အချစ်ဆိုသည်မှာ…

ムラカミOctober 24, 20151min1683

တကယ်တော့ အခြစ်ဆိုတာ ထူးဆန်းသဗျ….။

ကျုပ် သိလှပီမှတ်နေတာ …မသိတာမှ …တပြွတ်ကြီး…။

 

တလောက အိမ်ထောင်ကျသွားတဲ့ အချစ်ဆုံးသူငယ်ချင်းပြောဖူးတာ သွားသတိရတယ်…။

ငဒို့ စိတ်နဲ့ မဖြစ်ဘူးဟ တဲ့….

ကိုယ့်ထက် အစစ ကောင်းနေသာနေတဲ့အမျိုးသမီးနဲ့ ဆိုလိုတာပါ…။

ကိုယ့်ထက် အရာရာ ညံ့နေတဲ့ သူမျိုးနဲ့ရော အဆင်ပြေမယ် ထင်သလား…။

မထင်ပါနဲ့ …. ပိုဆိုးတယ်….။

သောက်မြင့်ကပ်ပီး အချစ်ဆုံး သူငယ်ချင်းတချို့ သွားမတွေ့တာ ရှိတယ်….

(အဲ့တုန်းကတော့ ကွကိုယ် မသိဘူးပေါ့…)

ဒင်းတို့ ဘာပြောတယ်မှတ်တုန်း….

နင့်ကို ယူမယ့်မိန်းမ ဆိုတာလေ သိလား သိပ်သနားစရာကောင်းတယ်… အကုသိုလ်ထုထည် တော်တော်ကြီးမားရှာမှာတဲ့…။

စိတ်ဆိုးလိုက်တဲ့ဖြစ်ခြင်း …အဲ့သည့်ကာလက ….။

အဲ့သည်တုန်းကလည်း မချစ်တတ်ခဲ့သေးဘူး….။

ခုထိလည်း မချစ်တတ်သေးဘူးထင်ပါရဲ့…။

 

အစကတည်းကပြောပါတယ် …..

အချစ်ဆိုတာ သိပ်ခက်ပါတယ်ဆို …။

ဒေါသထွက်ရတယ်… အောက်မေ့ရတယ်…

ပီး … နာကျင်ရတယ်…

မကောင်းပါဘူးဗျာ……

လက်တလောကောင်းတာ …. ကော်ဖီသောက်ရတာနဲ့ ကိတ်မုန့်များများစားရတာပဲ…

သတင်းကျွတ်ကာလမယ်… သက်ကြီးရွယ်အို အဘိုးအဘွား ရှိနေတာ အဲ့လာ အားသာတာပဲ…။

ကျန်ကျောင်းနဲ့လုပီး အိုဗာတင်းကို ဇွန်းနဲ့ ကော်စားရတာ သိပ်အရသာရှိထှာ။

(ဒါညိုးက ကြုံဖူးမှသိတာဗျ) အချစ်နဲ့ အရသာချင်းကွာချက်…

 

စာဖတ်လိုက်အုံးမယ်ဗျာ…

မခံစားနိုင်လို့ ခန လာ အန်ချတာ…

ဝန်ခံကြေးဆိုရင်တော့ ချစ်ဖူးတာ ၂ယောက်ရှိပါတယ်…..

 

 

 

3 comments

  • ဇီဇီခင်ဇော်

    October 26, 2015 at 11:50 am

    အချစ် ဆိုတဲ့ ဝေါဟာရကို မသုံးသင့်တဲ့အထဲမှာ ဒီ တစ်ယောက် ပါတယ်။

  • Alinsett @ Maung Thura

    October 26, 2015 at 1:14 pm

    ကျနော် သိတဲ့ အချစ် ဆိုတာတော့…. ရပ်ကွက်ထဲက ခေါက်မုန့်ရောင်းတဲ့ ကုလားမကြီးပါ..

  • naywoon ni

    October 30, 2015 at 10:15 pm

    စိုင်​းထီးဆိုင်​ သီချင်​း​လေးလို​ပေါ့​နော်​ အချစ်​ဆိုတာ​ပြောပါတယ်​ ” တစ်​ပင်​ကို တစ်​ပင်​ယှက်​လိုနွယ်​ သက်​မဲ့​လောက်​ မတတ်​ကျွမ်​းရင်​ ………… ” ဒဲ့ 🙂

Leave a Reply