အပေါ်ဖြူး – Topping

ဇီဇီOctober 22, 20155min41428

တဂျီးရဲ့ ရွှေပြည်ကြီးအစားအသောက်တွေရဲ့ အပေါ်ဖြူးတွေကို လိုချင်ပါတယ်လို့ တောင်းဆိုအပြီးမှာ…

ဟိုမေး ဒီစမ်း

ချက်လိုက်၊စားလိုက်နဲ့ကြိုးပမ်းလိုက်တာ ကိုယ်အလေးချိန် တိုးလာပါကြောင်းးး

:byee:

ဂွိဂွိ။ ကွကိုယ်ကျ သိပ်မစားရှာဘူးဆိုတော့။

:sar:

~~~~~~~~~~~~~~~~~

မုန့်တီ (နန်းကြီးသုပ်)

သုပ်နည်းကတော့ ဒီမှာရေးထားတယ်။ https://myanmargazette.net/199829

3

မန်းလေးအခေါ် မုန့်တီသုပ် (သို့) ရန်ကုန်အခေါ် နန်းကြီးသုပ် ကိုပြောတာနော်။ ရန်ကုန်က မုန့်တီလို့ပြောရင် ရခိုင်မုန့်ဖတ်သုပ်တို့ ရခိုင်မုန့်တီတို့နဲ့မှားတတ်လို့။

မန်းလေးမှာတော့ မုန့်တီသုပ် က နန်းလတ် ကို သုပ်တာဖြစ်ပြီး နန်းကြီးကမုန့်ဖတ် အကြီးပါ။ မုန့်ဖတ်သုပ်ဆိုတာက မုန့်ဟင်းခါးဖတ်ကို သုပ်ထားတာမို့ နည်းတူပြီး မုန့်ဖတ်ကွဲပါတယ်။

မုန့်တီရဲ့ Topping တွေ က ဒေသ နဲ့ အကြိုက်ကို မူတည်ပြီး ကွဲပြားပါတယ်။

.

ကျနော် ကတော့ သာမာန်အားဖြင့်……

၁) မတ်ပဲဗယာကြော် (သို့) ပဲကပ်ကြော်

၂) ပဲသီးတောင့်ပါးပါးလှီး (သို့) ဂေါ်ဖီထုတ်ပါးပါးလှီး

၃) ကြက်သွန်နီပါးပါးလှီး

၄) နံနံပင်၊ ကြက်သွန်မိတ် ရိပ်ရိပ်လှီး

၅) ကြက်သား (သို့) ကြက်မြစ်ကြက်သဲ (သို့) အမဲအကြော (သို့) ငါးဖယ် စသည်တို့ကို အနှစ်များများနဲ့ ဆီပြန်ချက်

၆) ကြက်သွန်ဖြူ ဆီချက် (သို့) အနီဆီချက်

၇) ကြက်ဥပြုတ် ဝိုင်းဝိုင်းလှီး

၈) ပဲမှုန့်

၉) သံပုရာသီး/ငရုတ်သီးအကြော်မှုန့်/ငံပြာရည်

၁၀) မုန့်ကြွပ်ကြော်

~~~~~~~~~~~~~~~~~~~~~~~

.

.

.

မုန့်ဟင်းခါး (သို့) မုန့်ဟင်းငါး

ဒါကတော့ ဘာကိုခေါ်မှန်း ရှင်းပါတယ်။ ဒါတောင် မုန့်ဟင်းခါး စားတယ် နဲ့ မုန့်ဟင်းခါး သောက်တယ်မှာ ကွဲကြသေးတယ်။

ချက်နည်းတွေက ဒီ မှာရှိပါတယ်။ https://myanmargazette.net/205350

မုန့်ဟင်းခါး
မုန့်ဟင်းခါး
မုန့်ဟင်းခါးညှပ်ဖတ်နဲ့
မုန့်ဟင်းခါးညှပ်ဖတ်နဲ့

IMG_5342

ကျနော် ထည့်နေကြ မုန့်ဟင်းခါးရဲ့ Topping တွေကတော့….

၁) မတ်ပဲကြော် (သို့) ဘူးသီးကြော် (သို့) ပဲကပ်ကြော်

၂) အီကြာကွေး

၃) နံနံပင်/ကြက်သွန်မိတ်

၄) ငါးဖယ်ကြော်

၅) သံပုရာသီး/ငံပြာရည်

၆) ပဲသီးစိမ်း ပါးပါးလှီး

၇) ငါးမွှေချက်

၈) အိုးဘဲဥ (သို့) ကြက်ဥပါးပါးလှီး

.

တစ်ချို့က (ဖေ့ဘုတ်မှာ လိုက်ပြီး အင်တာဗျူးထားတာ)

