ဂရံ

ko sixNovember 26, 20151min1145

ပျံသန်းနေတဲ့ငှက်မှာ
လူတစ်ယောက်ရဲ့အကြံတွေ
တဖျတ်ဖျတ်ခတ်နေတယ်ဆိုတာ အာမခံပါရစေ
ပညာတတ်ဆိုတဲ့
အဲဒီဝေါဟာရ
ငါ ဘယ်တော့မှ မချပြပါရစေနဲ့
မြစ်တွေဟာ
မျဉ်းဖြောင့်မသုံးဘဲ
အနိမ့်ကို ထိုးစိုက်နေသ၍
ညာဘက်ခြမ်းက ဆံမြိတ်ကို တိပလိုက်ချင်တယ်။
သံလိုက်အိမ်မြှောင်က
ဒီနိုင်ငံမှာ မယုံရဘူး
ကူဖျက်ပေးကြပါ
လူဆိုတာ ကြံရင်းနဲ့သေဆိုတာကိုပေါ့။
တကယ်ဆို
ငါတို့ဟာ
တော်လှန်ရင်းနဲ့ သေခဲ့ရတဲ့ သာကီဝင်မျိုးတွေသာ။

ကိုစစ်

5 comments

  • Alinsett @ Maung Thura

    November 26, 2015 at 2:53 pm

    သံလိုက်အိမ်မြှောင်က
    ဒီနိုင်ငံမှာ မယုံရဘူးဆိုတဲ့ နိမိတ်ပုံ/သကေ်တလေးကို အတော် တွေး ယူ နေမိ

  • Mike

    November 27, 2015 at 10:29 am

    .တားတားနားအလည်ဘု..ဖတ်လို့တော့ကောင်းတယ် :))

  • ko six

    November 28, 2015 at 8:03 am

    ဟုတ် ကိုသူရ…..

  • ko six

    November 28, 2015 at 8:06 am

    🙂 ဖတ်ကောင်းတယ်ဆိုရင်ပဲ
    ကျေးဇူးများလှပါပြီ

Leave a Reply