ကြေးမုံဂျီး.. မင်း.. မင်း.. မင်းဘယ်လို ပြောလိုက်သယ်.. ထပ်ပေါစမ်း။ ဟုတ်တယ် ဝ သူ့ကိုပဲ ခြစ်လယ်.. ထပ်ပေါမယ်.. တာမီး ကိုကိုပုကိုပဲ ခြစ်တယ်။ ဗါကွ… မင်း အဲဒီ အကောင်အကြောင်း ဘယ်လောက် သိလို့လဲ။ ကကြောင် ဝမ်းနည်းနေလျှာမှ တမဟုတ်ခြင်း ဒေါသထွက်လာကာ ကြေးမုံဂျီးပုခုံးနှစ်ဖက် ကိုင်လှုပ်ရင်း… အေး မင်းမသိရင် ငါပြောမယ်.. ငပုဆိုဒဲ့ကောင်က ဂေါင်းကြီး.. နာမည်အရင်းက မိုက်ကယ်ဂျော်လကီအုပေါင်.. ဖဲရှုံးရင် ကိုယ့်အုတောင် မချန် ပေါင်ရိုက်တတ်တဲ့ကောင်၊ အဲဒါကို နာမည်အမှန် မိုက်ကယ်ဂျော်နီအောင်ပုပါလို ဗျောင်လိင်ထားတာ၊  သောက်ကျင့် လုံးဝ မကောင်းဘူး။

အို.. တမီး ဒါတွေ သိဘူး၊ ကိုပုပြောတာ ထိုင်းနိုင်ငံ ရနောင်းမှာနေတယ်၊ မြဝတီ မဲဆောက် ဗန်ကောက် ပတ္တရား နေရာအနှံ့ လုပ်ငန်းခွဲတွေရှိတယ်။ ရာထူးက အိပ်ခ်ျအာရ် မန်နေဂျာ.. အိပ်ခ်ျအာရ် ဆိုတာ မြန်မာလို အလွယ်ပြောရင် လူသားရင်းမြစ်စီမံခန့်ခွဲရေး၊ သူ့ဆို  လူတိုင်းသိတယ်.. ဂေါင်းဆိုတာ သွားပုပ်လေလွင့်ပြောတာ၊ အမှန်က ခေါင်းကောင်းလွမ်းလို့ ဂေါင်းအောင်ပု မြှောက်စား ခေါ်တာ..။ ထိုင်းကတဆင့် ပြည်တော်ပြန်သူတိုင်း သူနဲ့မကင်းဘူး။ ရှင် အထင်သိပ်ကြီးတဲ့ ဂဇက်ရွာသဂျီး မာမွတ်ခိုမ်ဆို ကပု ကပုနဲ့ ပါးစပ်ဖျားက မချဘူး၊ တခါတလေများ ကပုဆီမှာတင် အလည်လွန်ပီး ရန်ကုန်တောင် ပြန်မရောက်ဘူးတဲ့။ အဲလောက်ထိ ဧည့်တဝတ်ကျေ ပြွန်တာ။ ကျမကိုလည်း  နေစရာ စားစရာ မပူရဘူး၊ သူ့ဆီမှာ အလုပ်ပါ သွင်းပေးအူးမှာတဲ့။ အောင်မငှီး အောင်မငှီး.. ကကြောင် နားထောင်ရင်း သွေးတက်လာသည်။ ကြေးမုံဂျီးကား မိုးမမြင် လေမမြင် ခြစ်ဆိတ်မွှန်လေပြည်..

ထိုအချိန်ဝယ် ဂျော်လကီအောင်ပု ဖုံးတပြောပြော ဖြင့်ရောက်လာသည်မှာ… ဩော်အူးခိုင်မ်လား ပြောပါခမြ… ဗျာ အသစ်လိုခြင် အသစ်ဈေး ပေးရပေါ့ဗျာ၊ ပစ္စည်းကောင်း ဈေးမှန်ဖို့ ကျနော့်တာဝံထားပါ။ နာမည်တလုံးနဲ့ လုပ်စားနေတဲ့ ကောင်ပါဗျ။။ ဟုတ်ကဲ့ ဟုတ်ကဲ ရောက်ရင် ခေါ်လိုက်လေ.. ။ ချက်ဆို နားခွက် မီးတောက်သော ကြောင်ကြီးဂါး ဘာကိုဆိုလိုသည် ဘာအတွက်ပြောနေကြသည်ကို တပ်အပ်သိလေသည်။ ထို့ကြောင့်.. ဟေ့ကောင် ငပု ရီးလိုမှိုလို မှုတ်နဲ့.. ငိုးမ ငိုးထီး မြေလျှိုး စသဖြင့် တတ်သမြ မှက်သမြ ကြိမ်းမောင်းသော်လှည်း မိမိလူ ကိုယ်ဒိုင်က သူ့ဖက် ပါနေပြီဖို့ မတတ်သာသည့်အစုန်း ရဲဇုတ်လျှာမြ ဆိုသူထံ အကြောင်းကြံ၍ လူကုန်ကူးမှုဖြင့် ၎င်းအား ဖမ်းဆီးအရေးယူ လိုက်ရလှေဒေါ့သီ။ ခြံခုန်သူ ကြေးမုံဂျီးဂါး မြွေပါလဲစုန်း သားလဲစုန်း ဖြစ်ခါ ကြောင်ကြီး မျက်နှာပင် စေ့စေ့ မကြည့်လျဲဖြစ်ခါ ဝသဘုံတပ်ထဲဝံသွားသလို အခြစ်ဓါးစာခံ ကြောင်ကြီးမှာလှည်း မိန်းမဆို အသံကျားယုန်ဖြင့်ပင် အမြီးထောင်လာသည်အထိ မုန်းတီးစက်ဆုပ်မိသွားလေဒေါ့သီ။

ဤဒွင် မခြစ်တတ်သူ၊ အခြစ်ကြက်လူ နှင့် အခြစ်ပြတ်သူ တို့၏ သုံးပွင့်ဆိုင် ဇာတ်လမ်း တခန်းလျက်အိ။

ပုံပြောဆြာကြောင်ကြီး

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 601 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး