ဘဝမှာ အသက် ၂၅ ကနေ ခု ၃၅ အထိ ၁၀ နှစ် အတွင်း အပျော်ဆုံး အချိန်ကာလ၊ စိတ်အလှုပ်ရှားဆုံး အချိန်ကာလပါပဲ။

:mrgreenn:

 

ဒီ အပြောင်းအလဲ အတွက် ဘာတွေကို ကျေးဇူးတင်ရမလဲ ဘယ်သူတွေကို ကျေးဇူးတင်ရမလဲ စဉ်းစားကြည့်လိုက်မိတော့..
၁) ၁၉၈၈ ကနေ ၂၀၁၅ အထိ အသက်အန္တရယ် အသွယ်သွယ်ကြားက မလွဲမဖောက်ပြန်တဲ့စိတ်နဲ့ ကျနော်တို့ကို စေတနာထားခဲ့တဲ့ DASSK

၂)  အခုလို ရေးခွင့်ပြောခွင့်ရ လွတ်လပ်မှုတွေကို  အနုနည်းရော အကြမ်းနည်းရောနဲ့ အသက်နဲ့ ရင်းပြီးးးတိုက်ယူပေးခဲ့တဲ့ အကျဉ်းစံ အကိုအမတွေ…

၃) ၁၉၈၈ ကနေ ၂၀၁၅ အထိ ဘယ်လောက်နိမ့်ကျတဲ့ အခြေအနေမှာဖြစ်ဖြစ် ဒီချုပ်ကို ယုံယုံကြည်ကြည်လက်တွဲခဲ့တဲ့ ဘဘ တို့နဲ့ တကွ ပါတီဝင်များ

၎) ဒီ ရွေးကောက်ပွဲမှာလည်း ဒီချုပ် ဦးဆောင်မှုကို ယုံယုံကြည်ကြည်နဲ့ ပိုင်ဆိုင်မှုချပြ ဝင်ရောက်ခဲ့ကြတဲ့သူတွေ

၅) နိုင်တဲ့နယ်ကပဲဖြစ်ဖြစ် ရှုံးတဲ့နယ်ကပဲဖြစ်ဖြစ် ဒီချုပ်ကို ယုံကြည်မှုထားပြီး ပေးခဲ့တဲ့ မဲဆန္ဒရှင်တွေ အကုန်လုံး

၆) ရွေးကောက်ပွဲမှာ လူမသိသူမသိနေရာပေါင်းစုံမှ တရားမျှတမှုအတွက် ကူညီခဲ့ကြသူတွေ၊ ဝန်ထမ်းတွေအားလုံး

၇) စိတ်ရောလူရော အားစိုက် ဝန်းရံပေးခဲ့သူ အားလုံးး ကို

ကျနော် ကျေးဇူးအရမ်းတင်မိတယ်။

.

.

.

ကျနော် ပင်ကိုယ်စိတ်အတိုင်းဆို ကိုယ် နေသာရင် ဘာဖြစ်ဖြစ်ဆိုတဲ့ သမားမို့ နိုင်ငံရေးဆိုတာ ဂျိုနဲ့လား ဆိုတဲ့ အမြင်ရှိခဲ့သူပါ။

ဒါပေမဲ့ မိဘနဲ့ ဆရာ အသိုင်းအဝိုင်းကြောင့်သာ သမိုင်းဖြစ်ရပ်တွေကို မျက်ခြေမပြတ်ခဲ့မိရတာ။

သူများနိုင်ငံရောက်တဲ့ အချိန်မှာ ကိုယ့်နိုင်ငံဆီ နောက်ပြန်လှည့်ကြည့်မိမှ ကွာခြားချက် အများကြီးနဲ့ နောက်ကျန်ခဲ့တဲ့ နိုင်ငံအတွက် အားမလိုအားမရဖြစ်ရာက ဘယ်လိုမှ မနေသာတော့တာပဲ….
မျက်နှာငယ်ပြီလေ။

မြန်မာပြည်ကို ဆင်းရဲတဲ့နိုင်ငံလို့ မြင်တဲ့သူနဲ့၊ ဘယ်နားတုန်း မေးသူနဲ့ ဆိုတော့ ..

အင်မတန်နေသာခဲ့တဲ့ မိန်းမ မနေတတ်တော့တာ။

.

