သာသာယာယာ ပါဘဲ

ကထူးဆန္းNovember 8, 20151min28712
မဲထည့်ပြီး သက်သေ
မဲထည့်ပြီး သက်သေ

စိတ်ပူနေမဲ့ အရီး နဲ့ ဇီဇီ တို့ အတွက် ပါ ..

နေပူမှာ ကြောက်တဲ့ မဒမ်ထူးဆန်းကြောင့် ခြောက် နာ ရီထိုးဖို့ ငါးမိနစ် အလိုမှာ မဲပေးရမဲ့ ကေ ျာင်း ကို ရောက်ခဲ့ ပါတယ်..
တန်းစီနေတဲ့သူ တစ်ရာ ကေ ျာ် နှစ်ရာ လောက် ဘဲ ရှိမယ် ထင်ပါတယ် ..
မျှော်လင့်ထားတာက တိုးကြမဲ့ သူတွေ …

ဒါပေမဲ့ အားလုံး စည်းကမ်း ရှိစွာ စီနေ တာ တွေ့တော့ ဝမ်းသာမိပါတယ် ..

ခြောက်နာရီတိတိ မှာ ကေ ျာင်းတံခါး ဖွင့်ပေးပါတယ် ..

ခြောက်နာရီ နဲ့ နှစ်ဆယ့်ငါးမိနစ်မှာ မဲပေးပြီး ပြန်ထွက်ခဲ့ ပါတယ် .. အပြင်ရောက်တော့တန်းစီသူ သိပ်များ များ စားစား ကြီး မရှိတော့ပါဘူး … နေ့လည်လောက်ဆို ပျင်းစရာတောင ်ကောင်းဦးမယ် ထင်ပါတယ် ..

အဲ့ဒီ့တော့ အားနည်း ချက် လေး ပြော ရအောင် ဆိုရင် ..

အတွေ့ အကြုံ နဲ့ ကြို တင် မတွေးခေါ်မှုတွေ အတွက်လောက် ဘဲ ရှိပါတယ် ..

ကေ ျာင်းဝင်း အပြင်မှာ မဲရုံ နံပါတ် မတပ်ထားတော့ ကိုယ့် မဲရုံ ဟုတ်ရဲ့လား ဆိုတာ သံသယ လေးတော့ ဖြစ်မိပေမဲ့ ပြောထားတာ ဒီကေ ျာင်း ဆိုတော့ သေခြာပါတယ် ဆိုတာ ကိုယ့်ဟာကိုယ် အာမခံ တန်းစီ လိုက်ရပါတယ် …

ဝင်ဝင်ချင်းမှာ မီးသတ် ရဲဘော်တစ်ယောက် အထူး ရဲ ဆိုတာ နှစ်ယောက် တွေ့ ပါတယ် ..

ကေ ျာင်းဝင်းထဲ ရောက်တော့ မဲရုံအမှတ် လေး နဲ့ ငါး ကို ကေ ျာင်းဆောင် နှစ်ခု မှာ ခွဲခြထားပါတယ် ..
စစခြင်း လူတွေက မသိတော့ မဲရုံ တစ်ခုမှာ သွားတန်းစီကြပေမဲ့ တစ်ယောက် က လာပြီး မဲ ရုံ လေး က ဘယ်ဘက် မဲရုံ ငါးက ဘယ်ဘယ်ဆိုပြောတဲ့ အတွက် ပြောင်းတန်းစီလိုက်ရပါတယ် ..

ကေ ျာင်းခန်း အဝင်ဝ မှာ ဆယ်အိမ်မူးက မှတ်ပုံတင်လေးတွေ ယူလာဖို့ ပြောလို့ မှတ်ပုံတင် ပါမလာတဲ့သူ အချို ့ ပြန်ပြေးတာ တွေ့လိုက်ရပါတယ် ..

