Go Go .. … ဘွားဒေါ် Gold

တနေ့ဂ ဘွားဒေါ် သူ့ပါတီ အနိုင်ရ အမတ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောတဲ့ မိန့်ခွန်း လူထုအကြား အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်ဗျ။ မှတ်မှတ်သားသား ဖြစ်မိတာတွေကတော့ ရွေးကောက်ပွဲလွန် လူထုစည်းရုံးရေးကမ်ပိန်း အမှိုက်ကောက်တဲ့ လှုပ်ရှားမှုပြုမယ်။ လစာထဲက ၂၅% လ ျှာခိုင်နှုန်းဆိုလား ဖြတ်မယ်။ စည်းကမ်းဗိုင်းကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်မယ်။ သူ့ပါတီ သူ့မဲမို့ သူကြိုက်တာ လှုပ်ခွင့်ရှိပါတယ်။ နဂိုထဲက ဘွားဒေါ်အကြောင်းလည်း သိနေတာပဲဟာ။ အပြင်လူနဲ့ ဆက်ဆံတဲ့အခါ ပျော့ပြောင်းညှင်သာတယ်၊ ကိုယ့်လူကြတော့ မျက်နှာသာမပေး ခက်ထန်တယ်။ ဒါကြောင့်ပဲ သူ့ကို မုန်းသွားသူ ဒီချုပ်ပါတီဝံ မနည်းမနော ရှိမဟုတ်လား။ ဘာညှာဆိုတာ ပြောဖို့ စောလွန်းပေမှဲ့ ပြောထားတာကို ဝေဖန်သမှု ပြုရလ ျင်..
အနိုင်ရ ဒီချုပ်အမတ်တွေ အိပ်ငိုက်မနေဖို့ မဲဆန္ဒရှင်လူထု သွေးမအေးဖို့ အရပ်ထဲဆင်း ပြည်သူ့အက ျိုးပြုတာ မင်္ဂလာတပါးပါ။ အထူးအဆန်းတော့ မဟုတ်၊ ၁၉၈၈ခုနှစ်မှာ အာဏာသိမ်း စစ်အစိုးရတက်ခါစ စနေနေ့တိုင်းသန့်ရှင်းရေး လုပ်အားပေးဆိုပီး လုပ်ခဲ့တယ်၊ ၁၉၆၂ ခုနှစ် ဦးနေဝင်း တော်လှန်ရေးကောင်စီ လက်ထက်မှာလဲ ဒီလိုပဲလုပ်ခဲ့တယ်။ လုပ်ခါစတော့ အဟုတ်ဗျို့၊ အိမ်နောက်ဖေးလမ်းကြားတွေများသန့်လို့.. ညနေဖက် မိသားစု ထိုင်စကားပြော၊ ခလေးတွေ ဆော့ကစားလို့ရတယ်။ ဒါပေမဲ့ လပိုင်းလဲကြာရော ဒုံရင်းကဒုံရင်း။ ပြောရလ ျင် စေတနာမှ မပါ၊ စေတနာ မမှန်ဘူးလေ။ ရပ်ကွက်ထဲ ဗုံးရှာဖို့လောက် ရည်ရွယ်တာဆိုတော့ ဘယ်တာရှည်မလဲ။ ရပ်ရွာလူထုကလည်း စီစဉ်ဆောင်ရွက်သူတွေကို မျက်မုန်းက ျိုးနေချိန်ဆိုတော့ အောင်မြင်မှုမရ။ အန်အယ်လ်ဒီအနေနဲ့ ဘယ်လောက်ထိ လူထုကို စည်းရုံးလုပ်ဆောင်နိုင်မလဲ ကြည့်ရတာပါ့။ အကောင်းဆုံးကတော့ ပွဟိတအဖွဲ့တွေ လူထုအခြေပြုအဖွဲ့တွေ ပူးပေါင်းပါဝံလာလ ျင် ရေရှည်တည်တံ့နိုင်မည်။
