တဂျီးရဲ့ ရွှေပြည်ကြီးအစားအသောက်တွေရဲ့ အပေါ်ဖြူးတွေကို လိုချင်ပါတယ်လို့ တောင်းဆိုအပြီးမှာ…

ဟိုမေး ဒီစမ်း

ချက်လိုက်၊စားလိုက်နဲ့ကြိုးပမ်းလိုက်တာ ကိုယ်အလေးချိန် တိုးလာပါကြောင်းးး

:byee:

ဂွိဂွိ။ ကွကိုယ်ကျ သိပ်မစားရှာဘူးဆိုတော့။

:sar:

~~~~~~~~~~~~~~~~~

မုန့်တီ (နန်းကြီးသုပ်)

သုပ်နည်းကတော့ ဒီမှာရေးထားတယ်။ http://myanmargazette.net/199829

3

မန်းလေးအခေါ် မုန့်တီသုပ် (သို့) ရန်ကုန်အခေါ် နန်းကြီးသုပ် ကိုပြောတာနော်။ ရန်ကုန်က မုန့်တီလို့ပြောရင် ရခိုင်မုန့်ဖတ်သုပ်တို့ ရခိုင်မုန့်တီတို့နဲ့မှားတတ်လို့။

မန်းလေးမှာတော့ မုန့်တီသုပ် က နန်းလတ် ကို သုပ်တာဖြစ်ပြီး နန်းကြီးကမုန့်ဖတ် အကြီးပါ။ မုန့်ဖတ်သုပ်ဆိုတာက မုန့်ဟင်းခါးဖတ်ကို သုပ်ထားတာမို့ နည်းတူပြီး မုန့်ဖတ်ကွဲပါတယ်။

မုန့်တီရဲ့ Topping တွေ က ဒေသ နဲ့ အကြိုက်ကို မူတည်ပြီး ကွဲပြားပါတယ်။

.

ကျနော် ကတော့ သာမာန်အားဖြင့်……

၁) မတ်ပဲဗယာကြော် (သို့) ပဲကပ်ကြော်

၂) ပဲသီးတောင့်ပါးပါးလှီး (သို့) ဂေါ်ဖီထုတ်ပါးပါးလှီး

၃) ကြက်သွန်နီပါးပါးလှီး

၎) နံနံပင်၊ ကြက်သွန်မိတ် ရိပ်ရိပ်လှီး

၅) ကြက်သား (သို့) ကြက်မြစ်ကြက်သဲ (သို့) အမဲအကြော (သို့) ငါးဖယ် စသည်တို့ကို အနှစ်များများနဲ့ ဆီပြန်ချက်

၆) ကြက်သွန်ဖြူ ဆီချက် (သို့) အနီဆီချက်

၇) ကြက်ဥပြုတ် ဝိုင်းဝိုင်းလှီး

၈) ပဲမှုန့်

၉) သံပုရာသီး/ငရုတ်သီးအကြော်မှုန့်/ငံပြာရည်

၁၀) မုန့်ကြွပ်ကြော်

~~~~~~~~~~~~~~~~~~~~~~~

.

.

.

မုန့်ဟင်းခါး (သို့) မုန့်ဟင်းငါး

ဒါကတော့ ဘာကိုခေါ်မှန်း ရှင်းပါတယ်။ ဒါတောင် မုန့်ဟင်းခါး စားတယ် နဲ့ မုန့်ဟင်းခါး သောက်တယ်မှာ ကွဲကြသေးတယ်။

ချက်နည်းတွေက ဒီ မှာရှိပါတယ်။ http://myanmargazette.net/205350

မုန့်ဟင်းခါး

မုန့်ဟင်းခါး

မုန့်ဟင်းခါးညှပ်ဖတ်နဲ့

မုန့်ဟင်းခါးညှပ်ဖတ်နဲ့

IMG_5342

ကျနော် ထည့်နေကြ မုန့်ဟင်းခါးရဲ့ Topping တွေကတော့….

၁) မတ်ပဲကြော် (သို့) ဘူးသီးကြော် (သို့) ပဲကပ်ကြော်

၂) အီကြာကွေး

၃) နံနံပင်/ကြက်သွန်မိတ်

၎) ငါးဖယ်ကြော်

၅) သံပုရာသီး/ငံပြာရည်

၆) ပဲသီးစိမ်း ပါးပါးလှီး

၇) ငါးမွှေချက်

၈) အိုးဘဲဥ (သို့) ကြက်ဥပါးပါးလှီး

.

