ရွာစကား

ko sixNovember 28, 20151min1207

တောင်တွေဟာ
လေ ဘယ်လောက်အားပြင်းပြင်း
ဦးမညွှတ်ဘူးတဲ့။
လက်မထောင်နိုင်ဖို့
ဝဲဘက်လက်သန်းက သက်သေခံ
တစ်ချို့ရန်ကိုတော့ ဖြိုခွင်းနိုင်ခဲ့ပြီ
ခု
ဒါမှမဟုတ်
မနက်ဖြန်
ဘူတာကြီးဆီ ဆက်သွယ်လို့ရမယ့် နည်းလမ်း
ဂျိုးဖြူတစ်ကောင်နဲ့ဖြစ်ဖြစ်
လင့်ပေးပါဦး။
ကိုစစ်

7 comments

  • Ko Two

    November 28, 2015 at 8:06 pm

    မက်ဆေ့ပို့လိုက်ပါ့မယ်
    ကိုတူး

  • မြစပဲရိုး

    November 29, 2015 at 3:28 am

    ဘူတာကြီး (or) ဘူတားကြီး 🙄
    😉

  • အောင် မိုးသူ

    November 30, 2015 at 9:36 am

    တောင်တွေ ဦးမညွှတ်ပေမယ့် ပင်လယ်က လှိုင်းတွေကတော့ ဦးညွှတ်ခဲ့တယ်

  • Alinsett @ Maung Thura

    December 9, 2015 at 3:52 pm

    ဂျိုးငှက်ဖြူတစ်ကောင်ကို
    အနုပညာမြောက်စွာ ယက်လုပ်ဖန်တီးထားတဲ့ ပိုက်ကွန်နဲ့အုပ်ဖမ်းပြီး
    အနုပညာမြောက်စွာ ဖန်တီးထားတဲ့ ဓါးနဲ့ ခုတ်ထစ်သတ်ဖြတ်—
    အဲ့ဒီနောက် အနုပညာဆန်တဲ့ ချက်ပြုတ်နည်းတွေနဲ့ ချက်ပြီး
    စားလိုက်မယ်ဆိုပါစို့
    အဲ့ဒီလုပ်ရပ်ဟာ အနုပညာမြောက် မမြောက်

  • kai

    January 23, 2016 at 7:25 pm

    ကဆစ်ရေ..

    ဒီကဗျာကို ဒီလ သတင်းစာမှာပုံနှိပ်ဖေါ်ပြချင်လို့ပါ..။
    တခြားပေးထားမပေးထား.. သုံးပြီးမသုံးပြီးသိချင်လို့…။

    အဲဒီအတွက် ပွိုင့် ၅၀၀ဝ ထည့်ပေါင်းပါ့မယ်..။

  • ko six

    January 25, 2016 at 2:56 pm

    ဟုတ်ကဲ့။
    ဆရာကိုင်။ ကျနော် ဘယ်ကိုမှ ပေးမထားပါ

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      January 25, 2016 at 6:00 pm

      ဆရာကိုင်ဖို့ ဘူ့ကိုမှပေးအထားဘူးဆိုတော့
      ဧကန္တ ပဲဖြစ်ရမယ်

Leave a Reply