အဆာ​ပြေတို့ဟူးချဉ်​သုပ်​

ေမာင္ရိုးNovember 29, 20151min22613

IMG_20151126_204240_HDR

## ပျဉ်​မးနား တို့ဟူးချဉ်​သုပ်​ ##

 

တို့ဟူးသုပ်​လို့ဆိုလိုက်​တာနဲ့အများသတိပြု မှတ်​သားမိတာက​တော့ ကုလားပဲမှုန်​့ကိုကြိုပြီးခဲထားတဲ့တို့ဟူးသုပ်​ပါ ။

​နောက်​ထပ်​ တို့ဟူးသုပ်​တစ်​မျိုးက​တော့ ရှမ်​းတို့ဟူးသုပ်​ပဲဖြစ်​ပါတယ်​ ။

 

အခု​ပြောတဲ့တို့ဟူးချဉ်​သုပ်​က​တော့ ​ဒေသတစ်​ခုအတွင်​းမှာသာ စား​လေ့ရှိတဲ့လူသိနဲတဲ့ တို့ဟူးချဉ်​သုပ်​ဘြဲဖစ်​ပါတယ်​ ။

ပျဉ်​းမနားတို့ဟူးချဉ်​လို့ ဆို​ပေမယ်​့ အခုချိန်​မှာ​တော့ ​ရေတာရှည်​နဲ့ ဆွာမြို့​တွေမှာပါ ​ရောင်​းချ စားသုံးကြတာ​တွေ့​နေရပါပြီ ။

 

မူလတို့ဟူးရဲ့ အရသာကိုက အချဉ်​ဓတ်​ပါပြီးဖြစ်​လို့ မကျီးရည်​ စတဲ့အချဉ်​​ရေ​တွေမထည်​့​တော့ဘဲ သုပ်​ကြ​လေ့ရှိပါတယ်​ ။

တို့ဟူးကို မထူမပါးအ​ချောင်​း​လေး​တွေဖြစ်​​အောင်​လှီးပြီး ခရမ်​းချဉ်​သီးပါးပါးလှီး ၊ ကြက်​သွန်​နီပါးပါးလှီးထားတာန့ ဲ့​ရောလို့သုပ်​ကြပါတယ်​ ။

ကြက်​သွန်​ဖြူဆီချက်​ကိုမသုံးဘဲ ဆီစိမ်​း​မွှေး​မွှေး​လေးနဲ့ ပုဇွန်​ငံပြာရည်​​လေးအ​နေ​တော်​ဆမ်​းပြီး ငရုပ်​သီးစိမ်​း​လေး​တွေလည်​းပါးပါးလှီးထည်​့တတ်​ကြပါတယ်​ ။ကြိုက်​တတ်​ရင်​​တော့ နံနံပင်​တို့ ကြက်​သွန်​မြိတ်​တို့ထည်​့သုပ်​တာ​လည်​း​တွေ့ရမှာပါ ။

 

ထမင်​းနဲ့စားတဲ့ ဟင်​းလျာတစ်​ခုအဖြစ်​သာမက သွားရည်​စာအဖြစ်​​ရေ​နွေးကြမ်​းနဲ့လည်​း လိုက်​ဖက်​တဲ့အမြည်​းတစ်​ခုပါ ။

လူသိနည်​းတဲ့​ဒေသတွင်​းအစာအစာတစ်​ခုအဖြစ်​တင်​ပြရင်​း တမူထူးခြားတဲ့ ချဉ်​ချဉ်​ဆိမ်​့ဆိမ်​့ အရသာ​လေးကို လမ်​းကြုံရင်​မြည်​းစမ်​းကြည်​့ကြပါလို့ ဆန္ဒပြုလိုက်​ပါ​ကြောင်​းးးးးးးးး …….. ။

 

 

 

 

13 comments

  • မြစပဲရိုး

    November 29, 2015 at 4:12 pm

    ရေနွေးခြမ်း ခွက် က နှစ်ခွက်။
    ဓာတ်သေရိုက်တာကို စိတ်ရှည်ရှည်စောင့် နေ သူ အဖော် တစ်ယောက် ပါတယ် မှတ်တယ်။ 😉

    စားချင်ဖွယ်။
    ဒီမှာ ပဲမှုန့်အစိမ်းကောင်းကောင်း ရတယ် လို့တို့ဟူးကျိုဖို့ ဝယ်ထားတာ လချီ နေပြီ။
    အခုထိ လက်က မရောက်နိုင်သေး။
    ဒီနေ့ဘဲ လုပ်ငန်း ကို အကောင်အထည်ဖော်ရမလား ဘဲ။
    အလုပ်ဖြစ်ပါက အကြောင်းကြားပါ့မည်။ :-)))

    • surmi

      November 29, 2015 at 9:13 pm

      အရီးလက်​ရာ​လေးရရင်​ တင်​​ပေးပါဗျို့ …
      တို့ဟူးကို ကိုယ်​တိုင်​ကျိုမယ်​ဆိုရင်​​တော့ လက်​ရှည်​အကျင်္ ီ​လေး​တော့ဝတ်​ထားပါခင်​ဗျ ။
      :mrgreen:

  • Ko Two

    November 29, 2015 at 7:18 pm

    မဆာမိခင်ဗျား
    လျှောက်ရွက် အနုလေးတွေ ပါးပါးလှီးပြီး
    ထည့်သုပ်ရင်ကော စားကောင်းလောက်ပါသလား ခင်ဗျား
    စိတ်မရှိလျင်..
    ကျေးဇူးပြု၍ အဝါရောင်ပါတဲ့အရည်များ ဆင်ခြင်တင်ပေးပါခင်ဗျား
    ကျေးဇူးတင်ပါတယ်
    လာထား ၁၅ ကျပ်

    • surmi

      November 29, 2015 at 9:19 pm

      ​အောင်​မ​ငေးးးး မဆာမိတဲ့ :mrgreenn:
      ကွန်​မန်​့​ပေးထားတာငါး​ထောင်​​ကျော်​ဆို​တော့ တကယ်​့လူ​ေ​ဟာင်​းစစ်​စစ်​ကြီးဘဲ ။
      ​ရှောက်​ရွက်​​လေးထည်​့သုပ်​တာက​တော့​မွှေးတာ​ပေါ့ဗျာ ။
      ဒါ​ပေမယ်​့ ​ရှောက်​ရွက်​ထည်​့သုပ်​​လေ့ရှိတာက​တော့
      တို့ဟူးချဉ်​မဟုတ်​တဲ့ ပုံမှန်​တို့ဟူးသုပ်​​တွေမှာပါ ။
      အဝါ​ရောင်​အရည်​က ​ရေ​နွေးကြမ်​းသာဖြစ်​ပါ​ကြောင်​းးးးး

      :mrgreen:

      • Ko Two

        November 29, 2015 at 10:16 pm


        ထင်တယ်
        မဆာမိ အရက်တော့ မသောက်လောက်ဘူးလို့
        အဖတ်တွေ ပါတော့ ရေနွေးဖြစ်မယ်လို့..

  • ဇီဇီခင်ဇော်

    November 30, 2015 at 8:10 am

    ဒီလို သုပ်စားတာ တော့ မစားဖူးဘူး ဆာဆာရေ။
    ကြိုးစားအူးမှ။
    တို့ဟူးမှုန့်တွေ အများကြီးရှိတယ်။

    စားဖြစ်တာက ရှမ်းသုပ် နဲ့ အညာသုပ်လောက် စားဖြစ်နေတာ

    🙂

  • ဇီဇီခင်ဇော်

    November 30, 2015 at 8:11 am

    မေ့လို့။
    ပဲစိမ်းနံ့ပျောက်အောင် ဆနွင်းမှုန့် မဆိုစလောက်ထည့်ရတယ် ဆိုလားပဲ။
    :k:

    • surmi

      November 30, 2015 at 9:38 am

      ဒီလိုဗျ
      အဲ့ဒီတို့ဟူး အသားကိုက ချဉ်​​နေတာ ။
      ဘယ်​လိုကျိုသလဲ​တော့မသိ ။
      ပုံမှန်​တို့ဟူး​တော့မဟုတ်​​ပေဘူး ။
      ဒါ​ကြောင်​့အချဉ်​ရည်​မထည်​့ဘဲသုပ်​ကြတာ

  • အောင် မိုးသူ

    November 30, 2015 at 9:32 am

    တို့ဟူးသုပ်ဆိုရင်တော့ ဆီချက်ကို ကြက်သွန်နီဆီချက်နဲ့ ပိုစားကောင်းတယ်လို့ ထင်မိတယ်။

    • surmi

      November 30, 2015 at 9:42 am

      ပုံမှန်​​တော့ဆီချက်​​လေးနဲ့သုပ်​ကြတာပါပဲ ။
      အဲ့ဒီ​ဒေသစတိုင်​က တို့ဟူးချဉ်​ကို ဆီစိမ်​း​လေးနဲ့သုပ်​တတ်​ကြလို့ပါ

  • ဦးကျောက်ခဲ

    November 30, 2015 at 10:43 am

    တို့ဟူးချဉ်တော့ မစားဖူးဘူး ကိုရင်ဆာရဲ့… ဆီတို့ဟူးလည်းမကြိုက်
    အဲ… တို့ဟူးတော့ ကောင်းကောင်းကျိုတတ်တယ်… :k:

  • ဦးကြောင်ကြီး

    November 30, 2015 at 12:41 pm

    တို့ဟူးကို ခေါက်ဆွဲနဲ့ လေ ျာသုပ်စား.. ကောင်းထှယ်။

  • Mike

    November 30, 2015 at 4:05 pm

    .တို့ဟူးသုတ်တောင်မစားဖြစ်တာကြာပေါ့..ရှလွတ်

Leave a Reply