စစ်ဗိုလ်ချုပ်တွေဟာ ….
တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား…
=============================
ရေးသားသူ – နေရီ ( ရဲမိုး )

*************************************

၁၉၈၈ခု စက်တင်ဘာ ၁၈ရက်မှာ
တပ်မတော်က အာဏာသိမ်းပြီး
စစ်အစိုးရတစ်ရပ် တက်လာခဲ့ပါတယ် ။
စစ်အစိုးရ ဖြစ်တဲ ့အတွက်
အာဏာသုံးရပ်ကို တစ်ပေါင်းတည်း ချုပ်ကိုင် ကျင့်သုံးပါတယ် ။
အာဏာရဲ ့အထွတ်အထိပ်ကတော့
ဗိုလ်ချုပ်ကြီးများ အများအပြား ပါဝင်တဲ ့ ကောင်စီဖြစ်ပါတယ် ။
ဗိုလ်ချုပ်တွေ အများအပြားပါဝင်တယ်ဆိုပေမယ့်လဲ
တကယ်တန်း အာဏာရှိတဲ ့ သူကတော့
ထိပ်တန်းဗိုလ်ချုပ်ကြီး သုံးလေးဦး မျှသာ ဖြစ်တယ်လို ့ ဆိုပါတယ် ။

စစ်အစိုးရ လက်ထက်မှာ
တိုင်းပြည်ရဲ ့စီပွားရေး လူမှုရေး စစ်ရေး ကဏ္ဍတွေအတွက်
စီမံကိန်းတွေ အများအပြား
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ် ။
ဒီစီမံကိန်းတွေဟာ အောင်မြင်တာ ရှိသလို
မအောင်မြင်တာတွေလဲ ရှိပါတယ် ။
ဒီစီမံကိန်းတွေ လုပ်ဆောင်တဲ ့နေရာမှာ
နိူင်ငံတော်ရဲ ့ဘတ်ဂျက်ကို
အထက်မှာ ဖော်ပြခဲ့တဲ ့ စစ်ကောင်စီကပဲ ထိန်းချုပ်သုံးစွဲခဲ့ပါတယ် ။

စစ်အစိုးရဟာ တိုင်းပြည်ရဲ ့ဘယ်ကဏ္ဍကို
ဘယ်လောက်ငွေပမာဏသုံးစွဲခဲ့တယ်ဆိုတာ
ထုတ်ပြန်ကြေငြာခြင်း မပြုခဲ့ပေမယ့်
ကာကွယ်ရေးကဏ္ဍမှာ
အများဆုံးသုံးစွဲခဲ့တယ်ဆိုတဲ ့ အချက်ကိုတော့
အကြမ်းဖျင်း မှန်းဆသုံးသပ်နိူင်ပါတယ် ။
အတည်မပြုနိူင်တဲ ့ သတင်းတွေအရ
တစ်ခါတစ်ရံမှာ ဘတ်ဂျက်ရဲ ့ ၆ဝရာခိုင်နူန်းအထိ သုံးစွဲပြီး
တပ်မတော်ကို အကြီးအကျယ် အဆင့်မြှင့်တင်ခဲ့တယ်လို ့ ဆိုပါတယ် ။
ဒီအခါမှာ စစ်အစိုးရဟာ
တပ်မတော်ကို တကယ် အဆင့်မြှင့်တင်ခဲ့ရဲ ့လား ဆိုတဲ ့
မေးခွန်းတစ်ခု ပေါ်ပေါက်လာပါတယ် ။

ဒီမေးခွန်းဟာ အင်မတန် ရှုပ်ထွေး အငြင်းပွားရတဲ ့ မေးခွန်းပါ ။ စစ်ရေးအဆင့်မြှင့်တင်မှုတွေဟာ
ဘယ်နိူင်ငံမှာပဲ ဖြစ်ဖြစ် သိပ်ပြီး ပွင့်လင်းမြင်သာ
သတင်းထုတ်ပြန်လေ့ရှိတဲ ့ အခန်းကဏ္ဍမဟုတ်ပါဘူး ။
ဒါဆိုရင် မြန်မာနိူင်ငံ စစ်အစိုးရလို အင်မတန် လျို ့ဝှက်ပြီး
တစ်သီးတစ်ခြားနေလေ့ရှိတဲ ့ စစ်အစိုးရတစ်ရပ်အဖို ့
ဒီလိုကိစ္စမျိုးကို သတင်းထုတ်ပြန်ဖို ့ဆိုတာ
အင်မတန်မှ မဖြစ်နိူင်တဲ ့ကိစ္စရပ်တစ်ခုပါပဲ ။

ဒါပေမယ့် သေချာတာတစ်ခုကတော့
စစ်အစိုးရအနေနဲ ့ ပြင်ပအကူအညီ မရရှိဘဲ
တပ်မတော်ကို အဆင့်မြှင့်တင်ဖို ့ဆိုတာ
အလွန်ခက်ခဲလွန်းလှပါတယ် ။
ပြင်ပအကူအညီ ရယူရပြီဆိုတာနဲ ့
သတင်းပေါက်ကြားမှုတွေ ဖြစ်လာခဲ့ပြီဆိုတာလဲ
ဓမ္မတာ တစ်ခုလို ဖြစ်နေပါတယ် ။

ရနိူင်သမျှ ပြင်ပသတင်းအချက်အလက်တွေကို
စုဆောင်းကောက်ချက်ဆွဲကြည့်တဲ ့အချိန်မှာ
စစ်ဗိုလ်ချုပ်တွေဟာ ….
တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား ဆိုတဲ ့ မေးခွန်းကို
အကြမ်းဖျဉ်း ပုံဖော်လာနိူင်တယ်လို ့ဆိုရမှာ ဖြစ်ပါတယ် ။

