. မြ ရဲ့ သင်ပုန်း ၃၀-၁၁-၂၀၁၅

မြစပဲရိုးNovember 30, 20151min31121

မြ တစ်ယောက် သည် မှန်းတိုင်းလွဲ ဖြစ်၏။
ပူပူနွေးနွေး ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တွင် တစ်ဖက် ကို အထင်တွေ ကြီးပြီး နိုင်သွားနိုင်တယ် မှန်းခဲ့လိုက်မိသည်။
ကိုယ့်လူများ နိုင်လိုက်တာမှ တောင်/သောင်ပြို ကမ်းပြို အားရစရာကြီး ဖြစ်သွားမှ သက်ပြင်းချရဲခဲ့သည်။
ဒါတောင် ကြားတွင် ဟင်းကနဲ ချက်ခြင်း မချနိုင်သေးဘဲ အသက် ကို အောင့်ထားရသေးတာလဲ အားလုံးအသိပင်။
အခုလဲ စိတ် ပူ သလို ရှိနေသေး၏။

ပွဲ မစခင်က မြ အတန်ငယ် အထင်ကြီးမိသည့် အမတ်တစ်ယောက် ရှိခဲ့သည်။
သူ့ အတွက် မြ တစ်ယောက် သည်  ကြားမှ မခံနိုင်ဘဲ စွာကျယ်ကျယ် လုပ်ခဲ့သေးသည်။
နိုင်ငံ နှင့် ဆင်းရဲသားလူထု အတွက် တစ်မျက်နှာဘဲ ကြည့်သူ ဟု မြ ယူဆခဲ့သည်။
သူသည် စိတ်ရင်း စေတနာအမှန်ဖြင့် အလုပ်လုပ်သူမို့ ပြည်သူများ ၏ အားကိုးထိုက်သူ ဟု မြ မှန်းခဲ့လိုက်သည်။
ပွဲပြီးသော် မြ တစ်ယောက် ငိုင်ကျ သွားသည်။
ကြားရသော သတင်းများ သည် မလတ်ဆပ်တော့ချေ။
တစ်ဖက်သတ်တော့ မြ မစွပ်စွဲလိုပါ။
ထိုကိစ္စသည် နှစ်ဖက်မှား ဟု သာ မြ တွေးလိုက်တော့မည်။
မြ ရဲ့ လူ သည် ခြေလှမ်း မှားခဲ့ ရင်တောင်မှ အမှန်ကို ပြန်စမ်းစစ်ပြီး ပြည်သူ များ အတွက် အမှန် လွတ်လမ်း ကို ရှာဖွေတတ်သူ ဖြစ်လိုက်ပါတော့ ဟုသာ ဆုတောင်းနေမိတော့သည်။

ရွေးကောက်ပွဲ ကာလ မှာရော၊ ပြီးဆုံးသွားချိန်မှာပါ မြ တို့ ၏ မဟာဂွဇက် ရွာကြီး သည် ကျီး တစ်ဖုတ်ဖုတ် နှင့်ဖြစ်နေခဲ့ သည်။
အင်မတန် စကား ပြောချင်သော မြ သည် ဖွဘုတ် နှင့်သာ နှစ်ပါးသွားရတော့၏။
ဖွ နှင့် ပိုပို ရင်းနီးလာချိန် ဂွ အတွက် စိုးရိမ်လာခဲ့လေသည်။
ညောင်သံပေးကျ ကြောင် တစ်ကောင်ပင် အသံ မထွက်နိုင်တော့။ သူလဲ မြလို မှန်းတာမဖြစ်လို့ ကြိတ်ပြီး ၁၁ကျပ် ကျနေပြီလားပင်မသိ။
ထိုအတိုင်းသာ ဆက်သွားပါက မြတို့ ရဲ့ ဟစ်တိုင် ဂွ ရွာကြီး ပျက်တော့ မည်ဟု မှန်းလိုက်ခဲ့ သည်။

