ကြိုတင်မဲ နဲ့ မညစ်ရန် – Trick or Trust

ဇီဇီNovember 9, 20152min602021

 

image
1

 

 

image
2

 

 

 

image
3

 

ငင့်.. အဘ တို့…!!!
ဟိုးးရှေးးရှေးးတုန်းးက ကလေးးကွက် အဟောင်းးတွေ ပြန် သုံးး တုန်းးလားးးး??? ??
ဒီမှာ က အထင်တကြီးးနဲ့ အသစ်အဆန်းး လှည့်ကွက်တွေ မျှော်နေတာ… ???
ဒီ အခြေအနေ ရောက်မှတော့ ပြည်သူတွေ တိုင်းရင်းသားတွေ ပြည်နယ်သားတွေ ကို အချဉ် လို့ မှတ်ပြီးး မဖမ်းးစေလို…!!

ခိခိခိ

 

 

—–

.

.

Please share this message.

Suspected irregularities about early voting results are happening right now in Myit-Kyi-Na, Lashio & Taung-Gyi.

According to local media report, the unknown advanced votes are coming in which could reverse the final result.

We need international media coverage & observers.
Please help us to enjoy clean & fair election.

#BBCWorldNews
#ChannelNewAsia
#StopTheFraud
#MyanmarElection2015

#Election_News_Updated

21 comments

  • ဇီဇီခင်ဇော်

    November 9, 2015 at 7:32 am

    Credit to ခင်နှင်းကြည်သာ
    —–
    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်

    ကြိုတင်မဲနှင့် ပတ်သက်သည့်

    နည်းဥပဒေ ပုဒ်မ ၇၁ (က)

    မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သည် ကြိုတင် ဆန္ဒမဲ လက်မှတ်များနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီအထိသာ လက်ခံရမည်။

    နည်းဥပဒေ ပုဒ်မ ၇၁ (ဃ)

    မဲရုံပိတ်ချိန် ညနေ ၄နာရီနောက်ပိုင်းမှ ရောက်ရှိလာသောကြိုတင်ဆန္ဒမဲ လက်မှတ်များကို ထည့်သွင်းရေတွက်ခြင်း မပြုရ။

    ( သန်းခေါင်ယံမှ ရောက်လာသော မဲလက်မှတ်များသည် ဥပဒေကို ချိုးဖောက်ထားခြင်းကြောင့် တရားမဝင်ပါ။ ထိုမဲလက်မှတ်များကို လက်ခံသည်ဆိုပါက ရွေးကောက်ပွဲကော်မရှင်သည် ဥပဒေကို ပြောင်တင်းစွာ ချိုးဖောက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိ။)

    သမ္မတအနေနဲ့ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို ဖြစ်အောင်ကျင်းပပေးပါမယ်ဆိုတဲ့ နှုတ်ထွက်စကားအတိုု်င်း တာဝန်ခံဖြေရှင်းစေချင်ပါတယ်။

  • မြစပဲရိုး

    November 9, 2015 at 12:05 pm

    ဒီလိုနည်း နဲ့ နိုင်ပြီထားပါတော့။
    လွှတ်တော်ထဲ ဘယ်လို မျက်နှာထား နဲ့ အစစ်အမှန် ပြည်သူတွေ ထောက်ခံလို့ အနိုင်ရသူ တွေ နဲ့ ယှဉ်ထိုင်မှာလဲ မသိ။
    မျက်နှာကတော့ အတော်လေးပြောင်နိုင်မှရမယ်။ 🙄
    I think enough is enough.

  • ဂျက်စပဲရိုး

    November 9, 2015 at 12:19 pm

    သူတို့ကို မလုပ်ပါနဲ့
    ဆင်းပေးလိုက်ပါ
    တရားမျှတပါ
    ပြည်သူ့မျက်နှာ ကြည့်ပါ လို့ ပြောရမှာလဲ ကျွဲပါးစောင်းတီး ပဲ နေမှာပါပဲ အရီးရယ်။

    ဘယ်နှနှစ်တောင် ရှိနေပြီလဲကို…

  • မြစပဲရိုး

    November 9, 2015 at 12:19 pm

    သတင်းခေါင်းစဉ် တစ်ခု ကို ကြိုက်လို့။
    “Never Underestimate the Lady” တဲ့။
    {
    A lot may have changed in Burma, but Aung San Suu Kyi’s mystical bond with her people is as strong as ever.
    }

    .လေဒီ ကိုတော့ Underestimate မဖြစ်ခဲ့ပါ။
    ဘ တို့ ကို Overestimate ဖြစ်မိတာလေး တစ်ခုပါဘဲ။

  • မြစပဲရိုး

    November 9, 2015 at 12:29 pm

    ဦးရွှေမန်း ကတော့ ဒီချုပ်က ဦးသန်းညွန့် ကို Congratulations လုပ်လိုက်ပြီ။
    ဒီလို လူကို နိုင်ငံပြန်လည်ထူထောင်ရာမှာ သုံးသင့်ပါတယ်။
    ဦးအောင်ကို ရော အခြေအနေ ရော ဘယ်လို နေမယ်မသိ။
    .မြစ်ကြီးနားကတော့ ညမဲများ ကို ပယ်လိုက်ပြီတဲ့။
    နဲနဲတော့ အခြေအနေကောင်း သလိုပါဘဲ။ :-))

    • Mike

      November 10, 2015 at 2:02 pm

      .ကန်ပက်လက်မြို့နယ်ကဝင်ပြိုင်တဲ့ သူရဦးအောင်ကို နိုင်ပါတယ်တဲ့

  • ဇီဇီခင်ဇော်

    November 9, 2015 at 12:44 pm

    ရွေးကောက်ပွဲရလဒ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများသို့ပြောကြားချက်မိန့်ခွန်း
    (Credit to https://www.facebook.com/NLDParty/)
    ————————————————————————————————-
    ————————————————————————————————–
    ရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ ဘယ်လိုထွက်မယ်ဆိုတာ တရားဝင်အတိအကျသိရမှာပါ။ အားလုံးဟာ သတိအများကြီးရှိဖို့ လိုတယ်ဆိုတာ ကျမတို့ပြည်သူတွေက သိပြီးသားလို့ ကျွန်မထင်ပါတယ်။
    သတိဆိုတာ လွန်ကဲတယ်လို့မရှိနိုင်ဘူး။ ကျမတို့က သတိနဲ့ရှေ့လမ်း ကို လျောက်ရမှာပါ။ နိုင်ငံပေါ်မှာ စေတနာထားပြီး ပြည်သူအပေါ် ကျောသား ရင်သားမခွဲဘဲ ရှေ့လမ်းကို လျောက်သွားချင် ပါတယ် ။
    ရွေးကောက်ပွဲရလဒ်များဟာ တရားဝင်မထွက်သေးလို့ ဒါ့ထက်ပိုပြီးပြောလို့ မသင့်တော်သေးပါဘူး။ ဒါပေမယ့် မပြောလို့ရှိရင်လည်း နားလည်ပြီးသား ပြည်သူဖြစ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။
    အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ် နေကြပါ။
    လူဆိုတာ ရှုံးတယ် နိုင်တယ်ထက် ဘယ်လို နိုင်တယ်ရှုံးတယ် ဆိုတာက ပိုပြီးတော့ အရေးကြီးပါတယ်။
    ရှုံးတဲ့သူများဟာ သတိ္ထရှိရှိ အိန္ဒြေရှိရှိနဲ့ ရှုံးနိုင်ရသလို နိုင်တဲ့သူများဟာလည်း ကိုယ့်စိတ်ကို နှိမ့်ချပြီးတော့
    အင်မတန်မှ သဘောထားကြီးစွာနဲ့အနိုင်ကို ရင်ဆိုင်မှတကယ့် ဒီမိုကရေစီဖြစ်မှာပါ။
    ဒါကြောင့် တဖက်က မနိုင်တဲ့သူတွေ မခံသာအောင် အောင်နိုင်မှုပုံစံနဲ့ ပြုမူပြောဆိုဆက်ဆံကြတာတွေကို
    ရှောင်ကြပါလို့ ကျမအနေနဲ့မေတ္တာရပ်ခံချင်ပါတယ်။ တကယ့်အောင်နိုင်ခြင်းဟာ တနိုင်ငံလုံးအတွက်
    ဖြစ်ရပါမယ်။ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်အတွက်မှ မဖြစ်ရပါဘူး။ မှန်ကန်မှုအတွက်ဖြစ်တဲ့ အောင်နိုင်မှုဖြစ်ဖို့ ကျမတို့အတူတူ အားလုံးလက်တွဲပြီး ကြိုးစားသွားကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံပါတယ်။
    ရွေးကောက်ပွဲရလဒ်များ ပိုပြီး တိတိကျကျတရားဝင် သိတဲ့အခါကျမှ ကျမတို့ ပြောသင့်ပြောထိုက်တာတွေ
    ထပ်မံပြီး ပြောမှာဖြစ်ပါတယ်။
    ~~~~~~~~~~~~~~~~~~~~

