အရောင်ရင့်မှတ်တမ်း – ၂၀၁၅ ဒီဇင်ဘာ

kaiDecember 3, 20151min298360

Tun Lwin

၂၀၁၅ ခုနှစ်ဟာ အယ်လ်နီညိုသမိုင်းမှာ အားအကောင်းဆုံးအယ်လ်နီညိုနှစ်ဖြစ်လာခဲ့ပါပြီ။
ဆိုးဝါးဖေါက်ပြန်လာနိုင်တဲ့ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်ကြရတော့မယ်။
၃-၁၂-၂၀၁၅
နံနက်(၈း၂၀)နာရီ

လက်ရှိဖြစ်ပေါ်နေတဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ မှတ်တမ်းသမိုင်းတလျှောက်မှာ အား အကောင်းဆုံးဖြစ်လာပါပြီ။ ယခင်က အပြင်းထန်ဆုံးအယ်လ်နီညိုအဖြစ် စံချိန်တင်ထားခဲ့တဲ့ ၁၉၉၇-၉၈ အယ်လ်နီညိုအင်အားကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်ပါတယ်။ လက်တွေ့ တွေ့ကြုံနေကြရပြီဖြစ်တဲ့ ရာသီဥတုဆိုးဝါးဖေါက်ပြန်မှုတွေနဲ့ မှတ်တမ်းအထောက်အထား တွေ့ရှိချက်တွေအရ ဒီနှစ် အယ်လ်နီညိုဟာ ၁၉၉၇-၉၈ ထက်ပိုမိုဆိုးဝါးနှိုင်တယ်ဆိုတာကို
ပြသနေပါပြီဖြစ်ပါတယ်။ အခုလို ဆိုးသည်ထက်ပိုဆိုးလာတဲ့ ရာသီဥတုဖေါက်ပြန်မှုဖြစ်စဉ်
တွေကို ကြုံတွေ့လာရခြင်းဟာ အဓိကအကြောင်းကတော့ ရာသီဥတုပြောင်းလဲခြင်းကိုသာ
အပြစ်တင်ကြရမှာ ဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်

60 comments

  • ဇီဇီခင်ဇော်

    December 3, 2015 at 12:55 pm

    ကဘာမပျက်ခင် နောက်ဆုံး ညစာ စား ဆို
    ဘူ နဲ့ စားရဘာ့???

    :k:

    • ဂျက်စပဲရိုး

      December 3, 2015 at 1:10 pm

      ဘာနဲ့ စားရဘ လို့ တွေးမှာ မဟုတ်ဘူးလားဟွင် 😛 😛

      • ဇီဇီခင်ဇော်

        December 3, 2015 at 1:19 pm

        နာ့ ကို ဒေါက်ဖြုတ်တယ် ကျန်းးး

        :mrgreenn:

  • ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး

    December 3, 2015 at 1:28 pm

    အယ်နီညိုဆိုတာ မော်ရင်ညိုနဲ့ မောင်နှမတော်သလားဆရာ

  • သျှားသက်မာန်

    December 3, 2015 at 1:39 pm

    ကောင်းပါတယ်…

  • Kaung Kin Pyar

    December 3, 2015 at 1:52 pm

    အိုပါးတို့ရှိတဲ့ ကိုရီးယားမှာ အခြေချမှဘာ…

  • kai

    December 3, 2015 at 5:43 pm


    ECONOMY | 2015-06-25
    The China – Pakistan Economic Corridor: India’s Dual Dilemma
    Sajjad AshrafAdjunct Professor, National University of Singapore

    The Chinese commitment to invest US$46 billion into Pakistan is driven by two main considerations. China’s current $4 trillion foreign trade and 7 million barrels of daily oil imports are largely dependent upon sea-lanes that can be choked by competing powers. Convinced that the U.S. is seeking surrogates to contain its rise, China is seeking alternate and less vulnerable routes. Second, China has finally decided that its troubled but reliable (even dependent) friend, Pakistan, has problems that can best be handled by investing in its power sector and infrastructure development. In the process, as a part of its larger One Belt, One Road (OBOR) strategy, the China-Pakistan Economic Corridor (CPEC) gets a priority because this is the only network that connects China to the Arabian Sea –shortening its maritime distance with the energy rich Persian Gulf market by over 10,000 kilometers.

