၁-မီးခြစ်ကို ထောက်ခနဲ ခြစ်ချလိုက်ပြီးးး
စီးကရက်ကို မီးမြှိုက်လိုက်တယ်—
(ဘဝထဲက တချို့အရာတွေကို အဲ့လို မီးမြှိုက်ပြီး ပြာချပစ်လိုက်ချင်တယ်)(အဲ့လို မီးညှိချိန်မှာ ပြာချသင့်တာတွေ စတင်ပြာချနေပြီလို့ ခံစားလို့ရတယ်)

၂-စီးကရက်ကို မီးညှိပြီးတာနဲ့ စတင်ပြီး ရှိုက်ဖွာလိုက်တယ်— မီးခိုးငွေ့တွေက အဆုတ်ထဲအထိ ပြေးဝင်လာတယ်၊ (အသက်ကိုအောင့်ထားရင်းနဲ့ တွေးမိတာက တချို့နာကျင်စရာတွေကို သက်ပြင်းချချင်လို့ အဲ့ဒီလို မီးခိုးတွေနဲ့ ရောရှိုက်လိုက်ပြီး—မီးခိုးငွေ့တွေ မှုတ်ထုတ်လို့ရသလို ဝှူးခနဲ မှုတ်ထုတ် ရှင်းပစ်လိုက်ချင်တယ်)(ဆေးလိပ်ကို ရှိုက်ဖွါလိုက်ရချိန်မှာ သက်ပြင်းချစရာတွေ ရှိုက်သွင်းပြီး ဝှူးခနဲ မှုတ်ထုတ်ပစ်လိုက်ရသလို ခံစားလို့ရလိုက်သလိုပဲ)

၃-တဖြည်းဖြည်းချင်း တိုဝင်သွားတဲ့ စီးကရက်တိုကို ကြည့်ရင်းးး ပြာချသင့်တာတွေ ချပစ်လိုက်နိုင်ပြီလို့ ခံယူနေလိုက်တယ်၊၊(စီးကရက်ကို သောက်နေရင်းးးး ကိုယ့်နှုတ်ခမ်းကိုကိုယ် လျှာဖျားနဲ့သပ်ကြည့်တော့ —ချိုလိုက်တာာာာ — ချစ်သူမိန်းကလေးနဲ့ နှုတ်ခမ်းချင်း နမ်းလိုက်ရစဉ်က အတွေ့အထိလိုပဲ—-)

စိတ်ရှုပ်နေတဲ့ ကျနော် — မသောက်စဖူး စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ် ထိုင်သောက်နေမိတာ—
လှည်းတန်း ဂုံးတံတားကြီး အောက်မှာ—

အတွေးတွေ တဝေဝေနဲ့ —မီးခိုးငွေ့တွေကို ရှိုက်သွင်းလိုက် —မှုတ်ထုတ်လိုက်—

အဲ့ဒီနောက်—-
သတိတစ်ချက်သွင်းပြီး ဘေးဘီကို လှည့်ကြည့်မိတော့ —-
ဘုရားရေ—-
ကျနော့်ဘေးမှာ—






















သူ့နှာခေါင်းလေးကိုသူ လက်ညှိုးနဲ့လက်မ ဖိပိတ်ရင်းးး
ကျနော့်ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့ အသားဖြူဖြူ (နည်းနည်း ဝဝ) ချာတိတ်မလေးတစ်ယောက်—-

တိန် တိန် (၂ခါတိန်)
ဒီချာတိတ်မလေးနှယ်—
ဟိုဘက်တိုးပြီး မီးခိုးလွတ်ရာမှာ သွားထိုင်လည်း ရနေတာကို—
ကျနော့်ဘေး ကပ်ကပ်လေးမှာ လာထိုင်ပြီး သူ့သောကသူရှာ —မီးခိုးရှူရခက်ပါလျက်နဲ့ ဆက်ထိုင်ချင်ချင် လာလုပ်ပြနေတယ်—

