လျှာယားလို့ ပြောတဲ့စကား

alinsettOctober 23, 20153min30913

ရှမ်းပြည်ထဲကို အလည်အပတ်ခရီးအဖြစ် ကျနော်လာခဲ့တာ မဟုတ်ပါ။

ကျနော့် အတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခုကို မျှော်ကိုးပြီး လာခဲ့ခြင်း ဖြစ်တဲ့အပြင်….
အဲဒီ ဒေသခံ မိတ်ဆွေနှစ်ယောက်ကို ကူညီပေးချင်တာလေးတွေ ရှိလာလို့…
ရှမ်းမြေကို ကျနော် ခြေချဖြစ်ခဲ့တာဆိုပါတော့… ။
————————————————————-

လည်ပတ်ချိန်ရယ်လို့ ထူးထူးထွေထွေ မရှိတဲ့ ဒီခရီးကို ကျနော် ပျော်ရွှင် ကျေနပ်မိပါတယ်။

ဘာလို့ ကျေနပ်သလဲ…ဆိုတော့… ရှမ်းမြေဟာ အတော်လေးကို ချစ်စရာကောင်းလို့ပါ။

မအားတဲ့ကြားက အချိန်လုပြီး ကျနော်ရောက်ဖူးအောင် အင်းလေးကန်ဆီလိုက်ပို့တဲ့ ဒေသခံမိတ်ဆွေ နှစ်ယောက်ကိုလည်း
ကျေးဇူးတင်ကြောင်း မှတ်တမ်းချန်ပါတယ်။

အင်းလေးကန်ထဲ… စက်လှေတစ်စီးနဲ့… သွားလာရခြင်းဟာ …
ကျနော် … နတ်သမီးနဲ့ အတူပျော်ပါးရတဲ့ အိပ်မက်လို…အရသာထူးလှပါတယ်။

.တောင်တန်းတွေ ပတ်လည် ကာရံထားတဲ့ အလည်မှာ… အင်းလေးရေပြင်ဟာ ကြည်လင်….လို့…
.ရေပြင်ထဲမှာ…ပြာလွင်နေတဲ့ ကောင်းကင်ရဲ့ အရိပ်….
.နောက်ပြီးတော့… အရုပ်မျိုးစုံ ချယ်ပြနေတဲ့ တိမ်တွေ…..
အဲဒီနောက်မှာမှ… စိမ်းညှို့တွန့်ကောက်နေတဲ့ တောင်တန်းမို့မို့ကြီးတွေ….
ကျနော်မြင်ရသမျှ… ဘေးပတ်ဝန်းကျင် အကုန်လုံးဟာ… စိတ်နှလုံးကို ငြိမ်သက် သာယာသွားစေတာတွေချည်းပဲ… ။

ပန်းချီကားချပ်တွေ… ဓါတ်ပုံတွေထဲမှာသာ..မြင်ခွင့်ရခဲ့တဲ့…နေရာထဲ ကျနော် ရောက်နေပြီ…
ဒါဆို… ကျနော် ပန်းချီကားချပ်ထဲမှာ…ဝင်နေပြီပေါ့နော်။
.ပျော်လိုက်တာ… ။
ရန်ကုန်မှာ ကျန်ခဲ့တဲ့ ကျနော့်ဖြစ်တည်မှု အခက်အခဲတွေ …ဘဝအမောတွေကို ခဏတာမေ့သွားပြီး… စိတ်ကို လွှတ်ချလိုက်မိတယ်။
.ပြီးတော့…မြင်ရသမျှကို အားပါးတရ လိုက်ကြည့်နေမိတယ်။

အသီးအနှံတွေ စိုက်ထားတဲ့ ကျွန်းမျောတွေ….
ပိုက်ကွန်နဲ့ ငါးဖမ်းနေတဲ့ အင်းသားတွေ….
.ခြေထောက်နဲ့ မတ်တပ်လှော်ခတ်နေတဲ့ လှေကလေးတွေ…
.နောက်… ရေထဲမှာ…ပေါလောမျောနေတဲ့ ရေဘဲ…ရေကြက်တွေ…
ဒါ့အပြင်…ဗေဒါတွေ….

