အ​ဟောင်​းကို အကုန်​ဖြုတ်​ပါမှ အဟုတ်​ တစ်​ကယ်​ကို ​ပြောင်​းပါလိမ်​့

naywoon niOctober 31, 20151min1005

အ​ဟောင်​းကို အကုန်​ဖြုတ်​ပါမှ
အဟုတ်​ တစ်​ကယ်​ကို ​ပြောင်​းပါလိမ်​့

​ရေးလည်​း ​ရေးချင်​တယ်​ ။ ​ရေးလည်​းမ​ရေး ရဲဘူး ။ ​ဆိုတာလိုပဲ ။ ကဲ………ဆို​ရေးရှိက ဆက်​ဆိုယုံပဲ​ပေါ့ ။ ဘာအ​ကြောင်​း ​ပြောရမလဲ ။ လူတိုင်​း​ပြော​နေတဲ့ ၂၀၁၅ အ​ကြောင်​းပဲ​ပေါ့ ။ ဒါ​ပေမဲ့ သူတစ်​ကာ​တွေလို ဆဲမှာ​တော့ မ​ဟုတ်​ဘူး ။ ဒီစာဖတ်​မိတဲ့ သူဆဲချင်​ဆဲပါ​စေ​လေ …….ဆိုတဲ့ အ​တွေးနဲ့ ​ရေးဖြစ်​တာ ။ လူတိုင်​းသိပြီးသား ၂၀၁၅ မှာဘာ​မျှော်​လင်​့သလဲဆိုတာ ။ ပြည်​သူ့ကိုယ်​စားပြု ဒီမိုက​ရေစီ အစိုးရကို ​တော်​​တော်​များများကလိုလား ​နေကြတာ ။ ​နေဝန်​းနီ ​တွေး​နေမိတာက တိုင်​းပြည်​က ဒီမိုက​ရေစီ အစိုးရအုပ်​ချုပ်​တာနဲ့ အဲ့တိုင်​းပြည်​ ဒီမိုက​ရေစီရ​ရောလား ။ ဒီမိုက​ရေစီ ဆိုတာ ​ရော့ အင်​့ လို့​ပေးလို့ရတဲ့ အရာလား ? ပြည်​သူက​ကော ဒီမိုကရက်​တစ်​ ဖြစ်​​နေဖို့မလိုဘူးလား ။ ဒီမိုကရက်​တစ်​ဖြစ်​ဖို့ အ​ခြေခံ အ​ကြောင်​းတရားဖြစ်​တဲ့ ကိုယ်​ချင်​းစာစိတ်​ ရာနှုန်​းပြည်​့ထားနိုင်​ပြီလား ? ။
(လူမှု​ရေး ဘာသာ​ရေး အ​ကြောင်​းပြချက်​​တွေနဲ့ ခုထိ အသံချဲ ့ စက်​​တွေမိုင်​ကုန်​ဖွင်​့​နေတုန်​း ။ တားဆီးမဲ့ သူလည်​းမရှိဘူး ။ ထိ​ရောက်​တဲ့ ဥပ​ဒေလည်​းမပြဌာန်​းထားဘူး ။ ရှိတဲ့ ဥပ​ဒေကလည်​း ဘာသာ​ရေးလို့ ​ခေါင်​းစဉ်​တပ်​လိုက်​တာနဲ့ ချွင်​းချက်​ဖြစ်​သွား​ရော ။ စကားအဖြစ်​​ပြောမိတာ​တောင်​မှ “ငါတို့က ဘာသာ​ရေး လုပ်​​နေတာ မင်​းက ဗုဒ္ဓ ဘာသာမဟုတ်​ဘူးလား ရန်​အရှာခံလိုက်​ရ​သေးတယ်​ ။ ​အော်​ ခု​ခေတ်​ ဘာသာ​ရေးလုပ်​တယ်​ဆိုတာ အသံချဲ ့စက်​နဲ့ အလှူခံလိုက်​တာကိုးလို့ 🙂 ဘုရား​ဟောခဲ့တဲ့ တရား​တွေ စာအုပ်​​တွေထဲ အုပ်​မိကုန်​ပြီထင်​ရဲ့ ။ ​နေဝန်​းနီ နားလည်​ထားတာက လူတစ်​ဦးတစ်​​ယောက်​ အစုအဖွဲ့ တစ်​ခုရဲ့ လွတ်​လပ်​စွာ ကိုးကွယ်​ပိုင်​ခွင်​့ ဟာ အခြားလူူတစ်​ဦးတစ်​​ယောက်​ အခြား ဘာသာမတူတဲ့ အစုအဖွဲ့ တစ်​ခုကို ဘာအ​ကြောင်​းနဲ့ မှ အ​နှောက်​အယှက်​မဖြစ်​​စေရပါဘူး ) ကိုယ်​ကျင်​့တရား​ကော ဘယ်​​လောက်​ပြီးပြည်​့စုံ​နေပြီလဲ ? ။ လူတိုင်​းလိုက်​နာသင်​့တဲ့ ကျင့်​ဝတ်​က​ကော ဘယ်​​လောက်​ လိုက်​နာ​နေပြီလဲ ? ။ ( အ​သေးအဖွဲ လမ်​း​ပေါ်အမှိုက်​ပစ်​ခဲ့တာ နံရံမှာကွမ်​း​တွေး​တွေရဲ​နေ​အောင်​ ​ထွေးပစ်​ခဲ့တာ ကအစ )
ဒါက တစ်​ကိုယ်​​ရေ အပိုင်​း ​နောက်​စီးပွား​ရေး ပညာ​ရေး ကျန်​းမာ​ရေး အားလုံး အကုန်​ ​ပြောင်​းလဲရမှာ ။ စီးပွား​ရေး နဲ့ ပါတ်​သက်​ပြီး ​ပြောရမှာ အင်​မတန်​ ရှက်​စရာ​ကောင်​းတယ်​ ။ ဟုတ်​တယ်​​လေ ။ စိုက်​ပျိုးထွက်​ကုန်​​လေးနဲ့ ​မြေ​ပေါ်​မြေ​အောက်​ သယံဇာတ ​ရောင်​းစားပြီး လက်​ချုပ်​အပ်​နဲ့ အပ်​ချည်​​တောင်​မှ အိန္ဒိယ နဲ့ တရုတ်​က မဝင်​ရင်​ ကိုယ်​ဝတ်​ထားတဲ့ ကိုယ်​ပြည်​တွင်​းမထွက်​တဲ့ အင်္ကျ ီ စုတ်​ လုံချည်​စုတ်​က​လေး​တောင်​ ဖာဖို့ မြန်​မာပြည်​ဖြစ်​ လက်​ချုပ်​အပ်​နဲ့ အပ်​ချည်​ အရည်​အ​သွေးမှိီ တာမရှိတာ ဘယ်​​လောက်​ရှက်​ဖို့​ကောင်​းလဲ ။ ကျန်​တာ ​ပြောမ​နေနဲ့ ။
ပညာ​ရေးမှာ​ကော မူလတန်​းကတည်​းက ကျူရှင်​မှ မယူရင်​ မဖြစ်​တဲ့ စနစ်​ကို ခင်​ဗျားတို့ ကြိုက်​ကြလား ။ အတန်​း​လေး နဲနဲ ကြီးလာ​တော့ ဂိုက်​ တဲ ့ ​ဘော်​ဒါ တဲ့ ။ အတန်​းပိုင်​ဆီမယ်​ ကျူရှင်​ယူစရာ မလိုတဲ့ ပညာ​ရေးစနစ်​ ဂိုက်​တို့ ​ဘော်​ဒါတို့ မလိုတဲ့ ပညာ​ရေး စနစ်​ ​ပြောင်​းလဲလို့ မရဘူးလား ။ ဒါ​တွေ အသံထွက်​လာတာ ၁၉၈၈ ​နောက်​ပိုင်​းမှပါ ။ ၈၈ မတိုင်​ခင်​က ဆို ကျူရှင်​ဆိုတာ​တောင်​ ဘာသာတိုင်​း မရှိပါဘူး ။ စာမလိုက်​နိုင်​တဲ့ ​ကျောင်​းသား​လောက်​ပဲ အပြင်​ကျူရှင်​ယူကြတာ ။ အဲ့ဒိတုန်​းက ပညာ​ရေးက လည်​း အခု လက်​ရှိထက်​မနိမ်​့ကျပါဘူး ။ ပညာ​ရေး အဆင်​့မြင်​့လာတာလို့​တော့ မ​ပြောနဲ့ ။ ပညာ​ရေး အဆင်​့မြင်​့လာတယ်​ဆိုရင်​ ခုဆယ်​တန်​းတက်​​နေတဲ့က​လေး အိမ်​နီးချင်​းနိုင်​ငံက စစ်​တဲ့ အတန်​းတူ စာ​မေးပွဲ တစ်​ခု​လောက်​ ဝင်​​ဖြေခိုင်​းကြည်​့မလို့ ။