ဒီမေးခွန်းမှာ ပထမဆုံး စပြီး ချဉ်းကပ်ရမယ့် အချက်ကတော့
၁၉၈၈ ခုနှစ် မတိုင်မီ တပ်မတော် ရဲ ့အခြေအနေ ဖြစ်ပါတယ် ။
ပြည်ပ ကာကွယ်ရေး ဝက်ဆိုဒ်နဲ ့
ဩဇာရှိ ကာကွယ်ရေးဆိုင်ရာ စာစောင်တွေရဲ ့အဆိုအရ
၁၉၈၈ ခုနှစ် မတိုင်မီက မြန်မာ့ တပ်မတော် ရဲ ့အင်အားဟာ
တိုက်ခိုက်ရေး တပ်မ ၈ခု နဲ ့
တပ်ဖွဲ ့ဝင် ၂သိန်း မပြည့်တပြည့်သာ ရှိခဲ့ပါတယ် ။
အတိအကျ ပြောရမယ်ဆိုရင်
ကြည်းတပ်မှာ ၁၈၄,၀၂၉ ယောက် ၊
ရေတပ်မှာ ၈,၀၆၅ ယောက် နဲ ့
လေတပ်မှာ ၆, ၅၈ရ ယောက် တို ့ဖြစ်ပါတယ် ။

တပ်ဆင်ထားတဲ ့လက်နက်၊ စစ်ယာဉ်တွေဟာ
ဒုတိယ ကမာ္ဘစစ် က သုံးခဲ့တဲ ့ လက်နက်အမျိုးအစား အများစု နဲ ့
၁၉၆ဝ နှစ်ဦးပိုင်းမှာ ထုတ်လုပ်ခဲ့တဲ ့
လက်နက်အမျိုးအစား တစ်ချို ့သာ ဖြစ်ပါတယ် ။

ဆက်သွယ်ရေး စနစ် နဲ ့ထောက်ပံ ့ပို ့ဆောင်မှု စနစ်တွေဟာ
အရွယ်အစားသေးငယ်တဲ ့
စစ်ဆင်ရေး မျိုးတွေကိုသာ ထောက်ပံ ့နိူင်စွမ်းရှိပြီး
ရေတပ်ဟာ မြစ်တွင်း နဲ ့ ကမ်းခြေစောင့် စစ်ရေယာဉ်
အနည်းငယ်ကိုသာ ပိုင်ဆိုင် ပါတယ် ။
လေတပ်ဟာ လဲ မြေပြင်တပ်ဖွဲ ့များကို သာ
အထောက်အပံ ့ပေးနိူင်စွမ်းရှိပြီး အင်အား အလွန်နည်းပါးလွန်းလှပါတယ် ။

ဒါပေမယ့် ၁၉၉ဝ ခုနှစ် နှစ်ဦးမှာတော့
မြန်မာ့တပ်မတော်ဟာ တစ်မျိုးတစ်ဖုံ
စတင်ပြောင်းလဲနေတယ်ဆိုတဲ ့အချက်တွေကို
သိသိသာသာ မြင်တွေ ့စပြုလာရပါတယ် ။

တပ်မတော် အနေနဲ ့
ပထမဆုံး ပြုပြင်ပြောင်းလဲဖို ့ကြိုးစားတာကတော့
ကာကွယ်ရေး သိပံ္ပ နဲ ့ …
နည်းပညာ ဆိုင်ရာ အဆောက်အအုံတွေ ဖြစ်ပါတယ် ။

၁၉၉ဝ ခုနှစ် နောက်ပိုင်း မြန်မာနိူင်ငံ အလယ်ပိုင်း ဒေသအချို ့က
တပ်မတော် ကာကွယ်ရေးပစ္စည်း စက်ရုံတွေဟာ
တပ်မတော်ရဲ ့လက်ရှိ အသုံးပြုနေတဲ ့
အနောက်ဂျာမဏီ ဖက်စပ် ၇.၆၂ မီလီမီတာ ကျည်သုံး ..
G3 မောင်းပြန်ရိုင်ဖယ်တွေ ကို အစား ထိုး နိူင်ဖို ့အတွက်
၅.၅၆ မီလီမီတာ ကျည်သုံး မောင်းပြန်ရိုင်ဖယ် အသစ်တစ်မျိုး နဲ ့
ခြေလျင်တပ်သုံး လက်နက်မျိုးစုံတို ့ကို
အကြီးအကျယ် စတင် စမ်းသပ်နေကြပါတယ် ။

လက်နက်ပုံစံ အသစ်တွေဟာ
၁၉၉၅ နှစ်ဦးမှာ စတင် ထုတ်လုပ်တဲ ့အဆင့်ကို ရောက်ရှိလာပြီး
၁၉၉၈ ခုနှစ် ဝန်းကျင်မှာ
တပ်မတော် တစ်ခုလုံးက တိုက်ခိုက်ရေးတပ်မတွေကို
စတင် လဲလှယ်တပ်ဆင် ပါတယ် ။
အဲဒီ လက်နက်တွေကတော့ မြန်မာ့ တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ ့
MA series မောင်းပြန်ရိုင်ဖယ်များ ၊ စက်သေနတ်များ ၊ မော်တာများ ၊
လောင်ချာများ ၊ မိုင်းများ အစရှိတဲ ့လက်နက်တွေပဲ ဖြစ်ပါတယ် ။

အလားတူပဲ ၁၉၉ဝ ခုနှစ် နှစ်ဦးပိုင်းမှာ
တပ်မတော် ရဲ ့ သံချပ်ကာ တပ်ဖွဲ ့တွေဟာ
ခေတ်မီ တိုက်ခိုက်ရေး သံချပ်ကာယာဉ်တွေကို စတင် လက်ခံရရှိပါတယ် ။