    The extent of China’s commitment betters the US$12 billion (estimated to be $120 billion in 2015 dollars) Marshal Plan used to rebuild several European countries after World War II. Some on-going Chinese aided projects are now incorporated into the CPEC. This large infusion of capital, if utilized properly, can potentially change the regional power equation.
    =

    http://blogs.lse.ac.uk/southasia/2015/11/16/china-pakistan-economic-corridor-towards-a-new-heartland/

    • kai

      December 3, 2015 at 5:44 pm

      ဗမာတွေကျန်ရစ်ခဲ့ပြီ..။

  • kai

    December 3, 2015 at 6:23 pm

    ‘Clone factory’ scientist eyes human replication – China cloning pioneer offers vision of brave new world
    BEIJING: The Chinese scientist behind the world’s biggest cloning factory has technology advanced enough to replicate humans, he said and is only holding off for fear of the public reaction. Boyalife Group and its partners are building the giant plant in the northern Chinese port of Tianjin, where it is due to go into production within the next seven months and aims for an output of one million cloned cows a year by 2020. But cattle are only the beginning of chief executive Xu Xiaochun’s ambitions. In the factory pipeline are also thoroughbred racehorses, as well as pet and police dogs, specialized in searching and sniffing.
    Hwang, who created Snuppy, the world’s first cloned dog, in 2005, lost his university position, had two major papers retracted, and was accused of crimes ranging from violation of bioethics laws to embezzling research funds. Earlier this year he was quoted in South Korea’s Dong-A Ilbo newspaper saying that his firm was planning a cloning joint venture in China “because of South Korea’s bioethics law that prohibits the use of human eggs”. “We have decided to locate the facilities in China in case we enter the phase of applying the technology to human bodies,” he was quoted as saying.

  • Alinsett @ Maung Thura

    December 4, 2015 at 5:31 pm

    အဓိကအကြောင်းကတော့ ရာသီဥတုပြောင်းလဲခြင်းကိုသာ
    အပြစ်တင်ကြရမှာ…ဆိုပဲ….
    တိန်တိန် (၂ခါတိန်)

  • မြစပဲရိုး

    December 6, 2015 at 12:06 am

    Nay Shwe Thway Aung added a new photo to the album: ★ The Most Precious Memories ★.

    “တိုင်းပြည်အကျိုးကိုထိခိုက်ဆုတ်ယုတ်စေနိုင်သည့် အငြိုးအတေးနှင့်အာဃာတတရားများ မိမိတွင်လုံးဝမရှိ။ အနာဂတ်မြန်မာနိုင်ငံတော်အောင်မြင်စွာတည်ထောင်နိုင်ရေးနှင့် တပ်မတော်အပါအဝင်အဖွဲ့အစည်းအားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံဆွေးနွေးလို”

    – ဒေါ်အောင်ဆန်းစုကြည်

    “ရွေးကောက်ပွဲတွင်တရားဝင်အနိုင်ရရှိခဲ့ပြီးနောက် မြန်မာပြည်၏အနာဂတ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမည်မှာ အားလုံးလက်ခံရမည့်အမှန်တရားပင်ဖြစ်။ သူမအနေဖြင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက မိမိအနေဖြင့်တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ပံ့ပိုးကူညီမည်”

    – ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)

    * ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၄-၁၂-၂၀၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)၏နေအိမ်၌ နှစ်နာ
    ရီခွဲခန့်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဘက်ခေါင်းဆောင်များ၏ခွင့်ပြုချက်ဖြင့် သတင်းထုတ်ပြန်ပါသည်။

    ————————————————–

    ချစ်ခင်လေးစားရပါသော မြန်မာနိုင်ငံတစ်ဝန်းမှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားညီအကိုမောင်နှမများခင်ဗျာ..