လစာဖြတ်တာတော့ သိပ်သဘောမတူချဉ်..။ ပြည်ဒေါင်စုလွှတ်တော်အမတ်တယောက် ဆယ်သိန်းရ.. ၂၅%နှုတ်ဆိုလ ျင် ခုနှစ်သိန်းခွဲပဲက ျန်မည်။ ဒီကြားထဲ အခွန်ဆောင်ရသေးလား မသိ။ သူ့မှာ သားကျွေးမှု မြှာကျွေးမှု ရှိမည်၊ မရှိလည်း အသိုင်းအဝန်း ရှိမည်။ သူ့ဝါသနာ လုပ်ခြင်တာလေးတွေလည်း ရှိအူးမည်။ သောက်စားတတ်သူအဖို့ အရင်လို ဘီအီးဆိုင်မှာ ပဲလှော်နဲ့ မြည်းလို့မရဒေါ့။ မင်္ဂလာဆောင် အကျွေးအမွေး အပေးအကမ်း ပိုများလာမည်။ ရပ်ရွာလူကြီး ဖြစ်သွားပြီလေ။ သူက မလိုခြင်ဘူးထား သူ့မိသားစုက ဝတ်ကောင်းစားလှ ဝတ်ခြင်မည်။ တော်လှန်ရေးကာလ မဟုတ်၊ ပြန်လည်ထူထောင်ရေးကာလမို့ ထိုက်သင့်သော အဆောင်အယောင် အက ျိုးခံစားခွင့် ရှိရမည်လေ။ အဲလိုမဟုတ် သီအိုရီ တစာစာအော်သူ ကူမြူနစ်များ အာဏှာရတဲ့အခါ ဘာဖြစ်ကုန်သနည်း လေ့လာကြည့်ပါလေ။ နောက်တချက်က ဒီချုပ်အစိုးရ ဖြစ်လ ျင် နိုင်ငံတကာ အကူအညီများစွာ ရမည်ဟု ခန့်မှန်းပါသည်၊ အဲဒီအထဲ နိုင်ငံဝန်ထမ်းများ စားဝတ်နေရေး သက်သာချောင်ချိရေး အစီအစဉ်များ သေချာပေါက် ပါလာမည်။ အက ျင့်ပျက် ခြစားခြင်းကို အကောင်းဆုံး တိုက်ဖျက်နည်းမှာ သင့်တော်လုံလောက်သော လစာ၊ ခံစားခွင့်များ ပေးအပ်ခြင်းသားဖြစ်သည်။ လစာတိုးပေးရုံနဲ့မပီး ကိုယ်ပိုင်အိုးအိမ်၊ ပင်စင်ဝင်ငွေ ရှိပြီဆိုမှ နာတာရှည်ရောဂါ အက ျင့်ဆိုး လေ ျာ့နည်း ပပေ ျာက်ပါမည်။ လာဘ်ရှိရွေးကောက်ခံ အမတ်များမှာ အဲဒီ အာမခံချက်မရှိ၊ ရှိမည်ဆိုလည်း အများစု အသက်အရွယ်နဲ့ မသေချာ။ နောင်ရွေးကောက်ပွဲမှာ အရွေးမခံရလ ျင် ဘယ်လိုလုပ်မလဲ၊ ဘယ်သူက ကျွေးထားမလဲ။ သိသလောက် လွှတ်တော်သက်တမ်းတခု အရွေးခံရရုံနဲ့ အငြိမ်းစားခံစားခွင့်မရ။ ဘုရားဟောရှိသလို သုံးပုံမှာ တပုံကိုသုံး (စားဝတ်နေရေး)၊ နောက်တပုံကိုလှူ (သာရေး၊နာရေး၊ ပုဂ္ဂလိကစည်းရုံးရေး)၊ က ျန်တပုံကိုစုဆို တလသုံးသိန်းစုနိုင်ပါမှ ငါးနှစ်သက်တမ်းတွင် ၁၈ဝသိန်း ဖြစ်မည်။ ဘေးဘီလာဘ်လာဘ မယူရ၊ မတိုမလ ျှိုရ ဆိုလ ျင် လုပ်ပိုင်ခွင့်အာဏာရှိသူတယောက်အတွက် ထိုက်သင့်သော ပမာဏ ဖြစ်ပါသည်။ ဖြစ်စေခြင်သည်က ဆယ်သိန်းပေးလို့ ဆိုင်ရာမဲဆန္ဒနယ်၊ တိုင်းပြည်အနေနဲ့ အစ ရာထောင်ချီ ပြန်ရဖို့ ကြပ်မတ်စေခြင်သည်။ ပေးတာထက် ပိုယူလ ျင် ဆော်သာဆော်။ နို့မို့လ ျင် စစ်အဆိုးဓမြ အာဏာသိမ်းခါစလို လာဘ်ယူသူ ဝန်ထမ်းအခ ျို့ ထောင်ဒဏ် အပြစ်ပေးခံရ၊ သတင်းစာထဲပါ အရှက်တဂွဲ အက ျိုးနဲဖြစ်၊ နောက်တော့လဲ ဒုံရင်းက ဒုံရင်း… ဒင်းတို့ကြမှ ဝသာလီပြည် ဘီလူးသရဲစီးသလို