    အဖိုးတန်လိုက်တဲ့ စကားး

    “လူဆိုတာ ရှုံးတယ် နိုင်တယ်ထက် ဘယ်လို နိုင်တယ်ရှုံးတယ် ဆိုတာက ပိုပြီးတော့ အရေးကြီးပါတယ်” တဲ့။

  • ဂျက်စပဲရိုး

    November 9, 2015 at 1:01 pm

    လောလောဆယ် စိုးရိမ်စရာ က လားရှိုး ရယ် မြစ်ကြီးနား ရယ် (တောင်ကြီး က ပယ်မဲ ဖြစ်သွားပြီ ဆိုပဲ)
    မိတ္ထီလာ မှာ ရှုံးတယ်
    ကိုကိုးကျွန်းမှာ ရှုံးတယ်

    ကျန်တဲ့ နေရာတွေ နိုင်တယ် ဆိုတော့

    ခုံနေရာ ၃၃၃ ကတော့ ရမယ် ထင်ပါတယ်။

    • ဇီဇီခင်ဇော်

      November 9, 2015 at 1:13 pm

      ခု ည လည်း အိပ်ရမယ်မထင်ဘူးး
      ၆ နာရီ
      ၉ နာရီ
      ၁၁ နာရီ တွေမှာ ရလာဒ်ကြေငြာမယ် ဆိုတော့။

      မြန်မာပြည် မှာ ၁၁ ဆို နာတို့ဆီမှာ ၁၂ ခွဲ။
      နက်ဖန် ရုံးပိတ်လို့တော်သေးး

      :k:

  • မြစပဲရိုး

    November 9, 2015 at 1:22 pm

    မိုင်းဖြတ်မှာ ရှုံးတယ်။
    .ရွှေတောင်မှာ ရှုံးတယ်။
    .ကျောက်ဖြူမှာ ရှုံးတယ်။
    ဇီးကုန်းမှာ လဲ ရှုံးနိုင်တယ်။ (ဒု သမ္မတ ဇာတိ)

    • ဇီဇီခင်ဇော်

      November 9, 2015 at 1:25 pm

      အရီးရေ။
      သေချာသလောက် မဲရလာဒ်တွေ ဒီထဲမှာ ထားတယ်။
      အားရင် ဝင်ကြည့်လို့ရတယ်။
      ဟီးဟီး :mrgreenn:

      https://www.facebook.com/groups/929345400465886/

      • မြစပဲရိုး

        November 9, 2015 at 1:33 pm

        Thanks. :-)))