(အင်းလေးကန်ဝန်းကျင်ဟာ သဘာဝဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်တွေနဲ့ ဘေးမဲ့ဒေသဖြစ်ကြောင်း ဆိုင်းဘုတ်တွေ ထောင်ထားတာတွေ့ရတယ်။
ဒါပေမယ့်….အဲ့ဒီ ဆိုင်းဘုတ်တွေ အောက်မှာပဲ… ငါးတို့ ရေကြက်တို့ကို ဖမ်းယူနေတာကို တွေ့ရတော့… နားမလည်နိုင်အောင် ဖြစ်ရပါသေးတယ်။
ဘေးမဲ့ပေးတဲ့အထဲမှာ… ကန်ထဲက ငါးတွေနဲ့… ကန်ကို မှီခိုနေတဲ့ သက်ရှိမျိုးစိတ်တွေကိုရော…
ဘေးမဲ့စာရင်းထဲ…မထည့်သွင်းဘူးလား…။ )

.ရွှေတွေ ဖို့ဖန်များလို့…ဘူးသီးပုံပေါက်နေတဲ့ ရုပ်တုလေးတွေကို… သက်ရှိထင်ရှားဘုရားနဲ့ ဘယ်လိုမှ ဆက်စပ်ကြည့်လို့မရ…
.ကြည်ညိုကြည့်လိုမရပဲ… ရွှေရောင်အတုံးအခဲလေးတွေအဖြစ်သာ ကြည့်မိပါတယ်။
ဒီအတွက်တော့… ကျနော့်ကို ဘာသာရေး ဒုံးဝေးသူအဖြစ် ဆဲဆိုချင်ရင် ဆဲဆိုနိုင်ကြောင်းပါ။

.နောက်ပြီး ဘုရားဆီ လာတဲ့ (ကျနော့်လို)ဧည့်သည်တွေကို အားမနာလျှာမကျိုးသော…..respect လုံးဝမထားသော ….
စိတ်အနှောင့်အယှက် ဖြစ်စေသော…. ရွှေဆိုင်း လိုက်ရောင်းသူများကို ကျနော် အတော် စိတ်ပျက်မိပါတယ်။
.ဈေးရောင်းတာနဲ့ မတူတော့ဘဲ… ဓါးပြတိုက် ခံရသလိုလည်း ခံစားမိတယ်….
.နောက်ပြီး.. တောင်းစားနေတဲ့သူတွေ အနားကပ်ပြီး တစာစာ လိုက်တောင်းတာ ခံရသလိုလည်း ဖြစ်နေပါတယ်။
”ထမင်းဖိုးလေး ပေးတဲ့သဘောနဲ့ ဝယ်သွားပါအစ်ကိုကြီး ” ဆိုတဲ့ စကားလည်း သုံးပြီး ရောင်းကြပါတယ်။
အဖွဲ့ထဲက တစ်ယောက်က ဝယ်လိုက်တာတောင်… နောက်ထပ် ရောင်းသူတွေက … ကျနော့်လက်ထဲ အတင်းလာထိုးထည့်ပြီး..
”အစ်ကိုကြီးလည်း ဝယ်ပါဦး…”တဲ့… ။ ဟိုမှာ ဝယ်ပြီးပြီလေ…တော်ပြီ…လို့ ငြင်းတော့လည်း..”ညီမဆီကလည်း ဝယ်ပါဦး …” ဆိုပြီး အတင်းထိုးထည့်တာ။
သူတို့ကို ရှောင်ရ ငြင်းဆန်ရတာနဲ့ပဲ…အတော် စိတ်ရှုပ်နေရပြီ… ။
ဒါတော့… သိပ်ကို သရုပ်ပျက်လွန်းတယ်.. ။