၁) ကြက်သွန်ကြော် (သို့) မန်းလေးပဲကြော်

၂) ကြက်အဖီကြော်၊ ပုဇွန်ကြော်

၃) ငါးသလောက်ဥ

၄) ပုဇွန်ဆီ (သို့) ပုဇွန်ဥ

၅) ကောက်ညှဉ်းပေါင်း

၆) ထမင်းဖြူ

၇) ခရမ်းချဉ်သီး

၈) ပုဇွန်ချဉ် (သို့) ငါးချဉ်

၉) ပူစီနံ

၁၀) နံပြား (သို့) စာကလေးခွေ

~~~~~~~~~~~~~

.

.

.

အုန်းနို့ခေါက်ဆွဲ

ချက်နည်းက ဒီမှာကြည့်။ https://myanmargazette.net/218539

မွသဲဆီက ယူသည့် အုန်းနို့ခေါက်ဆွဲ
မွသဲဆီက ယူသည့် အုန်းနို့ခေါက်ဆွဲ
မ နန်းကေသီ ဆီက အုန်းနို့ခေါက်ဆွဲ
မ နန်းကေသီ ဆီက အုန်းနို့ခေါက်ဆွဲ
မစင်ဒီ ဆီက ယူသည်
မစင်ဒီ ဆီက ယူသည်

ကျနော့ အကြိုက် ပုံမှန် Topping ကတော့…..

၁) ပဲသွေး

၂) ပဲကြော်

၃) ကြက်သွန်နီပါးပါးလှီး

၄) မုန့်ကြွတ်ကြော်

၅) ပဲပြား (အစိမ်း/ကြော်)

၆) ရှောက်သီး (သို့) သံပုရာသီး

၇) ဘဲဥ ပါးပါးလှီး

၈) ငရုတ်သီးမှုန့်/ငံပြာရည်

.

တစ်ချို့က….

၁) ပူစီနံ

၂) ရှောက်ရွက်

၃) ပဲပင်ပေါက်ပြုတ် ထည့်တတ်ကြတယ်။

 

မွမွနို ရဲ့ သများ ပို့(စ) အမှီ ထချက်တဲ့ အုန်းနို့ ခေါက်ဆွဲ နဲ့ တော့ပင်းတွေ။

 

1

2

3

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

မြီးရှည်

လုပ်နည်းတွေကတော့ ဒီမှာကြည့်ပါ ခညာ။ https://myanmargazette.net/212175

kyout mal
မ နန်းကေသီ ဆီက မြီးရှည်

.

ပုံမှန် ထည့်စရာ Topping တွေကတော့……

၁) ဝက်ကလီစာ (သို့) ဝက်သား (သို့) ကြက်သား (သို့) ကြက်မြစ်ကြက်သည်း (ပြုတ်/ချက်)

၂) အီကြာကွေးသေးသေးညှပ်

၃) ကော်ရည်

၄) ပဲပင်ပေါက်

၅) ဝက်ခေါက်ကြော် (သို့) ဝက်ဆီဖတ်

၆) ကြက်သွန်မြိတ်

၇) မုန်ညင်းချဉ်ပါးပါးလှီး

၈) ပဲငပိ

၉) ငရုတ်သီးဆီချက်

၁၀) ကြက်တွန်ဖြူရည်

၁၁) ကြာညို့ (ပဲငံ အနောက်)

၁၂) ဆီချက် (သို့) ဆီမွှေး

.

တစ်ချို့က….

၁) ဆီတို့ဟူး

၂) မျှစ်တို့ခြောက်

၃) လက်ပံပွင့်ခြောက်ပြုတ်

၄) မြေပဲဆံလေးစိတ်ကွဲ ထည့်သတဲ့။

~~~~~~~~~~~~~~~~~~~~~~~

.

.

.

ရခိုင် မုန့်တီ (ခေါ်) အာပူလျှာပူ

ချက်နည်းကိုမသိဘူးး .. ဟိ။ ရယ်ဒီမိတ်ကိုချက်တာရယ်။ ဟိ။

မွတင်ဇာမြင့်ဆီက ယူထားတာ
မွတင်ဇာမြင့်ဆီက ယူထားတာ

ထည့်စားဖြစ်တဲ့ Topping တွေက…..

၁) ငါးဖယ်ကြော်

၂) ပဲသီးတောင့်

၃) ပဲကပ်ကြော်

၄) ငါးနဲ့ ငပိအနှစ်

၅) ငရုတ်သီးစိမ်းကင်/လှော်ထောင်း

၆) မန်ကျည်းရည် (သို့) မရမ်းသီးခြောက် အရည်

၇) သံပုရာသီး/ငံပြာရည်

၈) နံနံပင်

.

တစ်ချို့ ကတော့ ဒါတွေပါ ထည့်စားတတ်သတဲ့။

၁) ငှက်ပျောဖူးကြော်

၂) ဝက်ဆီဖတ်ကြော်

၃) ဝက်သားကြော်

၄) ပဲတီစိမ်းချဉ်

၅) ပူစီနံ

၆) ပဲရွက်

~~~~~~~~~~~~~~~~~~~

ရှမ်းခေါက်ဆွဲ/ဆန်ခေါက်ဆွဲ

ဒါလည်း တစ်ခါလား စမ်းချက်ဖူးတယ်။ စားနည်းပဲ သိတယ်။ ဟိ။

မွဘုတ်ဆီက ယူသည်
မွဘုတ်ဆီက ယူသည်
မွဘုတ်ဆီက ယူသည်
မွဘုတ်ဆီက ယူသည်
shann noddle
မနန်းကေသီ ဆီက ယူသည်
တို့ဟူးနွေး (မားနန်းဆီကယူသည်)
တို့ဟူးနွေး (မားနန်းဆီကယူသည်)

Topping က သိပ် မကွဲပြားဘူးး ဒီလောက်ပဲ။

၁) တို့ဟူးကြော်

၂) တို့ဟူးအနှစ်

၃) မြေပဲထောင်း

၄) ငရုတ်သီးနှစ်

၅) ပဲငပိနှစ်

၇) ပဲငံပြာရည် အနောက်

၈) နှမ်း/ရှောက်ကော/ပါကော ဆီ

၉) ကြက်သွန်ဖြူရည်

၁၀) ဂေါ်ဖီချဉ် (သို့) မုန်ညင်းချဉ် (သို့) မုန်လာချဉ်

~~~~~~~~~~~~~~~~~~~~~~

.

.

.

ကြာဇံဟင်းခါး

ကြာဇံချက်ကိုတော့ ချက်ကတည်းက အတော်များများထည့်ချက်တာမို့ အရမ်းများများမရှိဘူးလို့ပဲပြောရမယ်။

မွဘုတ်ရဲ့ ကြာဇံဟင်း
မွဘုတ်ရဲ့ ကြာဇံဟင်း

ပုံမှန် Topping ကတော့…

၁) ကြက်သွန်စိမ်း

၂) နံနံပင်

၃) ကြက်ဥ

၄) ရှောက်သီး/သံပုရာသီး

၅) ငံပြာရည်

၆) ငရုတ်သီးမှုန့်

.

တစ်ချို့ (အဲ အနီးကပ်ဆုံး ကျနော့ မွေးမေလေ့)

၁) အီကြာ/ထပ်တရာ/နံပြား

၂) ရှောက်သီးအမွှာ ထည့်စားဖြစ်တယ်။

~~~~~~~~~~~~~~~~~

.

.

.

ခေါက်ဆွဲသုပ

ကြိုက်တဲ့ ခေါက်ဆွဲ အမျိုးအစားကို ကြိုက်တာတွေ ထည့်သုပ်လို့ ရသောကြောင့် မကြာခန လုပ်စားဖြစ်သောအစားအသောက် ဖြစ်ပါသည်။

သုပ်နည်းက ပို့(စ) တင်ဖူးတာ ဒီမှာ https://myanmargazette.net/161517

Topping က မုန့်တီနဲ့ Generally တူတူပဲ။

အသားမရှိရင် ပုဇွန်ခြောက်မှုန့်ထည့်လို့ရတယ်။
အချဉ်က မန်ကျည်းရည်နဲ့ ပိုကောင်းတယ်။

1

3

2

~~~~~~~~~~~~~~~~~~~“

လိုအပ်တာရှိရင် ထပ်ပြောပေးကြဦးနော်။

:k:

28 comments

  • Kaung Kin Pyar

    October 22, 2015 at 9:20 am

    ခေါက်ဆွဲသုပ်ကတော့ အချဉ်ရည်က အဓိကပဲထင့်…။ မွေ့သုပ်ကျွေးသမျှ..အိမ်ကခေါက်ဆွဲသုပ် လှည့်ကိုမကြည့်သလောက် အပြင်မှာ သူမသိအောင် ဆိုင်တကာလှည့်ပတ်စားနေတာ..
    ကြာဇံဟင်းခါးကို မြင်တော့ ၁၁၅မိုင်ကို သတိရတယ်…။ နေပြည်တော်-ရန်ကုန် ခေါက်တုံ့ခေါက်ပြန်သွားခဲ့တုန်းက မြန်မြန်ရပြီး စားကောင်းတဲ့ ဒါပဲ စားဖြစ်နေတော့…
    ရှမ်းခေါက်ဆွဲကတော့ အကြိုက်ဆုံးအစားအစာ….။ အဲ့ဒါရတဲ့ ဆိုင်တကာ လိုက်မြည်းတယ်…။ ကံကောင်းထောက်မစွာပဲ..ကိုယ့်ရုံးရှေ့က ဆိုင်မှာ တစ်ပွဲ ၅၀ဝ နဲ့ အတော်ကောင်းကောင်းအရသာရှိနေတော့ ဘာပြောကောင်းမလဲ….ရုံးခန်းတွေလိုက်လိုက်ပို့တဲ့ ဆိုင်က ကောင်မလေးဆို အမ အခန်းကတော့ မျက်စိမှိတ်တောင်လာလို့ရနေပြီဆိုကိုးး
    ဒါတွေ ရတော့..ကိုယ့်ကို အိမ်မှာ လက်တည့်စမ်းလို့ရပြီ…
    ရွှေတောင်ခေါက်ဆွဲလေးလဲ နည်းလေးရှိရင် သိချင်ပါတယ် မချွိရေ… အဆင်ပြေရင် ပြောပါဦးနော်…။ အုန်းနို့မဟုတ်ဘဲ တခြားအစားထိုးတစ်ခုခုသုံးလို့ရလားဟင်…. နို့စိမ်းလိုမျိုးဖြစ်ဖြစ်ပေါ့..

    • ဇီဇီခင်ဇော်

      October 22, 2015 at 9:30 am

      ဒီထဲမှာ ရှိတယ် ကင်းကောင်လေးးး
      🙂

      http://myanmargazette.net/218539
      (အုန်းနို့/နို့စိမ်း/မြိတ်/ထားဝယ်/ရွှေတောင်ခေါက်ဆွဲ – KZ’s ထမင်းဆိုင်)

  • ဂျက်စပဲရိုး

    October 22, 2015 at 10:00 am

    နန်းကြီးသုပ် ကြိုက်တယ်။
    ခက်တာက သူက သုပ်ရတာ ဆိုတော့ နန်းကြီးတွေ ဟင်းအသားတွေ က အေး နေတာ။
    စားရတော့ အေးစက်စက်ကြီး ဆို တယ် သဘောမတွေ့။

    • ဇီဇီခင်ဇော်

      October 22, 2015 at 10:03 am

      ငင်။
      အေးပါဘူးအေ။
      နာဆို မုန့်ဖတ်ကို ရေနွေးဖျော
      ဟင်းကလည်း မီးဖိုပေါ်က ဟင်း နဲ့ သုပ်စားပြီး
      ဟင်းချိုပူပူမှ စားကောင်းတာ။
      :sar:

      ဆိုင်ကအသုပ်တွေကတော့ ဟုတ်တယ်။
      အေးအေး စီးကပ်ကပ်။

  • ဇီဇီခင်ဇော်

    October 23, 2015 at 8:54 am

    မန္တလေးမြီးရှည်

    မန္တလေးရဲ့နံနက်စာလို့ပြောလိုက်ရင် မြီးရှည်ဆိုတာမပါမဖြစ်ပဲပေါ့။ မန္တလေးမြီးရှည်ဆိုတာ မန္တလေးမြို့မှာပဲ ရနိုင်တဲ့ အစားအစာ။ တခြားမြို့က မြီးရှည်တွေက မန္တလေးမြီးရှည်နဲ့မတူတတ်ပါဘူး။
    မြီးရှည်ဆိုတဲ့စကားလုံးဟာ တရုတ်စကားလုံး မီရှန့်ကနေ ဆင်းသက်လာသတဲ့။ မီဆိုတာ ဆန်။ ရှန့်ဆိုတာ ကြိုး/နန်း။ မီရှန့်ဆိုတာ ဆန်နဲ့လုပ်ထားတဲ့ နန်းလုံးပေါ့။ မန္တလေးမှာတော့ မြီးရှည်လို့ဆိုလိုက်ရင် သစ်သားအထမ်းခုံလေးထဲက သွပ်ပြားကာထားတဲ့မီးဖိုရယ်၊ မီးဖိုပေါ်က အသားတွေအရိုးပြုတ်တွေထည့်ထားတဲ့ ဟင်းရည်အိုးရယ်၊ အဆာပလာခွက်တွေ အစုံပလုံနဲ့ မြီးရှည်ခုံ သစ်သားဆိုင်းထမ်းလေးကို ပြေးမြင်ကြမယ်။ ခွေးခြေခုံပုပုလေးတွေနဲ့ ဝိုင်းဖွဲ့ထိုင်နေကြပုံတွေကို ပြေးမြင်ကြမယ်ပေါ့။ နံနက်စောစောစီးစီး သစ်ရိပ်ဝါးရိပ် မိုးကာအရိပ်အောက်က လူစုစုနဲ့ ကြိတ်ကြိတ်တိုးနေတတ်တဲ့ မြီးရှည်ဆိုင်လေးတွေက မန္တလေးနံနက်ခင်းရဲ့ မရိုးနိုင်တဲ့မြင်ကွင်းတစ်ခုပါပဲ။