ဝါးမြိုစို့.. အဆုံးမတော့ ကံဆိုးသူမောင်ရှင်နဲ့ အမုန်းခံရသူ တက်ကြွတဲ့ မောင်ကြက်ဖသာ ဓါးစာခံဖြစ်က ျန်ခဲ့သည်။ နောက်ပီးဒေါ့ ထိုက်သင့်တဲ့ ငွေကြေးခံစားဂွင့်မှ မရလ ျင် ပြင်ပ တက်ကနိုကရက်မ ျားကို သိမ်းသွင်းမရနိုင်။ စင်ကာပူမှာတော့ အစိုးရဝန်ထမ်းကို ပုဂ္ဂလိကကော်ပိုရေးရှင်းများနျှင့်အပြိုင် ပေးသည်ဟု ကြားဖူးသည်။ ဈေးကွက်စီပွားရေး ထွန်းကားလာသည်နှင့်အမ ျှ အစိုးရတွင် ထူးချွန်ထက်မြက်သော မန်နေဂ ျာများစွာ ရှိရန်လိုသည်။ နို့မိုလ ျင် မတထောင်သား သူ့ထက်ငါ လူစွမ်းကောင်း ပုဂ္ဂလိကကဏ္ဍကို မည်သို့ ထိန်းခ ျုပ်မည်နည်း.. အမိန့်အာဏှာဖြင့် အုပ်ချုပ်၍ရမည့်ခေတ်လည်း မဟုတ်တော့…။
စည်းကမ်းပိုင်း တင်းကြပ်မည်ဆိုတာကို ပြန်လည်သင့်မြတ်ရေး ရှုဒေါင့်က ကြည့်ခြင်တယ်။ လာဘ်ရှိ အင်အားအကြီးစုန်းသည် စစ်တပ်.. တသွေးတသံတမိန့်ဖြင့် ဖွဲ့စည်းထားသော ငိုးမ၊ မြေလ ျှိုး အဲသာ မပါဘူး.. ရေးရင်း အရှိန်လွန်သွားဒါ.. ငှိ ငှိ) စစ်တပ်။ စည်းကမ်းပိုင်း သိပ်အူးစားပေးတယ်၊ ဆန္ဒပြရင်တောင် နှစ်ယောက်တတွဲ စီတန်းလမ်းရှောက်ခိုင်းတဲ့ စစ်တပ်..။ ဒီမိုကရေစီ အခြေခံ လူ့အခွင့်ရေးတွေနဲ့ ယဉ်ပါးမှုမရှိတဲ့ (အရိုင်းအစိုင်း အယုတ်တမာ.. လှုပ်ပြန်ပီ.. အဲဒါ မပါဘူးဆို..) စစ်တပ်..။ တိုင်းပြည်ကို စည်းကမ်းတကြ ဖြစ်စေဖို့ သူတို့ကလွဲရင် အခြားမရှိ သွေးနားထင်ရောက်နေတာမို့ သူတို့နဲ့ အခြေခံတူတဲ့ စည်းကမ်းတက ရှိရေး.. တလ ျားအုပဒေ စိုးမိုးရေး တိတိက ျက ျ ကိုင်တွယ်ပြနိုင်လ ျင် ဒင်းရို့ အမြင်ပြောင်းလာလေမည်လား နွားပလာတာ ကျွေးသလို ဆိတ်ကူးယဉ်မိတယ်။ ငါတို့သာလ ျင် ကယ်တင်ရှင်ဆိတ်ဓါတ် မှားယွင်းကြောင်း အကောင်းစုန်း သက်သေပြမှုလည်း ဖြစ်မည်။
စွန့်စားရမှု များတယ် ဒါပေမဲ့ အမြတ်အစွန်းကလည်း ငါးနှစ်အတွင်း ရမှဖြစ်မည်မို့ လောဘသိပ်မကြီးဘဲ လူထုလိုအပ်ချက်တွေ ဖြည့်ဆည်း၊ အမှိုက်သရိုက်တွေ ရှင်းလင်း၊ အနာတရတွေ ကုစား၊ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အခြေခံကောင်း တည်ဆောက်ဖို့ ရည်မှန်းချက်ထားလ ျင် ပါတီရည်မှန်းချက် တိုင်းပြည်အနာဂတ် လူထုမေ ျှာ်လင့်ခ ျက် စတာတွေနဲ့ လိုက်လေ ျာညီထွေ ရှိမည်ဖြစ်ကြောင်း ဤနေလ ျှာမှ အကြံပု နှိုးဆော ်လိုက်ရပါသည်။

