နာနာဘာဝ ဝိနာဘာဝ

naywoon niOctober 29, 20151min16911

နာနာဘာဝ ဝိနာဘာဝ
——————–

အစဉ်​အဆက်​​နေရာ​ပေးလာခဲ့တာဆို​တော့
အမှိုက်​ရှင်​းဖို့ ဆိုတာက လွယ်​တာမဟုတ်​ဘူး ။
ခင်​ဗျားတို့ရဲ့ ဗဟုယဉ်​​ကျေးမှု ( ဝါ )
ညွန်​့​ပေါင်​း ဓ​လေ့ထုံးစံကြီးက ​​နေရာတစ်​ကာ ရှေ့က ကာဆီး ထားတာ​လေ …….
အဲ့သည်​့​တော့ ဘာလုပ်​ရမလဲ
“သူ” လာရင်​ ခရီး ဦးကြိုမပြုနဲ့
“သူ” ဆာရင်​ စားဦးစားဖျား မပသနဲ့
“သူ” ပြန်​ရင်​လည်​း နှုတ်​ခွန်​းဆက်​သ မပြု​လေနဲ့ ။
“သူ့ကို” သင်​အလိုမရှိ​ကြောင်​းပြပါ​လေ ။
“သူ့ကို ” သင်​မနှစ်​ချိုက်​​ကြောင်​းသိပါ​စေ ။
“သူ့ကို သင်​အ​ရောမဝင်​လို​ကြောင်​းပြပါ​လေ ။
“သူ့ အတွက်​ ” သင်​့မှာ ​နေရာမရှိ​ကြောင်​းသိပါ​စေ ။
ဒီလိုနဲ့ သင်​နဲ့ သူ ( နာနာဘာဝ ) ဟာ
အချိန်​ကာလ တစ်​ခုမှာ
တစ်​ကယ်​့ကို ​ဝေးကွာသွားမှာ မုချ ။

​နေဝန်​းနီ
2015 Oct 28
12:35 PM

11 comments

  • ဂျက်စပဲရိုး

    October 30, 2015 at 8:51 am

    ၅၀၀ဝ ရတယ်
    ဒန်ပေါက် စားရတယ် ဗျ း)

  • ဇီဇီခင်ဇော်

    October 30, 2015 at 9:24 am

    ကားပေါ်ထိုင်ရုံနဲ့ ၄၅၀ဝ ရတာ နည်းတယ်ထင်သေးလို့ လားးး

    ခွက်ဒစ်

    :k:

  • naywoon ni

    October 30, 2015 at 12:38 pm

    ကျ​နော်​ ​ရေးတာနိုင်​ငံ​ရေး ကဗျာဟုတ်​ဘူး​နော်​ ခင်​ဗျားတို့ဖာသာ နိုင်​ငံ​ရေး​တွေလာမန်​့​နေဒါ
    🙂

  • kai

    October 30, 2015 at 3:35 pm

    စနစ်ကြောင့်မဟုတ်…
    ကျိန်စာ… နှစ်၁၀၀ဝ ကျိန်စာ.. :k:

    • naywoon ni

      October 30, 2015 at 10:00 pm

      သူဂျီး နှစ်​တစ်​​ထောင်​ ကျိန်​စာက ဘယ်​အချိန်​က ကျိန်​ခဲ့တာလဲ မပြည်​့​သေးဘူးလား
      စကတည်​းက လက်​ခံခဲ့တဲ့ ဗဟု ယဉ်​​ကျေးမှု​ကြောင်​့မဖြစ်​နိုင်​ဘူးလား ….. မရှိ​တော့တဲ့သူ​တွေ အပြစ်​​ပြောတာမဟုတ်​ပါဘူး ကျ​နော်​တို့ဆီမယ်​ ယဉ်​​ကျေးမှု ​တော်​လှန်​​ရေး ဆိုတာမဖြစ်​ခဲ့ရ​အောင်​ကို ​တော်​​တော်​နုံနဲ့ခဲ့လို့ အားမရတာ 🙂

      • kai

        October 31, 2015 at 12:24 am

        အနော်ရထာရဲ့ အကိုဖေနောင်ကြီးကျိန်ခဲ့တာလေ…။
        ကျိန်စာလွတ်ချင်.. သခင်စိတ်မွေး… အခုလုပ်..အခုလွတ်.. :k:

        • naywoon ni

          October 31, 2015 at 1:09 am

          အ​နော်​ရထာ ဆို​တော့ နှစ်​တစ်​​ထောင်​ပြည်​့ဖို့ နဲနဲပဲလို​တော့တယ်​ဗျ အ​နော်​ရထာ နန်​းတက်​တာက AD 1044 လား မသိ အဲ့ ဝန်​းကျင်​ပဲ ခ်​ခ်​

        • naywoon ni

          November 1, 2015 at 1:31 pm

          မြန်​မာ​တွေက အရာရာကို ဒီအတိုင်​း လက်​မခံခဲ့ဘူး ။ မြန်​မာ့နည်​း မြန်​မာ့ဟန်​ အသွင်​​ပြောင်​းြပြီးမှ လက်​ခံကြတာကလား ။ အဲ့ထဲမှာ ဘယ်​လိုမှ ပြင်​မရ အဖတ်​ဆည်​မရခဲ့တာက​တော့ “ဗုဒ္ဓ ဘာသာ အယူဝါဒ “ကို မြန်​မာ့နည်​း မြန်​မာ့ဟန်​ လုပ်​ခဲ့တာပဲ ။

  • ကောက်ရိုးမီးလို ခဏပန်းဘဲ စိတ်ဝင်စားတတ်ကြတဲ့အကျင့်က
    ကျနော်တို့အတွက်ကျိန်စာပါဘဲ

  • Alinsett @ Maung Thura

    November 3, 2015 at 12:59 pm

    နာနာဘာဝထက် ကြောက်ဖို့ကောင်းတဲ့ အာဏာဘဘတွေကို… အခါ တစ်ရာလောက် လှံပြလိုက်ချင်တယ်။

Leave a Reply