  • မြစပဲရိုး

    November 9, 2015 at 1:28 pm

    ” ရွေးကောက်ပွဲရလဒ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများသို့ ပြောကြားချက်မိန့်ခွန်း ”
    (9-11-15)
    ” ရွေးကောက်ပွဲရလဒ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများသို့ ပြောကြားချက်မိန့်ခွန်း ”

    “ရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ ဘယ်လိုထွက်မယ်ဆိုတာ တရားဝင် အတိအကျသိရမှာပါ။ အားလုံးဟာ သတိအများကြီးရှိဖို့ လိုတယ်ဆိုတာ ကျမတို့ပြည်သူတွေက သိပြီးသားလို့ ကျွန်မထင်ပါတယ်။ သတိဆိုတာ လွန်ကဲတယ်လို့မရှိနိုင်ဘူး။ ကျမတို့က သတိနဲ့ရှေ့လမ်း ကို လျောက်ရမှာပါ။ နိုင်ငံပေါ်မှာ စေတနာထားပြီး ပြည်သူအပေါ် ကျောသား ရင်သားမခွဲဘဲ
    ရှေ့လမ်းကို လျောက်သွားချင် ပါတယ် ။ ရွေးကောက်ပွဲရလဒ်များဟာ တရားဝင် မထွက်သေးလို့ ဒါ့ထက်ပိုပြီးပြောလို့ မသင့်တော်သေးပါဘူး။ ဒါပေမယ့် မပြောလို့ရှိရင်လည်း နားလည်ပြီးသား ပြည်သူဖြစ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။
    အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ် နေကြပါ။ လူဆိုတာ ရှုံးတယ် နိုင်တယ်ထက် ဘယ်လို နိုင်တယ်ရှုံးတယ် ဆိုတာက ပိုပြီးတော့ အရေးကြီးပါတယ်။
    ရှုံးတဲ့သူများဟာ သတိ္ထရှိရှိ အိန္ဒြေရှိရှိနဲ့ ရှုံးနိုင်ရသလို နိုင်တဲ့သူများဟာလည်း ကိုယ့်စိတ်ကို နှိမ့်ချပြီးတော့ အင်မတန်မှ သဘောထားကြီးစွာနဲ့အနိုင်ကို ရင်ဆိုင်မှ
    တကယ့် ဒီမိုကရေစီဖြစ်မှာပါ။ ဒါကြောင့် တဖက်က မနိုင်တဲ့သူတွေ မခံသာအောင်
    အောင်နိုင်မှုပုံစံနဲ့ ပြုမူပြောဆို ဆက်ဆံကြတာတွေကို ရှောင်ကြပါလို့ ကျမအနေနဲ့
    မေတ္တာရပ်ခံချင်ပါတယ်။

    တကယ့်အောင်နိုင်ခြင်းဟာ တနိုင်ငံလုံးအတွက်
    ဖြစ်ရပါမယ်။ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်အတွက်မှ မဖြစ်ရပါဘူး။ မှန်ကန်မှု အတွက်
    ဖြစ်တဲ့အောင်နိုင်မှု ဖြစ်ဖို့ ကျမတို့အတူတူ အားလုံး လက်တွဲပြီး ကြိုးစားသွားကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံ ပါတယ်။ ရွေးကောက်ပွဲရလဒ်များ ပိုပြီး တိတိကျကျ
    တရားဝင် သိတဲ့အခါကျမှ ကျမတို့ပြောသင့် ပြောထိုက်တာတွေ ထပ်မံပြီး ပြောမှာဖြစ်ပါတယ်”
    +++++++++
    HOW WISE !!!!!! :-)))

    • မြစပဲရိုး

      November 9, 2015 at 1:29 pm

      ဒီလို လူ ကို ဝိုင်းဝန်းပံ့ပိုး ပေးနေကြရတာ တကယ် တန် ပါတယ်။

  • ဇီဇီခင်ဇော်

    November 9, 2015 at 1:35 pm

    (ရေးသူ – သက္ကမိုးညို)