ကဲ အဲ့ဒိ​တော့ ​ရှေ့က မူဝါဒ အ​ဟောင်​း​တွေ စာရွက်​​ပေါ်မှာ မဖြစ်​ညစ်​ကျယ်​ ဆွဲထားတဲ့ စီမံကိန်​း​တွေ ဖြုတ်​ချရမှာပဲ ။ အဲ့သလို ဖြုတ်​ချနိုင်​ဖို့ အတွက်​ လူထု ကြားထဲမှာ ထည်​ထည်​ဝင်​ဝင်​ မ​နေဖူးပဲ အ​ပေါ်စီးက​နေ ​တောင်​တစ်​ခွန်​း​မြောက်​တစ်​ခွန်​း ​ပြော​နေတဲ့ သူ​တွေကိုလည်​း ဖြုတ်​ချရမှာပဲ ။ ဒါမှ လက်​ရှိ အ​ခြေအ​နေနဲ့ ကိုက်​ညီတဲ့ စနစ်​ လက်​ရှိ လူထုရဲ့ လိုအပ်​ချက်​ ကိုဖြည်​့စည်​း​ပေးနိုင်​မဲ့ အစိုးရ တစ်​ရပ်​ ​ပေါ်ထွန်​းလာမယ်​ ။ ​ပေါ်ထွန်​းလာဖို့လည်​းလိုမယ်​ ။ အဲ့သာ​ကြောင်​့
အ​ဟောင်​း အကုန်​ဖြုတ်​နိုင်​မှ အဟုတ်​တစ်​ကယ်​ ​ပြောင်​းနိုင်​မှာပါ လို့ ။