တစ်ချို့က (ဖေ့ဘုတ်မှာ လိုက်ပြီး အင်တာဗျူးထားတာ)

၁) ကြက်သွန်ကြော် (သို့) မန်းလေးပဲကြော်

၂) ကြက်အဖီကြော်၊ ပုဇွန်ကြော်

၃) ငါးသလောက်ဥ

၎) ပုဇွန်ဆီ (သို့) ပုဇွန်ဥ

၅) ကောက်ညှဉ်းပေါင်း

၆) ထမင်းဖြူ

၇) ခရမ်းချဉ်သီး

၈) ပုဇွန်ချဉ် (သို့) ငါးချဉ်

၉) ပူစီနံ

၁၀) နံပြား (သို့) စာကလေးခွေ

~~~~~~~~~~~~~

.

.

.

အုန်းနို့ခေါက်ဆွဲ

ချက်နည်းက ဒီမှာကြည့်။ http://myanmargazette.net/218539

မွသဲဆီက ယူသည့် အုန်းနို့ခေါက်ဆွဲ

မွသဲဆီက ယူသည့် အုန်းနို့ခေါက်ဆွဲ

မ နန်းကေသီ ဆီက အုန်းနို့ခေါက်ဆွဲ

မ နန်းကေသီ ဆီက အုန်းနို့ခေါက်ဆွဲ

မစင်ဒီ ဆီက ယူသည်

မစင်ဒီ ဆီက ယူသည်

ကျနော့ အကြိုက် ပုံမှန် Topping ကတော့…..

၁) ပဲသွေး

၂) ပဲကြော်

၃) ကြက်သွန်နီပါးပါးလှီး

၎) မုန့်ကြွတ်ကြော်

၅) ပဲပြား (အစိမ်း/ကြော်)

၆) ရှောက်သီး (သို့) သံပုရာသီး

၇) ဘဲဥ ပါးပါးလှီး

၈) ငရုတ်သီးမှုန့်/ငံပြာရည်

.

တစ်ချို့က….

၁) ပူစီနံ

၂) ရှောက်ရွက်

၃) ပဲပင်ပေါက်ပြုတ် ထည့်တတ်ကြတယ်။

 

မွမွနို ရဲ့ သများ ပို့(စ) အမှီ ထချက်တဲ့ အုန်းနို့ ခေါက်ဆွဲ နဲ့ တော့ပင်းတွေ။

 

1

2

3

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

မြီးရှည်

လုပ်နည်းတွေကတော့ ဒီမှာကြည့်ပါ ခညာ။ http://myanmargazette.net/212175

kyout mal

မ နန်းကေသီ ဆီက မြီးရှည်

.

ပုံမှန် ထည့်စရာ Topping တွေကတော့……

၁) ဝက်ကလီစာ (သို့) ဝက်သား (သို့) ကြက်သား (သို့) ကြက်မြစ်ကြက်သည်း (ပြုတ်/ချက်)

၂) အီကြာကွေးသေးသေးညှပ်

၃) ကော်ရည်

၎) ပဲပင်ပေါက်

၅) ဝက်ခေါက်ကြော် (သို့) ဝက်ဆီဖတ်

၆) ကြက်သွန်မြိတ်

၇) မုန်ညင်းချဉ်ပါးပါးလှီး

၈) ပဲငပိ

၉) ငရုတ်သီးဆီချက်

၁၀) ကြက်တွန်ဖြူရည်

၁၁) ကြာညို့ (ပဲငံ အနောက်)

၁၂) ဆီချက် (သို့) ဆီမွှေး

.

တစ်ချို့က….

၁) ဆီတို့ဟူး

၂) မျှစ်တို့ခြောက်

၃) လက်ပံပွင့်ခြောက်ပြုတ်

၎) မြေပဲဆံလေးစိတ်ကွဲ ထည့်သတဲ့။

~~~~~~~~~~~~~~~~~~~~~~~

.

.

.

ရခိုင် မုန့်တီ (ခေါ်) အာပူလျှာပူ

ချက်နည်းကိုမသိဘူးး .. ဟိ။ ရယ်ဒီမိတ်ကိုချက်တာရယ်။ ဟိ။

မွတင်ဇာမြင့်ဆီက ယူထားတာ

မွတင်ဇာမြင့်ဆီက ယူထားတာ

ထည့်စားဖြစ်တဲ့ Topping တွေက…..