.

.

အခုအချိန်ဟာ ပြောင်းလဲခြင်းရဲ့ အစ ပါ။

မြန်မာပြည်ဟာ အစိုးရကောင်းနဲ့ တန်ပါတယ်၊ ဒီမိုကရေစီနဲ့ တန်ပါတယ် ဆိုတာ ပြကြရအောင်ပါ။

အမေစု ပြောခဲ့သလို ကိုယ့် တစ်ယောက်ချင်းစီရဲ့ သဘောထားလေးတွေ အရင် ပြောင်းလဲကြရအောင်….!!!

ဘာလို့လဲ ဆိုတော့ အရာရာတိုင်း အတွက် တာဝန်ယူတတ်တဲ့ အစိုးရတစ်ရပ် က လာတော့မှာလေ။ ကိုယ်တိုင်လေး ပြောင်းလဲထားတဲ့ အချိန်မှာ အကြီးအမား အပြောင်းအလဲအတွက် အလိုက်သင့်ပါသွားနိုင်အောင်ပေါ့။

၁) အမှိုက်၊ ကွမ်းတံတွေး စည်းမဲ့ ကမ်းမဲ့ စွန့်ပစ်တာတွေ ကိုယ်တိုင်လည်း ဆင်ခြင်၊ အချင်းချင်းလည်း သတိပေးကြရအောင်

၂) စာဖတ်မယ်၊ ကောင်းမွန်တဲ့ ဗဟုသုတကို နီးစပ်ရာဖြန့်ဝေကြရအောင်။

၃) အာဃာတ တရားတွေ လျှော့မယ်၊ အရာရာ အကောင်းမြင်စိတ်နဲ့ နားလည်ပေးရအောင်

၎) အမုန်းတရားမပါတဲ့ စကားတွေပဲ ပြောဆိုနိုင်အောင် ကြိုးစားရအောင်

၅) ရှိထားတဲ့ ဥပဒေတွေကို လိုက်နာတတ်တဲ့၊ အချောင်ရလိုစိတ်မရှိတဲ့ နိုင်ငံကြီးသားဖြစ်ဖို့ အချင်းချင်းတိုက်တွန်းကြရအောင်

အရမ်းအများကြီး ပြောင်းစရာ လိုတာ မဟုတ်ပါဘူးး

ကိုယ့် အတွက် ကိုယ် တာဝန်ယူတာက အစ …

ကိုယ့်မိသားစု အတွက်

ကိုယ့်ပတ်ဝန်းကျင် အတွက် စပြီး ပြောင်းရအောင်ပါ။

နော်…???? :chit:

.

.

.

ဒီ အပြောင်းအလဲဟာ နောက် ၆ လလောက် အထိ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မှ အကောင်းဘက်ကို ဦးတည်မှာမို့

ကောင်းမွန်တဲ့ အပြောင်းအလဲကို လိုလားကြရင်ဖြင့်

မပြောင်းလဲချင်သူတွေဘက်က….

ဘယ်လောက် ရန်စစ

ဘယ်လောက် ဖွဖွ

ဘယ်လောက် ဆူပူအောင်လုပ်လုပ်

ဘယ်လောက် ထောင်ချောက်ဆင်ဆင် မဝင်မိစေပဲ၊ ညာဏ်ကြီးကြီး သတိကြီးကြီးနဲ့သာ ကျော်လွှားပေးပါလို့ တောင်းပန်ချင်တာပါ။

.

image

.

.

ဒီလောက်ဆင်ခြင်ထားခြင်းဖြင့်

တိုင်းပြည် ဆူပူအောင် မျှော်လင့်နေသူတွေ

စကားစနေသူတွေ

မီးပွါးချနေသူတွေဟာ ဘယ်သူတွေတုန်းဆိုတာ ထင်ထင်ရှားရှားသိနိုင်တော့မှာမို့ပါ။

 

ပြည်သူ့ လက်ထဲ ရောက်ရမဲ့ အချုပ်အချာအာဏာဟာ ပြည်သူတွေ သတိ တစ်ချက်လစ်လို့ အာဏာရှင်လက်ပြန်ရောက်သွားရင် နှမြောစရာကြီးဗျာ။

..

.

