ရွှေပြည်ရီဆော့ကို အလည်တစ်ခေါက်သွားကြမယ်

တလောက ရွှေပြည်ရီဆော့ကို ရောက်ခဲ့တယ်။ လိုင်းကားနဲ့ပဲသွားခဲ့တာပါ။ ကားစင်းလုံးလေးငှား ဒါမှမဟုတ် ကိုယ်ပိုင်ကားလေးနဲ့ဆို

ပိုအဆင်ပြေမှာပေါ့။ အဓိကကတော့ အပန်းဖြေမယ် ပန်းပုတွေ လေ့လာမယ် ဓာတ်ပုံရိုက်မယ်ဆိုကောင်းပါတယ်။

 

ကိုယ့်ကားနဲ့ကိုယ်ဆိုရင်တော့ တောထဲမှာ ဖျာခင်း အရိပ်ကောင်းကောင်းအောက်မှာ စားသောက်ကြတာ ပျော်စရာပါ။

ကျတော်ကတော့ လိုင်းကားနဲ့သွားခဲ့တာပါ။ ပဲခူးကားကို တစ်ထောင်ပေးစီးပြီး ရွှေပြည်မှာ ရပ်ပေးပါဆို ရှေ့ကို ကွက်တိရောက်တယ်။

ပဲခူးမရောက်ခင်ပါ နီးပါတယ်။

 

အစားအသောက်တွေမယူဘဲ ရွှေပြည်ကဆိုင်မှာစားမယ်ဆိုရင်တော့ ဝန်ဆောင်မှုကောင်းပါတယ်။ အရသာကောင်းတယ်။

အစားသောက်လည်းစုံတယ်။ တောကောင်သားတွေလည်းရတယ်။ ဈေးကတော့ အသင့်အတင့်ပါပဲ။ သောက်စရာကတော့

အနည်းငယ် ဈေးကြီးပါတယ်။ ဘီယာ စည်တစ်ခွက် တစ်ထောင်ပါ။

 

ကျတော်တို့ ယူနန်မှိုတို့ဟူးထမင်းပေါင်း ဝယ်စားတယ်။ ပျှမ်းမျှ တစ်ပွဲကို သုံးထောင် သုံးထောင့်ငါးရာပါပဲ။

 

IMG_0224 copy
စားသောက်ဆိုင်ပေါ်ကနေ ဝင်ဝင်ချင်းအပေါ်က မြင်ကွင်းပါ။ စားသော်ကဆိုင်က အောက်ဖက်မှာလဲရှိပါတယ်။
IMG_0230 copy
အပေါ်ထပ်က လေတိုက်တယ်လေ။
IMG_0241 copy
လျှောက်လည်လို့ရတယ် ခြေလျင်မလျောက်ချင်ရင် Buggy တွေလည်းရှိတယ်။
IMG_0242 copy
ညအိပ်မလား လုံးချင် ဘန်ဂလိုလေးတွေရှိတယ်။
IMG_0250 copy
ပန်းပုရုပ်တွေ အများအပြားရှိတယ်။ နာဂစ်တုန်းက လဲထားတာတွေကို ထုထားတယ်လို့ ပြောတယ်။
IMG_0292 copy
ဓာတ်ပုံရိုက်မလား
IMG_0305 copy
ရေပြင်အကျယ်ကြီးရှိတယ် လှေစီးချင်လည်းရတယ်။
IMG_0309 copy
ပန်းပုတွေ ထားတဲ့ အဆောင်လေ။
IMG_0372 copy
လွတ်လွတ်လပ်လပ်နေနိုင်တယ်။
IMG_0395 copy
ခန့်ညားတဲ့ ပန်းပုတွေ အများကြီးရှိတယ်။
IMG_0411 copy
အများအပြားပါပဲ

လေးစားစွာဖြင့်

အောင်မိုးသူ

11 comments

  • ဇီဇီခင်ဇော်

    December 2, 2015 at 11:49 am

    ဟယ်။
    မိုက်လှချည်လားးး
    တည်းမယ်ဆိုရင် ကြိုတင် ဘွတ်ကင်တင်ရသလားးး
    သာယာလိုက်တာ။

    :chit:

    • အောင် မိုးသူ

      December 2, 2015 at 11:51 am

      လုံးချင်းတွေက လှတယ်။ သပ်ရပ်တယ် တော်တော်ကောင်းတယ်။ ဈေးနည်းနည်းကြီးတယ်ပြောတယ်။ တစ်ညကို ၆သောင်း ရသောင်းဆိုလားပဲ။ ဘုတ်ကင်ယူရမယ်ထင်တယ်။

      • ဇီဇီခင်ဇော်

        December 2, 2015 at 11:52 am

        ငင့်၊.
        ပုဂံ သံတဲ လောက်နီးနီးဖစ်နေဘီ။

        😥

        • အောင် မိုးသူ

          December 2, 2015 at 11:58 am

          ဟုတ်ပါတယ် အသေအချာတော့မသိဘူး။ သိတဲ့သူပြောတာ ကြားမိတာ

  • ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး

    December 2, 2015 at 2:21 pm

    ငု ရင် ထ ရန် ဟု ရန် မေ နဲ့ တစ်ခါက်လောက် သွားလည်ဦးမယ်ဂျာ

  • သိနေတာကြာပြီ.. မသွားဖြစ်သေးဘူး..
    သွားဦးမှာပါ…
    ကိုယ်တွေဘဝက မြေပုံထဲ.. ဓာတ်ပုံထဲ.. program ထဲမှာတင် မြန်မာပြည်တစ်ပတ် ပတ်နေရတဲ့ဘဝ.. 😥

  • padonmar

    December 2, 2015 at 10:56 pm

    ကပ်ကျော်ပဲ။
    အဲဒီနားက ပဏ္ဍိတာရာမကို မကြာခဏ ရောက်တယ်။

  • သျှားသက်မာန်

    December 3, 2015 at 5:01 pm

    မို်က်တယ်….သွားဖူးတယ်….အရမ်းသာယာတယ်…ပန်းပုရုပ်တွေကအရမ်းမို်က်တယ်……အစားအသောက်လည်းကြိုက်တယ်………..

  • mgsai

    December 4, 2015 at 10:44 am

    မရောက်ဖူးသေးဘူး သွားကြည့်ဦးမှ ဒီတပါတ်

  • Mike

    December 5, 2015 at 11:06 am

    .နှစ်ခေါက်ရောက်ပြီးပီ..သားနဲ့သမီးကိုလိုက်ပို့တာပါ..သာယာပါတယ်

Leave a Reply