    ကျွန်တော်တို့၏အမိမြန်မာပြည်သမိုင်းကို ပြန်လည်လေ့လာကြည့်မည်ဆိုလျှင် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရရှိပြီးချိန်တွင် တိုင်းပြည်၏စီးပွားရေး၊လူမှုရေး၊ပညာရေးအခြေအနေသည် အရှေ့တောင်အာရှတွင်အကောင်းဆုံးအနေအထားတွင်ရှိခဲ့ပြီး ဒီမိုကရေစီအနှစ်သာရအပြည့်အဝရရှိသော အုပ်ချုပ်ရေးစနစ်ကိုလည်း လိုက်နာကျင့်သုံးခဲ့သည်ကိုတွေ့ရမည်ဖြစ်ပါသည်။

    သို့သော်နယ်ချဲ့များ၏သွေးခွဲအုပ်ချုပ်ခဲ့မှုနှင့် အကြောင်းအမျိုးမျိုးသောပယောဂများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတစ်စတစ်စပျက်စီးယိုယွင်းလာပြီး တိုင်းပြည်ပြိုကွဲပျက်သုန်းမည့်အန္တရာယ်ကျရောက်လာသောအခါ ၁၉၆၂ ခုနှစ်တွင်ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မှ တော်လှန်ရေးကောင်စီဦးဆောင်သော အစိုးရယန္တရားဖြင့်အစားထိုးအုပ်ချုပ်ခဲ့ရသည်ကိုအားလုံးအသိပင်ဖြစ်ပါသည်။

    မူလအစကတော်လှန်ရေးကောင်စီကို အမေရိကန်ကဲ့သို့သော ကမ႓ာ့အင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်လေးစားစွာဆက်ဆံခဲ့ကြသော်လည်း ခေတ်နှင့်မလျော်ညီတော့သောစီးပွားရေးစနစ်များကိုအချိန်မီပြောင်းလည်းပြုပြင်နိုင်ခြင်းမရှိခဲ့၍ ပြည်သူလူထု၏အပြင်းအထန်ဆန့်ကျင်တော်လှန်ခြင်းကိုခံခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှအုပ်ချုပ်ရေးအာဏာကိုတစ်ဖန်လွှဲပြောင်းရယူခဲ့ပြန်ပါသည်။

    ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နေရာအနှံ့အပြားတွင် အနိုင်ရခဲ့ပြီးနောက် တပ်မတော်နှင့်အနိုင်ရပါတီခေါင်းဆောင်များကြား ယုံကြည်မှုမတည်ဆောက်နိုင်ခဲ့၍ တပ်မတော်ဘက်ကလည်း ပြည်သူလူထုအမြင်စောင်းမှုခံရ၊ အနိုင်ရပါတီဝင်များလည်းအရေးယူခံခဲ့ရပြီး တိုင်းပြည်သည်လည်းနိုင်ငံတကာပိတ်ဆို့မှုများနှင့် ကြုံကြိုက်ခဲ့ရကာ နှစ်ပေါင်းအစိတ်ခန့်ထပ်မံ၍ တိုင်းပြည်အနေဖြင့်ထိခိုက်နစ်နာခဲ့ရပြန်ပါသည်။

    ၂၀၁၅ ခုနှစ်တွင်ကျင်းပပြီးစီးပြီဖြစ်သော ရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပင် အစိုးရဖွဲ့နိုင်သောအနေအထားအထိထပ်မံအနိုင်ရခဲ့ပြန်ပါသည်။ ဒီတစ်ကြိမ်တွင်နှစ်ဘက်ခေါင်းဆောင်များအနေဖြင့် မသင့်မမြတ်ဖြစ်နေခြင်းထက်မာန်မာနများဖယ်ရှားပြီး တွေ့ဆုံတိုင်ပင်ဆွေးနွေးခြင်းကသာ တိုင်းပြည်အတွက်အမှန်တကယ်အကျိုးရှိစေမည်ကို နှစ်ပေါင်းများစွာရရှိခဲ့သောသင်ခန်းစာများနှင့်ယှဉ်ကာ
    ကောင်းစွာနားလည်သဘောပေါက်ခဲ့သလို လက်တွေ့တွင်လည်း တိုင်းပြည်နှင့်လူမျိုးအတွက်အမှန်တကယ်အသုံးချ အကျိုးရှိစေခဲ့ပြီဖြစ်ပါသည်။