မှတ်ချက်။။။ ပါစင်နယ်တခု ထင်ကြေးပေါရရင် ဒေါ်စု ကိုယ်ဟန်အနေအထား လမ်းလေ ျာက်ပုံ ဘယ်သူနဲ့ တူသလဲ သိလား…။ ရုရှားသမ္မတပူတင် နဲ့တူတယ်.. သူလမ်းလေ ျာက်ရင်ကြည် လာဘ်နှစ်ဖက်ကားလ ျားကားလ ျားနဲ့ ပုခုံးကို နွှဲ့လေ ျာက်တာ။

စည်းကမ်းဘွားဒေါ် မြည်းစမ်းသွားနော်
              စည်းကမ်းဘွားဒေါ် မြည်းစမ်းသွားနော်
ပူတင်ဂ ျီး လူထင်ကြီး
                            ပူတင်ဂ ျီး လူထင်ကြီး

ဟုတ်မှ မလွဲရော.. အတပ်ဟောလိုက်မယ်.. ဘွားဒေါ် အာဏှာရလ ျင် မောင်ပူတင်လိုပဲ ခပ်ကြမ်းကြမ်း ရံဖန်ရံခါလဲ ခပ်ရမ်းရမ်း ကိုင်တွယ်လိမ့်မည်။ နိုင်ငံတဂါ ဆိုတာထက် အမ ျိုးသားအက ျိုးစီးပွား ပိုအလေးထားလိမ့်မည်။ (အမ ျိုးသားရေးဝါဒီများ ဝမ်းမြောက်ကြပါကုန်) အိမ်နီးခြင်းနိုင်ငံတွေက ဒီမိုအခွင့်ရေး လှုပ်ရှားသူများအဖို့တော့ သတင်းဆိုးပဲ။ ပါတီတွင်း ပုန်ကန်ထကြွမှု ဖြစ်လာဖွယ်ရှိသည် သို့သော ်ဘွားဒေါ် ဘုန်းကံကို အံတုနိုင်ဖွယ်မရှိ။ ဟောလာဘ်စနဲ့ ဆက်ဟောလ ျင် အောင်မြင်မှုများ ရနိုင်သလို အငြင်းပွားဖွယ် ပြသနာများလဲ ဖြစ်ပေါ်လာဖွယ် ရှိသည်။ မည်သို့ပင် ဆိုစေ မတ်နီမတ်နီ မက်တားမို့စ်… မတ်နီစက်ကင်းဂေါ့ဒ် ငွေသာ အရေးကြီး ငွေရှိလ ျင် အလ ျှာလ ျှာ အောင်မြည် ဖြစ်ပါဂေ ျာင်း…..