မဲပေး ရမဲ့ အခန်းထဲ ရောက်တော့ မဲရုံမှုး က ထိပ် က .. ..လွှတ်တော်တစ်ခု စီအတွက် တန်းစီပြီး အမျို းသမီး ရှစ်ယောက်ထိုင်နေပါတယ် … မဲစာရင်းကို အုပ်စုလေးခု ခွဲထားပြီး နှစ်ယောက်တစ်တွဲ တွေ့ ပါတယ် .. ဘယ်သူက ဘယ်နံပါတ်က နေ ဘယ်နံပါတ် အထိ ကိုင်တယ်ဆိုတာကို ကပ်ထားတဲ့ စာရွက်က စားပွဲ ဘေး ကပ်ထားတော့ လူတွေ တန်းစီလိုက်တော့ မမြင်သာ ဖြစ်သွားပါတယ် .. အဲ့တော့ ဘယ်နံပါတ်က ဘယ်သူ့ဆီ ထုတ်ရမယ်ဆိုတာကို မဲရုံမှုးက လမ်းညွှန်ပေးနေရပါတယ် .. တစ်ယောက် က မဲသက်သေခံလက်မှတ်က နံပါတ် ကို ကြည့်ပြီးသူ့စာအုပ်မှာ လက်မှတ်ထိုးခိုင်းပါတယ် .. ပြီးဘေးက သူ့အဖော်ဆီလက်ဆင့်ကမ်းပြီးမဲ စာရွက် ထုတ်ပေးပါတယ် .. လက်မှတ်ထိုးရပါတယ် .. ပြီးအတုံးထု ရမဲ့ နေရာမှာ အတုံးဝင်ထု ရပါတယ် .. ink pad နဲ့ အတုံးချပေးထားပါတယ် ..
ကိုယ်စားလှယ်တွေရဲ့ တစ်ဦး နဲ့ တစ်ဦးကြားမှာ spacing ရှိနေတဲ့ အတွက်ထင်ထားသလောက် သတိထားလုပ်စရာမလိုဘဲ အလွယ်တစ်ကူ မှန်အောင်ထုနိုင်ပါတယ် ..
အဲ မှင် ကတော့ ပြော သလို စိုပါတယ် .. လေနဲ့ နဲနဲမှုတ် .. ပြိးလေးချို းဖွဖွ ခေါက် မဲပုံးထဲ ထည့် …

နောက်လွှတ်တော်တစ်ခု အတွက် တန်းစီ.. ခုတော့ သိသွားပြီမို့ ကိုယ့် နံပါတ် ကိုင်သူ ဘယ်သူ ဆိုတာ မှန်းနိုင်ပြီး မြန်မြန်ဆန်ဆန် မဲလက်မှတ်ထုတ် နိုင်ခဲ့ပါတယ် ..

ကိုယ်စားလှယ်များ ဆိုတဲ့ နေရာမှာ ထိုင်ပြီးမှတ်နေသူ သုံး ဦးလောက် တွေ့ပါတယ် ..

နောက် ဘယ်သူလဲတော့ မသိဘူး အမျို းသမီးတစ်ဦးကလည်း လိုက်လံကြီးကြပ်ပေးနေတာ တွေ့ ရပါတယ် ..

လ ျို ့ ဝှက် ဆန္ဒမဲ ဆိုပေမဲ့ မှင်မခြောက်မှာ ကြောက်ပြီး မဲပုံး နား တဖူးဖူး နဲ့ မှုတ်နေကြတော့ ဘာထု ခဲ့ကြတယ် ဆိုတာ အရပ်ရှည်တဲ့ စပ်စုတဲ့ ကထူးဆန်း အားလုံး မြင်နေရပါတယ် ..

ဟုတ်ကဲ့ .. အား လုံး ရဲရဲနီ တဲ့ ခွပ်ဒေါင်း နဲ ့ ကြယ်ပါဘဲ …

ကထူးဆန်းမြင်ခဲ့ သလောက်ပေါ့ ..

ဆိုတော့ အားလုံ ခြုံ ပြော ရရင် သာသာယာယာပါဘဲ အရီး လတ် နဲ့ ဇီဇီရေ ..

ကျွန်တော့်ရဲ့ မဲ ရုံ မှာ ပေါ့ နော် ..

12 comments

  • ဇီဇီခင်ဇော်

    November 8, 2015 at 8:53 am

    အချစ်ဆုံးးကြီးးတွေထဲ ကိုကိုထူးးဆန်းး ပါသွားးပြီ
    :chit:

    ဒီ မနက် ခံစားးမိတာတော့ အနည်းဆုံးး ကိုယ့် ပတ်ဝန်းကျင် တက်ကြွ လှုပ်ခတ်အောင် ကျနော် ဒေါင်းးတောက်ရကျိုးး နပ်တယ် ဗျာ
    ကျနော့် အေးးအေးး သယ်ချင်းးတွေပါ နီကြလို့လေ…!! ???
    ကျနော် ကျေနပ်တယ်… ??????

  • မြစပဲရိုး

    November 8, 2015 at 1:36 pm

    Thank you so much & Well Done! :-))

    တကယ်တော့ ဒီနေ့က ရွေးကောက်ပွဲ ပါတီ မဲပြိုင်ပွဲ ထက် မြန်မာပြည်မှာ ကိုယ်ကျင့်သိက္ခာ ဗြဟ္မစိုတရား ဘယ်လောက် ကြီးစိုးလဲ ဆိုတာ ပြမဲ့ပွဲ။
    ဘယ်သူနိုင်နိုင်ပါ။ အမှန်တရား အတိုင်းဘဲ ဖြစ်စေချင်ပါတယ်။

  • kai

    November 8, 2015 at 3:42 pm

    သမိုင်းဝင်မို့.. ပြောအားရှိသပေါ့..။
    တသက်လုံးပြောနိုင်ရစ်မှာပါ…။
    ငါ့လက်နဲ့တိုင်းပြည်ပြောင်းခဲ့တယ်…. လို့..။

    • naywoon ni

      November 8, 2015 at 11:24 pm

      သူကြီးရာ အရင်​က တစ်​ခါမက ကျ​နော်​​ပြောခဲ့ဖူးပါတယ်​ ။ ​ရွေး​ကောက်​ပွဲ ဆိုတာ NLD ပါ ရင်​ ရလာဒ်​က ​ပြောင်​းြပြီးသားပါလို့ ။ ကြံ့ခိုင်​​ရေးက ၁၉၉ဝ တုန်​းက တဆည ရလာဒ်​ ​တောင်​မှီပါ့မလား မသိဘူး ။ ကျုပ်​တို့ ရဲ့ ယုံကြည်​ချက်​က နှစ်​အစိတ်​ကာလ ဆိုတဲ့ ယန္တယားကြီးက ​ချေဖျက်​မသွားန်​ုင်​​သေးပါဘူး​ဗျ 🙂

  • မြစပဲရိုး

    November 9, 2015 at 5:32 am

    . ရွှေပြည်ထဲက ချစ်သောပြည်သူ/ပြည်သား အများစု ကို လျှော့တွက်ခဲ့မိတာ ကို တောင်းပန်ပါတယ်။ :-)))
    ဒါပေမဲ့ ဇာတ်လမ်းက မပြီးသေး။ သန်းခေါင်ယံ တိုက်ပွဲ တစ်ခု တက်နေပြီ ကြားပါတယ်။