    ပွဲမပြီးသေးပါ။ သို့သော်…
    —————————-

    ၁- NLD ၏ ရည်ရွယ်ချက်ဟာ တောင်ပြိုကမ်းပြိုနိုင်ကာ အစိုးရတစ်ရပ် ဖွဲ့နိုင်ရေးပါ။ NLD ဟာ မဲဆန္ဒနယ်တွေရဲ့ ၆၇% (ကိုယ်စားလှယ် ၃၃၃) ရရင် အစိုးရဖွဲ့နိုင်ပါလိမ့်မယ်။ အခု လတ်တလော တက်လာတဲ့ သတင်းတွေအရ အတိအကျ မကြေညာရသေးပေမယ့် NLD ဟာ တောင်ပြိုကမ်းပြို နိုင်တယ်လို့ ပြောလို့ ရသေလောက် ရှိနေပါပြီ။ ဒါပေမယ့် ရွေးကော်ရဲ့ ကြေညာချက်ထွက်လာမှ တရားဝင်မှာပါ။

    ၂- ရွေးကော်ဟာ တရားဝင် ကြေညာချက်ကို ၉ရက်နေ့ ညနေ ၃နာရီမှလို့ ပြောထားပါတယ်။ ဒါပေမယ့် ကြားထဲမှာ မြစ်ကြီးနား၊ လားရှိုး၊ စတဲ့နေရာတွေမှာ သန်းခေါင်ယံ ကြိုတင်မဲတွေ ရောက်လာတယ် ကြားပါတယ်။ တချို့ ကြိုတင်မဲဆိုရင် ပိတ်ထားတဲ့ ကော်တောင်မခြောက်သေးဘူးဆိုတာ သက်သေရှိပါတယ်။ ဒါတွေဟာ ဘာကို ရည်ရွယ်နေပါသလဲ။ သူတို့ဟာ သိက္ခာရှိစွာ ထွက်ခွာဖို့ အစီအစဉ် မရှီဘူးလား။

    ၃- တကယ်တော့ သန်းခေါင်ယံ ကြိုတင်မဲမှန်သမျှ USDP ကြီးဖြစ်နေတာ အဓိပ္ပါယ် မရှိပါဘူး။ ဒါ့အပြင် ရွေးကောက်ပွဲ နည်းဥပဒေအရ ညနေ ၄နာရီကျော်ရင် လက်မခံရမယ့် မဲတွေပါ။ အခုလို ပြည်သူက ကန့်ကွက်နေစရာတောင် မလိုပါဘူး။

    ၄- နောက်ဆုံး မေးစရာ ရှိလာတာက ရွေးကော် ဘယ်လဲ၊ ဘာလဲ ပါပဲ။ တပ်မတော် ၂၅% သားလောက်နဲ့ ပေါင်းပြီး USDP အစိုးရ ဖွဲ့လောက်တဲ့အထိ ကြိုတင်မဲတွေ ပေါင်းထည့်ပေးရဲသလား။ ပြည်သူက အဲလောက်အထိ လက်ခံမှာလား။

    ၅- ဒါမှမဟုတ်ပဲ မနေ့က ဒုသမ္မတ မဲရေတွက်ရာမှာ အရှက်ကွဲလောက်အောင်နည်းနေတာကို mntv စကိုင်းနက်မှာပြတယ်။ နောက်ရက်ကျတော့ ကြိုတင်မဲနဲ့ နိုင်သွားတယ်ဆိုရင် ပြည်သူတွေ ပေါက်ကွဲမယ်။ ဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိ ဆူအောင် ဆွပေးနေလေသလား။ ဒါမှမဟုတ် ဒီမိုပုရစ်ရေးသလို အဲဒီ မရမနေ ကြိူတင်မဲပေးပြီး လုပ်ယူနေတဲ့ ဒေသတွေမှာ ဘာစီမံကိန်းတွေ ရှိလို့လဲ။ ဘာမသမာမှုတွေ ပေါ်လာမှာကြောက်လို့လဲ။ မေးခွန်းတွေ အများကြီး ထွက်လာပါပြီ။