နိူင်ငံတကာ ကာကွယ်ရေးဆိုင်ရာ ဝက်ဘ်ဆိုဒ်တွေရဲ ့အဆိုအရ
ဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာ
T 72 ပင်မ တိုက်ပွဲဝင် တင့် ၁၃၉ စီး ( ယူကရိန်း ၊ ရုရှား ) ၊
Type 59 D ပင်မ တိုက်ပွဲဝင် တင့် ၂၈ဝ စီး + ( တရုတ် ) ၊
Type 69 .2 ပင်မ တိုက်ပွဲဝင် တင့် ၁၉ဝ စီး + ( တရုတ် ) ၊
Type 80 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် ) ၊
Type 85 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် ) ၊
Type 55 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( အိနိ္ဒယ ) ၊
Type 63 အပေါ့စား တင့် ၁၅ဝ စီး + ( တရုတ် ) ၊
BTR 3U IFV သံချပ်ကာ တိုက်ယာဉ် ၁၀၀ဝ စီး +
( ယူကရိန်း နှင့် ဖက်စပ် ပြည်တွင်းတွင် ထုတ်လုပ်သည် ) ၊
Type 85 APC သံချပ်ကာ လူသယ်ယာဉ် ၂၅ဝ စီး ( တရုတ် ) ၊
Type 90 APC သံချပ်ကာ လူသယ်ယာဉ် ၂၄ဝ စီး ( တရုတ် ) ၊
EE 9 Cascavel AFV သံချပ်ကာတိုက်ယာဉ် ၁၄ဝ စီး ( ဘရာဇီး ) ၊
AML 90 Armoured Cars ( ×× ) စီး ( တောင်အာဖရိက ) ၊
72 MAV -1 IFV သံချပ်ကာ တိုက်ယာဉ် ( ×× ) ( ပြည်တွင်းထုတ် ) တို ့ကို
လက်ခံ ရရှိခဲ ့တယ်လို ့ ဆိုပါတယ် ။

သို ့သော် တကယ်တန်း အကြီးမားဆုံး ပြောင်းလဲသွားတာကတော့
အမြောက်တပ်ဖွဲ ့ ပဲ ဖြစ်ပါတယ် ။
အမြောက်တပ်ဖွဲ ့ဟာ ၁၉၉ဝ နှစ်ဦးပိုင်းက စတင်ပြီး
၁၅၅ မမ နဲ ့ ၁၂၂ မမ ဟောင်ဝဇ်ဇာ အမြောက်များ အပါအဝင်
MLRS အတွဲလိုက် ဒုံးပစ် စနစ်များ ၊
ရာပေါင်းများစွာ ရှိတဲ ့ အမြောက် ၊ စိန်ပြောင်းများကို
စတင် တပ်ဆင် အဆင့်မြှင့်တင် လာပါတယ် ။
လက်နက်တွေဟာ အစ္စရေး ၊ တရုတ် ၊ ရုရှား နဲ ့
မြောက်ကိုရီးယား နိူင်ငံထုတ် လက်နက်တွေ
အဓိက ပါဝင်တယ်လို ့လဲ ဆိုပါတယ် ။

အမြောက်တပ်ဖွဲ ့ ရဲ ့အောက်မှာ
ဒုံးတပ်ရင်းများ စတင်ဖွဲ့စည်းလာပြီး
ပြည်ပ စစ်လက်နက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ချို ့ရဲ ့အဆိုအရ
ယိုးဒယား – မြန်မာ နယ်စပ်တင်းမာမှု ပြသနာအပြီး
၂၀၀၃ နဲ ့ ၂၀၀၄ ခုနှစ် ဝန်းကျင်လောက်မှာ
ဒီ ဒုံးတပ်ရင်းတွေဟာ တရုတ်နိူင်ငံ လုပ် M11 တာတိုပစ် ဒုံးပျံ တွေနဲ ့
မြောက်ကိုရီးယားလုပ် Hwasong အမျိုးအစား စကဒ်ဒုံးပျံတွေကို
အများအပြား စတင် လက်ခံရရှိခဲ့တယ်လို ့ ဆိုပါတယ် ။

တောင်ကိုရီးယား သတင်းဌာန ရဲ ့ ၂၀၀၆ ခုနှစ် သတင်းထုတ်ပြန်ချက်အရ တပ်မတော်အစိုးရဟာ ၂၀၀၂ ခုနှစ် မေလမှာ
Daewoo ကော်ပရေးရှင်း နဲ ့ အမေရိကန်ဒေါ်လာ ၁၃၃.၈ သန်းတန်
ဒုံးပျံနည်းပညာဆိုင်ရာ စစ်လက်နက် ကန်ထရိုက်တစ်ခု ကို
လက်မှတ် ရေးထိုးခဲ့တယ်လို ့လဲ သိရပါတယ် ။

၂၀၀၄ခုနှစ် နှောင်းပိုင်းမှာ
တရုတ်နိူင်ငံ ( CPMIEC ) ကနေ အဆင့်မြှင့်တင်ထားတဲ ့
တာတိုပစ် ဒုံးပျံ M11 ( DF 11 A ) နဲ ့
M9 ( DF 15 ) ( အရေအတွက် မသိရ ) တို ့ကို လက်ခံရရှိခဲ့ပြီး
DF 11 A ဟာ 500kg ဒုံးထိပ်ဖူးတစ်ခု နဲ ့
ကီလိုမီတာ ၅၀ဝ – ၇၀ဝ အကွာအဝေးကို ပစ်ခတ်နိူင်ကာ
DF 15 ဟာ ကီလိုမီတာ ၆၀ဝ အကွာကို ပစ်ခတ်နိူင်စွမ်း ရှိပါတယ် ။
ဒီ ဒုံးပျံတွေအားလုံးဟာ ယာဉ်တင် အမျိုးအစားတွေဖြစ်ပြီး
လွယ်ကူစွာ ရွှေ ့ပြောင်း သယ်ယူနိူင်တာမို ့
အချိန်တို အတွင်း တစ်နိူင်ငံလုံးမှာ
တပ်ဖြန် ့ နေရာချထားနိူင်တယ်လို ့ ဆိုပါတယ် ။

