​စောင်​့ချက်​တဲ့ ထမင်​းအိုး ကြာတယ်​

naywoon niNovember 12, 20151min27217

​စောင်​့ချက်​တဲ့ ထမင်​းအိုး ကြာတယ်

အဖြစ်​က မနှစ်​ကနဲ့ကိုမတူဘူး ။ စိတ်​​တွေဗျာများ​နေပုံများ​ပြောပါတယ်​ ။ စာ​ရေးမယ်​ဆိုပြီးစထားလိုက်​ ဟိုသတင်​းသွားနား​စွင်​့လိုက်​နဲ့ ။ ဘာနဲ့တူသလဲဆို​တော့ “ကိုယ်​​ဂေါ ​နေတဲ့ ​ကောင်​မ​လေး ​ကျောင်​းပိတ်​လို့ပြန်​လာမှာ ဘူတာ ကိုသွား​စောင်​့ရသလိုမျိုး ” ဖြစ်​​နေတယ်​ ။ အတိအကျ သိရ​အောင်​ သူ့အိမ်​လည်​း သွားမ​မေးရဲ ။ သူ့သူငယ်​ချင်​း​တွေ​မေးရ​အောင်​လည်​း တရားဝင်​ မဖြစ်​​သေး ။ အဲ့ဒိ​တော့ မလွဲရ​အောင်​ ဘူတာက ရထားချိန်​ ရှိသမျှ မပြန်​တမ်​း ​စောင်​့ ။ ဒီ ရထားနဲ့ ပါမလာလည်​း ​နောက်​ရထားက ဘယ်​အချိန်​ဝင်​မှာဆိုပြီး အားတင်​းလို့​မျှော်​ အင်​းခက်​​တော့​နေဘီ ။ ရှိသမျှ ရထားကုန်​မှ နွမ်​းလျအိမ်​ပြန်​လုပ်​ ။ ​နောက်​​နေ့မ​စောင်​့​တော့ဘူးလို့ ​တွေးမိ​ပေမဲ့ အချိန်​​တော့လည်​း ဒီဘူတာဘက်​ပဲ ​ခြေဦးကလှည်​့သွားတာပဲ ။ ​ရွေး​ကောက်​ပွဲ မပြီးခင်​က​တော့ ဒီ​ရွေး​ကောက်​ပွဲ မြန်​မြန်​ပြီးပါ​စေ ။ ပြီးရင်​ ရွာထဲ စာပြန်​​ရေးမယ်​​ပေါ့ ။ ​ဟော အခု ​ရွေး​ကောက်​ပွဲ ပြီးပြန်​​တော့လည်​း အနိုင်​အရှုံး ကသိချင်​​တော့ ဖ ဘ ထဲ တစ်​လည်​လည်​နဲ့ ။ ဖိုးသူ​တော်​ မျက်​​စေ့လည်​ရင်​ ဆန်​ပိုရတယ်​ ဆို​ပေမဲ့ ဖ ဘ ထဲမျက်​​စေ့ လည်​တာက အင်​တာနက်​ဖိုး ပိုကုန်​တာပဲ အဖတ်​တင်​တယ်​ ။ ဘာမှ ပိုမရ ။ ​ရွေး​ကော်​ လုပ်​​နေပုံက ဆတ်​တငံ့ငံ့ တစ်​ရက်​​ခြောက်​ကြိမ်​ ​ကျေငြာ​နေရာက ငါးကြိမ်​ဖြစ်​လိုဖြစ်​ ။ တစ်​ကြိမ်​​ကျေငြာရင်​ နှုတ်​ပက်​​လေးမှာ မှတ်​ထားတာထပ်​တိုး ရာခိုင်​နှုန်​းပြန်​တွက်​ ။ အင်​း အလုပ်​မရှိတဲ့ ​နေဝန်​းနီ အလုပ်​​ပေးထားတယ်​လို့ပဲ မှတ်​ယူပါတယ်​ ။ ခုဒီစာ​ရေ​နေတဲ့ အချိန်​ထိ ( 2015 Nov 12 10:00 ) အမျိုးသားလွှတ်​​တော်​အတွက်​ အနိုင်​ရတာထုတ်​ပြန်​တာက
ဒီချုပ်​ ၉၆
ကြုံ့ခိုင်​​ရေး ၁၀+၁ ( ကြံ့ခိုင်​​ရေး တစ်​သီး )
ဇိုမီး ၁
မွန်​ ၁
ပအိုင်​း ၁
ပ​လောင်​ ၁
ရခိုင်​အမျိုးသား ၂
ရှမ်​း ဒီချုပ်​ ၃