    ၆- ပြည်သူတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့ ကျွန်တော် အကြံပေးချင်ပါတယ်။ ရွေးကော် သတင်းထုတ်ပြန် ကြေညာချက်ကို ညနေ ၆နာရီလို့ ပြောင်းလိုက်တာ မသင်္ကာစရာပါ။ ဆူပူမှုဟာ ညမှောင်ရီတယောမှာ ဖြစ်တတ်တာပါ။ ရွေးကော် ကြေညာချက်ကို မကြေနပ်လို့ဆိုပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီး ပေါ်မလာပါစေနဲ့။ လူထုခေါင်းဆောင်ရဲ့ စကားကို နားထောင်ပါ။ သူတို့ မတရားမှုဟာ ဆင်ထားတဲ့ထောင်ချောက် ဖြစ်မှာ စိုးလှပါတယ်။ တနေရာ နှစ်နေရာ မတရားမှုအတွက် နေရာအနှံ့ ကွန်ပလိန်းတက် ဆူပူဆိုပြီး မဖြစ်သွားပါစေနဲ့။ အေးအေးဆေးဆေး ဖြေရှင်းဖို့ NLD ကို ယုံပါ။

    ၇- ပြည်သူတွေ တာဝန်ကျေပါတယ်။

  • မြစပဲရိုး

    November 9, 2015 at 1:57 pm

    ဦးအောင်ကို နိုင်သွားပြီ။
    အရမ်းဝမ်းသာပါတယ်။ :-))))

  • ဇီဇီခင်ဇော်

    November 9, 2015 at 2:15 pm

    ၂ ဖက်လုံးက Soft Liner တွေ ရှေ့က ဦးဆောင်နိုင်တဲ့ တစ်နေ့
    အကောင်းဘက် ကို
    ညင်သာစွာပြောင်းလဲနိုင်မယ်ထင်တယ်နော်။

  • kai

    November 9, 2015 at 3:54 pm

    လူထုတပ်မတော်.. ဖြစ်သွားပြီဖြစ်ပါကြောင်း…
    ဒီမိုကရေစီနိုင်ငံတော်သစ်ရဲ့.. ပထမဆုံးသမ္မတ… သမ္မတကြီးဦးသိန်းစိန်… ကျန်းမာပါစေ…။

  • ဇီဇီခင်ဇော်

    November 9, 2015 at 4:08 pm

    ခု ပျော်လွန်းလို့။
    ရုံးမှာလေ။
    ဘာမှ မလုပ်ဘူးးး
    သွားအဖြီးသားနဲ့ သတင်းတွေ ထိုင်ဖတ်နေတယ်။

    :mrgreenn:

    • kai

      November 9, 2015 at 4:17 pm

      ကိုယ့်လက်နဲ့မဲထည့်.. ပြောင်းလဲခဲ့သူပေါ့…။
      နောင်လာနောက်သားများကို..ဘွားဘွားဇီဖြစ်ချိန်မှာ… ပြန်ပြောပြပေါ့…။
      ဆဲလ်ဖီလေးပါရိုက်ထား.. :k:

  • Mike

    November 10, 2015 at 2:32 pm

    နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် မှာ NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးရည်မွန် ခေါ် ကဗျာဆရာ မောင်တင်သစ် က ကာကွယ်ရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးဝေလွင် ကို ၁၇၆ မဲ အသာစီး နဲ့ ပွတ်ကာသီကာ နိုင် ခဲ့ ပါတယ်။ ဦးရည်မွန်နဲ့ တွေ့ဆုံမေးမြန်းခန်းကို ဒီမနက် ဘီဘီစီမှာ နားဆင်နိုင်ကြပါတယ်။

Leave a Reply