သို့ …. (၁၄-၁၁-၂၀၁၅)

မြစပဲရိုးNovember 14, 20151min18912

ချစ်သောသူငယ်ချင်း နီနီဒွန်း ရေ

အောင်မြင်မှု အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူ ပါကြောင်းပြောလိုပါတယ်။
မင်းတို့ရဲ့ NLD ပါတီကြီး ကိုတော့ ပြည်သူတွေ က ယုံ လို့ ပုံခဲ့လိုက်ကြပြီ။

သူငယ်ချင်းတို့ ရဲ့ စေတနာ နဲ့ စွမ်းရည် ကို ပြဖို့ အတွက် ကိုယ့်တာဝန် အိမ်စာများ ကျေစေချင်ပါတယ်။
မင်းတို့ တွေထဲမှာ စာ ကို သိပ်ပြီး မလိုက်နိုင်ကြမဲ့ သူများလဲ ရှိမှာပါ။
အဲဒီအတွက် အချင်းချင်း တွဲခေါ်ကြပါ။
တစ်ကိုယ်ကောင်း မဆန်ကြပါနဲ့။

အကူအညီ အကြံဉာဏ်များ လိုရင်လဲ တတ်နိုင်တဲ့ သက်ဆိုင်ရာပညာရှင် များ ကို ချည်းကပ်ကြဖို့ ကို မမေ့ပါနဲ့။
တိုင်းပြည် နဲ့ ပြည်သူလူထု အတွက် ကိုယ့်ထမင်းကိုယ်စား အမေစု သား/သမီး ဖြစ်ချင်သူ တွေ  အားရဝမ်းသာ ကူညီဖို့ စောင့်မျှော်နေပါတယ်။
မသိတာ ကို အကူအညီတောင်ရတာ ရှက်စရာမဟုတ်ပါဘူး။
အဲဒီကနေ ဆင့်ပွါးပြီး မြင့်သွားကြဖို့သာ လိုတာပါ။
မွေးထဲ က ဘယ်သူမှတတ်မလာပါဘူး မဟုတ်လား။

လောကကြီး ထဲ စိတ်ဓာတ်ထက်သန်ရင် အရာရာအောင်မြင်မှာပါ။
တစ်ခြားသူများရဲ့ ကျဆုံးမှု ကို သံဝေဂ ယူကြပါ။
ပြည်သူ တွေ ရဲ့ မျှော်လင့်ချက် မျက်ဝန်း တွေ ကို အမြဲ သတိရနေပါ။

မင်းတို့ အားလုံး ထိုင်ခုံပေါ်ရောက်ချိန် အပြစ်ထောက်ပြမဲ့ သူတွေထဲ
ကိုယ်လဲ ရှေ့ဆုံး က ရှိနေတော့မှာ။ 😉

တကယ်တော့ အပြစ်ရှာခံရတာ ကောင်းပါတယ်။
ပိုပြီး ကောင်းဖို့ တိုးတက်ဖို့ ဖြစ်ပါတယ်။
အမှားမြင်ရင် သေးသေးကြီးကြီး ထောက်ပြကြရမှာပါ။
အဲဒီဟာ ကို စိတ်အခံကောင်းကောင်း နဲ့ လက်ခံနိုင်ဖို့ က အရေးတကြီး လိုပါတယ်။
ထောက်ပြတဲ့ အထဲ က အမှန်တကယ် ပြင်သင့်တာတွေ ကို ပြင်ရပါမယ်။
တစ်ချို့ဟာတွေ က တော့ အပြုသဘောမပါရင် လစ်လျုရှု သင့်တာလဲ ရှု ရမှာပေါ့။

အခု ပထမဆုံး အနေနဲ့
အမေရိကား တက္ကသိုလ် တစ်ခု က တက္ကသိုလ် ဆရာ လဲ ဖြစ်၊ အတိုင်ပင်ခံပညာရှင် လဲ ဖြစ်တဲ့ Dr. Jerry Dean Epps ရေးထားတဲ့ The Democracy ဆိုတဲ့ စာအုပ်ထဲ က စာပိုဒ် လေး တစ်ပိုဒ် ကို မျှချင်ပါတယ်။
သူက အဲဒီ စာအုပ်ကို ကျောင်းသား/သူ လေးများ အတွက် ရည်ရွယ်ရေးခဲ့တာပါ။
ဖတ်ကြည့်ပါ။
အဲဒီထဲ က လို အတတ်နိုင်ဆုံး ကြိုးစာပြီး လိုက်နာကြပါ။
သူငယ်ချင်းတို့ အားလုံး ဆင်းရဲတွင်းက ပြည်သူတွေ အတွက် အတတ်နိုင်ဆုံး ကြိုးစားကြမယ် ဆိုတာကို ယုံကြည်နေပါရစေ။