၁၉၈၈ ခုနှစ် ဝန်းကျင်က မြန်မာ့တပ်မတော် ဟာ
လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ ့ဆိုလို ့
မင်္ဂလာဒုံ လေဆိပ် အနီးမှာ ထားရှိတဲ ့ တပ်ခွဲတစ်ခွဲ သာ ပိုင်ဆိုင်ပါတယ် ။
ဒီ တပ်ခွဲဟာလဲ ၄ဝ မမ ဘိုဖာ အမြောက်
၃.ရ မမ MK3A ယာဉ်ဆွဲ လေယာဉ်ပစ် အမြောက် နဲ ့
၂ဝ မမ M 38 လေယာဉ်ပစ်အမြောက် အနည်းငယ်ကိုသာ ပိုင်ဆိုင်ပြီး
အနိမ့်ပျံလာတဲ ့ လေယာဉ်တစ်ချို ့ကိုသာ တိုက်ခိုက်နိူင်စွမ်း ရှိပါတယ် ။

သို ့သော် လက်ရှိအချိန် နဲ ့ ချိန်ထိုးနိူင်းယှဉ်ရင်တော့
၁၉၈၈ခုနှစ်က မြန်မာ့ တပ်မတော်ရဲ ့
လေကြောင်းရန်ကာကွယ်ရေး တပ်ခွဲလေး ဟာ
စစ်သမိုင်း ပြတိုက်ထဲကို ရောက်ရှိနေခဲ့ပါပြီ ။
လက်ရှိ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ ့ဟာ
လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံး ရဲ ့ကွပ်ကဲမှုအောက်မှာ
လေကြောင်းရန် ကာကွယ်ရေးဇုန်ကြီး ၆ခု ၊
လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပေါင်း ၃ဝ ကျော် နဲ ့ ဖွဲ ့စည်းထားပါတယ် ။

တပ်မတော် အစိုးရ တက်လာပြီးတဲ ့ နောက်ပိုင်း
ပထမဆုံး စတင်ဝယ်ယူခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်ဟာ
စကာင်္ပူနိူင်ငံလုပ် Blood Hound MK 2 မြေပြင်မှ ဝေဟင်ပစ် ဒုံးတွေဖြစ်ပါတယ် ။
အဲဒီနောက် အမြောက်အများ ထပ်မံဝယ်ယူခဲ့တာကတော့
တရုတ်နိူင်ငံလုပ် HN 5A အနီအောက်ရောင်ခြည်သုံး …
ပုခုံးထမ်း ဒုံးပျံတွေ ဖြစ်ပါတယ် ။

ဒီ ဒုံးပျံတွေဟာ အနီအောက်ရောင်ခြည်သုံး
ပစ်မှတ်ရှာဖွေ စနစ် ပါဝင်ပြီး
အမြင့်မီတာ ၃၀၀ဝ ၊ အကွာအဝေး မီတာ ၃၀၀ဝ အကွာကို
လူ နှစ်ဦးတည်းနဲ ့ ပစ်ခတ်နိူင်စွမ်းရှိပါတယ် ။
၂၀၀၁ ခုနှစ် Janes ကာကွယ်ရေး စာစောင်ရဲ ့ဖော်ပြချက်အရ
မြန်မာ့ တပ်မတော်ဟာ ဘူလ်ဂေးရီးယား နိူင်ငံကနေ
SA-16 Gimlet ( Igla – 1E ) ပုခုံးထမ်း လေယာဉ်ပစ်ဒုံးတွေ
အများအပြား ဝယ်ယူခဲ့တယ်လို ့ဆိုပါတယ် ။
ဒီ ဒုံးပျံတွေဟာ အမေရိကန် နိူင်ငံလုပ် Stinger ပုခုံးထမ်း ဒုံးပျံတွေ နဲ ့
အလားသဏ္ဍန်တူပြီး အမြင့်မီတာ ၃၅၀ဝ က ပျံသန်းလာတဲ ့ လေယာဉ်ကို
မီတာ ၅၂၀ဝ အကွာအဝေးကနေ ပစ်ချနိူင်စွမ်း ရှိပါတယ် ။

၂၀၀ဝ ခုနှစ် နောက်ပိုင်းမှာ ထပ်မံဖြည့်တင်းလာတာကတော့
ရုရှား နဲ ့ အရှေ ့ဥရောပ နိူင်ငံတွေက
လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေပဲ ဖြစ်ပါတယ် ။
ဒီလက်နက်တွေထဲမှာ ရေဒါနဲ ့ ပစ်ခတ်နိူင်တဲ ့
Tunguska ( SA – 19 ) လို လက်နက်တွေပါဝင်လာပြီး
လက်ရှိ ရုရှား နဲ ့ အရှေ ့ဥပရောပ နိူင်ငံတွေမှာ ဖြန် ့ချထားတဲ ့
လေကြောင်းရန် ကာကွယ်ရေးလက်နက် အမျိုးအစားတွေ ဖြစ်ပါတယ် ။
၂၀၀ဝ ခုနှစ် အတွင်းမှာပဲ ယူကရိန်း နိူင်ငံက
36 D6 လေကြောင်းရန် ကာကွယ်ရေး ရေဒါ စနစ်တွေ ရောက်ရှိလာခဲ့ပြီး
တစ်ချို ့သတင်းရင်းမြစ်တွေ ရဲ ့အဆိုအရတော့
မြန်မာနိူင်ငံမှာ ရုရှားလုပ် P 37 နဲ ့1L – 117 ရေဒါ အမျိုးအစားတွေကို
တပ်ဆင်ထားပြီး ဖြစ်တယ်လို ့သိရပါတယ် ။

၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ ့ ရုရှား ချစ်ကြည်ရေး ခရီးစဉ်အပြီးမှာ
မြန်မာ့ တပ်မတော် ဟာ ရုရှား ရဲ ့လက်ရှိ အသုံးပြုနေတဲ ့
SA – 15 ( Tor M1 ) နဲ ့ SA – 17 ( BUK M1 – 2 ) လို
လက်နက်မျိုးတွေ စတင်ရရှိလာပါတယ် ။
ဒီလက်နက်တွေဟာ ခေတ်မီ တာဝေးပစ် အမြင့်ပျံ
လေကြောင်းရန် ကာကွယ်ရေးလက်နက် တွေ ဖြစ်ပြီး
SA – 17 ဟာ အမြင့်မီတာ ၁၅၀၀ဝ ကနေ ပျံသန်းလာတဲ ့ ပစ်မှတ်ကို
မီတာ ၃၀၀၀ဝ အကွာကနေ ပစ်ချနိူင်စွမ်း ရှိပါတယ် ။

လက်ရှိ အခြေအနေမှာတော့
မြန်မာ့ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ ့အနေနဲ ့
ခေတ်မီ SAM ဒုံးပျံ တွေဖြစ်တဲ ့
SA 2 ,SA 6 ,SA 15 ,SA 17 ,SA 18 , SA 19 , Pechora 2M လို
လက်နက်မျိုးတွေ အများအပြား ပိုင်ဆိုင်ထားပြီလို ့သိရပါတယ် ။
ဒါဟာ အစီရင်ခံစာ တစ်ခုက ဖော်ပြခဲ့တဲ ့
၁.၁၀.၁၉၆၆ ကနေ ၃၁ ၃.၁၉၆၉ အတွင်း
မြန်မာ့ လေပိုင်နက်ထဲကို
အမျိုးအမည်မသိ လေယာဉ် ၁၀ဝ ကျော် ဖြတ်သန်းဝင်ရောက်ခဲ့မှုကို
လက်ပိုက်ကြည့်နေခဲ့ရတယ်ဆိုတဲ ့ ဖြစ်ရပ်ရဲ ့
အကျိုးဆက်တွေကြောင့်လဲ ဖြစ်နိူင်ပါတယ် ။

၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာ့ ရေတပ်ဟာ
မြစ်တွင်း နဲ ့ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်သာ ပိုင်ဆိုင်တဲ ့
အင်အားသေးငယ်တဲ့ ရေတပ်တစ်ခု ဖြစ်ပါတယ် ။
ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာတော့
အခြေအနေဟာ စတင်ပြီး ပြောင်းလဲပါတယ် ။

၁၉၉ဝ ခုနှစ်မှာ တပ်မတော် ရေ ကို ပထမဆုံး ရောက်ရှိလာတာကတော့
ရေမိုင် ၃ဝ အထိမောင်းနှင်နိူင်တဲ ့
PB 90 အမျိုးအစား ကမ်းခြေစောင့် စစ်ရေယာဉ်
( UMS 424 ,UMS 425, UMS 426 ) တွေ ဖြစ်ပါတယ် ။
ဒုတိယ ထပ် ရောက်လာတာကတော့
၅၉ မီတာအရှည် Hainan အမျိုးအစား
Type 037 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် ဆယ်စီး ဖြစ်ပါတယ် ။
၁၉၉၁ ဇန်နဝါရီလမှာ ပထမ အသုတ် စစ်ရေယာဉ် ၆ စီးကို လက်ခံရရှိခဲ့ပြီး
၁၉၉၃ မေလ မှာ တော့ ဒုတိယအသုတ် စစ်ရေယာဉ် ၄ စီး
( UMS 441 – UMS 450 ) တို ့ကို လက်ခံ ရရှိခဲ့ပါတယ် ။

၁၉၉၄ ခုနှစ် မတ်လမှာ တပ်မတော် အစိုးရဟာ
၆၃ မီတာအရှည်ရှိတဲ ့ Houxin အမျိုးအစား
ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် ၆ စီး
( UMS 471 – UMS 476 ) ကို ဝယ်ယူဖို ့
တရုတ်နိူင်ငံ နဲ ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ် ။
ဒီ သင်္ဘောတွေကို ၁၉၉၅ , ၁၉၉၆ နဲ ့ ၁၉၉ရ ခုနှစ်တွေမှာ
တပ်မတော်ရေ က လက်ခံရရှိခဲ ့ပြီး
တပ်မတော်ရေ ရဲ ့ပထမဆုံး
YJ -1 ( C 801 ) သင်္ဘောဖျက် ပဲ့ထိန်း ခရုစ် ဒုံးပျံတပ်ဆင်ထားတဲ ့
စစ်သင်္ဘောတွေ ဖြစ်လာပါတယ် ။

၁၉၉၅ ခုနှစ်မှာတော့
တပ်မတော် ရေတပ်သဘောင်္ကျင်း နဲ ့မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွေဟာ …
တရုတ် နည်းပညာ အထောက်အပံ ့တွေကို
အမြောက်အများ လက်ခံရရှိခဲ့တယ်လို ့ဆိုပါတယ် ။
၁၉၉ဝ ကနေ ၂၀၀၆ ခုနှစ် ကာလအတွင်း မှာတော့
တပ်မတော်ရေတပ် သင်္ဘောကျင်း ဟာ
၅ဝမီတာ အရှည်ရှိတဲ ့အမြန်ကင်းလှည့်ရေယာဉ် ၆စီး
( UMS 551 – UMS 556 ) ၊
ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး ရေယာဉ် ၄စီး ( UMS 557 – UMS 560 ) ၊
၂ရ ပေ အရှည်ရှိတဲ ့ မြစ်တွင်း ကင်းလှည့်ရေယာဉ် ၁၄စီး
( ငမန်း ၁ – ငမန်း ၁၄ ) နဲ ့
အခြားအထောက်အကူပြု စစ်ရေယာဉ် အများအပြားကို
တည်ဆောက် ထုတ်လုပ်ခဲ့တယ်လို ့သိရပါတယ် ။