သူ့ကို သေချာစိုက်ကြည့်တော့ သူကလည်း ပြန်စိုက်ကြည့်တယ်—

သူ့နှာခေါင်းကိုပိတ်ထားတဲ့ သူ့လက်ကို ကျနော်ကြည့်လိုက်တယ်—
.နောက်ပြီးတော့—
ကျနော် ပြုံးပြလိုက်တယ်—
.ဆောရီးဗျာာာ လို့လည်း ပြောလိုက်တယ်—
(သူက ဟိုဘက်မတိုးတော့)ကျနော်ကပဲ ဒီဘက်နည်းနည်းထပ်တိုး ပေးလိုက်တယ်—

ကျနော် ဆက်ပြီး စီးကရက်ထိုင်သောက်နေလိုက်တယ်—
အတွေးကတော့ ၂ခုထပ်တိုးသွားတယ်—

အတွေး -၁-

ဖတ်ဖူးတဲ့ဟာသတစ်ပုဒ် ရှိတယ်—

မိန်းမဖြစ်သူက သူ့ခင်ပွန်းကို စိတ်ဆိုးစိတ်ကောက်နေချိန်မှာ ပြောလိုက်တယ် “ရှင် ကျမရှေ့က အခုထွက်သွား” တဲ့၊၊
အဲ့ဒီတော့ ခင်ပွန်းဖြစ်သူက ပြန်ပြောတယ်”ငါ ထွက်သွားပါ့မယ်—ဒါပေမယ့် မင်း ငါ့ပေါင်ပေါ် တက်ထိုင်နေတာကနေ အရင် ဆင်းပေးပါအုန်း”တဲ့၊၊

ခွိ ခွိ(စ်)

ကျနော် အဟက်ခနဲ ရယ်လိုက်မိတယ်၊ စိတ်ရှုပ်နေချိန်မှာ ဟာသတစ်ပုဒ်အကြောင်း သတိရမိတာ မဆိုးပါဘူး၊၊
အဲ—
.ဘေးက ကောင်မလေးကတော့ ပေစောင်းစောင်း ကြည့်နေတယ်၊ သူ့ကိုများ ရယ်တယ်ထင်နေလားမသိ၊၊

သူကလည်း ကျနော့်ဘေး
ဘာ လာထိုင်နေတယ်မသိ—
သူ့ဘဲဘဲလေးကို ထိုင်စောင့်နေတာလည်းဖြစ်နိုင်တာပဲ၊

(အင်းးးး ငါ့မှာတော့ ထိုင်စောင့်နေလည်း ရောက်လာမယ့် ဂဲဂဲ(girl girl)လေးတစ်ယောက်တောင် မရှိပါလား)

——–

အတွေး-၂-
စိတ်ရှုပ်နေလို့ သက်သာလို့ သက်သာရာရလိုရငြား သောက်နေမိတဲ့ ဟောဒီ စီးကရက်တွေကို
.ကြိုက်နှစ်သက်မိတော့မလိုလို ဖြစ်သွားချိန်—-
အခုလို ဘေးလူတစ်ယောက်က မနှစ်သက်သယောင်ပြတာကို တွေ့လိုက်တော့—-

.ဆေးလိပ်ဆိုတာ ကိုယ့်ကျန်းမာရေးတင်မက ဘေးလူရဲ့ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့အရာပါလားးးးလို့ သတိပြန်ရ—

ငါ—ဆေးလိပ် ကြိုက်သွားလို့တော့ ဘာကောင်းကျိုးမှ ထူးပြီးရလာမှာ မဟုတ်ပါဘူးလို့ တွေးမိသွားတယ်—

.ကျေးဇူးပါ— ပတ်ဝန်းကျင်ရဲ့ အရောင်အရိပ်တို့ရေ—

.မောင်သူရ

နိုဝင်ဘာလ ၁၉ ရက်၊၂၀၁၅
(ည ကိုးနာရီ ငါးမိနစ်)

 

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .