲ့ ကုမ္မဏီပိုင်ကို ကောင်းကောင်း ခွဲခြားကစားဓါတ်တယ်။ ဒေဝှါလီ ခံဒယ်ဆိုရာမှာလည်း ကုမ္မဏီဖ ျက်ပြေးတာ မှုတ်ပဲ အကြွေး (ဒေါ်လာ ၂ဘီလ ျံလို့ပေါသယ်) ကို ပြန်ဆပ်ဖို့ debt restructure လုပ် regroup လုပ်တဲ့အနေနဲ့ ကုမ္မဏီအက်အုပဒေ Chapter 11 မိမိသဘောဆန္ဒအလေ ျာက် ဒေဝှါလီခံတာပါ။ အကြွေးဆုံးခံမလား အောင်မြင်လာမည့် လုပ်ငန်းရှယ်ရာယူမလား ရွေးခိုင်းတယ်။ အကြွေးအစား စတော့ရှယ်လှ ျာအနေနဲ့ ပြန်ပေးလို့ အကြွေးရှင်တွေလဲ ကေ ျနပ်တယ်၊ ကုမ္မဏီလည်း ပေးရမည့် အတိုး၊ အရင်း သက်သာသွားတယ်၊ လုပ်ငန်းမှာ လည်ပတ်မြှင့်တင်ဖို့ အသုံးခ ျနိုင်တယ်။ ဒီလိုပဲ လှုပ်စားနေလို့ မကေ ျနပ်သူ မ ျားတယ်။ သာမန်ပြည်သူ အိမ်ဝယ်တဲ့မော့ဂေ့ဂ ျ်ကြတော့ အဲလို လှုပ်လို့မြလေ။ သူကတော့ မြက်စိကြီး နားကြီး လဗြွတ်ကြီး မှုတ်လား…။

  • uncle gyi

    October 23, 2015 at 9:50 pm

    ဘာပြောပြောမရှိမကောင်း
    သတိထားတာမမှား

  • မြစပဲရိုး

    October 24, 2015 at 5:49 pm

    အရှိန်ရလို့ ဆက်ရွှီး ရမယ် ဆိုရင်
    (ဘုတ်အုပ်ကြီး အရ)
    ရှယ်ယာ နှစ်မျိုး ခွဲ လို့ ရပါတယ်။
    (၁) Ordinary share (အင်္ဂလိပ် အခေါ်) / Common Stock (အမေရိကန် အခေါ်)
    လုပ်ငန်း မှာ မူလ လက်ဦး ထည့်ဝင်တဲ့ အစုတွေ ပါ။
    ရတဲ့ ငွေအားလုံး က လုပ်ငန်း ရဲ့ ရင်းနှီးမှုငွေ စာရင်း အဖြစ် ပြရပါတယ်။
    လုပ်ငန်း ရှိသ၍ လုပ်ငန်း နဲ့ တွဲပြီး ပါနေမှာပါ။
    လုပ်ငန်းက ရလာတဲ့ အသားတင် အမြတ် (ရှိသမျှ စရိတ် အခွန် အတိုး အားလုံး နှုတ်ပြီး) ပေါ်မှာ ကိုယ့် ဝေစု အလိုက် အကျိုးအမြတ် ခံစားနိုင်ပါတယ်။ ( Dividend လို့ ခေါ်ကြပါတယ်)
    ရှယ်ယာ ရှင်များ ဟာ အစောက ပြောသလို လုပ်ငန်းငယ်ရင် လုပ်ငန်း နဲ့ ပါတ်သက်တဲ့ ဆုံးဖြတ်ချက် ချဖို့ Vote လုပ်ခွင့် ရှိပါတယ်။
    မြတ်ရင် စံ သလို ရှုံးရင် ခံရဖို့ risk များပါတယ်။

    (၂) Preferred share (အင်္ဂလိပ် အခေါ်) / Preferred Stock (အမေရိကန် အခေါ်)
    ဒါကတော့ ရှယ်ယာ ကို ရောင်းပြီး ရတဲ့ ငွေ မှာ လုပ်ငန်း ရဲ့ ရင်းနှီးမှုငွေ လို့ မခေါ်နိုင်တော့ပါဘူး။
    လုပ်ငန်း ရဲ့ နှစ်ရှည်ပေးရန်ရှိစာရင်း အဖြစ် ပြရပါတယ်။
    လုပ်ငန်း ရှိသ၍ လုပ်ငန်း နဲ့ တွဲပြီး ပါနေပေမဲ့ လုပ်ငန်း ကို ဖျက်သိမ်းချိန် Preferred share ပိုင်ရှင်များ က သူတို့ ထည့်ထားတာ ကို ပြန်ရဖို့ အခွင့် ရှိပါတယ်။
    လုပ်ငန်းက ရလာတဲ့ အမြတ် (အခွန် နှုတ်ပြီး) ပေါ်မှာ ကနဦး သဘောတူ ထားတဲ့ ပုံသေ% အရ အကျိုးအမြတ် ခံစားနိုင်ပါတယ်။ (ဒီမှာလဲ Dividend လို့ဘဲ ခေါ်ကြပါတယ်)
    ရှယ်ယာ ရှင်များ ဟာ လုပ်ငန်း နဲ့ ပါတ်သက်တဲ့ ဆုံးဖြတ်ချက် ချဖို့ Vote လုပ်ခွင့် မရှိပါဘူး။
    ordinary share ပိုင်ရှင်များထက် အမြတ်ရတာ နဲ နိုင်သလို အရှုံး risk လဲ နဲ ပါတယ်။