ရေတပ် သင်္ဘောကျင်း ရဲ ့
အကြီးစား သင်္ဘောတည်ဆောက်ရေး ပရိုဂရမ်တွေဟာ
၂၀၀ဝ ပြည့်နှစ်မှာ …
အင်ပြည့်အားပြည့် စတင်ပါတယ် ။
၇ရ မီတာ အရှည်ရှိတဲ ့ ကော်ဗက် စစ်ရေယာဉ်
( UMS 771 – UMS 773 ) သုံးစီးကို တည်ဆောက်ခဲ့ပြီး
၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့
ဖရီးဂိတ် စစ်သင်္ဘောတွေကို
စတင်ထုတ်လုပ်နိူင်တဲ ့ အဆင့်ကို ရောက်ရှိလာပါတယ် ။
လက်ရှိအနေအထားမှာတော့ တပ်မတော် ရေ ဟာ …
ဒုံးပျံတင် ဖရီးဂိတ် နဲ ့ကောဗက် စစ်ရေယာဉ်များ ၊
အမြန်တိုက်ခိုက်ရေး ရေယာဉ်များ ၊
ကမ်းခြေစောင့် ကင်းလှည့် စစ်ရေယာဉ်များ ၊
ကမ်းတက်ရေယာဉ်များ ၊မိုင်းရှင်း ရေယာဉ်များနဲ ့
သယ်ယူပို ့ဆောင်ရေး ရေယာဉ် အမြောက်အများကို ပိုင်ဆိုင်တဲ ့
ဒေသတွင်း ခေတ်မီ ရေတပ် တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ် ။

၁၉၉ဝ ခုနှစ် မတိုင်မီ က မြန်မာ့လေတပ်ဟာ
၁၉၆၂ ခုနှစ် နဲ ့ ၁၉၇ဝ ခုနှစ် ဝန်းကျင်က ဝယ်ယူခဲ့တဲ ့
ဟောင်းနွမ်းနေတဲ ့ လေယာဉ် နဲ ့ ရဟတ်ယာဉ် မျိုးစုံ
၁၃၁ စီးလောက်သာ ပိုင်ဆိုင်ပါတယ် ။
လေတပ် ဟာ အရွယ်အစားသေးငယ် ဆင်းရဲ ပြီး
သယ်ယူပို ့ဆောင်ရေး ၊ ထောက်ပံ ့ရေး နဲ ့
ကြည်းတပ်ရဲ ့စစ်ဆင်ရေး တစ်ချို ့လောက်ကို သာ
အထောက်အကူပြုနိူင်တဲ ့အနေအထား လဲ ဖြစ်ပါတယ် ။

၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ
လေတပ်ကို အဆင့်မြှင့်တင်ဖို ့
ဘယ်လို စာချုပ်တွေ ချုပ်ဆိုခဲ့တယ်ဆိုတာ အတိအကျ မသိရပေမယ့်
၁၉၉ဝ ဒီဇင်ဘာလ မှာပဲ တပ်မတော်လေ ဟာ
F7 2k ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ် ၁ဝ စီး ၊
GAIC FT – 7 Trainers လေယာဉ် ၂စီး ၊
PT 6 အမောင်းသင်လေယာဉ် အစီး ၃ဝ ကို စတင် ရရှိခဲ့ပါတယ် ။

၁၉၉၁ ခုနှစ်မှာ ယူဂိုဆလားဗီးယားနိူင်ငံက
G4 Super Galab တိုက်လေယာဉ် တစ်အုပ် ထပ်မံ ရောက်ရှိလာပြီး
၁၉၉၃ ခုနှစ်မှာ F7 2K လေယာဉ် ၁၂ စီး ထပ်မံရောက်ရှိလာပါတယ် ။
၁၉၉၅ , ၁၉၉ရ နဲ ့ ၁၉၉၉ ခုနှစ်တွေမှာ
တပ်မတော်လေ အနေနဲ ့ ကြားဖြတ်တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေ
အများအပြား ဖွဲ ့စည်းထားနှင့် ပြီးပါပြီ ။

ပြည်ပ စစ်ဖက် သတင်းအရင်းအမြစ်တွေရဲ ့အဆိုအရ
တပ်မတော်လေ ရဲ ့ ပထမဆုံး ဗုံးကြဲ တိုက်လေယာဉ် A5 တွေကို
၁၉၉၂ ခုနှစ်မှာ စတင် လက်ခံရရှိတယ်လို ့ ဆိုပါတယ် ။
၈ နှစ်အတွင်းမှာ A5 ဗုံးကြဲ တိုက်လေယာဉ် ၃၆ စီးကို လက်ခံရရှိခဲ့ပြီး
၁၉၉၈ နဲ ့ ၁၉၉၉ ခုနှစ်တွေမှာတော့
K8 အမောင်းသင် ဂျက်တိုက်လေယာဉ်တွေ
အများအပြား စတင်ရောက်ရှိလာပါတယ် ။