.

~~~~~~~~~~~~~~~~~~~~~~~~

Credit to Ye Min Win

“ရွေးကောက်ပွဲ အပြီး (၃) လ အတွင်းမှာ ပြည်သူ တွေ ကြံ့ကြံ့ခံ ပြီးနေကြပါ”

ရွေးကောက်ပွဲ အပြီးမှာ NLD landslide နိုင်ရင် ဆူပူအုံကြွမှုတွေ ဖြစ်မယ် လို့ အစိုးရရဲ့ PR လုပ်နေတဲ့ Larry Gargan ကလည်းပြောပါတယ်။ သမ္မတကိုယ်တိုင် ကလည်း သူ့ပါတီရှုံးရင် သွေးထွက်သံယိုမှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးတာလိုလို ခြိမ်းခြောက်တာလိုလို ပြောပါတယ်။ သူတို့ရဲ့ အစီ အမံတွေကတော့…

၁။ NLD ထောက်ခံ အားပေးသူတွေ အောင်ပွဲခံတဲ့ အချိန်မှာ ရန်ပွဲတွေ ဖြစ်အောင် ဖန်တီးပါလိမ့်မယ်။

၂။ မဘသအဖွဲ့ဝင်တွေက အနိုင်ရ NLD ကိုယ်စားလှယ်ကို ဆန့်ကျင် ဆန္ဒ ပြပါလိမ့်မယ်။

၃။ သူတို့ရဲ့လူ မူစလင်ဘာသာဝင်များက NLD အယောင်ဆောင်ပြီး ဗုဒ္ဓဘာသာကို ပုတ်ခတ် ပြောပါလိမ့်မယ်။

၎။ ဘယ်တော့မှ မရိုးတဲ့ ကုလား-ဗမာ အဓိကရုဏ်း တစ်ခု ထပ်ပြီး ဖန်တီးပါလိမ့်မယ်။

၅။ အနိုင်ရရှိတဲ့ NLD ကိုယ်စားလှယ်လောင်းတွေကို ပုဒ်မ အမျိုးမျိုး တပ်ပြီး ဖမ်းဆီးဖို့ ကြိုးစား ပါလိမ့်မယ်။

၆။ ပြည်ခိုင်ဖြိုး ရုံးတွေ ၊ ဆိုင်းဘုတ်တွေကို သူ့လူ ကိုယ့်ဘက်သား လုပ်ပြီး ဖျက်ဆီးကြလိမ့်မယ်။

၇။ ကုန်ဈေးနှုန်း ကြီးသွားအောင်၊ လူတွေ စားဝတ်နေရေး ကျပ်တည်းအောင် ဖန်တီးကြလိမ့်မယ်။

၈။ သောင်းကျန်းသူ အယောင်ဆောင်ပြီး လူစု လူဝေးများတယ့်နေရာတွေမှာ ဗုံးတွေ ခွဲပြလိမ့်မယ်။

NLD ထောက်ခံသူများ ကျေးဇူးပြု၍ သူတို့ရဲ့ လှည့်ကွက်ထဲ မဝင်မိပါစေနဲ့။ လမ်းပေါ် ထွက်ပြီး အလွန်အကျူး အေင်ပွဲခံတာ မလုပ်ပါနဲ့။ အောင်နိုင်ရေး ရုံးရှေ့ အရောက်လာပြီး ဆဲဆိုတာတွေ ခံရလိမ်မယ်၊ဘာမှ မတုန့်ပြန်ပါနဲ့။

ရွေးကောက်ပွဲ အပြီး ၃လ ကြာ ၂၀၁၆ မတ်လထဲ ရောက်မှ အာဏာလွှဲပြောင်း ပေးအပ်မှာပါ။ ဒီကြားထဲ မှာ လူထု အုံကြွမှု မဖြစ်ဖြစ်အောင် နည်းအမျိုးမျိုး နဲ့ လုပ်ပြီး အာဏာသိမ်းဖို့ ကြံစည် ပါလိမ့်မယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ ဘယ်သော အခါမှ သမားရိုးကျ မဖြစ် ဖူးပါဘူး။

ဒီ (၃) လ အတွင်း မှာ ကြံ့ကြံ့ခံ ပြီးနေကြပါ။

 

12193702_10206372454923281_569847701233692542_n

ဇီဇီ

About ဇီဇီ

ဇီဇီ has written 333 post in this Website..

CJ # 129120