    မန္တလေးမြီးရှည်မှာ
    မြီးရှည်မုန့်ဖတ်၊
    ပဲပင်ပေါက်ပြုတ်၊
    ကော်ရည်၊
    ပဲငပိ၊
    ငရုတ်သီးကြော်၊
    ဆီနီ၊
    ဆီဝါ၊
    ဆား၊
    အချိုမှုန့်၊
    နံနံပင်ကြက်သွန်ဖြူ၊
    ဂျုံကြော်၊
    အသားဖတ်တို့က အခရာပဲ။
    မုန်ညင်းချဉ်၊မုန်လာချဉ်၊ ဟင်းရည်တို့နဲ့ တွဲစားတတ်ကြတယ်။

    မန္တလေးမြီးရှည်သည်တွေကဆိုင်ကြီးကနားကြီးနဲ့ ဖွင့်တာ ရှားတယ်။သစ်သားအထမ်းခုံလေးတွေနဲ့ လမ်းဘေး၊ လမ်းထောင့်များမှာ ဖွင့်ကြတာချည်းပဲ။ဆိုင်နာမည်ဆိုပြီးလည်းမရှိတတ်ဘူး။ ဆိုင်တည်ရှိရာလမ်းနာမည်ကို မူတည်ပြီးတော့ပဲဖြစ်ဖြစ်၊ ဆိုင်ပိုင်ရှင်နာမည်ကို မူတည်ပြီးတော့ပဲဖြစ်ဖြစ်၊ နီးစပ်ရာ အထင်ကရနေရာတွေကို အစွဲပြုလို့ပဲဖြစ်ဖြစ် ဆိုင်နာမည် ဖြစ်သွားတာပဲ။

    ယဉ်နှောင်းတို့ မန္တလေးမြို့ရဲ့ နာမည်ကြီး မြီးရှည်ဆိုင်တွေကို ပြောပါဆိုရင်တော့
    ဗထူးကွင်းအနောက်ဘက်လမ်းကြားထဲက ဗထူးမြီးရှည်၊
    ၂၈လမ်းနှင့် ၆၃လမ်းထောင့်က အောင်တော်မူမြီးရှည်၊
    ၂၉လမ်း ၇၃-၇၄ကြား မေချိုလက်ဖက်ရည်ဆိုင်ရှေ့က မေချိုမြီးရှည်၊
    လမ်း၈၀-၃၃ထောင့်က လမ်း၈ဝ မြီးရှည်၊
    လမ်း၈ဝ -၃၅လမ်းထောင့် ဖားသားလဖုန်းကျောင်းရှေ့ ဖောင်တော်သီအအေးဆိုင်နားက ဖောင်တော်သီမြီးရှည်၊
    လမ်း၈ဝ ၃၆-၃ရကြားက တိုင်းကျော်မြီးရှည်၊
    ၈၃လမ်း ၃၃-၃၄ကြားက ကိုမြင့်ဝင်းမန်ကျည်းရိပ်မြီးရှည်၊
    ၁၆လမ်း ၈၁-၈၂ကြားက ၁၆လမ်းမြီးရှည်၊
    ၂ရလမ်း ၇၆ ထောင့်က ၂ရလမ်းမြီးရှည် စတဲ့ ဆိုင်တွေကို လက်ညှိုးထိုးပြရမှာပဲ။

    မန္တလေးမှာ မြီးရှည်ကို နံနက်စာအဖြစ်သာမက တစ်နေကုန်လည်း စားတတ်ကြသေးတယ်။
    လေးထောင့်ပုံ သစ်သားအထမ်းခုံထဲမှာ လောင်စာမီးသွေးဖြည့်ထားတဲ့ သံမီးဖိုထည့်ပြီး မြေအိုးကြီးတွေနဲ့ ဟင်းရည်အိုးတည်ထားတတ်တာလည်း မြီးရှည်ဆိုင်တို့ရဲ့ အမှတ်အသားပါပဲ။ စားမယ့်သူလာတာနဲ့ မြီးရှည်မုန့်ဖတ်ကို ပန်းကန်ထဲထည့်တယ်။ဟင်းရည်ပူပူတစ်ဇွန်းလောင်းထည့်ပြီး မုန့်ဖတ်ကို နွေးအောင်လုပ်တယ်။ ပြီးရင် မုန့်ဖတ်မှာ ရေတစ်စက်မှ မကျန်အောင် မုန့်ဖတ်ကို ဟင်းရည်ဇွန်းကြီးနဲ့ ထိန်းရင်း ဟင်းရည်တွေကို ဟင်းရည်အိုးထဲ ပြန်စစ်ချတယ်။ နဂိုက အေးစက်စက် မြီးရှည်ဖတ်တွေဟာ ဟင်းရည်နဲ့တွေ့တော့ ခပ်နွေးနွေးဖြစ်သွားပြီပေါ့။

    ပြီးရင် ကော်ရည်ဆမ်းတယ်။ပဲငပိထည့်တယ်။ နံနံပင်ကြက်သွန်ဖြူ ဖျော်ထားတဲ့ အရောထည့်တယ်။ စားသုံးသူစိတ်ကြိုက် ဆီနီ၊ဆီဝါ၊ ဆား၊အချိုမှုန့်၊ ငရုတ်သီးကြော်ထည့်တယ်။ ဂျုံကြော်ထည့်တယ်။ ဟင်းရည်အိုးထဲပြုတ်ထားတဲ့ ဝက်သား၊ကြက်သားတုံးများကိုဆယ်ပြီး ကတ်ကြေးနဲ့ ညှပ်ထည့်တယ်။ အားလုံးပြင်ဆင်ပြီးရင်တော့ အသားပြုတ်ဟင်းရည်၊ မုန်ညင်းချဉ်၊မုန်လာချဉ်တို့နဲ့တွဲဖက်စားစရာ မန္တလေးမြီးရှည်သုပ်တစ်ပွဲရလာပြီပေါ့။

