ကြယ်စင်တွေကြား ပုန်းခိုသူ

Mr. PocketOctober 21, 20151min1289

ကြယ်စင်တွေကြား သူမများပုန်းနေမလား…

အတွေးက ရင်မှာပူ

ဘဝင်ဆူ ဒီလူအသည်း..

မဒီခင် ဆံနွယ်အလှပ်မှာ

ကျွမ်းရော့လေသလား…၊

အတွေးမကြွယ်သူ.. ဗျာပါတွေများ..

ခုနှစ်စင်ကြယ်တွေများကြား ပုန်းရောနေသလား…၊

ခြေတုန်အောင်လျှောက် မြေကုန်မှာကြောက်ရတယ်…

ပန်းမပွင့်သူ ဒီလူ့ရင်မှ…

ပန်းတစ်ပွင့်သူ ခြွေယူချင်သလား… ၊

မပန်တတ်တော့ လျှောကျတဲ့ပန်းလို…

လှမ်းဖို့မကြံတတ်တော့ မောရတဲ့အလွမ်းရယ်ကိုပ

ပြောပြမယ်ချောနှမ နားစိုက်လို့ထောင်….

ကိုလူပျိုမြေပြင်ရပ်သူက မော်ကြည့်လို့မှန်းရတယ်..

ဟိုကြယ်စင်ခုနှစ်ထွေကြား ပုန်းရောနေသလား…

 

 

မှတ်ချက်.. သည်းခံကြပါကုန်လော….

 

သတ္တဝါတွေကျန်းမာချမ်းသာကြပါစေ …

 

9 comments

  • Mr. Pocket

    October 21, 2015 at 5:31 pm

    ငါလိုလူဇမ္ဗူမှာရှိသေးလား ငါကွ ခေါင်းစဉ်မေ့တွားဘီ… တားကို ခွင့်လွှတ်ပါနော်…

    • ဇီဇီခင်ဇော်

      October 21, 2015 at 6:49 pm

      ခေါင်းစဉ်က ဘာတုန်း

      • Mr. Pocket

        October 22, 2015 at 9:44 am

        ကြယ်စင်တွေကြား ပုန်းခိုသူ

  • Alinsett @ Maung Thura

    October 21, 2015 at 7:55 pm

    ပိုစ့်က ခေါင်းစဉ် မတပ်လိုက်ရင်.. .. ကွန်ပြူတာ မောက်စ်နဲ့ ကလစ်ပြီး ဝင်ဖို့ ခက်သဗျ…
    ခေါင်းစဉ် စာသားကို ချိန်…ကလစ်ပြီး ဝင်မှ… ပိုစ့်ထဲရောက်တာဆိုတော့… ကလစ်စရာ ခေါင်းစဉ် စာသား မရှိတဲ့အခါ…
    ပိုစ့်ထဲ ဝင်ဖတ်ဖို့… ခက်တယ်ဆိုပါတော့…
    ကျနော်တောင်… Home ကနေ… ဝင်မရလို့.. Dashboard > All Posts ထဲကနေ… ဝင်လိုက်ရ…

    ဆိုတော့… နောက်လူတွေ ဖတ်ချင် ဝင်ချင်… လွယ်အောင်… ခေါင်းစဉ် နေရာမှာ.. အစက်ကလေး ငါးစက် ချခဲ့တယ်နော့…။
    အဲ့ အစက်ကလေးတွေကို ထောက်ပြီး.. ဝင်ဖတ်လို့ ရသွားပြီပေါ့…။
    .ခေါင်းစဉ် သတိရ ရင်…. ပြောလေ…
    အားတဲ့ မော့ တစ်ယောက်ယောက်က အဲ့ အစက်ကလေး ငါးစက်ကို ဖျက်ပြီး..ထည့်ပေးလိမ့်မယ်..

    • Mr. Pocket

      October 22, 2015 at 11:34 am

      ဟုတ်ကျေးဇူးဗျ.. ကျွန်တော် အရမ်းမေ့တယ်ဗျ.. အဲ့ဒါ ရေးပြီးမှ ခေါင်းစဉ်ကို စဉ်းစားမယ်ဆိုပြီး.. လုပ်ထားတာ.. ရေးလည်းပြီးရော ဝမ်းသာအားရနဲ့ publish လုပ်လိုက်တာ… အဲ့ဒါနဲ့ အဲ့လိုမေ့ကုန်ရော

  • မြစပဲရိုး

    October 22, 2015 at 12:27 am

    အဲလို ခေါင်းစည်း မပါရင် ဘေးက ကွန်မန့် count လုပ်တဲ့ နေရာ ကို နှိပ် ဝင်ပါ။ 😉

  • kai

    October 22, 2015 at 3:31 am

    ရေးလို့သာရေး ခုနှစ်စင်ကြယ်လေး
    တစင်းတစင်း အလင်းနှစ်မိုင်သန်းကုဋေဝေး…။

  • Shwe Ei

    October 26, 2015 at 4:05 pm

    -ကဗျာရေးတော့လဲ ဖတ်လို့ကောင်းသား 🙂

  • Mike

    October 27, 2015 at 11:08 am

    .ကဗျာဆရာကိုအိပ်ကပ်
    .ကြယ်တွေကြည့်ပြီးသူစာဖတ်
    .ချစ်သူကလေးတွေ့ပါစေ
    .အိပ်ကပ်ထဲမှာထားမယ်လေ
    .ကြယ်တွေကရေမဆုံး
    .ချစ်သူပြုံး တုန်းတုန်း… :))

Leave a Reply