ဆော်ဒီအိမ်ရှင်ရဲ ့အိမ်ဖော်အမျိူးသမီးအပေါ်လူမဆန်စွာရက်စက်

kotoethetAugust 27, 20102min11411

ဆော်ဒီအာရေဗျ နိုင်ငံရှိ မိသားစုဦးရေများပြားသည် ့အိမ်တစ်အိမ်တွင် အိမ်ဖော်အဖြစ် ၅ လကြာသွးရောက်
အလုပ်လုပ်ကိုင်ခဲ ့သည် ့သီရိလင်္ကာနိုင်ငံမှ အသက် ၅ဝ အရွယ်ရှိ အမျိူးသမီးကြီးတစ်ဦးအား အိမ်ရှင်များမှ
သူမ၏ကိုယ်ခန္ဓာအတွင်းသုံး သံချောင်းများ ထိုးစိုက်ရိုက်သွင်းပြီး နှိပ်စက်စေခိုင်းခဲ ့ကြသည်ဟုဆိုပါသည်…

 ရဲတပ်ဖွဲ ့ကစစ်ချက်ယူ…

လွန်ခဲ ့သည် ့စနေနေ ့ညက ဆော်ဒီနိုင်ငံ၊ ရီယာ ့ဒ် မြို ့တော်မှ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြိုတော်သို ့လေ
ယာဉ်ဖြင် ့ပြန်လည်ရောက်ရှိလာသည် ့အရိယာဝါသီ အမည်ရှိတဲ ့( သူတော်ကောင်းကဲ ့သို ့နေသူလို ့များအ
ဓိပ္ပါယ်ပြန်ယင် ရမယ်ထင်ပါတယ်…) ထိုအမျိူးသမီးကြီးကို စိုးရိမ်ပူပန်နေကြတဲ ့သူမရဲ ့သားသမီးများက လွန်
ခဲ ့တဲ ့တနင်္လာနေ ့ကပဲ ဆေးရုံကို ခေါ်ဆောင်လာခဲ ့ကြပါတယ်…
ဓါတ်မှန်ရိုက်ကူးစစ်ဆေးချက်များအရ သူမကိုယ်ခန္ဓာမှာ သံချောင်းပေါင်း ၂၃ ချောင်းအထိ ထိုးစိုက်နစ်ဝင်
နေခဲ ့တယ်လို ့မြင်တွေ ့ခဲ ့ရပါတယ်…

တစ်ချိူ ့သံချောင်းတွေဆို ၅ စင်တီ ( ၂ လက်မနီးပါး ) အထိရှည်ပါတယ် လို ့ ကမဘူရူပိတီယ ဆေးရုံးမှ ဆ
ရာဝန် ပရာဘတ်ဂဂျာဒီရာ က AOL သတင်းဌာနကိုပြောပြခဲ ့ပါတယ်…
“သံချောင်းအများစုဟာ ခြေထောက်နဲ ့လက်များမှာထိုးသွင်းထားခဲ ့တာဖြစ်ပြီး သူမကိုဘယ်နှစ်ချောင်းအထိ
ထိုးသွင်းနှိပ်စက်ခဲ ့တယ်ဆိုတာတောင် သူမအနေနဲ ့မမှတ်မိနိုင်ခဲ ့ပါဘူး..
သူမက သူတို ့အာရပ်ဘာသာစကားမပြောတတ်တာမို ့သူတို ့ဟာ သူမဘာကိုဆိုလိုတယ်ဆိုတာ မသိနိုင်
ကြပါဘူး…” လို ့ဒေါက်တာ ဂဂျာဒီရာ ကဆက်ပြောပြပါတယ်…

Sri Lankan maid L.T. Ariyawathi, left, talking to a nurse while receiving treatment at a hospital in Batticaloa on Wednesday - AFP/Getty
 ဆေးရုံမှာဆေးကုသမှုခံယူနေတဲ ့အရိယာဝါသီ ….
Sri Lankan maid L.T. Ariyawathi, left, talking to a nurse while receiving treatment at a hospital in Batticaloa on Wednesday – AFP/Getty