လေယာဉ်တွေ အများအပြား ရောက်ရှိလာပြီး
ကျွမ်းကျင် လေသူရဲတွေ အများအပြား
ရုတ်တရက်လိုအပ်လာတဲ ့ ပြသနာကို ဖြေရှင်းနိူင်ဖို ့
တပ်မတော် အစိုးရဟာ …
၁၉၉၅ ခုနှစ် စစ်တက္ကသိုလ် လက်ခံပတ် တစ်ခုတည်းမှာတင်
လေသူရဲ ဗိုလ်လောင်း ၂၅ဝ ကို သီးသန် ့ စတင်ခေါ်ယူခဲ့ပါတယ် ။
ဒီဗိုလ်လောင်းတွေဟာ စစ်တက္ကသိုလ် ဒုတိယနှစ်မှာတင်
လေယာဉ်မောင်း သင်တန်းကျောင်း အသီးသီးကို သွားရောက် သင်ကြားရပြီး
နောက်ဆုံးနှစ် ကျောင်းဆင်းခါနီး အချိန်မှသာ
စစ်တက္ကသိုလ်ကို လာရောက်ပူးပေါင်း ကျောင်းဆင်းခဲ့ပါတယ် ။
ကျောင်းဆင်းပြီးချိန်မှာတော့ ဒီအရာရှိတွေဟာ
တပ်မတော်လေ ရဲ ့ အမာခံ လေသူရဲ အုပ်စုတွေ ဖြစ်နေ ပြီးပါပြီ ။
နောက်ထပ် စစ်တက္ကသိုလ် လက်ခံပတ်အချို ့မှာလဲ
ဒီအစီအစဉ်အတိုင်း လေသူရဲ ဗိုလ်လောင်း အတော်များများကို
သီးသန် ့ခေါ်ယူလေ့ကျင့် မွေးထုတ်ခဲ့တယ်လို ့သိရပါတယ် ။

၁၉၉ဝ ကနေ ၂၀၀ဝ ခုနှစ်အတွင်း
တပ်မတော်လေ ရဲ ့ ဟောင်းနွမ်းနေတဲ့ ဖော်ကာလေယာဉ်များ နေရာမှာ
အစားထိုးဖို ့စတင်ရောက်ရှိလာတာကတော့
SAC Y8 အမျိုးအစား သယ်ယူပို ့ဆောင်ရေး လေယာဉ်တွေ ဖြစ်ပါတယ် ။
ပိုလန်နိူင်ငံက ဝယ်ယူလိုက်တဲ ့ PZL W3 Sokol အမျိုးအစား
ဘက်စုံသုံး ရဟတ်ယာဉ် ၁၃ စီး နဲ ့
Mi 2 ရဟတ်ယာဉ် အစီး ၂ဝ ကို လက်ခံရရှိပြီးတဲ ့နောက်
ရုရှားနိူင်ငံလုပ် Mi 17 ရဟတ်ယာဉ် ၁၃ စီးလဲ
ထပ်မံ အားဖြည့် ရောက်ရှိလာပါတော့တယ် ။
၂၀၀၁ ခုနှစ် ယိုးဒယား နယ်စပ်ပြသနာ ဖြစ်ပြီးတဲ ့နောက်
အလျှင်အမြန် ထပ်မံ ရောက်ရှိလာတာကတော့
ခေတ်မီ MiG 29 UB ဂျက်တိုက်လေယာဉ် ၁၂ စီး ပဲ ဖြစ်ပြီး …
၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ ့ ရုရှား ခရီးစဉ်အပြီးမှာ
MiG 29 ဂျက်လေယာဉ်တွေ ထပ်မံရောက်ရှိလာခဲ့တယ်လို ့လဲ ဆိုပါတယ် ။

ဆယ်စုနှစ် တစ်စု အတွင်းမှာပဲ
မကွေးလေယာဉ်ကွင်း ၊ ကော့သောင်း ၊ မြိတ် ၊ ထားဝယ် နဲ ့
မော်လမြိုင်မှာရှိတဲ ့ လေယာဉ်ကွင်းတွေကို
အဆင့်မြှင့်တင် တိုးချဲ ့တည်ဆောက်မှု များ
တောက်လျှောက်ပြုလုပ်ခဲ့ကြတာကို တွေ ့ရပြီး
လေယာဉ်တည်ဆောက်ရေး နည်းပညာလဲ
စတင် ဖွံဖြိုးလာတာကို တွေ ့ရှိရပါတယ် ။

ပြည်ပ စစ်ဘက် နည်းပညာ သတင်းအရင်းအမြစ်တွေ ရဲ ့အဆိုအရ
၂၀၀၂ ခုနှစ် နဲ ့ ၂၀၀၅ ခုနှစ်တွေမှာ
တပ်မတော် လေ ဟာ
အပေါ့စားလေယာဉ် တစ်စီးစီကို အောင်မြင်စွာ စမ်းသပ်တပ်ဆင်နိူင်ခဲ့ပြီး
၂၀၀၆ ခုနှစ်မှာတော့ STOL CH – 701 အမျိုးအစား
အပေါ့စားလေယာဉ် တစ်စီးကို
အောင်မြင်စွာ တပ်ဆင် …
ပျံသန်းနိူင်ခဲ့တယ်လို ့သိရှိရပါတယ် ။

ခြေလျင်တပ်မများ အနေနဲ ့ကတော့
၁၉၉ဝ ခုနှစ်က ၂၀၀ဝ ခုနှစ် အတွင်း မှာပဲ
တစ်နိူင်ငံလုံးမှာ …
တိုက်ခိုက်ရေး ခြေမြန်တပ်မ ၂၅ ခုလောက်
အသစ် တိုးချဲ ့ဖွင့်လှစ်ခဲ ့တာကို တွေ ့ရှိရပါတယ် ။
၁၉၈၈ ခုနှစ် မတိုင်ခင်က
တပ်မတော် ရဲ ့ အစွန်အဖျား အကျဆုံး တပ်ရင်းတွေဟာ
၂၀၀ဝ ပြည့်နှစ် အရောက်မှာ
သူ ့ထက် အစွန်အဖျားကျတဲ ့ တပ်ရင်းပေါင်း ၅၀ဝ လောက်
အသစ် တည်ဆောက်ထားတဲ ့ အောက်မှာ
ပျောက်ကွယ်လို ့နေ နေ ပါတယ် ။