သို့သော် မြ မှန်း တာ မှားပြန်၏။
ရွာသူ/သား များ သည် မိမိ တို့ သန်ရာ သန်ရာ များ နှင့် အသံပေး လာကြသည်။
ကလေးတို့ ဆရာလေး ထံမှ မဲရုံ အတွေ့အကြုံ များ စိတ်ဝင်စားဖွယ် ကြားရသည်။
ဆက်ဆက် သည် A ကိုက် ပြီး အသံပြန်ထွက်လာသည်။ Z အထိ ဆက် ကိုက်တော့ မည် ဟု တော့ မမှန်းပါ။ (မှန်းလျှင် လွဲမစိုးလို့)
ကပေါက်ကြီး ၏ ပုံရိပ်များ လဲ ရွာထဲ မှာ ပြန်အသက်ဝင်လာပြီ။
ဇီ ကလေးသည် ဘန်းနဒစ် ကို လက်ဆွဲပြီး ဝင်လာ၏။
ဝီလီ တို့ မွေးသဖခင် ကြီး သည် ကြာဆံချက် ကို အကြောင်း ပြု၍ ဖားဘဝ များ ကို ဟားတိုက်ပြသည်။
ချစ်မမ သည် ဆြာအော် ၏ ပုံများ ကို မေ့ချင်ဟန်ပြုပြီး တစ်ရွာသား ကို ချီးမွန်းခန်းဖွင့်၏။
ထို ချီးမွန်းခန်း တန်ခိုးဖြင့် သူကြီးမင်း ၏ ဘဏ်စာရင်း ကို ထပ်ပြီး မျက်ခုန်းလှုပ် အောင် လုပ်လာသူ ရှိခဲ့ပေပြီ။
မီးပျက်နေသော ရွာ တွင် စိန်ရောင် ပေါက်စ ကိုတဝင်းဝင်း ပြန် မြင်ရ၍  မြ သည် အင်မတန် ဝမ်းသာ မိ သည်။

မြ ရဲ့ ပြိုင်ဖက် စိန်ကြက် ရဲ့ တပည့်ကျော် တိန်ညင် ၏ တွန်သံ ကိုလဲ တစ်ချက်တစ်ချက်ကြားလာရသည်။
ကိုယ်ပိုင်နံပါတ်ရ ကဗျာဆြာ ကို ခြောက် တစ်ယောက် လဲ ဒီ ရက် တွင်း ပြန်စို နေသည်မို့ ကာရန် ညှိသံများ နှင့် စည်ကားပြန်၏။
ဘီလျံနာ များ ရဲ့ ဘဝ တစ်ဆစ်ချိုး ကို လေ့လာ နေပုံ ရသော မချွေ၏ လေး ၏ စမ်းစစ်မှု များမှာ အားရဖို့ ကောင်းလှပေသည်။
ဒီ ကြားထဲ မှာ ကိုခ တစ်ယောက် သည် မေးခွန်း ကြီး ကိုင်ပြီး ရွာထဲ မေးနေ၏။
သူ မေးခွန်း မှ မဆုံးသေး အစ်မဒုံ သည် ရွာထဲ စားစရာပွဲ ဈေးဖွင့်ရန် စည်းရုံးရေး ဆင်းနေတော့သည်။
ထိုအချိန် ဈေးသည်ကြီး ဆာဆာ ၏ တို့ဟူးချဉ်သုတ် က လက်ဦးသွားတော့သည်။

