မဂ္ဂင်

naywoon niOctober 30, 20151min863

မဂ္ဂင်​
—-

အလျားလိုက်​ ငါဆွဲထားခဲ့တဲ့မျဉ်​း​ပေါ်
ကန်​့လန်​့ဖြတ်​မျဉ်​း​တွေ
ဆီးနှင်​း​တွေလို တစ်​ဖွဲဖွဲ ကျလာတာလိုက်​ဖျက်​​နေရတာနဲ့ပဲ
ဆွဲလက်​စ စက်​ဝိုင်​းကို​တောင်​
ဝိုင်​း​အောင်​မဆွဲနိုင်​​တော့ဘူး ။
လွန်​ခဲ့တဲ့ နှစ်​ နှစ်​​ထောင်​့ငါးရာ​ကျော်​​လောက်​က​တော့
ဒီလမ်​းမကြီးဟာ ဘယ်​လိုသွားသွား မမှားနိုင်​​အောင်​ ဖြူးလို့ ​ဖြောင်​့လို့
ခု​တော့ လမ်​းမ မည်​ကာမတ္တ ဖြစ်​လို့​နေဘီ တစ်​ချိန်​က လမ်​း​ကောင်​းတစ်​ခုပါ ဆိုတာ​တောင်​ မယုံနိုင်​ဘွယ်​ရာ
လမ်​းနဲ့ ဆုံလိုက်​ ကွာသွားလိုက်​
​ခြေလျင်​လမ်​း​လေး​တွေကလည်​းအများသား
တစ်​ချို့က လမ်​းမကြီးနဲ့ ခဏ လာဆုံတာ
တစ်​ချို့က လမ်​းမကြီးက ခွဲထွက်​သွားတာ လမ်​းမကြီးတစ်​​လျှောက်​မှာလဲ
မုဒ်​ဦး နဖူးစီးနဲ့ အလှူခံ ဖလား​တွေက ပိတ်​လိုပိတ်​
ရုက္ခစိုးနတ်​စင်​နဲ့ သစ်​ပင်​ကြီး​တွေက ဆီးလိုဆီး
ခရီးမတွင်​ချက်​က​တော့ ………။
တစ်​​ပြောင်​​ပြောင်​တစ်​လက်​လက်​နဲ့
အာရုံကို ဆွဲယူပြီး
လမ်​း​ကြောင်​းကိုလွှဲပစ်​မဲ့
နတ်​သမီး ​တွေကိုလည်​း​ရှောင်​ကွင်​း​နေရ​သေး
လမ်​းဆုံးရင်​ ရွာ​တွေမယ်​ဆို​ပေမဲ့
ရွာ​ရောက်​တဲ့ လမ်​း​ကြောင်​းကို​ရွေးမိပါမှ
အသက်​သာခို လမ်​းသာရာလိုက်​ခဲ့မိရင်​လည်​း
ရွာသားတို့ မုဆိုးလမ်​း ​ရောက်​သွားနိုင်​တာပါ့ ။
အဲ့သဟာ​ကြောင်​့
အလျားလိုက်​ ငါဆွဲထားခဲ့တဲ့မျဉ်​း​ပေါ်
ကန်​့လန်​့ဖြတ်​မျဉ်​း​တွေ
ဆီးနှင်​း​တွေလို တစ်​ဖွဲဖွဲ ကျလာတာလိုက်​ဖျက်​​နေရတာပါ့ ………။

​နေဝန်​းနီ
9:51 PM
2015 Oct 30

3 comments

  • kai

    November 1, 2015 at 3:08 pm

    မဂ္ဂဆိုတာ… လမ်းတဲ့..
    လမ်းကို… လမ်းလို့တိုက်ရိုက်မပြန်…
    မဂ္ဂင်.. မဂ်ဆိုပြီး.. နောက်မြီးက..အသတ်ထည့်ဖျက်သမို့.. ဗမာတွေလမ်းပောျက်သွားတယ်လို့… ဘာသာပြန်ဆရာကြီးသခင်ဘသောင်းရေးဖူးတယ်..။

  • လမ်းဆုံ လမ်းခွ
    လမ်းတို လမ်းဖြတ်
    လမ်းဝ လမ်း မ
    လမ်းလွှဲ လမ်းခွဲ
    လမ်းအရွှေးမှားတော့

    ဒန် ဒန့် ဒန်

Leave a Reply