​နေဝန်​းနီ
8:00 PM
2015 Oct 31

5 comments

  • ဦးကြောင်ကြီး

    October 31, 2015 at 10:42 pm

    အကုန်ပြောင်း သူပုန်ဟောင်း ဒဂုံပြောင်း ဂဠုန်ဒေါင်း

  • မြစပဲရိုး

    November 1, 2015 at 4:09 am

    အဘနီ ရေ
    တိုင်းပြည် မှာ အရေးတကြီး လိုနေတာ က ခိုင်မာ တဲ့ ဥပဒေတွေ၊ တရားစီရင်မှု နဲ့ ပြစ်ဒါဏ်တွေပါ။
    ကျွန်မတို့ လူမျိုး တွေ ဆိုတာ ကြောက်တတ်သူများပါတယ်။
    အခုဟာ က ခေါင်ကို မလုံ လို့ပါ။ ဥပဒေ အထက် မှာ လူတန်းစား တစ်ရပ် ရှိနေသမျှ ဒီမိုကရေစီနိုင်ငံ ဘယ်တော့မှ မဖြစ်ပါ။
    မဖြုတ်ဘဲ သူတို့ ဟာသူတို့ ဆင်းမလား မျှော်မိခဲ့သေးတယ်။
    အခု တော့ မဆင်းတဲ့ အပြင် လူ တွေ လက်မခံ မှန်းသိလဲ အရှက်ကင်းကင်း နဲ့ ရသလောက် ဆက် နေကြဦးမဲ့ ပုံဘဲ။
    အလွယ် နဲ့တော့ ပြုတ်ဖို့လမ်းမရှိဘူး။
    ကျွန်မတော့ ဒီလောက် ဥစ္စာပစ္စည်း မက်ပြီး အတ္တကြီး နေကြတာ တရား မရှိကြလို့ ဆိုတာ ပြနေကြတယ် မှန်းတာဘဲ။
    ဒီလို လူ တွေ က အကောင်းဘက်ကို ပြောင်းသွားဖို့ ရှိပါဦးမလားပါဘဲ။

    အဲဒါကိုလူ တွေ က NLD တောင်ပြိုကမ်းပြို နိုင်မယ် မှန်းနေကြ တာ။
    ကျွန်မ တော့ မထင်ဘူး။
    ဒါကြောင့် ရနိုင်သ၍ NLD ဘက်ကို မဝေဝါးသွားကြအောင် ပြောနေရတာပါ။
    ဒါကိုမဟာပညာသျှိ များ ရဲ့ သွေးထိုးမှု တွေကလဲ တစ်အားပါဘဲ။ အဖျက်တွေ။

    • naywoon ni

      November 1, 2015 at 8:18 pm

      အဲ့ ကိစ္စ ( ဥပ​ဒေ စိုးမိုး​ရေး ကိစ္စ ) ​ပြောရရင်​ ဆရာ ​ကျော်​ဝင်​းရဲ့ “ဒရွတ်​တိုက်​ ဆွဲ​ခေါ်ခြင်​း ” က​နေပြန်​​ပြောချင်​တာ နဲနဲ ​စော​နေ​သေးလားလို့ ၈ ရက်​​နေ့ ​နောက်​ပိုင်​းမှ ​ပြောမလို့ ​စောင်​့​နေတာ 🙂

      • မြစပဲရိုး

        November 2, 2015 at 3:19 am

        ရှစ် ရက်နေ့နောက်ပိုင်း မှာ ကိုယ့်လူ တွေ အတွက် အလုပ်တွေ ပိုပြီး ရှုပ်ချင် ပါတယ် အဘနီရယ်။
        အခွင့်မရခဲ့ရင်တော့ ကိုယ့်အတွက် ဘဲ ကို ရုန်း လုပ်တော့မယ်။