    • ဇီဇီခင်ဇော်

      November 9, 2015 at 7:27 am

      အမှန် က သူတို့ အသာစီးး ရပြီးးသားးပါ အရီးးး
      ၁) လွှတ်တော်ထဲ ၂၅% ထည့်ထားးပြီးး
      ၂) ဒေါ်စု မလွတ်ခင် သန်းးမဂျီးးကို မြစ်ဆုံနဲ့ နာမည်ကောင်းး အပြတ်ယူထားးပြီးးး
      ၃) ပါတီ ခွဲတွေနဲ့ မဲပြန့်အောင် လုပ်ထားပြီးး
      ၄) ဘာသာရေးးနဲ့ သပ်ရှို သင်းခွဲထားးပြီးး
      ၅) နယ်ပယ်အသီးးသီးးကို မိုးကျရွှေကိုယါတွေ ထားးဖို့ ကြိုးးစားးပြီးးး
      ဒါတွေ အကုန်လုပ်ပြီးး တာတောင် မနိုင်နိုင်ဘူးးဆိုတာ
      ပြည်သူ အပေါ် သူတို့ အစိုးးရက စေတနာ တစ်စက်မှ မရှိခဲ့လို့ မရှိကြောင်းး အချိန်မီ သိခဲ့ကြလို့ ပါ..
      ရှင်းးရှင်းးပြောရရင် ဒီလောက် ကြိုယူထားးတဲ့ အမှတ်တွေ မှိုင်းးတွေ နဲ့ တောင် မနိုင်တာ
      တော်တော် ကို ………
      :k:

  • Mike

    November 10, 2015 at 10:44 am

    .ကိုထူးဆန်းပြောသလို လူတွေအတင်းမတိုးကြပဲစည်းကမ်းနဲ့စီပေးကြပါတယ်…
    .မဲရုံစီမံခန့်ခွဲမှုတော့ညံ့တယ်

  • padonmar

    November 10, 2015 at 3:54 pm

    .ရွေးကောက်ပွဲနေ့က မလတ်ကို အထူး သတိရမိတယ်။ .ဇီကတော့ ဖွဘုတ်ပေါ်က တွေ့နေကျမို့ အချိန်နဲ့တပြေးညီ .ရွာသူားတွေရဲ့ အကြောင်းသိနေမှာ။
    .ရွာကို ဝင်မရတာ ၂ပတ်တောင် မကတော့ဘူးထင်ပါရဲ့။
    .အခုမှပဲ တွေ့အာင်လွမ်းခွင့်ရတယ်။
    .အားလုံးကိုယ်စား သတိတရ သတင်းပေးပေးတဲ့ .ကထူးဆန်းကို ကျေးကျေးပါ။

    • မြစပဲရိုး

      November 11, 2015 at 6:35 pm

      သူများ ချစ်သော ရွာသူ/သား များကို သတိရနေပါ့။
      အဲဒီနေ့ က ဘုန်းကြီးကျောင်း ကထိန် မှာ အနီ တွေ မတိုင်ပင်ထားကြဘဲ ဝတ်လာကြပြီး
      တစ်ချိန်လုံး စုပြီး ဖုန်းပွတ် နေကြရတာ။ lol:-))))

      • kai

        November 12, 2015 at 4:30 am

        တိုင်းပြည်ဒီလောက်အရေးကြီးတဲ့အချိန်မျိုးမှာ.. ဗမာတွေ ကထိန်ရောက်နေ…။
        အင်း… ယူအက်စ်မှာလည်း.. တူတူပါပဲ..။
        အဲဒီနေ့က.. တနင်္ဂနွေဆိုတော့… ကျောင်းတွေမှာ ပွဲအပြည့်…။

        စနစ်ကြောင့်…မဟုတ်..။ စနစ်ကြောင့်မဟုတ်…။ :k:

  • Ma Ma

    November 11, 2015 at 8:23 am

    မြန်မာနိုင်ငံရွေးကောက်ပွဲကတော့ ကမာ္ဘတဝှမ်းက အသိအမှတ်ပြုသွားရတာလေးတော့ ကျေနပ်စရာပဲ။
    မဲပေးနိုင်သူရဲ့ ၈၀% မဲပေးခဲ့တယ်ဆိုတာမှာ
    မဲပေးချင်ပါလျှက် မပေးခဲ့ရသူတွေပါ ထည့်တွက်ရင်………. 🙂

  • Alinsett @ Maung Thura

    November 11, 2015 at 2:51 pm

    ရပ်ကွက်ထဲက သာမန်လူတန်းစားတွေကအစ… ကိုယ့်မဲပြား ..ပယ်မဲ ဖြစ်မသွားအောင်… ဂရုစိုက်ဖို့အတွေးလေး….ရှိကြတယ်ကြားလို့… ကျေနပ်မိ…

Leave a Reply