.နောက်ပြီး… ကျနော်တို့ စီးလာတဲ့ စက်လှေကို လှေချင်း ယှဉ် ကပ်… အတင်းလိုက် ဆွဲပြီး ရောင်းတဲ့ လှေပေါ်က ဈေးသည်တွေ ရှိသေးတယ်..။
သူတို့က…ပန်းတွေ… သစ်သီးတွေ ရောင်းတာ…
မဝယ်သေးဘူးဆိုလည်း မရ… အတင်းဆွဲပြီး ထိုးပေးနေကြတော့… အတော် စိတ်အနှောင့်အယှက် ဖြစ်တယ်။

သူတို့ … ရောင်း မကောင်းဘူးထင်တယ်….

IMG_4023

 

 

 

 

 

 

 

IMG_4082

 

 

 

 

 

 

 

 

P51016-103357

 

 

 

 

 

 

 

 

 

IMG_4053

 

 

 

 

 

 

 

 

IMG_4042

 

 

 

 

 

 

 

IMG_4066

 

 

 

 

 

 

 

 

 

 

 

 

 

 

 

P51016-110653

 

 

 

 

 

 

 

 

 

 

 

P51016-132659
လိုရာပြည့်ဖို့.. ထို ဖယောင်းတိုင်တွေ ထွန်းကြစို့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

IMG_4025

 

 

 

 

 

 

 

 

 

အင်းထဲက ရေကြေက်ကြော်
အင်းထဲက ရေကြေက်ကြော်

 

 

 

 

 

 

 

 

 

 

 

ဒါကတော့ အင်းထဲရောက် လူသား၊ ( ကြော် စားစရာ မဟုတ်)
ဒါကတော့ အင်းထဲရောက် လူသား၊ ( ကြော် စားစရာ မဟုတ်)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

13 comments

  • kai

    October 23, 2015 at 12:28 pm

    ကိုရင်က.. လျှာယားပြီး… ပြောတာထက်…
    ဓာတ်ပုံရိုက်တင်.. (စားလိုက်တာ လို့ယူဆ) က.. ရေကြက်ကျော်…။

    ဗမာငါးပါးသီလလို..ဖြစ်နေပြီ..
    ဘာတဲ့.. “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊”
    ပြီးရင်အသားအော်ဒါမှာ…။ :k:

    • Alinsett @ Maung Thura

      October 23, 2015 at 12:41 pm

      သူများအသားလေးပေမဲ့ ပြောရတော့မှာပဲ
      စားကောင်းချက်

      :k:

  • ဇီဇီခင်ဇော်

    October 23, 2015 at 12:46 pm

    ဓာတ်ပုံတွေက လှလိုက်တာ။

    ဒါနဲ့ နိ တို့ ပြန်သွားပြီးမှ ဘုရားရွှေခွါတဲ့ သီတင်းကြားတာတော့။
    ဆက်ဆက်ကလည်း ရွှေတုံးအဖြစ်မြင်တယ်ဆိုတော့ ဘာလားးး

    :mrgreenn:

    မမဂျီးကို ဒဒိရဒါ ဒီ ရေကြက်ကြော်စားနေဒုန်းဂလားး
    :k:

    • Alinsett @ Maung Thura

      October 23, 2015 at 1:52 pm

      ဟုတ်ပါ့။ အဲ ဟုတ်ပါ့ဆိုတာ ရေကြက်ကြော်ကိစ္စကို ပြောတာ။
      ဘုရားရွှေခွါတဲ့ကိစ္စတော့ တား ဘားးးတိဝူးးး

      :k:

  • Ma Ei

    October 23, 2015 at 1:34 pm

    ကောင်းကင်ပြာပြာ၊ ရေပြာပြာ နဲ့ တိမ်ဖြူဖြူ အဆုပ်လိုက်တွေ ပဏာရ လှချက်
    ခရီးသွားချင်စိတ်တွေပိုပိုဖြစ်လာပီရော