    ဒီလို ရှယ်ယာ တွေ အပြင် လုပ်ငန်း ချဲ့ဖို့ ငွေလိုရင်လဲ အများကို ရင်းနှီးမြှုပ်နှံမှုတွေ ထုတ်ရောင်းနိုင်ပါသေးတယ်။
    အဲဒါတွေ ကို Loan Stock လို့ ခေါ်ပါတယ်။ ဒီဘင်ချာ Debenture လို့လဲ သိကြပါတယ်။
    အဲဒါက ငွေစု Note လို နှစ်ရှည်ချေးငွေ အရင်းအနှီး ပေါ်မှာ အတိုး % နဲ့ ပေးတာပါ။ ဘဏ်မှာ အပ်သလိုပေါ့။
    ရှယ်ယာ တွေလို လုပ်ငန်း ရဲ့ အမြတ်ပေါ်မှာ မူ မတည်ပါဘူး။
    ဒီမှာလဲ ဝယ်ထားတဲ့ ဒီဘင်ချာ တွေ ပေါ်မှာ ဈေး အတက်အကျ ရှိပါတယ်။

    အခြေခံနားလည်သမျှ ကို မျှဝေခြင်း သာ ဖြစ်ပါတယ်။
    အမှားပါရင် ပြင်ဆင်ပေးနိုင်ပါတယ်။

    . ပြောလိုတာ က တော့ ဒါ တွေ ဟာ ငွေကြေး နဲ့ လှည့်ကစား ပွဲ ပါ။
    လည်သူ စားစတမ်း မဖြစ်ရ အောင် ပြင်းထန်တိကျ တဲ့ စည်းကမ်း နည်းလမ်း ဥပဒေ နဲ့ လိုက်နာရမဲ့ Ethics တွေ အများကြီး လိုပါတယ်။

    အဲဒီ ဥပဒေ တွေ ကို စောင့်ရှောက် ရမဲ့ သူ တွေ ရဲ့ အထက်မှာ လူတန်းစား တစ်ရပ် ရှိနေမယ်။
    အဲဒီ လူတန်းစား က အဲဒီ ငွေကြေး နဲ့ လှည့်ကစား ပွဲ ကို Play လုပ် သူ ဖြစ်နေ မယ်။

    အဲဒီလို အခြေအနေမှာ တော့ စဉ်းစားသာကြည့်ပါတော့။
    ကျွန်မတော့ ထိုလူများ ရဲ့ Ethics ကို 100% မယုံပါဘူး။

    . ရွေးကောက်ပွဲ အလွန် ဒီဇင်ဘာမှာ Yangon Stock Exchange ? လုပ်ငန်းစမယ် ပြောတာဘဲ။
    တရား ဥပဒေ မစိုးမိုး ဘဲ ငါတို့ လုပ်ရင် ဖြစ်ရမယ် ဆိုပြီး လုပ်ချင်တိုင်း ဆက်လုပ် နေကြရင်တော့ နိုင်ငံ ရဲ့ စီးပွါးရေး အခြေအနေ ဟာ အင်မတန် စိုးရိမ်ဖို့ ကောင်းလာပါမယ်။

    အဲဒါကို ကောင်းတဲ့ ဘက် ကို ရောက်အောင် တွန်းဖို့ ပေးဖို့ ကတော့ ဥပဒေ အထက် မှာ ဘယ်သူမှ မရှိနိုင်တဲ့ စနစ် တစ်ခု ကို ရအောင် လုပ်ဖို့ ဘဲ ရှိပါတယ်။

    ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဆီကို သာ ပုံကြပါတော့။

    (ဒီ စကား ရောက်ဖို့ ကို သိုင်းဝိုင်းပြီး ပြောလာတာပါ။ ဆရာ လုပ်တာ မဟုတ်ပါ ရှင့်)
    lol:-)))) 😉

  • ဦးကြောင်ကြီး

    October 26, 2015 at 5:22 am

    ဒေါ်နယ်ထရမ့် လေးဂ ျိန်ဒေဝှါလီခံတာ ဟုတ်တယ် ဒါပေမှဲ့ သူ့ကုမ္မဏီခံတာပါ၊ သူ့ပုဂ္ဂလိက ပိုင်ဆိုင်မှုခံတာ ဟုတ်ဖူး။ ဒေဝှါလီ ခံဒယ်ဆိုရာမှာလည်း ကုမ္မဏီဖ ျက်ပြေးတာ မှုတ်ပဲ အကြွေး (ဒေါ်လာ ၂ဘီလ ျံလို့ပေါသယ်) ကို ပြန်ဆပ်ဖို့ debt restructure လုပ် regroup လုပ်တဲ့အနေနဲ့ ကုမ္မဏီအက်အုပဒေ Chapter 11 မိမိသဘောဆန္ဒအလေ ျာက် ဒေဝှါလီခံတာပါ။ အကြွေးအစား စတော့ရှယ်လှ ျအနေနဲ့ လဲပစ်လို့ အကြွေးရှင်တွေလဲ ကေ ျနပ်တယ်၊ ကုမ္မဏီလည်း ပေးရမည့် အတိုး၊ အရင်း သက်သာသွားတယ်၊ လုပ်ငန်းမှာ လည်ပတ်မြှင့်တင်ဖို့ အသုံးခ ျနိုင်တယ်။ ဒီလိုပဲ လှုပ်စားနေလို့ မကေ ျနပ်သူ မ ျားတယ်။ သာမန်ပြည်သူ အိမ်ဝယ်တဲ့မော့ဂေ့ဂ ျ်ကြတော့ အဲလို လှုပ်လို့မြလေ။ သူကတော့ မြက်စိကြီး နားကြီး လဗြွတ်ကြီး မှုတ်လား…။

Leave a Reply