    မြီးရှည်ကြိုက်တတ်သူတွေဟာ မြီးရှည်စားမယ်ဆို တစ်ခါတည်း နှစ်ပွဲ မှာထားရတယ်။ တစ်ပွဲပြီးမှ နောက်တစ်ပွဲစားမယ်လို့ဆုံးဖြတ်ပြီး နောက်မှထပ်မှာရင် တမေ့တမော စောင့်နေရတာနဲ့ အစာအိမ် လေခံသွားနိုင်တယ်။

    မန္တလေး မြီးရှည်ဟာ အရသာကောင်းရင်ကောင်းသလို လူစည်ကားတတ်ပြီး ကြော်ငြာစရာမလိုဘဲ တစ်ယောက်စကား တစ်ယောက်နားနှင့် နာမည်ကျော်ကြားတတ်ပါတယ်။ မြီးရှည်ဆိုင်တို့ဟာလည်း သူ့အရသာနှင့်သူ လက်ရည်မပျက်ဖို့၊ ပိုကောင်းဖို့ကြိုးစားအားထုတ်ကြရတယ်။စားသုံးသူဘယ်လောက်များများ၊ မြီးရှည်ပွဲပြင်သူကို တစ်ယောက်တည်းထားတတ်တာလည်း မြီးရှည်ဆိုင်တို့ရဲ့ အရသာထိန်းသိမ်းနည်း တစ်မျိုးပါပဲ။

    မန္တလေးမြီးရှည်ကတော့ မန္တလေးသူ မန္တလေးသားတွေသာမက တခြားမြို့ကလူတွေပါ မန္တလေးရောက်တိုင်း စွဲစွဲမက်မက်စားကြတဲ့ အစားအစာပါလို့ပြောရင် မှားမယ်မထင်ပါဘူးနော်။

    Credit to ယဉ်ယဉ်နှောင်း

    • Mr. MarGa

      November 2, 2015 at 11:17 am

      ရန်ကုန်မှာ ဘယ်လိုမှ ရှာမရလို့ ငတ်နေတယ် :'(

  • ဇီဇီခင်ဇော်

    October 23, 2015 at 9:00 am

    မန္တလေးမုန့်တီ

    မန္တလေးလို့ပြောရင် တွဲမြင်တဲ့စားစရာက မန္တလေးမုန့်တီပါ။ မုန့်တီတွေဟာ နေရာဒေသကိုလိုက်ပြီး အရသာကွဲပြားသလို မန္တလေးမုန့်တီဟာလည်း မန္တလေးမှာသာ အရသာအစစ်အမှန်ကိုရနိုင်ပါတယ်။

    မုန့်တီဟာ မန္တလေးကိုရောက်လာတာ သမိုင်းအရ နှစ်ပေါင်း (၁၅၀)ကျော်လောက်ရှိပြီလို့ ပြောလို့ရပါတယ်။
    မုန့်တီဟာ ထိုင်းရိုးရာအစားအစာပါတဲ့။ မန္တလေးမြို့တည်စအချိန်က ထိုင်းကုန်သည်တွေ၊လက်မှုပညာရှင်တွေကို ၈၁လမ်း-၈၂လမ်း၊ ၂၉လမ်းနဲ့ လမ်း၃ဝကြားမှာ နေရာချပေးခဲ့ပြီး ယိုးဒယားဈေးလို့ နာမည်ကြီးခဲ့ပါတယ်။ ယိုးဒယားဈေးမှာ ရောင်းချတဲ့ မုန့်တီအပါအဝင် ရွှေချီ၊ ရွှေထမင်း၊ ရွှေရင်အေးတွေဟာ မန္တလေးသားတို့အသည်းစွဲ စားစရာတွေဖြစ်ခဲ့ပါတယ်။

    မန္တလေးမှာ မုန့်တီ ထွန်းကားလာလိုက်တာ မုန့်တီလုပ်ရောင်းပြီး နာမည်ကြီးလာတဲ့နေရာကို မုန့်တီတန်းဆိုပြီး ရပ်ကွက်ခေါ်ရတဲ့အထိပါပဲ။ မုန့်တီတန်းရပ်ကွက်ဟာ ၃၂လမ်း-၃၃လမ်းကြား၊ ၇၃-၇၄ကြားမှာရှိပါတယ်။

    မန္တလေးမုန့်တီမှာ မုန့်ဖတ်ကအရွယ်အစားအမျိုးမျိုးရှိပါတယ်။

    အသေးဆုံးက နန်းသေး။ အချင်း ၂ မီလီမီတာလောက်။ သူကအရွယ်သေးလွန်းတော့ မုန့်ဟင်းခါး၊ရခိုင်မုန့်တီတို့လို အရည်တွေနဲ့ စားဖို့လောက်ပဲကောင်းပြီး နယ်ဖတ်စားရတဲ့ မုန့်တီဖတ်အဖြစ်သုံးဖို့ အဆင်မပြေလှပါဘူး။

    နည်းနည်းကြီးတာက ခိုတောင်နန်း။
    ခိုတောင်နန်းက နန်းသေးထက်တုတ်ပြီး နန်းလတ်ထက်သေးတယ်။
    ခိုတောင်နန်းနဲ့ နန်းလတ်မတူပါဘူး။
    သူ့အချင်းက ၃မီလီမီတာလောက်။ခိုတောင်မုန့်တီက ခိုတောင်နန်းနဲ့ သုပ်မှ ပိုစားကောင်းတယ်။

    နန်းလတ်ကတော့ မြီးရှည်သုပ်တဲ့နန်းလိုအရွယ်မျိုးဖြစ်ပြီး တယ်လီနော ကြော်ငြာထဲမှာ နန်းကြီးသုပ်ဆိုပြီးပြသွားတာ နန်းလတ်သုပ်ကြီး။
    သူ့အချင်းက ၅မီလီမီတာလောက်။ မန္တလေးမှာတော့ မုန့်တီသုပ်တစ်ပွဲလို့ မှာလိုက်ရင် ဒီလိုနန်းလတ်မျိုးနဲ့ပဲ ချပေးတာများတယ်။

    နန်းကြီးကတော့ အကြီးဆုံးပဲ။ အချင်း ၁စင်တီမီတာနီးပါးရှိတယ်။ တခြားမြို့က လူတွေက မန္တလေးလာပြီး နန်းကြီးသုပ်လို့မှာလိုက်တဲ့အခါ ဒီလို လက်သန်းလုံးလောက်နန်းကြီးနဲ့သုပ်ပေးတာမြင်ရင် မျက်လုံးပြူးကုန်ကြတာပဲ။ တကယ်တော့ ဒါကမှ နန်းကြီးအစစ်ပါ။

    နန်းကြီးသုပ်ကတော့ မုန့်သားပိုထူတဲ့အတွက် တစ်လုပ်စားလိုက်တိုင်းမှာ အရသာပိုဆိမ့်သလိုရှိပါတယ်။

    မန္တလေးမုန့်တီမှာ အဓိကအကျဆုံးက ဟင်းအနှစ်နဲ့ ပဲမှုန့်ကောင်းဖို့ပါပဲ။ ပဲမှုန့်ကောင်းမှ မုန့်တီအရသာစစ်စစ်ပေါ်ပါတယ်။ အသားကတော့ ကြက်၊ ငါးဖယ်အပြင် အမဲကြောနဲ့လည်း သုပ်တတ်ကြပါသေးတယ်။

    မန္တလေးမှာ မုန့်တီသုပ်စားမယ်ဆို နာမည်ကြီးဆိုင်တွေကတော့

    1)စိုးစိုးမုန့်တီ ၃၁-၃၂ကြား၈၄-၈၅ကြား။

    2)ဒေါ်ကူမုန့်တီ
    ၂၈လမ်း ၈၂လမ်းထောင့်။

    3)ဒေါ်တောမုန့်တီ
    ၂၆လမ်းအတိုင်း မြစ်ဆိပ်အထိဆင်း၊ မြို့တော်ဥယျာဉ်မရောက်ခင် တောင်ဘက်ကွေ့၊ လမ်းအရှေ့ခြမ်း။

    4)ဒေါ်အုန်းကြည်မုန့်တီ
    ၃၈လမ်း ၈၀-၈၁ကြား၊ဓမ္မာရုံအနောက်။

    5)ဒေါ်ကွန့်မုန့်တီ
    ၈၆လမ်း၊ ၁၀-၁၁ကြား။

    6)ဒေါ်သန်းမြမုန့်တီ
    လမ်း ၄ဝ ၈၃-၈၄ကြား။

    7)မလွန်ဒေါ်သောင်းစိန်မုန့်တီ
    ၃၁-၃၂ကြား၊ ၈၅-၈၆ကြား၊မလွန်ငါးပိတန်း။

    8)ဝင်းဝင်းမုန့်တီ
    သွားဆေးတက္ကသိုလ်မျက်နှာချင်းဆိုင်၊ စွယ်တော်လမ်း ၆၃-၆၄ကြား။

    9)ရွှေရောင်လင်း
    ၃၁လမ်း ၇၁-၇၂ကြား။

    10)ရွှေပြည်မိုးကဖေး
    ၆၆လမ်း ၂၆-၂ရကြား။

    စတဲ့ဆိုင်တွေဖြစ်ပါတယ်။

    မန္တလေးမှာ မုန့်တီဟာ နံနက်စာအဓိကရောင်းတာမို့ မုန့်တီစားချင်ရင် နေမမြင့်ခင်သွားစားဖို့တော့လိုပါလိမ့်မယ်။

    မုန့်ကြွပ်ကြော်မွှေးမွှေး၊ ပဲမှုန့်နံ့သင်းသင်း၊ ဆီရွှဲရွှဲနဲ့ မန္တလေးမုန့်တီတွေဟာ မန္တလေးရဲ့ နံနက်စာစာရင်းမှာ အမြဲတမ်း ထိပ်ဆုံးက နေရာယူလျက်ပါပဲ။

    Credit to ယဉ်ယဉ်နှောင်း

  • kai

    October 23, 2015 at 9:16 am

    ပြောလို့သာ..ပြောတာ…
    တော့ပင်တွေနဲ့.. မြန်မာအခောျင်းစာတွေ.. ကမ္ဘာပါတ်လို့ရတယ်…။
    ပီဇာတို့တော့ပင်လောက်တော့.. သနားတယ်ပေါ့…။

    ဆိုတော့…
    အရောင်စပ်လှဖို့ရယ်.။ .. အပျော့..အမာ… အချောင်း.. လေးထောင့်.. အဝိုင်း.. အလုံး.. အစေ့..အဖတ်.. အကြွတ်.. အရွ… စသဖြင့်.. ပါးစပ်ထဲ.. ခံစားမှုတခုပေးဖို့ရယ်ရည်ရွယ်ပြီး.. အသစ်တိုးသင့်မလားပဲ..။

    အရောင်ရယ်.. သဏ္ဍန်ရယ်.. အစားအစာရဲ့မျက်နှာပြင်အကြမ်းအရှရယ်က.. အရသာအပေါ်လွှမ်းမိုးရှိရှိပါတယ်…။

    flavor – Can texture affect taste? – Seasoned Advice
    cooking.stackexchange.com/questions/27874/can-texture-affect-taste
    Oct 17, 2012 – I was about to write to a friend: “…but texture affects taste”, when I … Yes, there are two different meanings of taste, as you already mentioned.