မဟာဗျူဟာအရ သုံးသပ်ရမယ်ဆိုရင်
ဘယ် အစိုးရ အဆက်ဆက်ကမှ
အခိုင်အမာ ခြေမချနိူင်ခဲ့တဲ ့
နယ်စပ်ဒေသ အမည်းရောင်နယ်မြေတွေ အားလုံးမှာ
တပ်မတော် ရဲ ့ အခိုင်အမာ တပ်ရင်းတွေ ရာနဲ ့ချီပြီး …
တည်ဆောက် တပ်စွဲ နေရာယူခဲ့ပြီး
၂၀၀ဝ ပြည့်နှစ် ဝန်းကျင်က စခဲ့တဲ ့ ဒီတပ်ရင်းတွေဟာ ..
လက်ရှိ ၂၀၁၅ခုနှစ် ၁၅ နှစ်ကြာပြီးချိန်မှာ
အဲဒီဒေသတွေမှာ အသားကျနေတဲ ့
တပ်ရင်းအဟောင်းတွေ ဖြစ်ကုန်ပါတယ် ။

တပ်မတော် အနေနဲ ့ သိသိသာမြှင့်တင်ခြင်းမရှိသေးတာကတော့
တပ်မတော် က စစ်သည်တွေ ရဲ ့ ….
ချပ်ဝတ်တန်ဆာ ရိက္ခာ နဲ ့
စစ်အသုံးအဆောင်တွေရဲ ့အရည်အသွေး ဖြစ်ပါတယ် ။

ဖြစ်နိူင်စရာ အကြောင်းရှိတာကတော့
တပ်မတော် အစိုးရအနေနဲ ့
နောက်တက်လာမယ့် အရပ်သားအစိုးရ လက်ထက်မှာ
ခွင့်ပြုနိူင်ဖွယ်မရှိတဲ ့ စစ်လက်နက် ပစ္စည်း ဝယ်ယူဖြည့်တင်း မှုတွေ ၊
စစ်အင်အားတိုးချဲ ့မှုတွေ ၊
တပ်အသစ်တည်ဆောက်မှုတွေကို ဦးစားပေးပြုလုပ်ခဲ့ပြီး
နိူင်ငံခြား နည်းပညာ မလို ၊ပြည်ပ ပိတ်ဆို ့မှု ကို ထဲ့တွက်ဖို ့မလို မလို ၊
ဘတ်ဂျက် အင်အားတောင့်တာ နဲ ့
ချက်ချင်းထုတ်ပေးလို ့ရတဲ ့ ပစ္စည်းတွေ ဖြစ်တဲ့အတွက်ကြောင့်
စစ်သည်တွေ ရဲ ့ချပ်ဝတ် တန်ဆာပလာ ရိက္ခာတွေကို
ဦးစားပေး မဆောင်ရွက်ခဲ့တာ ဖြစ်မယ်လို ့ ယူဆရပါတယ် ။

ဒီကောက်ချက်ကို ပံ့ပိုးနေတဲ ့အကြောင်းတစ်ခုကတော့
အရပ်အသားအစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ
တပ်မတော် တစ်ခုလုံးကို အရည်အသွေးမြှင့် စစ်ဖိနပ်များ
စတင်လဲလှယ် ထုတ်ပေးခဲ့ပြီး
အအေးပိုင်းဒေသ တပ်များအတွက်
အရည်အသွေးမြင့် စစ်ဂျာကင်တွေ
စတင် ပြောင်းလဲ ထုတ်ပေးခဲ့တယ်လို ့သိရပါတယ် ။

ရိက္ခာယူနစ် မှာလဲ
တီးမစ်များ ၊ ဘီယာဘူးများ ၊အာမီရမ် ပုံစံသစ်များ
စတင် ပါရှိလာခဲ့ပါတယ် ။
လက်ရှိ အခြေအနေမှာတော့
၂၀၁၆ မကုန်မီ တပ်မတော် တစ်ခုလုံး
ကျည်ကာ အကျီ င်္နဲ ့ ဟဲလမက်များ …
လူစေ ့တပ်ဆင်သွားမည်ဟု သိရပြီး
လက်ရှိ ထုတ်ပေးထားသော
ကျည်ကာအကျင်္ ီတစ်ထည်၏ တန်ဖိုးမှာ …
၂ သိန်းကျပ် ဖြစ်ကြောင်း သိရှိရပါတယ် ။

စစ်သည်များ ဝတ်ဆင်မည့်
ပုံစံသစ် Equiment များ ကိုလဲ စမ်းသပ်လျက်ရှိပြီး
မကြာခင် စတင်ထုတ်လုပ် တပ်ဆင်တော့မည်ဟု သိရကြောင်း
၁၉၈၈-၂၀၁ဝ ခုနှစ်အတွင်း
မြန်မာ့တပ်မတော်အား အဆင့်မြှင့်တင်မှုဆိုင်ရာ
အချက်အလက်များကို စုစည်းတင်ပြလိုက်ရပါတယ် ။

==================================

(စင်္ကာပူ နိူင်ငံ
INSTITUTE OF SOUTHEAST ASIAN STUDIES မှ
ပုံနှိပ်ထုတ်ဝေသည့်
Building the Tatmadaw ၊ Myanmar Armed forces Since 1948 ၊
By MAUNG AUNG MYOE ၏ ကျမ်းပြု စာတမ်း နှင့်
ပြည်ပ ကာကွယ်ရေး websites များ၊
ကာကွယ်ရေးဆိုင်ရာ စာစောင်များမှ
အချက်အလက်များအား မှီငြမ်းကိုးကားပါသည် ။

 

မှတ်ချက်။   ။ အချက်အလက်တွေသိသင့်တယ်ထင်လို့ ဖေ့စ်ဘုတ် ကနေကူးယူပါတယ်။ ခွင့်ပြုချက်မတောင်းထားပါ။ ခွင့်ပြုပေးစေလိုပါကြောင်း..။

About kai

Kai has written 1023 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.