အကြောင်းမူကား မြတစ်ယောက် ထံသို့ တို့ဟူးဓာတ် ကူးသွားသောကြောင့်ပေတည်း။
ဆာဆာ ၏ ပုံထဲ က ထက် လှပသော စားချင်ဖွယ် မြလက်ရာ တို့ဟူးသုတ် ဖြစ်စေ ရမည် ဟု မှန်းခဲ့လေသည်။
ထုံးစံ အတိုင်းပင် မြ ၏ မှန်းချက် လွဲပြန်၏။
ရေထည့်နည်း သွားသောကြောင့် သိပ်ပြီးပင် မမွှေလိုက်ရဘဲ ပြစ်သွားခဲ့သည်။
တို့ဟူး သည် ကောင်းမွန်စွာ ခဲသွားသော်လည်း ပဲမှုန့်အစိမ်း နံ့ မပျောက်ဘဲ ရှိနေလေတော့ သည်။
သို့ကြောင့် မြ မှန်းထား သော တို့ဟူးသုတ် သည် တို့ဟူး ကြော် ဘဝ သို့ ကူးပြောင်းသွားလေတော့ သတည်း။ lol:-)))

TH01
တို့ဟူးကျို ရန် ပဲမှုန့်အစိမ်း

 

TH02
တို့ဟူးကျို အပြီး

 

TH03
လှီးထားသော စိမ်းစော်နံသည့် တို့ဟူးခဲ

 

TH04
တို့ဟူးသုတ် မဖြစ်သော်လည်း အနည်းဆုံးတော့ တို့ဟူးကြော် ရလိုက်ပါကြောင်း။ ကျေးဇူးပါ ဆာဆာ။ :-))

:

 

21 comments

  • ဇီဇီခင်ဇော်

    November 30, 2015 at 8:08 am

    မြရေ။
    ဒို့ ရှေ့ဖြစ်ဟောစားကြဇို့ ကွီ။
    ဟိဟိ။

    အရီးသတိပေးမှ ဆရာထက် ပို့(စ) တွေ ကျန်ခဲ့တယ်။
    သွားလိုက်အူးမယ်။

    :k:

  • သံချောင်း

    November 30, 2015 at 9:30 am

    အိုး.. မူးတယ် မူးတယ်
    လူတွေကော တိရာစ္ဆာန်တွေကော
    တွင်းထွက်တွေကော
    လောင်းကစား ပစ္စည်းတွေကော
    ပန်းတွေကော
    စားစရာတွေကော

    ဘာဒေမှန်းမသိ
    ဖတ်ရတာ မူးဒယ်

    ဟုတ်တယ်မလား သဂျီး
    ဟုတ်တာပေါ့ ငါတူရယ်

  • ဦးကျောက်ခဲ

    November 30, 2015 at 10:39 am

    လွဲတာကတော့ ဖွဘုတ်မှာရော အပြင်မှာပါ စွာကျယ်စွာကျယ်လုပ်တဲ့…
    နိုင်ဂံရေး သူ့ထမိန် မောင်ကျောက်ခဲလည်း အကြီးအကျယ်လွဲတာပဲ…
    ဒါတောင် ဒိုင်မညစ်တော့မည့်အကြောင်း ၃-ရက်လောက် ကြိုသိခဲ့သေးတယ်…
    အခုလည်း ကြားရပြန်ပြီ… ဟုတ်မဟုတ် မယုံရဲသေး…
    “သန်းမဂျီးက ဒေါ်စုပဲဖြစ်လိမ့်မယ်…..
    ၅၉ (စ) ကို မပြင်ပဲ ချွင်းချက်နဲ့ ဒေါ်စုကိုပေးဖို့ ဝူးတန်းချွေက ညွှန်ကြားတယ်ဆိုပဲ” :k:

  • mgsai

    November 30, 2015 at 12:26 pm

    မမမြ ဘောပွဲ ခန့်မှန်းပါလား
    ကျွန်တော် ဆန့်ကျင်ဘက် လိုက်လောင်းမယ်

  • ဦးကြောင်ကြီး

    November 30, 2015 at 1:08 pm

    အမ်တီလော်ဘီမြမှာ တမီးရှိဆို… အနေ ာ့်ကို ဗိုလ်သဘောထား သရဲ..