    • ဇီဇီခင်ဇော်

      October 23, 2015 at 9:29 am

      ငင့်။
      ရှိတဲ့ တော့ပင်းတွေနဲ့ မလုံလောက်သေးဘူးလားးး
      ကျနော်ထည့်မစားဖူးတာတွေလည်း အများကြီးးး
      :k:

      • kai

        October 23, 2015 at 10:28 am

        လုံလောက်ပါတယ်…။
        စု၊တု၊ပြုမှာ.. ဇီမမအဆင့်က… ပြုရတော့မယ်လေ…။
        အဲဒါနဲ့.. အသစ်ပြုပါလားလို့.. တိုက်တွန်းတာပါ…။
        မုန့်ဟင်းခါးထဲ.. ချိစ်အတုံးတော့ပင်လေးတွေထည့်ပြီး.. စင်္ကာပူလို့နာမယ်ပေးပေါ့…။ :k:

        • ဇီဇီခင်ဇော်

          October 23, 2015 at 11:07 am

          ငင့်။
          ချောက်ချဘီ။

          :mrgreenn:

  • kai

    October 23, 2015 at 11:31 am

    http://www.cheaprecipeblog.com/2014/09/80-creative-soup-toppings/
    80+ Creative Soup Toppings
    Contrast Is The Key

    Toppings that contrast with the flavor and texture of the soup are going to work best. Heavy cream soups pair well with fresh toppings (like chopped green onions) and briny or sour toppings (like chopped olives or a squeeze of fresh lemon). Many brothy soups pair well with crunchy toppings (like tortilla chips or croutons).
    Chili Toppings

    Thanksgiving leftover recipes turkey chili

    Chili is in a league of its own when it comes to delicious toppings. There are so many of them. A simple bowl of chili can turn into something unbelievable when you add toppings like:

    Tortilla chips
    Corn chips (Fritos)
    Cornbread, broken into pieces
    Salsa
    Pico de gallo
    Chopped scallions/green onion
    Chopped avocado
    Sliced radishes
    Shredded Mexican blend cheese
    Cotija cheese
    Jalapenos (fresh or pickled)
    Sour cream
    Greek yogurt
    Hot sauce
    Lime wedges

    80 soup topping ideas, from Cheap Recipe Blog
    Fresh Soup Toppings

    Sprinkle some fresh vegetables, herbs, and even fruit on top of your soup to liven it up:

    Scallions/green onion
    Chives
    Cilantro
    Parsley
    Basil
    Dill
    Sliced radishes
    Chopped red pepper
    Chopped tomato
    Chopped onion
    Chopped shallots
    Chopped avocado
    Pico de gallo
    Pea shoots
    Fresh lemon or lime
    Pomegranate seeds (great on butternut squash soup)

    Butternut squash soup with pomegranate seeds as a topping, from Cheap Recipe Blog

    Sliced pears or sliced apples (also great on squash soup)

  • kai

    October 23, 2015 at 11:37 am

    အုန်းနို့ခေါက်ဆွဲမှာ..အဲဒီပုံကလို.. နို့စိမ်းနဲ့အရုပ်ရေးနိုင်ရင်..မဆိုးဘူး..။

  • kai

    October 23, 2015 at 3:54 pm

    စကားအတင်းစပ်..
    ပဲခူးသူ မယ်မြန်မာစင်္ကြဝဌာငှက်ကဌက.. ဖဘမှာ…အဲလိုရေးထားတယ်..။

    တို့ ပဲခူးကလူတွေက မုန့်ဟင်းခါးစားရင် ဘယာကြော်နဲ့ ခရမ်းချဉ်သီး ပဲသီး နံနံပင် ထည့်ပြီး ဟင်းရည်နည်းနည်းနဲ့ စားတာ

    • ဇီဇီခင်ဇော်

      October 23, 2015 at 4:14 pm

      ဟုတ်။
      အဲဒါ တောင်ငူကလည်း အဲဒီလိုစားတယ် တဂျီး
      ~~~~~~~~~~~~~~
      တောင်ငူမုန့်ဟင်းခါး အသုပ် နဲ့ ရေဖျော်ပါ
      ????????????

      ??မုန့်ဟင်းခါး ဟင်းရည်

      ငါးခူ ( သို့) ငါးကျီး ကို စပလင် နနွင်း ငံပြာရည် ဆား ထဲ့ ပြုတ်ပါတယ်

      ငါးကို အသားနွင် , အရိုးကို ထောင်းရေဖျော် ဇကာနဲ့စစ်ထားပါတယ် ( အရည်မည်းတဲ့ အကြောင်းအရင်းပါ)

      ကြက်သွန်ဖြူနီ ဘတ်လတ်ထောင်း ဂျင်းအနည်းငယ် နဲ့ ဆီပါလေကာနဲ့ ဆီသတ်ပါ ( ထောင်းထားတဲ့ ပြုတ်ရေထဲ့) ရေလိုသလောက်ထဲ့ ပြုတ်ရေကျအောင်တည်ပါတယ် … ကြက်သွန်နီ ဥသေးခွာပြီးထဲ့ပါတယ်

      ဆန်လှော် ထောင်း ဟင်းရည် အရမ်းပွက်ရင် အနည်းငယ်ထဲ့ပါတယ်
      အရသာမြည်း ပြီးလိုတဲ့ အရသာထဲ့ ဟင်းရည်အိုးရပါပြီ ..

      ကောက်ညှင်းဆန်လှော်မှုန့် ( တောင်ငူက မှာပါတယ်)
      ပဲကပ်ကြော် ( တောင်ငူက မှာပါတယ်)

      ??တောင်ငူမုန့်တီသုပ်
      မုန့်ဖတ်ထဲ့ ခရမ်းချဉ်သီးပါးပါးလှီး ပဲသီး နံနံပင် ကောက်ညှင်းဆန်လှော်မှုန့် ငြုပ်သီးမှုန့် ပဲကြော် ချေထဲ့ ဟင်းရည်ကြည် အနယ်ငယ်ထဲ့ အရသာထဲ့ ကြက်သွန်ဖြူ ဆီကျက်ထဲ့ စေးစေးလေး သုပ်ပါတယ်

      ??တောင်ငူမုန့်ဟင်းခါး ရေဖျော်
      မုန့်ဖတ်ထဲ့ ခရမ်းချဉ်သီးပါးပါးလှီး ပဲသီးနံနံပင် ကောက်ညှင်းဆန်လှော်မှုန့် ငြုပ်သီးမှုန့် ပဲကြော်ချေထဲ့ ကြက်သွန်ဖြူ ဆီကိက်ထဲ့ အရသာထဲ့ ဟင်းရည် ထဲ့ပါ တယ်