၁၁၆ ​နေရာစာပဲရှိ​သေးတယ်​ ။ ​ရွေးချယ်​ခံတာက ၁၂×၁၄= ၁၆၈ ဆို​တော့ ၅၂ ​နေရာကျန်​​သေး ။ အမျိုးသား လွှတ်​​တော်​က သမ္မတ တင်​နိုင်​ဖို့ ၁၆၈+ ၅၆= ၂၂၄ ဆို​တော့ ထက်​ဝက်​​ကျော်​ ၁၁၃ ​ယောက်​ရမှဖြစ်​မှာ ။ တရားဝင်​​ကျေငြာပြီးတာက ၉၆။ ၁၁၃-၉၆=၁ရ လို​သေးတယ်​ ။ ပြည်​သူလွှတ်​​တော်​က​ရော ။
ဒီချုပ်​ ၁၉၆
ကြံ့ခိုင်​​ရေး ၂၃
ရှမ်​း/ဒီမိုက​ရေစီ ၁၂
ကချင်​/ဒီမို ၁
ဝ / ဒီမို ၁
ဇိုမီး/ ဒီမိုကရက်​တစ်​ ၂
ရခိုင်​အမျိုးသားပါတီ ၃
ကိုးကန်​့ ၁
တစ်​သီး ၁
ပအိုင်​း ၂
တ​အောင်​း(ပ​လောင်​) ၁
၂၄၃ ​နေရာစာပဲရှိ​သေးရဲ့ ။ မဲဆန္ဒ နယ်​​မြေ ၃၃ဝ -၇(​ရွေး​ကောက်​ပွဲ မကျင်​းပဖြစ်​တဲ့မြို့နယ်​ )= ၃၂၃+၁၁၀= ၄၃၃ ရှိရာ ဒုတိယ သမ္မတ​ရွေး​ပေးနိုင်​ဖို့က ၂၁ရ အနိုင်​ရမှ ဖြစ်​မှာ ။ ခု တရားဝင်​​ကျေငြာပြီးတာက ၁၉၆ ဆို​တော့ ၂၁၇- ၁၉၆= ၂၁ ​နေရာလို​သေးရဲ့ ။ အဲ့ဒိ​တော့ အစိုးရဖွဲ့နိုင်​ဖို့​ကော သမ္မတ ၂​ယောက်​လုံးတင်​နိုင်​ဖို့​ကော ပြည်​သူ့လွှတ်​​တော်​ဘက်​က ၂၁+ အမျိုးသားလွှတ်​​တော်​ဘက်​ ၁ရ = ၃၈ လို​သေးဗျ ။
​ရွေး​ကောက်​ပွဲပြီးတာ ​လေးရက်​ ထဲ​ရောက်​​နေပြီ ။ အရင်​လုပ်​ခဲ့တဲ့ ​ရွေး​ကောက်​ပွဲ​တွေတုန်​းက ဒီ​လောက်​မကြာခဲ့ဖူးမှတ်​တာပဲ ။ ​စောင်​့ချက်​တဲ့ ထမင်​းအိုး ကြာတယ်​ ဆိုလားပဲ ။ တစ်​ခုခု​ကြောင်​့ ထမင်​းချက်​တာ​နောက်​ကျ က​လေးက ထမင်​းဆာတယ်​ တစ်​ဂျီဂျီလာလုပ်​​နေရင်​ ပိုကြာတယ်​ထင်​ရတာမျိုး​ပေါ့ ။ ​အောင်​မြင်​မှုနဲ့​ဝေးလို့ ​အောင်​မြင်​ခြင်​းကို မွတ်​သိပ်​​နေတဲ့ပြည်​သူ​တွေ စိတ်​မရှည်​တာလည်​းအဆန်​းမဟုတ်​ ။ ဒီမိုက​ရေစီ စစ်​စစ်​ကို အိပ်​မက်​ခဲ့တာ ၂ရ ရှိပြီ​လေ ။ တစ်​​ရေး​လောက်​အိပ်​ပြီး ဒီမိုအိပ်​မက်​ ဆက်​မက်​လိုက်​ကြပါဦးလို့ အချိန်​တန်​​တော့လည်​း ကိုယ်​့လက်​ထဲ​ရောက်​လာမှာပါ ။ ဘယ်​သူမှ လိုအပ်​တာထက်​ အချိန်​ဆွဲလို့ မရ​ရေးချမရ ။