    • Alinsett @ Maung Thura

      October 23, 2015 at 1:55 pm

      ပုံတွေမှာ အောက်ဘက် ညာထောင့်နား ဒိတ်တွေ အချိန်တွေ ပါနေတဲ့ပုံတွေက
      ကင်မရာဂျီးနဲ့ရိုက်တာ။
      ကျန်တဲ့ပုံတွေက ဖုန်းနဲ့ ရိုက်တာပါ။
      အပေါ်က ရေရင် သုံးပုံမြောက်ဆို ဖုန်းကင်မရာနဲ့ ရိုက်တာ။

      တကယ်လှပတဲ့နေရာလေးပါ။

  • uncle gyi

    October 23, 2015 at 9:38 pm

    အင်းထဲကဘယ်အချိန်ရောက်ရောက်မရိုးတဲ့နေရာပါ
    နှမျောစရာကောင်းတာကအင်းထဲမှာတနေ့တခြားရေနည်းလာတာ
    အင်းလေးကန်နောက်မ ျိုးဆက်တွေမြင်နိုင်ပါအုန်းမလား

    • Alinsett @ Maung Thura

      October 25, 2015 at 12:51 pm

      .ဟုတ်တယ်နော်…
      .အခုလောလောဆယ် မြင်ခဲ့ရသလောက်ကတော့ မိုး မကုန်သေးလို့လားမသိ… ရေတော့ မနည်းသေးဘူး။
      ဒါပေမဲ့… အင်း အလယ်လောက်မှာပဲ ရေကြည်တော့တယ်… နေရာအတော်များများမှာ…
      .ရေက…ရွှံ့ရောင်….

  • ကထူးဆန်း

    October 24, 2015 at 11:12 pm

    ဖောင်တော် ဦး ဒေသစာရီ ကြွ တဲ့ အချိန်ဆိုတော့ ဖောင် လွတ်အောင် ရေကာတာ ရေထိန်းပေးထားတော ့ ဒီအချိန် က ရေ ပြည့်တယ် ..ပြီးရင်တော့ လျှပ်စစ်ရဖို့ ရေပြန်လွှတ်ရလေ ဦးမယ်.. ဒီနှစ်နွေက ျ ရင်တော့ ရေ ဘယ်လောက် က ျန်မလဲ မသိ ..

    • Alinsett @ Maung Thura

      October 25, 2015 at 12:55 pm

      .ဖောင်တော် ဦး ဒေသစာရီ ကြွချိန် အမှီ…ပြေးးလိုက်နိုင်ခဲ့တယ်။ ကျနော်တို့ ရောက်သွားတော့ ဟဲယာရွာမ ဆိုလား..အဲ့ဒီ ရွာကို ရောက်နေတယ်… ။
      .နောက်ရက်ကျတော့… နောက်တစ်ရွာ… အဲ့နောက်တစ်ရွာ (နာမည်မေ့သွား)မှာ…
      . ဒေသစာရီ လှည့်ရာ လိုက် သွားတဲ့ ဘုန်းကြီးတစ်ပါး… မတော်တဆမှုဖြစ်ပြီး…သေတယ် ကြားရတယ်။
      .လှေပေါ်က ပြုတ်ကျပြီး ပန်ကာနဲ့ငြ်ိ သေတော်မူတယ်ဆိုပဲ… ။

  • ဦးကြောင်ကြီး

    October 26, 2015 at 5:39 am

    လှ ျာယားလို့ပြော နှာထွားတို့ဘော သာဝါးစို့နော ဟွာပြားညှို့တော

    • Thint Aye Yeik

      April 2, 2016 at 7:49 pm

      အဲ့ဒီ အချိန် အဲ့ဒီတုန်းက အဲ့ဒီ ကွန်မန့်ကို ဘာလို့များ
      ဒီလို စိမ်းထားမိမှန်းးးးး ပြန်တွေးတာ မရဘူး။

  • Shar Thet Man

    May 15, 2018 at 4:46 pm

    အင်းလေးပြန်သွားချင်တယ်..မရောက်ဖူးသေးတဲ့နေရာတွေရှိသေးတယ်

Leave a Reply