    ဒီနေရာတွင် ကျွန်တော့်အဖိုးဦးသန်းရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ကျွန်တော့်၏အမြင်ကိုပွင့်ပွင့်လင်းလင်းချပြဆွေးနွေးလိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုအများစုချစ်ခင်လေးစားသောခေါင်းဆောင်တစ်ဦးဖြစ်၍ သူ၏ဩဇာအာဏာသက်ရောက်မှုသည် ပြည်သူလူထုအပေါ်အမြဲပင်လွှမ်းမိုးသက်ရောက်မှုရှိမည်ဖြစ်သကဲ့သို့ အဖိုးသည်လည်းပဲနှစ်ပေါင်းနှစ်ဆယ်ခန့် တိုင်းပြည်အုပ်ချုပ်လာသော တပ်မတော်ခေါင်းဆောင်ဖြစ်၍ လက်ရှိအစိုးရခေါင်းဆောင်များသည်လည်း သူ့အပေါ်ဂါရဝတရားနှင့်လေးစားမှုကတော့ အမြဲပင်ရှိနေမည်ဖြစ်ပါသည်။ သူ့အနေဖြင့် ၂၀၁၁ ခုနှစ်ကတည်းက တိုင်းပြည်ကိုဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ငြိမ်းချမ်းသိမ်မွေ့စွာတွန်းတင်ပို့ဆောင်ပေးခဲ့ပြီဖြစ်သလို အနားယူစဉ်အချိန်ကတည်းကလည်းယခုအချိန်အထိ နိုင်ငံရေးအုပ်ချုပ်မှုများတွင် လုံးဝပါဝင်ပတ်သက်ခြင်းမရှိသည်ကိုလည်း ကျွန်တော့်အနေဖြင့်အခိုင်အမာပြောနိုင်သကဲ့သို့ နီးစပ်ရာအစိုးရလူကြီးများကိုလည်း စုံစမ်းမေးမြန်းနိုင်ပါသည်။ ထို့အပြင် သူတိုင်းပြည်အုပ်ချုပ်စဉ်အချိန်က တပ်မတော်ခေါင်းဆောင်များအပေါ် လူအထင်လွဲစေရန် ထုတ်လွှင့်ခဲ့သောကောလဟလသတင်းများသည်လည်း ဟုတ်မှန်ခြင်းမရှိကြောင်း အောက်ပါလင့်တွင်ထပ်မံဖြည့်စွက်တင်ပြထားပါသည်။ https://www.facebook.com/photo.php?fbid=1055580051125801&set=a.1041188642564942.1073741835.100000214478693&type=3&theater

    ပြည်သူလူထုထောက်ခံမှုရသောခေါင်းဆောင်နှင့် လက်ရှိအစိုးရခေါင်းဆောင်များ၏ ဆရာသမားကဲ့သို့ဖြစ်နေသူတို့၏ တွေ့ဆုံမှုသည်အမှန်တကယ်ပင်အရေးကြီးကြောင်း လူတိုင်းသိပါသည်။ ကံကောင်းခဲ့လှသောကျွန်တော့်အနေဖြင့်နှစ်ရက်အတွင်း ထိပ်သီးခေါင်းဆောင်နှစ်ဦးနှင့်တွေ့ဆုံမှုကို စာဖတ်သူများဗဟုသုတရရှိစေနိုင်ရန်အလို့ငှာ အကျဉ်းချုံးတင်ပြလိုပါသည်။