ချစ်သော မြေ နဲ့ လူထု အတွက် ခေါင်းဆောင်ကောင်း ရဲ့ လမ်းပြမှု နဲ့ ကိုယ်ကျိုးမကြည့်ဘဲ အကောင်းဆုံးပံ့ပိုးပြီး ကြိုးစားသွားကြပါစို့လား။
ဆန္ဒမွန်ဖြင့် ဆုမွန်တောင်းလျှက်
မင်းရဲ့  ချစ်သော ……

ဒီမိုကရေစီ ဖတ်စာ မှ (The Democracy – Dr. Jerry Dean Epps)

အခြေခံသဘော (၁၀) – ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များသည် ပြည်သူများကို ကိုယ်စားပြုသည်။ သူတို့ ကိုယ် သူတို့ ကိုယ်စား မပြု။

ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များသည် ပြည်သူများကို အလေးထားသည်။ ပြည်သူများ၏ အသံကို ကြားချင်သည်။ အချို့စီမံ ခန့်ခွဲသူများနှင့် ဥပဒေပြုသူများသည် ပြည်သူများကို မကြိုက်ပါ။
ပြည်သူများသည် သူတို့၏ နှလုံးသား ထဲတွင် မရှိပါ။ သူတို့တစ်တွေသည် ကောက်ကျစ်သူများ၊ အတ္တကြီးသူများ ဖြစ်ကောင်းဖြစ်ပါမည်။
သို့သော် ကိုယ်စားလှယ်ကောင်းများ မှာတော့ သနားကြင်နာစိတ် ရှိကြပါသည်။
သူတို့၏ နှလုံးသားထဲတွင် ပြည်သူများရှိပါသည်။ သူတို့က ပြည်သူများကို စာရေး အသိပေး ဆက်သွယ် ဖို့ ၊ အီးမေး ဖြင့် ဆက်သွယ်ဖို့ ပန်ကြားပါမည်။
ပြည်သူအများ၏ လိုအပ်ချက်များကိုလဲ သူတို့သိချင်ကြပါသည်။ ပြည်သူများကို ဘယ်လိုကူညီရမလဲ ဆို တာ ကိုလဲ သူတို့သိချင်ကြပါသည်။
စီမံခန့်ခွဲသူဆိုးများ နှင့် ဥပဒေပြုသူဆိုး များအကြောင်း ကို ကြားဘူးကြပါလိမ့်မည်။ သူတို့ တစ်တွေကတော့ ပြည်သူ့ဘဏ္ဍာငွေတွေ နှင့် တန်ဖိုးကြီးကားတွေ ဝယ်ပြီး စီးကြပါလိမ့် မည်။
ဧရာမကိုယ်ပိုင်အိမ်ကြီးတွေ ဆောက်၍နေကြပါလိမ့်မည်။ ထိုအချက်များက သူတို့သည် ပြည်သူအများကို ဂရုမစိုက်ကြောင်းပြပါသည်။ သူတို့တစ်တွေ ကို “စိတ်နှလုံးကောင်း” မရှိသူများ ဟုခေါ်ပါသည်။
ဥပဒေပြုသူကောင်းများ၊ စီမံခန့်ခွဲသူကောင်းများ ကတော့ “စိတ်နှလုံးကောင်း” ရှိသူများ ဟု ခေါ်ပါသည်။
ပြည်သူများ၏ အသံကို စီမံခန့်ခွဲသူကောင်းများ နှင့် ဥပဒေပြုသူကောင်းများ ကြားလျှင် ပြည်သူများ၏ ကလေးငယ်များအတွက် ကျောင်းကောင်းကောင်း လိုသည်ဟု သိပါသည်။
ပြည်သူပြည်သား မိသားစုများသည် ဆရာဝန် များနှင့် သူနာပြုများ လိုအပ်ပါသည်။
လယ်သမားများကတော့ အထွက်တိုး သီးနှံများ စိုက်ပျိုးဖို့နှင့် သူတို့၏မွေးမြူထားသော တိရိစ္ဆာန်များ ကျန်းမာဖို့ အကူအညီများ လိုအပ်ပါသည်။
လမ်းတွေဖောက်ဖို့၊ ပေါက်ပြဲတဲ့ လမ်းတွေ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ပါသည်။
ထိုလိုအပ်ချက်များအားလုံးသည် အရေးကြီးသောလိုအပ်ချက်များ ဖြစ်ပါသည်။
စီမံခန့်ခွဲသူဆိုးများနှင့် ဥပဒေပြုသူဆိုးများသည် ပြည်သူများ၏ လိုအပ်ချက်များကို ဂရု မစိုက်ကြပါ။
သူတို့၏ကောင်းစားရေးနှင့် သူတို့မိတ်ဆွေများ ကောင်းစားရေးသည်သာ အဓိက ဖြစ်ပါ သည်။ ပြည်သူများ၏အသံကိုလဲ သူတို့မကြားချင်ကြပါ။
ထိုကဲ့သို့ပြုမူနေကြခြင်းသည် မှားယွင်းသောလုပ်ရပ်ဖြစ်ပါသည်။ သူတို့ကို ရွေးချယ် တင်မြှောက်ခဲ့ခြင်းမှာ သူတို့ကောင်းစားရေးအတွက် လုပ်ရန်မဟုတ်ပါ။
ပြည်သူလူထုကို အလုပ် အကျွေး ပြုဖို့ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ထိုအကြောင်းကြောင့် ပြည်သူအများ၏အသံကို ပြည်သူ့ကိုယ်စားလှယ်များက ကြားရပါ မည်။
ထို့နောက် ပြည်သူလူထုအများစု၏ ဘဝ တိုးတက်ကောင်းမွန်စေမည့် နည်းနာများ အတိုင်း ဥပဒေ များ ကိုချမှတ်ရပါမည်။ စီမံခန့်ခွဲမှုများ ပြုလုပ်ရပါမည်။
ဒီမိုကရေစီ စနစ် တစ်ခု တွင် ဥပဒေပြုသူများ နှင့် စီမံခန့်ခွဲသူများသည် ပြည်သူများ၏ အသံကို ကြားချင်ကြပါ သည်။
သူတို့၌ “စိတ်နှလုံးကောင်း” ရှိကြသည်။
သူတို့က ပြည်သူတွေကို ဂရုစိုက်သည်။

