အ​ဖြေရှာမ​တွေ့​သေးတဲ့ ပုစ္ဆာ

naywoon niDecember 2, 20151min1165

အ​ဖြေရှာမ​တွေ့​သေးတဲ့ ပုစ္ဆာ
————————-

ဆရာဝန်​က ​
ရောဂါပိုးကို သတ်​တယ်​
လူနာကျန်​းမာလာ​စေဖို့ ။
စိုက်​ပျိုး​ရေးသမားက
အင်​းဆက်​ပိုးမွှားကို သတ်​တယ်​
သီးနှံ အထွက်​တိုးဖွံ့ဖြိုး​စေဖို့ ။
သားသတ်​သမားက
တိရိစ္ဆာန်​​တွေကို သတ်​တယ်​
လူသား​တွေရိက္ခာ ရ​စေဖို့ ။
ဒီ ​ဒေါက်​သုံး​ချောင်​းအ​ပေါ်မှာ
ကမ္ဘာကြီးက ​နေ့နဲ့ည ဖြစ်​​ပေါ်​စေတာ ။
(လည်​ပတ်​​နေတာ )
ငါက​တော့
စိတ်​နဲ့ရုပ်​ နဘမ်​းလုံး
သိစိတ်​နဲ့ မသိစိတ်​ ရန်​ဖြစ်​ပြီး
နုပျိုခြင်​း ဆိုတဲ့ ကာလကို သတ်​မိပါပ​ကော
ဘဇာအ​ကြောင်​းရင်​း ရှာမ​တွေ့​သေး ။

​နေဝန်​းနီ
2:26 PM
2015 Dec 1

5 comments

  • ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး

    December 2, 2015 at 11:54 pm

    အို ..
    ဒဂါအုနီ
    ကျနုပ်ဒဘဲ့ကျော် အုပေထံတွင် ကပ်ညိနေသော တဏှာပိုးသည်
    မည်သူမှ မသတ်နိုင်အောင် ကြီးထွားလှသဖြင့် သတ်နည်းများရှိလျင်
    မစလှည့်ပါအဆွေ

    • naywoon ni

      December 3, 2015 at 12:56 pm

      တဏှာ သတ်​ချင်​တာများကွယ်​ ရွာဦး​ကျောင်​းဘုန်​ဘုန်​းဆီပို့ြပြီး တရားထိုင်​ခိုင်​းလိုက်​​ပေါ့ 🙂

  • ရှင်းရှင်းလေးနဲ့ ထိမိထှာ…
    အနော့်အတွက်ကတော့ ဒေါသဆိုတဲ့အရာက နုပျိုခြင်းကို သတ်တယ်..

  • Mike

    December 4, 2015 at 9:55 am

    .ဒီကဗျာလေးတော့ လွှတ်ကြိုက်ဗျား…လောကနိယာမပေပဲ :))

Leave a Reply