စိန်ဗိုက် တို့ ရွာ…။

black chawDecember 2, 20151min33222

မနက်က မိတ်ဆွေကြီးတစ်ယောက် ဖုန်းဆက်လာပါတယ်။

ရွာထဲကို ခင်ဗျား မိတ်ဆွေကြီး ပြန်ရောက်နေတာ သတင်းလှမ်းပေးတာတဲ့။

ကျွန်တော်ကဖြင့် သိထားတာ ကြာလှပေါ့။

ကွန်းမန့် ငါးထောင်ကျော်ဆိုကတည်းက

ပါချီပါချဲ့ မဟုတ်။

နည်းနည်း လှန်လှောကြည့်လိုက်တော့မှ

လားလား အရက်သမားဟောင်းကြီး မောင်စိန်ဗိုက် ဖြစ်နေပါရောလား။

သူ့ဟာသူ ဘယ်နာမည်ပြောင်းပြောင်း လိုဂို ပြောင်းတာကိုတော့

အလွန်စိတ်ဆိုးမိပါတယ်။

အရက်ပုလင်းလေးကိုင်ပြီး ဟိုယိမ်းဒီထိုးလုပ်နေသော

အရက်သမားအရုပ်လေး..အခုတော့…မရှိတော့ပြီ။

စိတ်ထဲ အတော် မကောင်း။

ဒီကောင် လုပ်ရက်လေခြင်း…။

ဒီလိုဂိုလေးက တစ်ရွာလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းပိုက်ထားတာကို

သိလျက်နဲ့ လုပ်ရက်လေခြင်း..ပေါ့။

ဒင်း ကို တင်း နေရင်းနဲ့ ဒင်း ပြန်လာတာကိုလည်း ပျော်နေမိ…။

ဒင်း အကြောင်းကို တွေးမိတိုင်း အေးဝတီကြီး ကိုသတိရတယ်။

ဟောဒီမှာ ဒင်း နဲ့ အေးဝတီကြီး အကြောင်းရေးထားတာ ပြန်ဖတ်ကြည့်။

<blockquote>အဲဒီလောက် အော်နေဟစ်နေကြတဲ့ ရွာကြီးထဲမှာ

ရှာရှာကြံကြံ ပြုံးပျော်စေခဲ့သော ကွန်းမန့်ပိုင်ရှင် ဗိုက်ကလေးနဲ့

အေးဝတီကြီးတို့ရဲ့ အပြန်အလှန်ကွန်းမန့်လေးတွေကိုလည်း

အမှတ်တရ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

စိန်ဗိုက်ဗိုက် says:
အေးဝတီကြီးဆိုတဲ့ ………မသားဘယ်ရောက်သွားလဲ မသိဘူး…

ဗိုက်ကလေးက အဲဒီလို ကွန်းမန့်ပေးလိုက်တော့

အေးဝတီကြီးက ချက်ခြင်း တုန့်ပြန်ပါတယ်ခင်ဗျာ။

အေးဝတီ ကြီး says:
အကိုစိန်ဗိုက်ဗိုက် မမိုက်ရိုင်းပါနဲ ့တောင်းဆိုပါတယ်။

ကျွန်တော်ပို ့စ်မှာ
သတင်းအမှန်ကိုရေးတင်ခဲ့တာကို သိပြီး၊ဖတ်ပြီးဖြစ်မှာပါ။

တကယ်တမ်း
ဝက်ဆိုဒ် သိက္ခာကျအောင် လုပ်နေသူများတွင်

senior member များ
ပါနေသည်ကို သူကြီးက မသိချင်ရောင်ဆောင်နေခြင်းမှာ

သိသာနေသည်။

ထုတ်ပြန်ထားသော စည်းကမ်းများ အားလုံးသည် senior များ
အတွက် မဟုတ်ပါဟု ပြင်ဆင်ပေးသင့်သည်။
သူကြီးမှ ယခုလို ပို ့စ်တင်ခွင့်ကို ကန် ့သတ်သည့်အပေါ်

ပြင်ဆင်သင့်ပါတယ်လို ့နူးညွတ်စွာတောင်းပန်အပ်သည်။
ထို ့ပြင် အောက်ပါ စည်းကမ်းများ သည် ရွာမှ senior များအတွက် မ
ဟုတ်ပါ ဆိုသည့်အကြောင်း ကြေညာပေး ပါ။
6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
မင်နီဖြင့်ရေးထားသော်ငြားလဲ မမြင်ကြပါ။
– Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

အဲဒီမှာပဲ စိန်ဗိုက်ဗိုက်ရဲ့ ဖြတ်ထိုးဉာဏ်ကို ကျွန်တော်တို့ တွေ့လိုက်ရတာပါ။

ဖတ်ကြည့်ဗျာ။

စိန်ဗိုက်ဗိုက် says:
ရှိရင်ပြီးရော
ခင်ဗျားပါ ရောပြီး ပါသွားမှာစိုးလို ့စေဒနာနဲ ့မေးတာ
ဒါနဲ ့…
ခင်ဗျား ဖွလို ့ အကုန် ပွကုန်တာ မဟုတ်ဘူးလား..အခုလို ရှုပ်ကုန်တာ မဟုတ်ဘူးလား
အခု မီးရှိ ့ခံရတဲ့ ကိစ္စကိုကော ခင်ဗျားအနေနဲ ့ ဘယ်လိုခံစားရလဲ..ဘာလို ့ငြိမ်နေတာလဲ..
တရားဥပဒေတွေ ဘာသာရေးအရ မကောင်းတာတွေ ဘာလို ့ဝင်မပြောတုန်း..

ဒီကွန်းမန့်လေးက အေးဝတီကြီးနဲ့ ဗိုက်ကလေးတို့ရဲ့ တင်းမာမှုကို လျော့ကျသွားစေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။
အေးဝတီကြီးကလည်း ကွန်းမန့်ပြန်ရေးပါတယ်ဗျာ။

အေးဝတီ ကြီး says:
အကိုစိန်ဗိုက်ဗိုက် ကြားရသမျှအားလုံးအပေါ် များစွာ
စိတ်မကောင်းဖြစ်နေရတာ ကျွန်တော်လဲပါ ပါတယ်။
ငြိမ်နေတာတော့ မဟုတ်ပါ။စောင့်ကြည့်နေတာ။
ကျွန်တော်က ဖွတာ မဟုတ်ဘူး၊အဖြစ်မှန်ကို ဖုံးဖိမ
သွားရလေအောင်၊အားလုံးမြင်ကြ၊ကိုယ်ချင်းစာတတ်
ကြအောင် တင်ပေးလိုက်တာပါ။
သူကြီးကို လဲကျေးဇူးတင် စကားလေးပေးပါရစေ။
မှားသည်၊မှန်သည် ထိုနှစ်လီအတွက် ဒို ့မေတ္တာစွမ်း
လွှမ်းခြုံပါစေသား။

အဲဒီ စိန်ဗိုက်ဗိုက်ရဲ့ ဖြတ်ထိုးဉာဏ်ကို ကျွန်တော် တစ်ယောက်တည်းက မြင်လိုက်တာမဟုတ်ပါ။
Foreign Resident ကြီးကလည်း မြင်လိုက်ပြီး ကွန်းမန့်ဝင်ရေးသွားပါသေးတယ်။

Foreign Resident says:
အော် ကိုဗိုက် ကိုဗိုက် တော်လိုက်တာ ။
ရှိရင်ပြီးရော
ခင်ဗျားပါ ရောပြီး ပါသွားမှာစိုးလို ့စေဒနာနဲ ့မေးတာ

</blockquote>

ကဲ ပေါက်ဖေါ်ရေ။

စာရေးရတာလည်း ညောင်းပြီကွာ။

မင်းပြန်လာတာ…မင်းကို ရွာမှာ ပြန်တွေ့ရတာ

ငါ ဝမ်းသာပါတယ်။

ချစ်ဆဲ…ခင်ဆဲ…လေးစားဆဲ…

ဦးလေး…။

 

 

22 comments

  • Wike

    December 2, 2015 at 12:25 pm

    အေးဝဒီကြီးရေ
    နာလဲ နင့်ကိုလွမ်းသကွာ
    နင့်ရွာကြီးမီးလောင်သွားတာ နာဒဂယ် ဆိတ်မကောင်းလို့ ဂရုနာဒေါသောနဲ့ ဆဲလိုက်မိတာပါဟယ်
    ဆိတ်မရှိပါနဲ့

  • Wike

    December 2, 2015 at 12:29 pm

    စားအတင်းစပ်
    တံဂါးမူးကြီးကော
    လှည်းဒန်းက စကီလေးနဲ့ပဲလားဗျာ
    ပြောသာပြောတာ
    ကျောင်းဒဂါလဲ တစ်မြို့နယ် တစ်ယောက်ပါဗျာ
    ခုလောက်ဆို မြေနီကုန်း တို့ စံပြတို့ ပါရမီတို့ဘက် ရောက်ရောပေါ့

    • black chaw

      December 2, 2015 at 12:59 pm

      လှည်းတန်းက စကီလေး နဲ့ ပြတ်သွားပြီဟ။
      အခု စမ်းချောင်း က စကီလေးနဲ့ တွဲနေတယ်။
      လမ်းမတော်က စကီလေး တစ်ပွေလည်း ဖန်နေတယ်။
      နင်ဂ ဒွေးပုံနဲ့ဆိုတော့ လူလား ဝိဉာဉ်လား ဟ။

  • ဦးကျောက်ခဲ

    December 2, 2015 at 1:15 pm

    ကိုစိန်ဗိုက်တော့ ပြန်ရောက်လာပြီ…ကိုအောင်ဘုလည်း လွမ်းပါ၏…
    အရင်လို စည်စည်ကားကား ဂဇက်ရွာကို အောက်မေ့တယ်ဗျာ…

    • black chaw

      December 2, 2015 at 4:14 pm

      မ​မေ့တတ်​သူသာ ရင်​နာရစမြဲပါ ကို​ကျောက်​ရယ်​။

  • Wike

    December 2, 2015 at 2:04 pm

    စာရေးသူခင်ဗျား
    စိတ်မရှိရင် ပို့စ်ခေါင်းစဉ်ကို
    ငု ရင် ထ ရန် ဟု ရန် မေ ရဲ့ ကိုကို့ရွာဆိုပြီး ပျဉ်ပေးစေလိုပါတယ်ခင်ဗျား
    ပုံ
    ငု ရင် ထ ရန် ဝု ရန် မေ ရဲ့ ချစ်လှဆွာသော ကိုကို့

  • ရွှေတိုက်စိုး

    December 2, 2015 at 2:35 pm

    ခင်ဗျားကို ကျုပ် ချစ်တယ် မိဗိုက်ရေ… အခုရော အရင်ဗိုက်နဲ.ပဲလား… ခွိခွိ

    • black chaw

      December 2, 2015 at 4:15 pm

      ​ယောက်​ျားခြင်​းကြီး လာချစ်​ပြ​နေပြန်​ပါပြီ။

    • ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး

      December 2, 2015 at 6:25 pm

      ဪ ဗိုက်ပါဆို မကြိုက်ရင် ဖြုတ်လဲ တပ်လို့ရတာကျနေတာပဲ
      အရင်ဗိုက်ပဲပေါ့ ဟဲ့ အပုံးမရဲ့

      • ကျုပ်ရန်ကုန်ရောက်တိုင်း ခင်ဗျား နေခံဘူးတဲ့ လမ်းကြားလေးက နေ ဖြတ်သွားရင် ဖျပ် ကနဲ သတိရတာအမှန်ပါဘဲ

        စိန်ပေါက်ဖော်ရေ

    • black chaw

      December 2, 2015 at 4:16 pm

      -စိန်​ဗိုက်​ဗိုက်​ဆိုတာ စိန်​ဗိုက်​ဗိုက်​ ပါပဲ။

      • ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး

        December 2, 2015 at 6:22 pm

        စိန်ဗိုက်တို့ရွာလဲ ကိုရင်ရွာပဲ ဖြစ်ခြေသည် တစ်ပိုင်း
        တစ်မုံ့ နဲ့ မရလို့ တစ်ပိုင်းဟုရေးသည်ဟု မှတ်ပါလေ