12 comments

  • သိပ် အများကြီးမျှော်လင့်မထားပါဘူး

    မခိုးတဲ့ အစိုးရ အုပ်ချုပ်နေရင် အခြေခံအဆင့်တော်တော်များများ

    မှာ တစထက် တစ နည်းနည်းခြင်းကောင်းလာမယ်လို့မျှော်လင့်ထားပါတယ်

    ခေါင်းဆောင်ကောင်းနောက်မှာ နောက်လိုက်ကောင်းနဲ့ ပြည်သူကောင်းတွေ အချိုးညီလာမယ် လို့ ယုံကြည်ထားပါတယ်

  • kai

    November 15, 2015 at 4:38 pm

    အဲဒီ..အရီးလတ်ဘာသာပြန်စာအုပ်လေးရှိရင် ပြန်ပေးပါဦး..
    ဒီမှာ… ရှယ်ကြရအောင်…

    • မြစပဲရိုး

      November 15, 2015 at 10:07 pm

      သူကြီးဆီ ပို့ပေးလိုက်ပါ့မယ်။ Thanks.

  • Ma Ma

    November 16, 2015 at 8:32 am

    အခုအရွေးခံရတဲ့ NLD ကိုယ်စားလှယ်တွေ အနေနဲ့ ပါတီအလံကြောင့် အနိုင်ရတယ်ဆိုတာ မမေ့စေချင်ဘူးလို့ ဒေါ်စုက ကြိုတင်ပြောခဲ့တယ်။

    ရွေးကောက်ပွဲမတိုင်ခင်ကာလတွေမှာ NLD ကိုယ်စားလှယ်တွေ သူတို့ရဲ့မဲဆန္ဒနယ်တွေမှာ လူထုနဲ့တွေ့ပြီး ပြောခဲ့တဲ့ ဗွီဒီယိုဖိုင်တချို့ နားထောင်ရတယ်။

    ကြားရသမျှကနေ သူတို့ရဲ့ အရည်အချင်း စိတ်ဓာတ်တွေ ဖတ်ကြည့်ရတာ အမေစု သားသမီးပီသကြလို့ အားရစရာ အခြေအနေတွေပဲလို့ မြင်မိတယ်။