ပုဏ် – နိုင်ငံရေးပိတ်ဟော ဒီမိုကြောင်ကဝိ (ရဲရဲတောက်)

22 comments

  • သံချောင်း

    November 30, 2015 at 12:30 pm

    အလို..
    ခင်ဗျားတိုရွာက ကျောင်ကျီးဆိုတာက ဗေဒဝိဇ္ဇာ တစ်ပါးပါ တကား
    ယနေ့မှစရွေ့ သတိစွဲ လမ်းလျှောက်ကြပါကုန်

    • kai

      December 1, 2015 at 1:55 am

      ခင်ဗျားတို့ရွာက ကိုရင့်ရွာလည်းဖြစ်ပါသည်…. တမုံ့..။

    • သုဘရာဇာ သံချောင်း

      December 1, 2015 at 11:13 am

      အလို!
      ​နောက်​ထပ်​ သံ​ချောင်​းတစ်​​ယောက်​ပါလား ?
      ​နေရာ​တော့လုမယ်​မကြံနဲ့​နော်​
      ကျုပ်​က မူလအစပထမသံ​ချောင်​း :mrgreenn:

    • သံလုံး

      December 1, 2015 at 11:34 am

      မိတ်ဆွေတို့ခင်ဗျား
      စိန်ကောင်းကျောက်ကောင်း ရောင်းကောင်းနေတဲ့အချိန်
      သံချောင်းတွေ ဝင်မရောင်းကြစေလိုပါ ခင်ဗျား

      ဟတ်တယ်မလား သဂျီး
      ဟတ်တာပေါ့ ငတူရယ်

      • သုဘရာဇာ သံချောင်း

        December 1, 2015 at 3:36 pm

        အရက်​ပုလင်​းဘယ်​မှာကျန်​ခဲ့လဲ
        ညှင်​းညှင်​း သုဘရာဇာဆိုတာ အရိုးမြင်​ရရင်​​တောင်​
        ဘယ်​သူ့အ​လောင်​းလဲဆိုတာမှတ်​မိတယ်​
        ကျုပ်​ကိုဘီအီးတိုက်​ပါ ဒါြဗြဲ :mrgreenn:

        • သံပြား

          December 1, 2015 at 6:35 pm

          ကိုသံလုံးနဲ့ ကိုသံချောင်းတို့
          အေးဆေးနေကြစမ်းပါတော်

  • ဦးကျောက်ခဲ

    November 30, 2015 at 12:39 pm

    ဘွားတော်ခြေလှမ်းကို သူ့လူတွေ မမီမှာပဲ စိုးရိမ်၏…

  • ကျောက်စိမ်း တိန်ညင်

    November 30, 2015 at 1:12 pm

    အူး သန်းရွှေ သမ္မတလုပ်မယ်ကြားတယ် ….

    သူ့အကြံပေးကို ဝီစကီတလုံးတိုက်ပီး ဒီသတင်းယူလာတာ ….. ။

  • Alinsett @ Maung Thura

    November 30, 2015 at 1:31 pm

    ဟိုနေ့က အမေ…ပြောလိုက်တဲ့ ခပ်တင်းတင်းခပ်မာမာ စကားတွေကြောင့်
    ပူညံပူညံ ဖြစ်သွားကြတာကို ကြည့်ပြီး…
    အမေ….ကွ….လို့…ထအော်ပလိုက်တယ်…

  • kai

    November 30, 2015 at 3:21 pm

    ပေးထားတဲ့… အကျန်…အဲ… အဲ.. အကြံတွေ…။
    ဘွားတော်ဘယ်တော့မှမယူ… သူလုပ်ချင်တာလုပ်သည်ဖြစ်ကြောင်း…။

    ဆိုတော့…
    မြန်မာမှန်လျှင်.. ဘယ်သူ့ကို.. ဘယ်သူကမှ..လက်အုပ်မချီ.. ဖြစ်စေချင်..
    သမ္မတဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ..။ :k:

  • ဇီဇီခင်ဇော်

    November 30, 2015 at 3:31 pm

    မေမေမှန်တယ်။
    မေမေဘာလုပ်လုပ် ကောင်းတယ်။
    မေမေ့ကို မကောင်းပြောရင် နာ့ လေသေနတ်နဲ့ ပစ်မယ်။

    :mrgreenn:

    • Alinsett @ Maung Thura

      November 30, 2015 at 7:08 pm

      အမေ့လုပ်ရပ်တွေကို
      ထိုင်အပြစ်ရှာ
      အမေ့အမှားဟူသမျှစောင့်ကြည့်ပြီး
      အမေ့ကို အပြစ်ထိုင်ပြော
      ဘယ် အဖွဲ့ဘက်မှလည်းမလိုက်သော
      -မောင်သူရ ဆိုသူ(ဇာဂနာ ဆိုလား)အားးးးး
      အနော် မောင်သူရမှ ဆက် လက် စကားပြောဆို ဆွေးနွေးသင့်/မသင့်

      အဟီးးး

  • သံချောင်း

    November 30, 2015 at 6:15 pm

    မဂိုးဘူး မဂိုးဘူး
    ကကြောင်ကြီးပဲဂိုး

    • သံလုံး

      December 1, 2015 at 11:35 am

      ဂိုးဘူး ဂိုးဘူး
      တိုင်ထိပြီး ပြန်ကန်ထွက်သွားတယ်

      • Mike

        December 2, 2015 at 11:44 am

        .လုံးလိုက် ပြားလိုက် ချောင်းလိုက်နဲ့ မျက်စေ့နောက်လှသကွာ..ဘီအီးပုလင်းသာပြန်ယူချီပါ :))

  • kai

    December 1, 2015 at 1:16 pm

    ပြောသာပြောတာ…
    အဲဒီလမ်းလျှောက်ပုံက.. ဒေါ်စုနဲ့ပူတင်တော်တော်တူနေတာ… စသတိပြုမိသူက.. ကကြောင်ကြီးဆိုရင်တော့ တော်တော်အံ့ဩချီးကျူးမိမှာပဲ..
    ဟုတ်ပ…။

    • ဦးကြောင်ကြီး

      December 1, 2015 at 1:29 pm

      ပြောခ ျဉ်နေတာ ကြာပီ အူးမာမွတ်…. ဒေါ်စု နိုင်ငံခြားထွက်တော့ လမ်းလေ ျာက်တာ ပိုမြင်ရတယ်။ ကိုယ်ကို နွှဲ့ပီးလေ ျာက်တာ သိသာတယ် အက ျင့်ဖြစ်နေတယ် ထင်လ ျဲ့

  • ဒီတစ်ပတ်ထုတ် ဒီလှိုင်းမှာ မိန့်ခွန်းအပြည့်အစုံကို ဖတ်ရချိန်.. အသက်တောင် ပြင်းပြင်းမရှူနိုင်ခဲ့ဘူး…

    ဒီလိုခေါင်းဆောင်မျိုးနဲ့ ကြုံရတာ ကံကောင်းလိုက်တာလို့ တွေးမိတာ. လွန်မလားငင်..

    • Mike

      December 2, 2015 at 11:46 am

      .ဒေါ်စုမိန့်ခွန်း အပြည့်အစုံတင်ပေးဂျပါဗျို့…ဒီလှိုင်းလည်းဝယ်မရလိုက်ဘူး

  • ဘာပဲ​ပြော​ပြော ပြည်​သူ​တွေက ​ဒေါ်စုအုပ်​ချုပ်​တာခံရဖို့ ​တောင်​့တ​နေတာ ကာလအ​တော်​ကြာပြီမို့လားမသ်ိ။ ​ဒေါ်စုက တစ်​ခုခုလုပ်​ပြရင်​ ​နောက်​က သ​သွေမတိမ်​းလိုက်​လုပ်​ကြမယ်​့သ​ဘောမှာရှိတယ်​။စည်​းကမ်​းမဲ့တာ​တွေ ခဏ​လေးနဲ့​လျော့ကျသွားမှာ မလွဲ​သေချာ။
    ‘အ​မေစုဘုန်​း မိုးသို့ချုန်​းပါ​စေ’

Leave a Reply