​နေဝန်​းနီ
11:50 AM
2015 Nov 12
မှတ်​ချက်​ ။ ​ကော်​နက်​ရှင်​​ကြောင်​့ပို့စ်​မတင်​နိုင်​​သေးရာ ​နေ့လည်​ ၁၂ နာရီ ​ကျေငြာချက်​ပါ ထပ်​​ပေါင်​းထည်​့လိုက်​ပါတယ်​ ။

17 comments

  • kai

    November 12, 2015 at 1:16 pm

    မီးသွားထိုးရင်..ထမင်းအိုးတူးမယ်…
    အသာထားလိုက်… ကျက်သွားမယ်ဖြစ်ပါကြောင်း…။

    အဖွဲ့ချုပ်က.. . ဒုသမ္မတ၂ယောက်တင်ခွင့်…
    ပြည်သူလွှတ်တော်ဥက္ကဌ/ပြည်ထောင်စုလွှတ်တော်နာယကလုပ်ခွင့်…
    အမျိုးသားလွှတ်တော်ဥက္ကဌလုပ်ခွင့်( ဒါတော့သိပ်မသေချာသေး)
    အဲ…
    နောက်ဆုံး.. သမ္မတရွေးခွင့်… အစိုးရဖွဲ့ခွင့်… ရသွားပြီဖြစ်ပါကြောင်း…။
    ကာလုံ၁၁ယောက်မှာ.. ၅ယောက်ဝင်သွားနိုင်တယ်ထင်ပါကြောင်း..။

  • naywoon ni

    November 12, 2015 at 1:28 pm

    ကျုပ်ကတော့ အဲ့ကိစ္စမပူဘူး ။ အစိုးရသစ် အလွှဲအပြောင်း အဆင်ပြေဖို့ပဲ ပူတယ် ။ ဒီလို အပြောင်းအလဲမျိုး တစ်ခါမှမကြုံဖူးလို့ အားလုံး ရင်တစ်ထိတ်ထိတ်စောင့်မျှော်နေကြရတာ 🙂

  • မြစပဲရိုး

    November 13, 2015 at 3:09 am

    မိုက်သဗျာ။ တင်စားချက်က။ 😉

    အခုတော့ ၁ ယောက်ကျန် ပါ အဘနီ ရေ။
    Friday the 13th ကို စောင့်နေကြတာထင်ရဲ့။
    အဲလို လုပ်ကြေးသာဆိုရင် သူတို့ ကိုယ့်ရှူး ကိုယ်ပြန်ပတ်လိမ့်မယ်။
    Friday the 13th ရဲ့ အဓိပ္ပါယ်ကို သေသေချာချာ လဲ မသိကြဘူး ထင်ရဲ့။ lol:-)))

  • ဇီဇီခင်ဇော်

    November 13, 2015 at 11:20 am

    ဒီထမင်းအိုး က တစ်နိုင်ငံလုံးကို ကျွေးမှာ ဆိုတော့ ၆ လလောက်တော့ စောင့်ချက်ရမှာပေါ့လေ

    :k:

  • Alinsett @ Maung Thura

    November 13, 2015 at 1:05 pm

    နိုဝင်ဘာလ ၁၃ ရက်နေ့လည် ၁၂ နာရီအထိ ထုတ်ပြန်တဲ့ ကိုယ်စားလှယ်စာရင်းမှာ
    13 November 2015 12:50(+0630)

    http://2.bp.blogspot.com/-GgehhAjG2nY/VkWA2xeptjI/AAAAAAAAOew/U-XfqAymCmo/s400/2.jpg

    http://1.bp.blogspot.com/-1gLo99wfxX4/VkWA2wTOXOI/AAAAAAAAOe0/ghUO2sLktFI/s400/3.jpg

    http://3.bp.blogspot.com/-Y_XmfknaXrg/VkWA23GYsqI/AAAAAAAAOe4/8yE8XUKyaU8/s400/4.jpg

    http://2.bp.blogspot.com/-KUMbebHp0wQ/VkWA3H1SQGI/AAAAAAAAOe8/8I0nSHtC3Dk/s400/5.jpg

    ပြည်သူ့လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၃၈ ၊ အမျိုးသားလွှတ်တော် အတွက် ၁၁ဝ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၄၀၁ ဦးရှိနေပါတယ်။

    ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂၈ ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၆၁ ဦး ရရှိနေပါတယ်။

    ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၁၂ ၊ အမျိုးသားလွှတ်တော်အတွက် ၃ ၊ ပြည်နယ်အတွက် ၂၆ ဦး ရရှိနေပါတယ်။

    တိုင်းဒေသကြီးနဲ့ ပြည်နယ် ( တိုင်းရင်းသားလူမျိုး ) လွှတ်တော်ကိုယ်စားလှယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁ဝ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ၂ ဦး၊ ရခိုင်အမျိုးသားပါတီ ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ( ဒူးလေးပါတီ ) ၁ ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ ဦး၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ ဦး တို့ဖြစ်ပါသည်။

    RFA Burmese
    https://www.facebook.com/RFA-Burmese

  • Alinsett @ Maung Thura

    November 13, 2015 at 1:14 pm

    http://1.bp.blogspot.com/-IGbkBoqKEE8/VkV9yZI6fQI/AAAAAAAAOek/iWq8Z9-BBm4/s400/1.jpg

    . ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မှ ၁၃-၁၁-၂၀၁၅ မွန်းတည့် (၁၂းဝ၀)ချိန် ထုတ်ပြန်သည့် ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ်များ အနိုင်ရစာရင်း။

    Union Election Commission

  • kai

    November 13, 2015 at 1:25 pm


    ကဲ…
    သမ္မတဘယ်သူလည်းဗုတ်လုပ်မှာဖြစ်ပါတယ်..
    အချိန် ၃လကျော်ရပါကြောင်း…

    ၁။ ဦးတင်ဦး
    ၂။ ဦးသန့်မြင့်ဦး
    ၃။ ဦးခွန်ထွန်းဦး
    ၄။ ဦးကိုကိုကြီး
    ၅။ ဒေါက်တာသက်သက်ခိုင်
    ၆။
    ၇။
    ၈။

    • ဇီဇီခင်ဇော်

      November 13, 2015 at 1:26 pm

      ဘေးမှာ ကပ်ဘူးလားး??

    • ဇီဇီခင်ဇော်

      November 13, 2015 at 1:32 pm

      ဒေါက်တာ အောင်ထွန်းသက်
      ဒေါက်တာ အေးမောင်
      ဒေါက်တာ ဦးမြင့်
      ဒေါက်တာ တင်မျိုးဝင်း

      ကြားဖူးတဲ့ နာမည်တွေ တန်းစီ ရွတ်ပြတာပါညော်

      • kai

        November 13, 2015 at 1:34 pm

        နာမယ်တွေသာ တန်းစီရေးပေးကြပါ..။
        ကျုပ်က ခြေဥနဲ့တိုက်ပြီး.. စစ်ပေးမယ်..။
        ဒေါ်စုသက်သာအောင်ပါ.. :k:

        • naywoon ni

          November 13, 2015 at 1:46 pm

          ဘွား​တော်​ ​ပြောသွားတဲ့ ​နောက်​ဆုံးစကားကို​ထောက်​ချင်​့ရရင်​ဖြင်​့ သူစိတ်​ကူး ကိုအ​ကောင်​အထည်​​ဖော်​​ပေးမဲ့ သမ္မတ ဖြစ်​ရမယ်​ဆို​တော့ အသက်​အရွယ်​အားဖြင်​့ ၅ဝနဲ့ ၅၅ ကြား လွန်​​ရော ကျွံ​ရော ၅၇/ ၅၈ ထက်​မပို​လောက်​တဲ့ သူဖြစ်​မယ်​လို့ပဲထင်​မိ ။ ပြိီး​တော့ သိပ်​ပြီး ပ​ရော်​ဖက်​ရှင်​ကျတဲ့ ပညာတတ်​ဆိုရင်​လည်​း မဖြစ်​နိုင်​ဘူး ။ ဘာလို့လဲ ဆို​တော့ ဘွား​တော်​ အရိပ်​ဝင်​ရမှာ​လေ ။ ဒီ​တော့ အသက်​အရွယ်​အရ ပြန်​ကြည်​့ရင်​လည်​း ၈၈ ဂျင်​န​ရေးရှင်​းထဲက တစ်​​ယောက်​​လောက်​ဖြစ်​နိုင်​မလား ​တွေးကြည်​့တာ​ပေါ့​နော်​ ။ အဲ့ထဲမှာ ဦးကိုကိုကြီးနဲ့ မင်​းကိုနိုင်​ ဘယ်​သူ့ကို​ရွေးမလဲ အုံးစားကြည်​့ဦးမယ်​ ။

      • pooch

        November 13, 2015 at 3:59 pm

        ၁။ဒေါက်တာအောင်ထွန်းသက်
        ၂။ဦးသန့်မြင့်ဦး
        ၃။ဦးမင်းကိုနိုင်
        ၄။ဦးတင်ဦး
        ၅။ဦးခွန်ထွန်းဦး
        …….
        …….
        ……. :mrgreenn:

  • Alinsett @ Maung Thura

    November 13, 2015 at 2:09 pm

    .မိသား စု ဆရာဝန်လည်း ဖြစ်သူ ဒေါက်တာတင်မျိုးဝင်း ကိုလည်း … ခန့်မှန်း စာရင်းမှာ ထည့်မှ ဖြစ်တော့မလိုလို…..

    ———————-

    .မြန်မာ့နိုင်ငံရေးတွင် အကြီးမားဆုံး အတိုက်အခံ အင်အားစုကြီးတခု ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်ရေး ကြိုးစားလျက်ရှိရာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင်သော်လည်း အစိုးရအဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်မည်ဟု ထုတ်ဖော် ပြောဆိုထားသည်။ ထို့ကြောင့် NLD သမ္မတလောင်း ခန့်မှန်းမှုမှာ မြန်မာ့နိုင်ငံရေးတွင် စိတ်ဝင် စားဖွယ်ရာ အချက်တခု ဖြစ်နေခဲ့သည်။

    သမ္မတလောင်း ခန့်မှန်းမှုများထဲတွင် အစပိုင်း၌ NLD နာယက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အရာရှိ ဦးဝင်းထိန်တို့ ပါဝင်ခဲ့ကြသော်လည်း ကျန်းမားရေး အကြောင်းပြချက်များဖြင့် ကာယကံရှင်များ ကိုယ်တိုင်က ငြင်းဆိုလိုက်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်စိတ်ချမှုကို ခံရပြီး မိသား စု ဆရာဝန်လည်း ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းကို ခန့်မှန်းလာကြပြန်သည်။ ထို့ကြောင့် ခွဲစိတ်အထူးကု ဆရာဝန်ကြီးလည်းဖြစ်၊ NLD ကျန်းမာရေး ကွန်ရက် ၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းကို သူ၏ နိုင်ငံရေး ရည်မှန်းချက်၊ NLD သမ္မတလောင်း ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေ အနေနှင့် တပ်မတော်အပေါ် သူ၏ သဘောထားတို့ကို ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

    မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတလောင်းကို NLD ပါတီဝင် ဖြစ်ရမယ်လို့ ပြောထားတယ်။ သူကိုယ်တိုင်ကတော့ ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင်တော့ဘူး။ ဆိုတော့ NLD မှာ ဘယ်လိုလူမျိုးက သမ္မတလောင်း ဖြစ်လာနိုင်မလဲ။
    ဖြေ ။ ။ ဆရာ မြင်တာက သူ(ဒေါ်အောင်ဆန်းစုကြည်)က ပြည်သူ့ ခေါင်းဆောင်။ လူထုခေါင်းဆောင်။ နောက်တခုက NLD(အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်)ကို စပြီး ဖွဲ့စည်းခဲ့တယ်။ လက်ရှိမှာလည်း ဥက္ကဋ္ဌ ဖြစ်တယ်။ NLD က သမ္မတ ဘယ်သူပဲဖြစ်ဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်မှာက ဒေါ်အောင်ဆန်းစုကြည် ပဲ။ အခုကတော့ သမ္မတလောင်းကို မကြေညာသေးဘူးပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ NLD ပါတီဝင် ဖြစ်ရမယ်။ ပါတီအပေါ်မှာလည်း သစ္စာ ရှိရှိ တာဝန်ထမ်းဆောင်လာတဲ့သူ ဖြစ်ရမယ်။ အရည်အချင်းလည်း ရှိရမယ်။ ဆရာ ထင်တာကတော့ ရွေးကောက်ပွဲ ပြီးလောက်မှပဲ သမ္မတလောင်းကို ကြေညာပေးလိမ့်မယ်လို့ ထင်တယ်။

    မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူပဲ သမ္မတ ဖြစ်ဖြစ် အစိုးရအဖွဲ့ကို သူဦးဆောင်မှာဆိုတော့ သမ္မတလောင်းက သူယုံကြည်စိတ်ချရတဲ့သူမျိုး ဖြစ်ဖို့ လိုပါတယ်။ ပထမတုန်းက ဦးတင်ဦး၊ ဦးဝင်းထိန်တို့ကို ခန့်မှန်းခဲ့ပေမယ့် အသက်အရွယ်အရ သူတို့ မလုပ်နိုင်ကြတော့ဘူးဆိုတော့ အခု အန်တီနဲ့ နီးစပ်တဲ့ ဒေါက်တာ တင်မျိုးဝင်းကို ခန့်မှန်းလာကြတယ်။ တကယ်လို့ သမ္မတလောင်းအဖြစ် ကမ်းလှမ်းလာခဲ့ရင် လက်ခံမှာလား။
    ဖြေ ။ ။ ဆရာ့ ဝါသနာကို ပြောရရင်တော့ ခွဲစိတ် ဆရာဝန် အလုပ်ကိုပဲ နှစ်သက်တယ်။ အခုချိန်ထိလည်း ဆရာခွဲတုန်းပဲ။ သွေးနံ့လေးမှ မရရင် ထမင်းစား မကောင်းဘူး။ အဲတော့ အဓိပ္ပါယ်ကတော့ လိုအပ်လာရင်တော့လည်း ခုနက ပြောသလိုပေါ့လေ။ ဆရာလည်း ထောင်ထဲမှာ ၃ နှစ်။ အရမ်းကို အပင်ပန်း ဆင်း ရဲခံပြီး လုပ်ခဲ့ရတာပါပဲ။ အဲဒါနဲ့ စာရင်တော့လည်း တိုင်းပြည်ကောင်းဖို့အတွက်ကို လုပ်ကိုလုပ်ရမယ်ဆိုရင်လည်း ငြင်းလို့ မရတဲ့ အပိုင်းပါပဲနော်။ အဓိက, က တော့ ဆရာတို့ကို အန်တီကပဲ ဦးဆောင်ပြီးတော့ မူနဲ့ဘာနဲ့ လုပ်မယ့်အခါကျတော့ ဆရာတို့က ဝိုင်းဝန်း ပံ့ပိုးပေးမယ့် သဘောပါပဲ။
    အန်တီကိုယ်တိုင်လည်း ကော့မှူးမှာ ပြောသွားတယ်။ ဆရာတို့ရဲ့ ဝါဒက ဘာလဲဆိုတော့ ပြန်လည်သင့်မြတ်ရေး၊ သဟာဇာတ ဖြစ်ရေးနဲ့ အာဃာတ ကင်းစင် ရေးဆိုတော့ ဘယ်သူပဲ သမ္မတ ဖြစ်လာဖြစ်လာ ဒီမူကို ဆုပ်ကိုင်ထားတဲ့သူဆိုရင် ဆရာတို့ကတော့ သဘောတူမှာပဲ။ ဆရာ ဖြစ်မယ်ဆိုရင်လည်း ဝိုင်းဝန်း ပံ့ပိုးပြီးတော့ လုပ်ဆောင်ပေးရမှာပဲ။ အဓိက တိုင်းပြည်မှာ လိုအပ်တာက အချိန်တိုကာလအတွင်းမှာ အများနဲ့ ဝိုင်းပြီးတော့ လုပ်နိုင်ဖို့အတွက် ဆရာ လိုချင် တယ်။ ဆိုလိုချင်တာက တနေရာ ဝန်ကြီးဆိုပါတော့။ NLD ဖြစ်မှ မဟုတ်ဘူးလေ။ ဘယ်သူမဆို ဒီဟာနဲ့ ကိုက်ညီတယ်ဆိုရင် ဖြစ်ရမှာပေါ့။
    ဆရာတို့စနစ်က အမေရိကန် သမ္မတစနစ်နဲ့ ဗြိတိသျှ ပါလီမာန်စနစ်ကို ရောထားတာ။ အမေရိကန်မှာ သမ္မတ ဖြစ်ပြီးရင် ဝန်ကြီးတွေကို စိတ်ကြိုက်ရွေးခန့်လို့ ရတယ်။ ဒီမှာကျတော့ ပါတီချင်း ပြိုင်ရတယ်။ နိုင်တဲ့ပါတီက သမ္မတ ဖြစ်တယ်။ သမ္မတက သူ့စိတ်ကြိုက်ခန့်ခွင့် ရှိပြန်ရော။ သဘောပေါက်တယ် မဟုတ်လား။ အခု အန်တီပြောနေတဲ့ မူဝါဒကို ဆရာ သဘောကျတာက ဘာပဲဖြစ်ဖြစ် တိုင်းပြည်အတွက် လိုအပ်မယ်ဆိုရင် ဘယ်သူမှ မဟုတ်ဘူး။ ဟိုဘက်၊ ဒီဘက် မဟုတ်ဘူး။ တိုင်းရင်းသား ဘာညာ မဟုတ်ဘူး။ အတွေ့အကြုံနဲ့ တက်ကနိုခရစ်တွေပေါ့။ တက်ကနီရှင်တွေပေါ့။ ကျွမ်းကျင်တဲ့သူ ဖြစ်ဖို့ပဲ လိုတယ်။