  • ဦးကြောင်ကြီး

    November 16, 2015 at 10:31 am

    ပွဲက ယခုမှ စသည်မို့ ကြည့်လ ျအူးတော့မှာပဲ.. ဒီချုပ် ဘယ်လောက် စွမ်းသရဲ ဆိုဒါ။ ဒါနဲ့စပ်လို့ ဒီဗွီဘီ ကမေးတဲ့ ပညာတတ်တွေကို နေလ ျှာပေးမှလား မေးခွန်းကို ဘွားဒေါ်က ဦးခင်မောင်စိုးလေ ျ အစခ ျီပီး ပညာတတ်ဆိုဒါ ဘာကိုဆိုသလဲ.. …… …. ဖြေသွားလယ်…။ လာမည့် နိုင်ငံလေ ျး အခင်းအက ျင်းဗေါ် မူတည်လို့ တက်ကနိုခရက် နဲ့ ဒူပေတာပေခံ နိုင်ငံရေးသမား ဘယ်သင်း ဦးစားပေးမည်နည်း ဘွားဒေါ် ရွေးလ ျပါတော့မည်။ ဒန် တန့် တန်…..

    • မြစပဲရိုး

      November 16, 2015 at 5:15 pm

      တိုင်းပြည် ကို စေတနာမထား တဲ့ ပညာရှင် ဒေါက်တာ ဘွဲ့ရ တွေ ထက် တိုင်းပြည် ကို စေတနာ မရှိ တဲ့ ပညာမတတ်သူ ကို ဝိုင်းပံ့ပိုး ပြီး အလုပ် ကို စေခိုင်းချင်ပါတယ်။
      အဲဒီလိုပညာမတတ်သူ တွေ ဒီ ငါးနှစ် အတွင်း ထူးချွန်လို ရင် ထူးချွန်နိုင်ပါတယ်။
      ပညာ ဆိုတာ ဘွဲ့ထူး ရတာ လို့ သတ်မှတ် ရင် အဲဒီလို သတ်မှတ်တဲ့လူ ဟာ ပညာမတတ်လို့ဘဲ။
      ကျွန်မ အဖိုး အတန်းပညာတောင်မရှိခဲ့ပါဘူး။
      ဘုန်းကြီးကျောင်းပညာ ပါဘဲ။
      ဒါပေမဲ့ တစ်ချိန်တုန်းက သူ့ရပ် သူ့ရွာ ကို အရမ်းတိုးတက်အောင် လုပ်ပေးနိုင်ခဲ့တာပါ။

      ပညာတတ်ပြီး ဘွဲ့ထူး လဲ ရ တိုင်းပြည် ကိုလဲ စေတနာရှိ ဆိုရင်တော့ သား ရွှေအိုးထမ်း လာတာ မြင်လိုက်ရတဲ့ အခြေပေါ့။

  • kai

    November 16, 2015 at 11:54 am

    တိုင်းပြည် ပိုက်ပိုက်ရှိ.. ချမ်းသာဖို့ပဲလိုတယ်..။
    လူတွေများများမွေးကြ…။

  • ဇီဇီခင်ဇော်

    November 17, 2015 at 8:08 am

    NLD က နိုင်ငံရှေ့ဆက်မယ့် မူဝါဒလမ်းစဉ်အချက် ၅ ချက်ထုတ်ပြန်ထားပါတယ်။

    (၁) အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေး များရပ်ဆိုင်းပါမည်။
    အခွန်ရှောင်မှုများကို နှိမ်နင်းပြီး အခွန်အခများ အပြည့်အဝ ရအောင် ဆောင်ရွက်သွားပါမယ်။
    ဝန်ကြီးဌာနများရဲ့ မလိုအပ်တဲ့ အသုံးစရိတ်များကို လျှော့ချသွားပြီး၊ ပြည်သူ့အတွက် လိုအပ်တဲ့ လူမှုကိစ္စများအတွက် အသုံးချသွားပါမည် ။

    (၂) လာဘ်စားမှုများ တိုက်ဖျက်ပြီး တရားဥပဒေစိုးမိုးမှုရှိရေး၊ ဝန်ကြီးဌာနများ တာဝန်ယူတတ်မှုရှိရေးတို့ကို လုပ်ဆောင်ပါမည်။
    စုစည်းလုပ်ကိုင်မှု အားနည်းနေသော အစိုးရဌာန ယန္တယားများကို ပြင်ဆင်ဖွဲ့စည်းသွားပါမည်။

    (၃) စိုက်ပျိုးရေးကဏ္ဏ ဖွံ့ဖြိုးအောင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများကိုဖိတ်ခေါ်ပြီး၊ လယ်သမားများကို ချေးငွေများ၊ လယ်လုပ်ပိုင်ခွင့်များ ဖေါ်ဆောင်ပေးသွားပါမည်။