ဒါပေမယ် ့သူမက သီရိလင်္ကာ၊ သီရိလင်္ကာ လို ့ပဲ အကြိမ်ကြိမ်ပြောဆိုနေခဲ ့လို ့သူမအိမ်ကိုပြန်ချင်တယ်
ဆိုတာသဘောပေါက်သွားကြလို ့သူမကို လေဆိပ်သို ့ပို ့ဆောင်ခဲ ့လိုက်ကြပါတယ်…
ထိုအမျိူးသမီးကြီးဟာ ဆော်ဒီလေဆိပ်မှာရော၊ သီရိလင်္ကာနိုင်ငံလေဆိပ်မှာပါ သူမကို သံချောင်းတွေနဲ ့ထိုး
သွင်းနှိပ်စက်တယ်ဆိုတဲ ့အကြောင်း တစ်ခွန်းမှ မပြောခဲ ့ပါဘူး လို ့လည်း ဆရာဝန်ကပြောပြခဲ ့ပါတယ်…
ထိုခန္ဓာကိုယ်ထဲက သံချောင်းတွေကိုလည်း သက်ဆိုင်ရာလေဆိပ်များရဲ ့လုံခြုံရေးအရစစ်ဆေးတဲ ့စက်ကိရိ
ယာများက မတွေ ့ရှိခဲ့ကြပုံရပါတယ်…

သူမအိမ်ကိုပြန်ရောက်တော ့မှ သားသမီးတွေကို ဒါဏ်ရာဒါဏ်ချက်တွေအကြောင်းပြောပြခဲ ့လို ့၎င်းတို ့က
သူမကို ဆေးရုံသို ့ခေါ်ဆောင်လာခဲ ့ကြတာဖြစ်ပါတယ်…

သီရိလင်္ကာနိုင်ငံ၏ ပြည်ပအလုပ်အကိုင်များဆိုင်ရာဌာန ကတော ့ထိုအမျိူးသမီးကြီးတက်ရောက်ရာဆေး
ရုံသို ့အဖွဲ ့တစ်ခုစေလွှတ်ပြီး သူမထံမှ ထွက်ဆိုချက်ရယူကာ ရီယာ ့ဒ်မြိုရှိသီရိလင်္ကာသံရုံးနှင် ့သီရိလင်္ကာ
နိုင်ငံရှိ ဆော်ဒီသံရုံးတို ့ကို ထိုဖြစ်ရပ်အားအကြောင်းကြားကာ အမျိူးသမီးကြီးအား ခေါ်ယူအလုပ်ခန် ့အပ်
စေခိုင်းခဲ ့သည် ့ဆော်ဒီနိုင်ငံမှ မိသားစုအား အရေးယူနိုင်ရန်စီစဉ်နေပါတယ် လို ့သီရိလင်္ကာနေ ့စဉ်သတင်း
မှာ ဗုဒ္ဓဟူးနေ ့ကဖော်ပြခဲ ့ပါတယ်…

” ကျွန်တော်တို ့ပြည်ပအလုပ်အကိုင် များဆိုင်ရာ ( ကြီးကြပ်ရေး ) ဌာနအနေနဲ ့ထိုအိမ်ဖော်အမျိူးသမီးကြီး
အားလူမဆန်စွာ သံချောင်းများထိုးပြီး နှိပ်စက်ခဲ ့သသည် ့အလုပ်ရှင်နှင် ့၎င်း၏မိသားစုထံမှ အမြင် ့မားဆုံး
သောလျှော်ကြေးငွေရရှိစေဖို ့နည်းလမ်းမျိူးစုံ၊ အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်…” လို ့အဆိုပါဌာ
နရဲ ့အကြီးအကဲ ဘာတာဂိုဒါ ကပြောကြားခဲ ့ပါတယ်…

An X-ray of Ariyawathi's palm showing the imbedded nails - AFP/Getty
လက်ထဲမှာပါ သံချောင်းတွေစိုက်သွင်းနှိပ်စက်ခဲ ့ကြတယ်…
An X-ray of Ariyawathi’s palm showing the imbedded nails – AFP/Getty

သူမကို သံချွန်တွေနဲ ့မထိုးချင်မှာ ထိုသံတွေကို မီးနဲ ့အပူပေးတတ်ကြပါသေးတယ် လို ့လည်းသူမကပြော
ပြခဲ ့ပါတယ်…
သီရိလင်္ကာနိုင်ငံ၊ မာတာရာ မြို ့မှာနေထိုင်တဲ ့အရိယာဝါသီ က သူမအလုပ်လုပ်ခဲ ့တဲ ့မိသားစုမှာမိသားစုဝင်
တွေအများကြီးရှိပြီး ထိုသူများအားလုံးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးရတာမို ့သူမအနေနဲ ့အနားမရှိပဲအ