    • မြစပဲရိုး

      December 2, 2015 at 9:31 pm

      စ သိ ကထဲ က ရှေးရေစက် ကြီးလို့ ထင်ရဲ့။
      ကိုယ့် “အဖိုး” များလား လို့ တောင် တွေး မိခဲ့တာပါ။ :-)))

  • ကျောက်စိမ်း တိန်ညင်

    November 30, 2015 at 1:53 pm

    (ကိုယ်တွေက နိူင်ငံရေးလောကကို ကျောခိုင်းပီး … အခု ipad နဲ့ ပုတက်ဖတ်နေတယ် …. ခိခိ)

    ပုံ/ဝါရင့်နိူင်ငံရေးအကြံပေး စိန်ကြက်ဆင်

    ——————————————————————-
    ကျော့် ဆြာက အဲ့လိုရေးဆိုလို့ လာရေးပြတာ 🙂

    ဖေ့ဘွတ်သုံးနေပီဆိုတော့ လာလည်လို့ရအောင် လိပ်စာပေးဦးလေ …

  • kai

    November 30, 2015 at 3:40 pm

    မြေးတော်မောင်က.. ဒေါ်စုအိမ်ကိုသွားတွေ့တယ်ဆိုမှတော့… ဖြစ်ချင်တာတွေအကုန်ဖြစ်လာမှာမလွဲ..
    ဘာပဲဖြစ်ဖြစ်.. ဝက်ဘ်ဆိုက်ကလေး… စည်ကားလာလို့… ကျေးဇူးတွေတင်…။ :k:

    • ဇီဇီခင်ဇော်

      November 30, 2015 at 3:41 pm

      အာ့ဆို လစာတိုးပေးဒေါ့။

      :k:

      • kai

        December 1, 2015 at 2:22 pm

        တလတလ.. စားစရာအစာတွေတိုးပေးမယ်ပေါ့..
        ကျေးဇူး.. :k:

        • ဇီဇီခင်ဇော်

          December 1, 2015 at 2:26 pm

          ခု နောက်လ အတွက် စဉ်းစားမြဘူးး
          ချောက်ချွေဖက် ထည့်ပြီးပလားတော့မသိ။
          မထည့်ရသေးဘူး ဆိုရင် ပြန်စဉ်ပေးမလို့။

          http://myanmargazette.net/211646

          :k:

        • kai

          December 1, 2015 at 2:36 pm

          ထည့်လိုက်မယ်လေ..
          တကယ်တော့ အဲဒီထဲက တော်တော်များများက.. ယူအက်စ်မှာ ရှားပါးမှောင်ခိုပစ္စည်းတွေ…
          အင်း..
          တကယ်စားချင်တာ.. :k:

  • Alinsett @ Maung Thura

    November 30, 2015 at 7:24 pm

    Z အထိ ဆက် က်ိုက်ချင်ပါသည်
    အဟီဟိ
    -မြုံလျှင် ပုံပြင်မှတ်
    အခုတော့ b ထိ ရောက်ပြီ
    အဟီဟိ

    :k:

  • Shwe Ei

    November 30, 2015 at 10:19 pm

    ​ရေးမယ်​လို့ အားခဲမှ ဖတ်​စရာ​တွေ တိုးလာပါ​ရောလား အရီး​ရေ 🙂

  • မြစပဲရိုး

    December 2, 2015 at 9:43 pm

    ဇီ ရေ ကိုယ့်အရီး ရဲ့ လွဲချက် တွေ မြင်ပြီဟုတ်။

    မောင်အောင် – မင်းလက်ရာ ကို မှီနိုင်မယ် မထင်။

    မောင်သံချောင်း – မူး ရင် မူး တယ်မှတ်။

    ကျောက်စ် “ဒေါ်အောင်ဆန်းစုကြည်” သမ္မတ မဖြစ်ဘူး လို့ ခိုင်ခိုင်မာမာ ရဲရဲဝံ့ဝံ့ ယုံကြည်စွာ ကို ခန့်မှန်း ပါရစေ။

    မောင်စိုင်း – ဥရောပပွဲ တွေ ရှေ့နှစ်ကွဲ့။ လောင်းစို့။

    ဆြာကြက် ရဲ့ တဘော်ကျည့် – ဒီနေရာမှာ နားဒုက္ခ ခံရတာ မဝ လို့ နောက်တစ်နေရာ မှာ လာပြီး ဒုက္ခ ထပ်ခံချင်တယ်လား။

    သူကြီးမင်း – လကုန်ကာ နီး မှ ပြောရာက နေ ချက်ခြင်း ကို ရက် ပြောင်းသွားတာ နည်းတဲ့ ပါဝါ တို့ မဟုတ်ဘူး။

    ဆက် – ဇက် ထိ ရောက်စေသား။

    ချွေ၏ – မဖတ်ဘဲ ရေး တာ ကို ဦးစားပေးပါ။ စိတ်ဝင်စားလို့။

    • ဦးကျောက်ခဲ

      December 15, 2015 at 11:25 am

      ကျောက်စ် “ဒေါ်အောင်ဆန်းစုကြည်” သမ္မတ မဖြစ်ဘူး လို့ ခိုင်ခိုင်မာမာ ရဲရဲဝံ့ဝံ့ ယုံကြည်စွာ ကို ခန့်မှန်း ပါရစေ။
      ……….
      အရီး… သတင်းတွေ တက်လာနေပြီနော်… :k:

      • မြစပဲရိုး

        December 16, 2015 at 6:16 am

        ကျွန်မ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မယ်လို့ လုံးဝ (လုံးဝ) မမှန်းပါ။ 😉

        ဒါထက် ခရိုနီကြီး များ ကို လက်ကမ်း/ ခရိုနီကြီး များက လက်ကမ်း လုပ်လာတာ ကို တစ်ချို့တော့ (နှစ်ဖက်လုံးမှ) ဆွေ့ဆွေ့ခုန် ကြပြန်တော့မယ်။
        ကျွန်မ ကတော့ ပြည်သူတွေ ကောင်းကျိုးရဖို့ အတွက် ဆိုရင် သူတို့ မပါလို့ မပြီး ပါ လို့ ထင်ပါတယ်။
        နိုင်ငံ မှာ စီးပွါးရေး တိုးတက်ဖို့ ဆိုတာ တကယ် လုပ်တတ် ကိုင်တတ် အကွက်မြင်တတ် မှ ဖြစ်မှာပါ။
        ဒီအတွက် လဲ ဝမ်းသာအားရ ကြိုဆိုပါတယ်။
        ဒေါ်အောင်ဆန်းစုကြည် ကို ပံ့ပိုးပေးကြမယ် ဆိုရင် ဘယ်သူ့ ကို မဆို ကျေးဇူးတင်မှာပါဘဲ။

        ကျွန်မ အထင်တော့ မျောက်လေး ကို တွန်းပို့ သိမ်းသွင်းတဲ့ အထဲ သူရို့ က အဓိက ထင်ရဲ့။
        တကယ်လို့များ ကျွန်မ သာ သူတို့ နေရာ ဆိုရင် အဲလို တွန်းမိ မယ် ထင်လို့ ပြောတာပါ။

        ခရိုနီ တွေ နဲ့ ပေါင်းလို့ အပြစ်တော်တွေ တင် လာကြမှာလဲ မြင်ပြီးသားပါ။
        တကဲ့ ကို ခိုင်ခန့်ကောင်းမွန်တဲ့ ဥပဒေ၊ စည်းကမ်း၊ နည်းလမ်း တွေ တည်မြဲရင်၊
        အဲဒါတွေ ပေါ်မှာ ဘယ်လို လူတန်းစားမှ မရှိရင်၊
        အမှန်တရား ကို ရှာဖွေနေမဲ့ ဘက်မလိုက်တဲ့ စတ္ထုထမဏ္ဍိုင် တစ်ရပ် ရှိလာခဲ့ ရင်
        တော်ရုံ မဟုတ်တာ လုပ်ဖို့ စိတ်ပူစရာ မလိုပါဘူး။
        ခေါင်က လုံ နေရင် အောက်က တော်ရုံမဖောက်ရဲကြပါဘူး။

        အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို အကြွင်းမဲ့ ယုံကြည်တာပါဘဲ။
        ကျွန်မတို့ အားလုံးထက် ပညာဉာဏ်၊ စိတ်ဓာတ်၊ အတွေ့အကြုံ၊ ပြတ်သားမှု၊ မတွေဝေမှု အားလုံးသာတယ်။
        ပြောရရင် ကိုယ်ဟာကိုယ် ဘာမှန်းမသိဘဲ ဝင်ဝင်ပြီး ဆရာလုပ်နေသူ တွေ ကို မြင်ပြင်းကပ်လှတယ်။
        မရှက်တတ်ကြဘူး။

  • ကျနော်ကရွာရဲ့အနီးဆုံးမှာမနေပေမယ့်
    အဝးကြီးမှာလဲမဟုတ်ပြန်ဘူး

    ကိုလတ်ကြီးနဲ့ကျနော် ဖွဘုတ်မှာမိတ်ဆွေမဖြစ်သေးတာတော့
    အံ့ဩစရာဘဲ

  • မြစပဲရိုး

    December 17, 2015 at 1:43 am

    ဧရာဝတီ က သတင်း မို့ သူတို့ အမြင် အာဘော် ကို တော့ သိပ်ပြီး မယုံပါဘူး။
    ဒါပေမဲ့ တကယ်လို့ များ အဲဒီ “သင်တန်း တာဝန်ခံ NLD ဗဟို သု တေသန အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း” ပြောတဲ့
    “ကျနော် က ဦးတေဇ ကို အကူအညီတောင်းခဲ့တော့ သူက ချက်ချင်းလက်ခံတယ်။” ဆိုတဲ့ သတင်းသာ မှန်ခဲ့ ရင်
    ဒီဦးတေဇလို လူမျိုး တွေ က စပြီး offer မလုပ် ဘဲ ကိုယ်က စပြီး အကူအညီ တောင်းခံ တာ မျိုးကို တော့ မလုပ်သင့် ဘူး လို့ မြင်ပါတယ်။
    ဒီလောက်လေး ကို မှ သူတို့ အကူအညီ မပါဘဲ မစီစဉ်တတ်ရင် စီစဉ်တတ်သူ နောက်တစ်ယောက် ကို တာဝန် လွှဲပေးသင့်သလားဘဲ။
    သပွတ်အူက ရှုပ်လာတာ မှ ဘာတွေမှန်းတောင် မသိတော့ဘူး။
    ဒီလောက် မ တစ်ရာသား တွေ ရဲ့ အရှုပ် ကို ခံနိုင်စွမ်းအတော်ရှိတာ ကတော့ တော်ရုံစိတ်ဓာတ် နဲ့ မရဘူး။

  • ဝင့်ပြုံးမြင့်

    December 20, 2015 at 12:22 am

    .အွန်လိုင်းစာတွေဖတ်ရတာ တဖြည်းဖြည်း နားလည်ဖို့ ခက်ခက်လာတယ်။ ဖဘမှာလည်း အဲလို။ ကိုယ့်ဦးနှောက်ကပဲ သုံးမရတော့တာလား မသိ။ တစ်ခုခုကိုနားလည်အောင် မနည်းဖတ်ရတယ်။ ကိုယ်က တဖြည်းဖြည်းနဲ့ ခေတ်နောက်ကို ပြတ်ပြတ်ကျန်သွားသလိုပဲ။ ဒါမှ မဟုတ် အဆက်ပြတ်နေသလိုမျိုး။

Leave a Reply