  • Ma Ma

    December 2, 2015 at 6:31 pm

    ကျော် ပျံလာမှန်းသိရင် ရွာသူားတွေ ပျော်ကြမှာစိုးလို့ထင်ပါရဲ့။ 😉

  • ဈာန်​

    December 2, 2015 at 9:29 pm

    ကဲကဲ
    စလိုက်​ကြစို့ဗျို့

  • မြစပဲရိုး

    December 2, 2015 at 9:45 pm

    အေးဝတီကြီး ပြန် ပေါ်လာ/မလာ ဘယ်သူ လောင်းမလဲ ဟေ့။ 😉 :-)))

  • padonmar

    December 2, 2015 at 10:50 pm

    စိန်ပေါက်ပေါက် အစစ်ဟုတ်မဟုတ် နားက နားကပ်ကြီးကို စစ်ရမယ်။
    (ကျော်လို့ သူစသုံးတာ ခုတော့ ဖွဘုတ်တခုလုံး ကျော်ဖြစ်ကုန်ပြီနော်)
    ဒို့ရွာက မူပိုင်ခွင့်တင်ရမယ်။

    • black chaw

      December 3, 2015 at 8:50 am

      စိန်ဗိုက်ကို နှုတ်ဆက်တဲ့ ပို့စ်လေးထဲမှာ
      စိန်ဗိုက်ကို ချစ်ကြောင်း ခင်ကြောင်း သတိရကြောင်း
      ကွန်းမန့်လေးတွေ ဝင်ရေးပေးသွားကြတဲ့
      ကိုပေါက် (မန္တလေး)
      မမ
      ဈာန်
      မြစပဲရိုး
      Padonmar
      တို့ကို ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • naywoon ni

    December 3, 2015 at 12:54 pm

    ရွာသား​တွေ နာမယ်​​ပြောင်​းတာက အ​ကြောင်​းမဟုတ်​ဘူး ရွာသူ​တွေ နာမယ်​​ပြောင်​းရင်​​တော့ မှတ်​ပုံတင်​ခိုင်​းမှရမယ်​ ။ မဟုတ်​ အသစ်​မှတ်​ပြီး သွား​ကြောင်​မိမစိုးလို့ ။ အု​ကြောင်​အတွက်​စိတ်​ပူလို့ ​ပျောဒါ​နော့ 🙂

  • Mike

    December 5, 2015 at 11:02 am

    .သိနေတယ်လေ…သံ ကပဲ ခု“လုံး”လိုက်…တော်လေးနေ“ ပြား”သွားလိုက်…တော်တော်ကြာ“ ချောင်း” .သွားလိုက်နဲ့…နောက်ဆုံး“ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး” .ဖစ်တွားတော့တာ…နာမည်ဘယ်လိုပြောင်းပြောင်း နင့်ကွန်မန့်တွေဖတ်ရင် ဘီအီးတစ်ပိုင်း .တချက်ထဲမော့လိုက်သလိုဖြစ်သွားတတ်တာ ငြင်းမရဘု….မိစိန်ဗိုက်ရေ…
    .ပုံ။ အကြော်သယ်ဒေါ်ကြီးမိုက် :)) :)) :))

  • Alinsett @ Maung Thura

    December 5, 2015 at 1:50 pm

    ပျံလာပြီ….ဆိုတော့… ရွာ စည်အုန်းတော့မည်…ပေါ့…
    ပျံသွားအုန်းမယ်ဆိုရင်…..
    ရွာလည်း..ပျံ….တိတ်ဆိတ်အုန်းမည်…

    ဘာပဲဖြစ်ဖြစ်…. အရင်က… ပျော်ရွှင်စွာ စနောက်…ခင်မင်စွာ..ပြောဆိုခဲ့ကြသူချင်း…
    မိတ်ဟောင်းဆွေဟောင်းများ..ပြန်တွေ့ရတာ…မင်္ဂလာ…

  • ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး

    December 5, 2015 at 9:53 pm

    ကျောင်းဒဂါရဲ့ ချိုပေါ့ကျလဲ မတွေ့ပါကောလားတော်

Leave a Reply