လူမသိ သူမသိ ကွယ်​​ပျောက်​ခြင်​း

naywoon niOctober 29, 20151min952

ဘဝ ဆိုတာကို
အရက်​​တွေနဲ့ ​ရော​ရောပြီးမျိုချ
ငါဆိုတဲ့ အတ္တ ကို အမြည်​းလုပ်​ခဲ့​ပေါ့ ။
စကတည်​းက သိခဲ့ဖို့​ကောင်​းတာ
ပန်​းတိုင်​ထိ ​ရောက်​​အောင်​ ​ပြေးနိုင်​မယ်​မဟုတ်​ဘူး ဆိုတာ ……
ခု​တော့ ​ပြေးလမ်​း​ကြောင်​း​တွေရဲ့ အပြင်​ဘက်​ ထွက်​ထိုင်​​နေခဲ့ရသူ
​ပြေး​ဖော်​တစ်​ချို့ကို မုဒိတာပွားရင်​းအား​ပေး
ပြိုင်​ဘက်​တစ်​ချို့ကိုလည်​း အ,မနာပ ဆဲ​ရေးရင်​း​ပေါ့ ။
တစ်​ကယ်​​တော့
​ရေစီး​ကြောင်​းနဲ့ အလိုက်​သင်​့ မ​မျောပါတတ်​တဲ့
ဒိုက်​ဖတ်​ ကမ်​းစပ်​က သစ်​မြစ်​မှာငြိတွယ်​တဲ့ဒုက္ခ
စကြာဝဠာကြီးထဲက မြူမှုန်​တစ်​မှုန်​ရဲ့အတ္ထုပ္ပ
ဘယ်​သူမှ ဂရုမပြုမိတာ အဆန်​းတစ်​ကျယ်​ ကိစ္စ​တော့မဟုတ်​​ပေဘူး ။

​နေဝန်​းနီ
2015 Oct 23
11:00 PM

2 comments

  • ပြေးရင်းပြေးရင်း
    လမ်းပျောက်သူ
    ပြေးရေင်းပြေးရင်း
    လမ်းလျေုာက်သူ
    ပြေးရင်းပြေးရင်း
    အမောဖောက်သူ
    ပြေးရင်းပြေးရင်း
    ပြေးရင်းပြေးရင်း
    ပြေးရင်းပြေးရင်း
    ပျောက်ကွယ်သွားတဲ့သူ
    ဘယ်သူမှမသိလိုက်ပါကလားနော်

Leave a Reply