    (၄) တိုင်းပြည်ဘဏ္ဍာရေး ငွေကြေးခိုင်မာရေးများအတွက် ဗဟိုဘဏ်ကို ပြန်လည်ဖွဲ့စည်း၍ လုပ်ပိုင်ခွင့်အပြည့်အဝပေးပြီး ငွေကြေးကဏ္ဏကို ထိန်းညှိသွားပါမည်။

    (၅) အခြေခံအဆောက်အအုံများကို နိုင်ငံခြားချေးငွေများ အကူညီများနဲ့ ဖြည့်တင်းတည်ဆောက်ပေးသွားပါမည်။

    Credit – Ye Thu Aung Thwin

    • kai

      November 17, 2015 at 1:36 pm

      ဖြုတ်မယ့်ဝန်ကြီးဌာနတွေထဲ… သာသနာရေး၊ ပြန်ကြားရေး။ ထိပ်ဆုံးစာရင်းတို့စေချင်တယ်..။
      ယူအက်စ်ဖယ်ဒရယ်ဝန်ကြီးဌာနစာရင်း.. နီးပါးလောက်ဆို.. အိုကေမှာပါ။
      နယ်စပ်တွေကအရေးကြီးတော့.. နယ်စပ်ရေးရာကတော့ ထည့်ထားပေါ့..။
      =
      All departments are listed by their present-day name and only departments with past or present cabinet-level status are listed. Order of succession has always included the Vice President (1) as the first in line; at times – including presently – the Speaker of the House (2) and the President pro tempore of the Senate (3) have also been included.
      All departments are listed by their present-day name and only departments with past or present cabinet-level status are listed. Order of succession has always included the Vice President (1) as the first in line; at times – including presently – the Speaker of the House (2) and the President pro tempore of the Senate (3) have also been included.

      Department

      State
      Treasury
      Justice
      Interior
      Agriculture
      Commerce
      Labor
      Defense
      Health and Human Services
      Housing and Urban Development
      Transportation
      Energy
      Education
      Veterans Affairs
      Homeland Security
      Total outlays, employees:

      • ဇီဇီခင်ဇော်

        November 18, 2015 at 8:31 am

        ဟမ်မငေးးး
        သယ်ချင်းတစ်ယောက် ကို နောက်ချင်ဇော နဲ့ ရှာလိုက်တာ။
        နာတို့ နိုင်ငံရဲ့ ဝန်ကြီးဌာန တွေ တဲ့ အရပ်ကတို့။
        စာရင်းကြည့်ရတာ အားရှိလိုက်တာ။ ဘာကျန်သေးတုန်းး???
        အစိုးရသစ် လက်ထက်မှာ ဝန်ကြီး ဌာန ပေါင်း ၃၄ ခု ရှိ ဆို???
        ~~~~~~~~~~~~
        1. စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
        2. အမှတ်(၁) စက်မှုဝန်ကြီးဌာန
        3. အမှတ်(၂) စက်မှုဝန်ကြီးဌာန
        4. သာသနာရေးဝန်ကြီးဌာန
        5. နိုင်ငံခြားရေးဝန်ကြီးဌာန
        6. သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
        7. အားကစားဝန်ကြီးဌာန
        8. ဆက်သွယ်ရေး ၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန
        9. ပို့ဆောင်ရေး ဝန်ကြီးဌာန
        10. မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
        11. ဆောက်လုပ်ရေးဝန်ကြီးဌာန
        12. အလုပ်သမားဝန်ကြီးဌာန
        13. စွမ်းအင်ဝန်ကြီးဌာန
        14. သစ်တောရေးရာဝန်ကြီးဌာန
        15. ဟော်တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
        16. ကျန်းမာရေးဝန်ကြီးဌာန
        17. သတင်းမီဒီယာ Website Gallery
        18. ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာန
        19. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးဌာန၊
        20. သမဝါယမ ဝန်ကြီးဌာန
        21. မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
        22. လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
        23. သမ္မတရုံး ဝန်ကြီးဌာန
        24. အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန
        25. လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
        26. လျှပ်စစ် ဝန်ကြီးဌာန
        27. ကာကွယ်ရေး ဝန်ကြီးဌာန
        28. ပြည်ထဲရေး ဝန်ကြီးဌာန
        29. ပညာရေးဝန်ကြီးဌာန
        30. နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန

        ဟောဟဲ
        ဟဲဟော

        အလုပ်မဖြစ်တဲ့ ဌာနတွေ အများကြီး

        :k:

        • ဇီဇီခင်ဇော်

          November 18, 2015 at 8:40 am

          ဒါက ဒီပေ့(ချ) က ယူလာတာ။
          https://www.facebook.com/profile.php?id=100004738068329
          ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

          သမ္မတရုံး ဝန်ကြီး (၆) ဦးမပါ ဝန်ကြီးဌါန (၃၀)ရှိနေပါတယ်။
          (ကျွန်တော်သိသလေါက် ပေါင်းစပ်သင့်တဲ့ ဝန်ကြီးဌါနတွေကို စိတ်ကူးရင် ပေါင်းစပ်ကြည့်ထားတာပါ။လိုအပ်သလို ဝေဖန်ကြပါ။ တချို့ဝန်ကြီးဌါနတွေက ဟိုတပိုင်း ဒီတပိုင်းပေါင်းမှ အဆင်ပြေမည်ထင်ပါတယ်။
          ၁/ကျန်းမာရေး+အားကစား+(အဟာရ=FDA) (အဟာရကတော့ နိုင်ငံရဲ့လိုအပ်ချက် အရ fdaကို ဦးစီးဌါန တခုအနေနဲ့ရှိဖို့လိုအပ်မည်ထင်လို့ပါ)
          ၂/လယ်ဆည်+သစ်တော+မွေးရေ
          ၃/ပညာရေး+ယဉ်ကျေးမှု
          ၄/ဆက်သွယ်ရေး+သိပ္ပံနည်းပညာ+စက်မှု
          ၅/စီးပွားကူးသန်း+ဟိုတယ်ခရီး
          ၆/စွမ်းအင်+လျှပ်စစ်
          ၇/ဘဏ္ဏာရေး
          ၈/စီမံကိန်းနှင့်စီးပွားဖွံ့ဖြိုး
          ၉/ပို့ဆောင်ရေး+ရထါး
          ၁၀/လူမှုဝန်ထမ်း/ပြန်လည်+အလုပသမားအလုပ်အကိုင်/လူမှုဖူလုံ+သမဝါယမ
          ၁၁/ကါကွယ်ရေး
          ၁၂/ပြည်ထဲရေး
          ၁၃/နယ်စပ်နဲ့တိုင်းရင်းသား
          ၁၄/နိုင်ငံခြားရေး
          ၁၅/သာသနာရေး
          ၁၆/လူဝင်မှုကြီးကြပ်ရေး
          ၁၇/သတ္ထုတွင်း
          ၁၈/ဆောက်လုပ်ရေး နောက်ဆုံးအသစ်ကတော့
          ၁၉/တရားရေးဝန်ကြီးဌါန ဖြစ်ပါတယ်။
          အရင်တုန်းကတော့ ပြည်ထဲရေး အောက်မှာ သာသနာရေးတို့ လူဝင်မှုကြီးကြပ်ရေးတို့ရှိခဲ့တာပါ။ ယ္ခုအခြေအနေအရ ပေါင်းစည်းဖို့ခက်ခဲ့မယ်ထင်ပါတယ်ခင်ဗျာ။
          ကဲ ရဲဘော်ပြည်သူတို့ ဝေဖန်ပေးကြပါအုံး။

        • kai

          November 18, 2015 at 10:07 am

          လူ သန်း ၃၀ဝ ကျော် ယူအက်စ်က… အောက်ကစာရင်းအတိုင်းဆို ၁၅ခုပဲရှိတယ်။
          မြန်မာက.. အဲလောက်ပဲဆိုမဆိုးဘူး…။

          ၁။ State နိုင်ငံခြား
          ၂။Treasury ဘဏ္ဍာ
          ၃။ Justice တရား
          ၄။ Interior ပြည်ထဲ
          ၅။ Agriculture လယ်ယာ
          ၆။ Commerce စီးပွား
          ၇။ Labor အလုပ်သမား
          ၈။ Defense ကာကွယ်
          ၉။ Health and Human Services ကျန်းမာ
          ၁၀။ Housing and Urban Development ဆောက်လုပ်
          ၁၁။ Transportation လမ်းပန်းဆက်သွယ်
          ၁၂။ Energy စွမ်းအင်
          ၁၃။ Education ပညာ
          ၁၄။ Veterans Affairs စစ်ပြန်
          ၁၅။ Homeland Security လုံခြုံ

Leave a Reply