  • Mike

    November 4, 2015 at 3:03 pm

    ခုတလော အာဃာဓ မကင်းတဲ့ စကားတွေ၊ မနာလိုခြင်းကို မလွန်ဆန်နိုင်တဲ့ စကားတွေကို မြင်ရတာ စိတ်မချမ်းသာမိပါဘူး။ သင်္ကန်းကျွန်း အမတ်တစ်ဦးက “အခုပုံက ရွေးကောက်ခံ အာဏာရှင် ဖြစ်လာမယ်” လို့ ပြောလိုက်တာ ဖတ်မိတော့ ပြောစရာရှိလာပါတယ်။

    သာမန်ဒီမိုကရေစီ စနစ်မှာ ဟိုဘက် ဒီဘက် ထောက်ခံတာ အချိုးတူလေလေ အပြိုင်အဆိုင် ဖြစ်လေလေ၊ တိုင်းပြည်တိုးတက်ဖို့ အခွင့်အလန်းများလေလေပါ။ အချိန်မရွေး ပြုတ်ကျသွားနိုင်တာကိုး။ ဒါဟာ ပုံမှန်အနေအထားမှာ ပြောရင် မှန်တယ်။

    မြန်မာပြည် ဒီမိုကရေစီမှာ တပ်ထဲက ၂၅% သားက အဆင်သင့်စောင့်နေတယ်။ တိုင်းပြည်က ထောက်ခံပြီး ၆၀%လောက် နိုင်လာတဲ့ ပါတီတောင်မှ စစ်တပ်က မထောက်ခံရင် အစိုးရဖွဲ့မရဘူး။ ပါတီတစ်ခုကလည်း စစ်တပ်က လူတွေထွက်ပြီး ဖွဲ့ထားတဲ့ ပါတီ။ ဒီတော့ ဒီစနစ်ဟာ ရွေးကောက်ခံ ပါတီအာဏာရမယ့် စနစ်မဟုတ်ပဲ စစ်တပ် ထာဝရ အာဏာရမယ့် စနစ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။

    ဒါကြောင့် ပြည်သူဟာ NLD ကို ပုံအောပြီး ထောက်ခံနေတာပဲ။ NLD ကို ကြိုက်ခြင်း မကြိုက်ခြင်းထက် ထာဝရ စစ်အာဏာရှင် စနစ်ကို တိုက်နေတာလို့ မြင်ဖို့ လိုတယ်။ ဒီတော့ ရွေးကောက်ခံ အာဏာရှင် စနစ် ဖြစ်လာမယ်လို့ ပြောတာဟာ လွှတ်တော်ထဲဝင်လိုက်၊ အများသည်းခြေကြိုက ်အဆိုလေး တင်လိုက်၊ ပြည်သူက ငါတို့ မုန်းတဲ့ ဟိုကောင်တွေကို တွယ်ရဲသကွဆိုပြီး လက်ခုပ်တီးတာလေး ခံလိုက် ဆိုတာထက် မပိုတဲ့သူတွေ မနာလိုလို့ ပြောခြင်းပဲလို့ (ကျွန်တော့်အနေနဲ့) ထင်တယ်။

    လမ်းချင်းတူရင် လူချင်းတွေ့တယ်လို့ မောင်ချောနွယ် ပြောခဲ့တယ်။ အခုက လမ်းချင်း တူသယောင်နဲ့ မတူဖြစ်နေတာ။ အများကြိုက် အာဏာရှင်ကို ဆန့်ကျင်တဲ့ စကားတွေတော့ ပြောတယ်။ NLDကိုကျ (ထောက်ခံရမယ့် မပြောဘူး) မိတ်ဆွေလိုတောင် သဘောမထားဘူးဆိုရင် တနေရာရာမှာ လမ်းချင်းမတူတော့ ဖြစ်နေပြီ။ ရွေးကောက်ပွဲလမ်း တူနေတဲ့နေရာမှာတောင် မတူညီမှု ရှိနေပြီဆိုရင် NLD သည် ကိုယ့်အကျိုးစီးပွားလမ်းကို လာပိတ်နေတယ် ထင်လို့ တိုက်ခိုက်တာပဲ ဖြစ်စရာ ကျန်ပါတော့တယ်။

    ပြောပါရစေ။ ကိုယ့်နာမည်ကို တည်ဆောက်တဲ့နေရာမှာ သူများကို တိုက်ခိုက်ပြီးမှ တည်ဆောက်လို့ရမယ်ထင်နေတဲ့ လူမိုက်တွေထဲ မပါပါစေနဲ့။ စေတနာနဲ့ သတိပေးတာပါ

    သက္ကမိုးညို

Leave a Reply