မြဲမပြတ်တရစပ်အလုပ်လုပ်နေခဲ ့ရကြောင်း၊ ပင်ပန်းလွန်းလို ့အနားယူမယ်ကြံလိုက်တိုင်း သူတို ့ကအပြစ်ပေး
တဲ ့အနေနဲ ့သံချောင်းတွေကိုခန္ဓာကိုယ်ထဲကို ထိုးသွင်းခဲ ့ကြတာဖြစ်တယ်လို ့သူမက သတင်းဦးသတင်းထူး ရုပ်သံသတင်းဌာနကိုပြောပြခဲ ့ပါတယ်…

 
” ကျွန်မဟာမိုးလင်းကမိုးချူပ်တစ်ချိန်လုံးအလုပ်လုပ်ခဲ ့ရပါတယ်…အိပ်စက်ချိန်မရှိသလောက်ပါပဲ…သူတို ့
က ကျွန်မကို ရိုက်နှက်ကြပြီး သတ်ပစ်ကာအလောင်းကိုဖျောက်ပြစ်မယ်လို ့လည်း ခြိမ်းခြောက်ခဲ ့ကြပါသေး
တယ်… လို ့အရိယာဝါသီက ပြောကြားခဲ ့ပါတယ်…
သူမဟာ သီရိလင်္ကာနိုင်ငံကို သူမရဲ ့စားရိတ်နဲ ့ပြန်လာခဲ ့ရတာဖြစ်ပါတယ်…

 ရက်စက်ချက်ကတော ့ကမ်းကုန်….

 
” သူတို ့အားလုံးဟာ အကြင်နာတရားလုံးဝမရှိတဲ ့မကောင်းဆိုးဝါးတွေဖြစ်ပါတယ်…ကျွန်မက သူတို ့ဘာ
သာစကားမပြောတတ်လို ့အခုလိုပိုပြီးနှိပ်စက်တာလို ့ပဲ ယုံကြည်ပါတယ်…
သူတို ့ဘာကိုခိုင်းတယ်ဆိုတာနားမလည်လေ သူတို ့ကစိတ်ဆိုးဒေါသထွက်လေပါပဲ…အိမ်ရှင်အမျိူးသားက
သူမရဲ ့ကိုယ်ခန္ဓာထဲကို သံချောင်းတွေထိုးသွင်းတာကို မိန်းမဖြစ်သူကလည်း ဝင်ရောက်ကူညီတာပါပဲ…က
လေးတွေကလည်း ဓါးတွေနဲ ့ကိုင်ပြီးကျွန်မကို ခြိမ်းခြောက်ကြပါတယ်…”  လို ့သူမကရှင်းပြခဲ ့ပါတယ်…

ဆော်ဒီနိုင်ငံမှာ နိုင်ငံခြားသားအလုပ်သမားပေါင်း ၈ သန်းရှိပြီး အများစုကတော ့အာရှတိုက်နိုင်ငံများမှပဲ
ဖြစ်ကြပါတယ်…( အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ဘင်္ဂလားဒေ ့ရှ် စတဲ ့နိုင်ငံတွေကအများစုပါ )
ထိုအလုပ်သမားများဟာ အလုပ်ရှင်များရဲ ့ခေါင်းပုံဖြတ်ခြင်း၊ ကျေးကျွန်များကဲ ့သို ့ဆက်ဆံစေခိုင်းခြင်းတွေ
ခံကြရပါတယ်…

လွန်ခဲ ့တဲ ့နှစ်တစ်ခုထဲမှာပဲ သီရိလင်္ကာနိုင်ငံသား နှစ်သန်းခန် ့ဟာ ပြည်ပနိုင်ငံများသို ့သွားရောက်အလုပ်
လုပ်ကိုင်ဖို ့ထွက်ခွာခဲ ့ကြပါတယ်…
ထိုအထဲက ၁.၄ သန်းဟာ အိမ်ဖော်များဖြစ်ကြပြီး အရှေ ့အလယ်ပိုင်းအာရပ်နိုင်ငံများမှာ အလုပ်လုပ်နေကြ
တာဖြစ်ပါတယ်…ဆော်ဒီတစ်နိုင်ငံတည်းမှာပဲ အိမ်ဖော်ပေါင်း ၄ သိန်းခန် ့ရှိနေကြပါတယ်…
ထိုအထဲကအများစုသောအိမ်ဖော်တွေဟာ သူတို ့ကို ကိုယ်ထိလက်ရောက်စော်ကားနှိပ်စက်တာခံကြရပါ
တယ်လို ့ဆိုပါတယ်…

နိုင်ငံခြားသားအိမ်ဖော်များဟာ တစ်နေ ့လျှင် ၁၂ နာရီမှ ၁၅ နာရီအထိဖြင် ့တစ်ပါတ် ရ ရက်လုံး နားရက်
မရှိ အလုပ်လုပ်ကြရပြီး လုပ်ခလစာများမရခြင်း၊ အစားအသောက်များမစားမသောက်ပဲနေရခြင်း တို ့အပြင်
တစ်ခါတစ်ရံ လိင်မှုဆိုင်ရာ စော်ကားကျူးလွန်ခြင်းများပင်ခံကြရတယ်လို ့ဆော်ဒီနိုင်ငံရှိ နိုင်ငံခြားသံရုံးများ
မှ တိုင်ကြားစာများ ထောင်နှင် ့သောင်းနှင် ့ချီပြီးနှစ်စဉ် ရရှိခဲ ့ကြပါတယ်…
တရားဥပဒေလမ်းကြောင်းအရ အရေးယူနိုင်ဖို ့ကြိုးပမ်းလျှင်လည်း ဒေသခံဘာသာစကားသို ့ပြန်ဆိုပေးမည့်
ဘာသာပြန်များအလုံအလောက်မရှိခြင်း၊ ဥပဒေကြောင်းအရ ကူညီထောက်ပံ ့မှုမရှိခြင်း၊ သက်ဆိုင်ရာသံရုံး၊
ကောင်စစ်ဝန်ရုံးများမရှိခြင်း၊ ( ရှိပြန်သော်လည်းအခွန်ကောက်ခံခြင်းမှလွဲပြီးတစ်ခြားအကူအညီတောင်းမရ
ခြင်း ) တို ့ကြောင် ့ညှင်းပန်းနှိပ်စက်သည့်အလုပ်ရှင်များကို အမှုတင်တရားစွဲဆိုနိုင်ခဲ ့မှုများလွန်စွာနည်းပါး
လှပါတယ်…
အကယ်၍၎င်းတို ့နိုင်ငံသားအလုပ်ရှင်ကို တရားဆွဲဆိုဖို ့ကြိုးစားခဲ ့လျှင်လည်း ထိုအလုပ်သမားဟာ အမှုရင်
မဆိုင်ရခင်မှာပဲ နိုင်ငံအတွင်းမှ ပြန်ပို ့ခြင်းခဲ ့ရပါတော ့တယ်…

၂၀၀၈ ခုနှစ်မှာလည်း သူမကို ရေနွေးပူ၊ မီးအပူများနှင် ့အပူတိုက်ခဲ ့တဲ ့အပြင် သူမရဲ ့သွားများကိုပါ အဓမ္မ
နှုတ်ပစ်ခဲ ့ကြသည် ့အလုပ်ရှင်များကို တရားစွဲဆိုရန်ကြိုးပမ်းခဲ ့သည် ့အင်ဒိုနီးရှားနိုင်ငံမှ အိမ်ဖော်မလေး
ကီနီဘင်တီကာဒါ ကို အမှုမလုပ်နိုင်မှီမှာပဲ ဆော်ဒီအာဏာပိုင်များက သူမနိုင်ငံသို ့ပြန်ပို ့ခဲ ့ကြပါတယ်…
မိမိတို ့ရဲ ့မိသားစုအဆင်ပြေရေးအတွက် နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာ သွားရောက်အလုပ်လုပ်ရသူတွေရဲ ့
ရင်နင် ့ဖွယ်ရာဖြစ်ရပ်တစ်ခုပါပဲ…
ဒါကြောင် ့ရွှေပြည်ကြီးက ပြည်ပအလုပ်အကိုင်အေဂျင်စီများကိုလည်း အရှေ ့အလယ်ပိုင်းအာရပ်နိုင်ငံများ၊
အထူးသဖြင် ့ဆော်ဒီနိုင်ငံကို အမျိူးသမီးများအတွက်အလုပ်အကိုင်အခွင် ့အလမ်းဆိုယင် သေသေချာချာ
စိစစ်သင် ့ပါတယ်…
အိမ်ဖော်အလုပ်ဆိုယင်တော ့ဘယ်လောက်ပဲ လခကောင်းတယ်ဆိုပါစေ မလုပ်သင် ့၊ မသွားသင် ့ပါဘူး….