၁) ငါးဖယ်ကြော်

၂) ပဲသီးတောင့်

၃) ပဲကပ်ကြော်

၎) ငါးနဲ့ ငပိအနှစ်

၅) ငရုတ်သီးစိမ်းကင်/လှော်ထောင်း

၆) မန်ကျည်းရည် (သို့) မရမ်းသီးခြောက် အရည်

၇) သံပုရာသီး/ငံပြာရည်

၈) နံနံပင်

.

တစ်ချို့ ကတော့ ဒါတွေပါ ထည့်စားတတ်သတဲ့။

၁) ငှက်ပျောဖူးကြော်

၂) ဝက်ဆီဖတ်ကြော်

၃) ဝက်သားကြော်

၎) ပဲတီစိမ်းချဉ်

၅) ပူစီနံ

၆) ပဲရွက်

~~~~~~~~~~~~~~~~~~~

ရှမ်းခေါက်ဆွဲ/ဆန်ခေါက်ဆွဲ

ဒါလည်း တစ်ခါလား စမ်းချက်ဖူးတယ်။ စားနည်းပဲ သိတယ်။ ဟိ။

မွဘုတ်ဆီက ယူသည်

မွဘုတ်ဆီက ယူသည်

မွဘုတ်ဆီက ယူသည်

မွဘုတ်ဆီက ယူသည်

shann noddle

မနန်းကေသီ ဆီက ယူသည်

တို့ဟူးနွေး (မားနန်းဆီကယူသည်)

တို့ဟူးနွေး (မားနန်းဆီကယူသည်)

Topping က သိပ် မကွဲပြားဘူးး ဒီလောက်ပဲ။

၁) တို့ဟူးကြော်

၂) တို့ဟူးအနှစ်

၃) မြေပဲထောင်း

၎) ငရုတ်သီးနှစ်

၅) ပဲငပိနှစ်

၇) ပဲငံပြာရည် အနောက်

၈) နှမ်း/ရှောက်ကော/ပါကော ဆီ

၉) ကြက်သွန်ဖြူရည်

၁၀) ဂေါ်ဖီချဉ် (သို့) မုန်ညင်းချဉ် (သို့) မုန်လာချဉ်

~~~~~~~~~~~~~~~~~~~~~~

.

.

.

ကြာဇံဟင်းခါး

ကြာဇံချက်ကိုတော့ ချက်ကတည်းက အတော်များများထည့်ချက်တာမို့ အရမ်းများများမရှိဘူးလို့ပဲပြောရမယ်။

မွဘုတ်ရဲ့ ကြာဇံဟင်း

မွဘုတ်ရဲ့ ကြာဇံဟင်း

ပုံမှန် Topping ကတော့…

၁) ကြက်သွန်စိမ်း

၂) နံနံပင်

၃) ကြက်ဥ

၎) ရှောက်သီး/သံပုရာသီး

၅) ငံပြာရည်

၆) ငရုတ်သီးမှုန့်

.

တစ်ချို့ (အဲ အနီးကပ်ဆုံး ကျနော့ မွေးမေလေ့)

၁) အီကြာ/ထပ်တရာ/နံပြား

၂) ရှောက်သီးအမွှာ ထည့်စားဖြစ်တယ်။

~~~~~~~~~~~~~~~~~

.

.

.

ခေါက်ဆွဲသုပ

ကြိုက်တဲ့ ခေါက်ဆွဲ အမျိုးအစားကို ကြိုက်တာတွေ ထည့်သုပ်လို့ ရသောကြောင့် မကြာခန လုပ်စားဖြစ်သောအစားအသောက် ဖြစ်ပါသည်။

သုပ်နည်းက ပို့(စ) တင်ဖူးတာ ဒီမှာ http://myanmargazette.net/161517

Topping က မုန့်တီနဲ့ Generally တူတူပဲ။

အသားမရှိရင် ပုဇွန်ခြောက်မှုန့်ထည့်လို့ရတယ်။
အချဉ်က မန်ကျည်းရည်နဲ့ ပိုကောင်းတယ်။

1

3

2

~~~~~~~~~~~~~~~~~~~“

လိုအပ်တာရှိရင် ထပ်ပြောပေးကြဦးနော်။

:k:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 334 post in this Website..

CJ # 129120