    အဲဒီတော့ သမ္မတလည်း ဒီအတိုင်းပဲ။ အားလုံးက ကြည်ဖြူမယ်။ သဘောကျတယ်ဆိုရင် ကိုယ်ပိုင်အရည်အချင်း ရှိမယ်ဆိုရင် ဆရာတို့ လက်ခံတာပေါ့။

    …….

    အင်တာဗျူး အစအဆုံး ဖတ်ရန်…. .>>> http://burma.irrawaddy.org/interview/2015/11/05/98799.html

  • Mike

    November 13, 2015 at 2:19 pm

    တားတား ဆော့ချင်တာ ဆော့လို့ရဘီ
    ဖွန်ကြောင်လို့လဲရဘီ
    ရင်မောဒေါ့ ဘူး
    စိတ်လည်းမစောတော့ …. ဘူး
    ဆဲလည်းဆဲတော့ဘူး
    အဲ့ဒါ
    NLD ……… အစိုးရဖွဲ့ ………နိုင်လို့ပေါ့ …….ခိခိ…ခီများဖွဘုတ်ကကူးလာတာ :))

    • naywoon ni

      November 14, 2015 at 10:48 am

      မိုက်​စ်​ ​နော်​ သူညား အုစ်​စာနဲ့ လုပ်​စားသွားပျံဘီ 🙂

  • ဦးကြောင်ကြီး

    November 16, 2015 at 10:52 am

    အခြေအနေ………. မ………………… ကောင်း…………………………ဗူး…

Leave a Reply