      ??တောင်ငူမုန့်ဖတ်က အနည်းငယ် အလုံးတုတ်ပါတယ်

      (ချက်နည်းကွဲပြားမှု့များရှိနိုင်ပါသည် တတ်သလောက်မှတ်သလောက်နဲ့ အိမ်က ပြောပြသလောက်ဖြင့် ချက်ပါတယ် )

      ‪#‎Ericmoon‬

  • Alinsett @ Maung Thura

    October 23, 2015 at 9:09 pm

    မွင်းငါးကို ပဲပင်ပေါက်တွေ ထည့်စားတတ်တဲ့ ကရင်ပြည်နယ်ကို သတိရသွားတဲ့အပြင်
    မွင်းငါးဟာ ပဲမှုန့်တွေ များနေတဲ့ ပျစ်ချွဲချွဲ ပြည်မွင်းငါးကိုလည်း သတိရသွားမိ။

    သဂျား ဝယ်ကျွေးဧည့်ခံဖူးတဲ့ မန်းလေး မုန့်တီ(နန်းကြီးသုပ်)ကိုလည်း သတိရသွားတယ်။
    အဓိက ပြောချင်တာကတော့

    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .ဖွေးဖွေးကို စားချင်ပါတီ

    • ဇီဇီခင်ဇော်

      October 26, 2015 at 11:59 am

      ငင့်။
      ဘာ တော့ပင်းလေးဖြူးစားမို့လဲငင်>

      :k:

    • kai

      October 30, 2015 at 3:46 pm

      ဟိုတနေ့ကပဲ.. ဖွေးဖွေးကို.. ဓာတ်ပုံရိုက်လာသေး…။
      ရုပ်ရှင်ပွဲတော်အတွက်.. ယူအက်စ် ရောက်နေကြလေရဲ့..။

  • Courage

    October 24, 2015 at 6:58 pm

    ငတ်နေပါတယ်ဆို စားစရာစရာတွေအကြောင်းပဲ တင်တင်နေတယ်… ဂယ်ပဲ….
    ကြာဆံချက်လေးတော့ လုပ်စားဦးမှပါလေ….

    • ဇီဇီခင်ဇော်

      October 26, 2015 at 11:58 am

      တညား တခြားအကြောင်းတွေ တင်တုန်းက မောင်ကာကြီးက ဘယ်ရောက်နေတာတုန်း

      :mrgreenn:

  • ムラカミ

    October 24, 2015 at 7:27 pm

    မုန့်ဟင်းခါးအကြောင်းလား…
    တော့ပင်တွေက အကာတွေပါအေ….
    ထိပ်ဆုံး တဇွန်း စားကြည့် မုန့်ဟင်းခါး တကယ်ကြိုက်တဲ့လူဆို သိပါတယ်….
    ကျုပ်ဟိုမှာနေတုန်း မျက်ရည်ပါကျဖူးတယ်.. မုန့်ဟင်းခါးနံ့ရလို့…
    ထားပါတော့ ..အဲ့ကိစ္စ….

    ကျုပ်တို့ စမ်းချောင်းမယ် မုန့်ဟင်းခါးဆိုင်ကောင်းကောင်းတွေ တပုံကြီး ရှိသယ်….
    ကိုယ်တကယ်ကြိုက်တဲ့ မုန့်ဟင်းခါးဆိုင်များလေ…
    သူတို့လင်မယားအဆင်မပြေတာ ကိုယ်တွေမှာ စိတ်တွေ မကောင်းဖြစ်လို့ ….
    အဲ့သလောက် စိုးမိုးတာဗျ… မုန့်ဟင်းခါးများ ..အချာပင်မှတ်လို့….
    အဆာပြေစားတတ်တဲ့ ဘရိတ်ဘတ်စ် တခုထက်ပိုသဗျ…

    • ဇီဇီခင်ဇော်

      October 26, 2015 at 11:57 am

      နိ ပြောတော့ နာ့ ကို စမ်းချောင်း မွင်းငါး ကျွေးမယ် ဆိုပြီးးး
      ဂဒိလည်းမတည်ဘူးး
      မတမ။

      :k:

  • Mike

    October 27, 2015 at 10:19 am

    .နန်းကြီး၊ နန်းပြား သုတ်ကြိုက်မှကြိုက်
    .ကြာဆံချက်လည်းကြိုက်တယ်
    .မွင်းခါးကတော့ကျုပ်လည်းဆိုင်ချေးများသဗျ…မဒမ်မိုက်ရဲ့မွင်းခါးတော့မကြိုက်
    .မွင်းခါးဆိုအရည်ကျဲပီးချိုချိုလေးမှကြိုက်တယ်…
    .မုန့်ဖတ်သုတ်လည်းကြိုက်ပြန်တာပဲ…. :))
    .အာ့လာပြောတာ..တွားမယ်နော်

    • ဇီဇီခင်ဇော်

      October 27, 2015 at 11:00 am

      ခိ။
      ခုက အပေါ်က ဖြူးတဲ့ အဆာပလာတွေကို ပြောချင်တာ မိုက်မိုက်။
      :k:

  • kai

    November 21, 2015 at 5:02 pm

    ဒီလ ဒါကိုထည့်လိုက်ပြီ…။
    ယူအက်စ်မှာ.. ပစ္စည်းအမယ်အစုံရှိတော့.. လက်တည့်စမ်းကြမှာမြင်ယောင်သေး…။

    • ဇီဇီခင်ဇော်

      November 23, 2015 at 1:17 pm

      ဟုတ်၊.

      ၊နောက်လတော့ ခေါင်းခြောက်ပြီ။
      ဟိဟိ

      :mrgreenn:

  • ကျောက်စိမ်း တိန်ညင်

    November 21, 2015 at 9:28 pm

    ရှမ်းမြောက် မုန်းခိုမှာ ကိုးကန့်တွေစားတဲ့ ချေးဆီ ထမင်းကြော်အကြောင်း ရေးပေးမယ်အေ …. အဆင်တဲ့ရင် ကမာ္ဘကျော်မဲ့ အစားအစာ

    • ဇီဇီခင်ဇော်

      November 23, 2015 at 1:31 pm

      ငင့်။
      ကြားရတာ မသက်သာထာ အေ

      :a:

Leave a Reply