from http://blog.kopeter.com/

11 comments

  • etone

    August 27, 2010 at 2:12 am

    လူအချင်းချင်း ညှင်းပန်းနှိပ်စက်မှူတွေပပျောက်ရင်ကောင်းမယ်နော် ။
    အဲ့ဒီလိုနိုင်ငံတွေမှာသာအဖြစ်များတာပါ ။ မြန်မာနိုင်ငံသားအများစုကတော့ သနားတတ်ကြပါတယ် ။

  • winne

    August 27, 2010 at 2:28 am

    မြန်မာပြည်က လူတွေလည်း နားမလည် ပါးမလည်နဲ့ မရောက်သွားပါစေနဲ့လို့ဘဲ ဆုတောင်းပါတယ်။

  • လင်းဝေကျော်

    August 27, 2010 at 5:47 am

    မြန်မာတွေခံရရင် ဒီထက်ဆိုးမယ်။
    အဲဒီလိုတိုင်းပြည်တွေ မှာ အခု မြန်မာတွေ သွားလုပ်နေကြပြီလေ။
    ကောင်မလေးတွေ စော်ကားခံရတာ စနေပါပြီ။

  • intro

    August 27, 2010 at 8:45 am

    စိတ်ပျက်စရာပါပဲ… ကိုယ့်တိုင်းပြည်လောက်တော့ ဘယ်မှာမှလုံခြုံမှု မရှိပါဘူး။ ဒါပေမယ့် သွားတဲ့ လူတွေကလဲ မျှော်လင့်ချက်တစ်ခုနဲ့ သွားနေရတာ ဆိုတော့…

  • cobra

    August 27, 2010 at 10:28 am

    စိတ်ပျက်မိပါတယ်….လူသားချင်းမစာနာကြတော့ဘူးလား..။

  • Nyan Phyo Myint

    August 27, 2010 at 1:37 pm

    အဲဒီနိုင်ငံတွေမှာ အဲဒီလိုတွေဖြစ်နေတာမထူးဆန်းပါဘူး။ မြန်မာနီးရှားနိုင်ငံ မဖြစ်ဖို့ ကြိုးစားရမယ်။

  • unclegyi1974

    August 27, 2010 at 2:26 pm

    ကံ ကံ ၏အကျိုး၊ ဝဠ်ကြွေးရှိခဲ့ရင်တော့ကြေအောင်ဆပ်ရမှာပါ၊
    ကမ္ဘာမြေရဲ့ ဘယ်နေရာမှာမှ ဒီလိုအဖြစ်မျိုးမဖြစ်စေလိုပါဘူး။
    သတ္တဝါအားလုံးကိုယ်စိတ်၂ပါးကျမ္မာချမ်းသာကြပါစေ။

  • kopauk mandalay

    August 27, 2010 at 3:44 pm

    တကယ်လို့ဒီဖြစ်ရပ်တွေသာ အမှန်ဆိုရင်
    အဲတော့ဒီနိုင်ငံကိုသွားဘို့ဆိုအတွက် အစိုးရတိုင်းက ဗီဇာထုတ်မပေးဘူးဆိုရင်ဘယ်သူမှသွားလို့မရတော့ဘူးလေ။
    လွယ်လွယ်လေးရယ် သူခေါ်တိုင်းကိုယ်သွားစရာမလိုဘူးလေ ကို်ယ်သွားချင်မှာဖြစ်တာ။
    ဒီလောက်ရက်စက်တာကို ခံရတာတောင် သွားချင်စိတ်ရှိတယ်ဆိုရင်
    စိတ်ပုံမှန်မဟုတ်ဘူးလို့ပြောလို့ရပါပြီ။

  • timothy

    August 27, 2010 at 9:12 pm

    I advise all Burmese not to go to Middle East countries as a servant whatever attractive the salary is. You can not expect Military Fascist embassy to protect you for harm way as they are the usual one who inflict psychological and physical abuses to you. The best life insurance is to strive for regime change in Burma. If you are liberated, your live will be protected by law. BOYCOTT THE ELECTION.

  • mitesmith

    August 29, 2010 at 11:29 am

    ဘာသာရေးကိုးကွယ် မူတွေမရှိကျတော့ဘူးလား၊?

  • Gong Zhu

    September 16, 2010 at 6:59 pm

    ဟယ် ကြောက်တယ် ။ ဘုရားများများရှိခိုးပြီး ကုသိုလ်များများရအောင် လုပ်မှဖြစ်တော့မယ် . . .

Leave a Reply