၂၀၁၅ ကြိုတင် မဲ ပေး ဖို့ အတွက် စလုံး က လူတွေ
ညအိပ်ပြီး စောင့်ကြတာ
တန်း အရှည်ကြီး စီကြရတာ
မဲစာရင်း ထဲ မပါ လို့ ငိုကြယိုကြတာ
နေပူထဲ အကြာကြီး နေရလို့ မူးမေ့လဲကုန်ကြတာ ကို

အိုဗာတင်း တွေ ပါ အလကား သက်သက် အပို လုပ်တာ ပါ ဆိုပြီး
ပြောတဲ့ လူတွေ တွေ့လာတော့

ဆရာ မောင်မိုးသူ ဘာသာပြန် တဲ့ အိတ်ဇိုးဒပ် ဝတ္ထု ကို သွား သတိရတယ်။

ဂျူး တွေ အစ္စရေး နိုင်ငံ ထူထောင်တဲ့ အကြောင်း

အဲ့ဒီ ဝတ္ထု ရဲ့ အစ မှာ အဓိက ဇာတ်ဆောင် အယ်ရီ ဘင်ကင်နင် က
ဆိုက်ပရပ်စ် မှာ ရှိတဲ့ ဂျူး ထိန်းသိမ်းရေး စခန်း ကနေ ကလေး ၃၀၀ (မွေးကင်းစ သေးသေးလေးတွေ မဟုတ်ဘူးနော်) လောက် ကို ခိုးပြီးတော့

သင်္ဘောတစ်စီး ပေါ် တက်ပြီး သူတို့ကို အစ္စရေး ကို သွားခွင့်ပေးပါ
မပေးရင် ဒီ သင်္ဘောပေါ်မှာပဲ ကလေးတွေ နဲ့ နေနေမယ်။ ဗြိတိသျှ တပ်တွေ တိုက်ခိုက် ဖို့ ကြိုးစားရင် ဒီကလေးတွေနဲ့ အတူ သင်္ဘော ကို ဗုံးခွဲ ပစ်မယ် ဆိုပြီး ရာဇသံ ပေးတယ်။

အဲ့ဒီ မှာ ဗြိတိသျှ အစိုးရ က ဇဝေဇဝါ ဖြစ်နေတုန်း နောက်နေ့ကျတော့ ထပ်ပြီး သတင်း ထုတ်ပြန်တယ်။

အစ္စရေး ကို သွားခွင့် မရ မချင်း သင်္ဘော ပေါ်က လူတွေ ကလေးတွေ အပါအဝင် အစာငတ်ခံ ဆန္ဒ ပြ မယ် ဆိုပြီးတော့။

အဲလို အစာငတ်ခံ ဆန္ဒပြတော့ ကလေးတွေ ကို ခုတုံး လုပ်တယ် ကလေးတွေ ကို နှိပ်စက်ရာ ကြတယ် (အိုဗာတင်း တယ်ပေါ့လေ) ဆိုပြီး ဇာတ်ဆောင် မင်းသမီး သူနာပြု ဆရာမ (ကေသီ ထင်ပါရဲ့ နာမည် က) က အယ်ရီ ကို စွပ်စွဲတယ်။

အယ်ရီ ပြန်ပြောတာက

ဒါ publicity အတွက် လုပ်နေတာ။
ဂျူးတွေ ခုလို အဖိနှိပ်ခံ အကျဉ်းချ ခံ နေရတာ ကို ကမ္ဘာက သိအောင် လုပ်နေတာ။
သူတို့ မှာ လူအင်အားလဲ မရှိ လက်နက်လဲ မရှိ မဟာမိတ် လဲ မရှိတော့လို့ ရှိတဲ့ လူ နဲ့ ဖြစ်သလို တိုက်ပွဲ ဝင်နေရတာတဲ့။

ခုလဲ ထိုနည်းလည်းကောင်းပေါ့။

မဲစာရင်း တွေ မှားတယ်
နာမည်တွေ ပါမလာဘူး
မဲစာရွက်တွေ အပြည့်အစုံ မရှိဘူး။
မဲပေးဖို့ အစီအစဉ် က စနစ်တကျ မရှိဘူး။
တာဝန်ယူတဲ့ လူ တာဝန်ခံတဲ့ လူ တစ်ယောက် မှ မရှိဘူး။

အဲ့ဒါတွေကို ကျန်တာ ဘာမှ လုပ်လို့ မရတော့ တန်း အရှည်ကြီး စီပလိုက်တယ်း)

မြန်မာတွေ မဲပေးဖို့ အတွက် အဲ့လောက် ဒုက္ခ ခံ ပြီး လုပ်နေကြရတယ် ဆိုတာ ကမ္ဘာက မဟုတ်တောင် အာဆီယံ ထဲ တော့ နာမည်ကြီးသွားတာပေါ့။

အဲ့ဒီမှာမှ ဒီလူတွေ ဘာ့ကြောင့် အဲ့လောက် မဲပေးချင်ကြရတာလဲ။
ဘာလို့ ဒီလောက်တောင် တန်းတွေ စီ ပြီး ရုပ်ပျက်ဆင်းပျက် မဲပေးကြရတာလဲ။
ဘယ်သူ့ ကို မဲပေးချင်ကြတာလဲ။

ဆိုပြီး မေးခွန်းလေးတွေ ထုတ်လာကြရင် ကို မဆိုးပါဘူးလေ။း)

About ကျော်လွင်ဖြိုး

has written 16 post in this Website..

၈၈ခုနှစ်မှာ မွေးသည်။ အပြောအဆို အနေအထိုင် ဂွကျသည်။ လွန်စွာ အပျင်းကြီးသည်။ လူများနဲ့ ပြောင်းပြန် တွေးလွန်းသောကြောင့် လမ်းထွက်လျှင် သံခမောက် ဆောင်း ထွက်ရသည်။

   Send article as PDF