    ထိုနေ့က နိုဝင်ဘာ ၁၉ ရက်နေ့ဖြစ်ပါသည်။ ၁၈ ရက်နေ့ညကကျွန်တော်မနက် ၄ နာရီမှအိပ်ပျော်ခဲ့ပါသည်။ နောက်တစ်နေ့တွင် တစ်ကမ႓ာလုံး၏ထောက်ခံအားပေးမှုကိုရရှိပြီး ရွေးကောက်ပွဲတွင်လည်းအနိုင်ရရှိထားသည့်ပါတီခေါင်းဆောင်နှင့်တွေ့သည့်အခါ မည်သည့်စကားကိုစပြောရမည်လည်းကို အဖန်ဖန်ပြန်လည်စဉ်းစားနေသောကြောင့်ဖြစ်ပါသည်။ နေပြည်တော်လေဆိပ်သို့ရောက်ရှိပြီး လေဆိပ်မှသူမနေအိမ်သွားနေသောလမ်းတစ်လျောက်သည် ကျွန်တော့်အတွက်တော့ဘဝတွင်ရင်အခုန်ဆုံးအချိန်တွေထဲကတစ်ခုဆိုတာ စာဖတ်သူများလည်းမှန်းဆနိုင်ပါသည်။ ကောင်းမွန်စွာလက်ခံတွေ့ဆုံမည်ကိုသိသော်လည်း ဘယ်သူ့ကိုမှမတိုင်ပင်ဘဲ မိမိတစ်ယောက်တည်းဆုံးဖြတ်ချက်ဖြင့် သွားရောက်ခဲ့ခြင်းကြောင့် အန်တီနှင့်တွေ့လျှင်စကားပြောအဆင်ချောပါ့မလားဟူသောအတွေးသည် ကျွန်တော့်အားများစွာပင်ပူပန်စေခဲ့ပါသည်။ ကားပေါ်တွင်စီးနင်းလာရသောလမ်းတစ်လျောက်သည်လည်း အိမ်မက်လိုလိုတကယ်လိုလိုဖြင့် စိတ်လှုပ်ရှားစွာလိုက်ပါခဲ့ရပါသည်။ ဒီလိုနှင့်အန်တီ့အိမ်ရောက်ခဲ့ပါသည်။ ငါးယောက်ခန့်ရှိသောလူများအနက် အဆိုတော်လင်းလင်းနှင့် အန်တီ့ဘေးနားအမြဲပါနေသော ပေါင်ချိန်အသေးစားကဲ့သို့သောဦးကြီးကိုမှတ်မိလိုက်ပါသည်။ အန်တီကဧည့်ခန်းတွင်ရှိနေပါသည်။ အိမ်ရှေ့တံခါးဖွင့်ပြီးရုတ်တရက်သူမကိုတွေ့လိုက်ရသောအခါ ကျွန်တော်တစ်ကိုယ်လုံးရှိန်းတိန်းဖိန်းတိန်းဖြစ်ပြီး ထူပူသွားပါသည်။ “တွေ့ရတာဝမ်းသာပါတယ်အန်တီခင်ဗျာ… သားဖိုးလပြည့်ပါ” ဟုအန်တီ၏မျက်နှာကိုသေချာကြည့်ပြောကာ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ အန်တီကလည်းတွေ့ရတာဝမ်းသာကြောင်းပြန်ပြောကာ ကျွန်တော့်ကိုထမင်းစားစားပွဲတွင်မျက်နှာချင်းဆိုင်ထိုင်စေပြီး အခြားလူများမရှိစေဘဲစကားဝိုင်းစတင်ခဲ့ပါသည်။ ထူပူစိတ်လှုပ်ရှားနေသောကျွန်တော့်၏ ပထမ ၁ဝ မိနစ်ခန့်ကစကားများသည် ‘တွေ့ရတာဝမ်းသာကြောင်း’ များဖြင့်သာဖန်တရာထပ်နေပြီး ဒါကိုရိပ်မိသောအန်တီကလည်း ကျွန်တော့်ကိုဖိအားလျော့သွားစေရန် ရင်းနှီးပွင့်လင်းစွာဆက်ဆံပြောဆိုပေးခဲ့ပါသည်။

    အန်တီနှင့်တစ်နာရီခွဲခန့်တွေ့ဆုံခဲ့ပြီး ထင်တာထက်အများကြီးအဆင်ပြေခဲ့၍ ကြည်နူးစွာပင်အိမ်ပြန်ခဲ့ပါသည်။ နောက်တစ်နေ့နေ့လည်တွင် အဖိုးကိုလည်း အန်တီ၏သဘောထားများကိုလည်းတင်ပြခဲ့ပြီးနောက်လူကြီးက ‘တိုင်းပြည်အတွက်သားရွှေအိုးထမ်းကိန်းကြုံလေပြီ’ ဟုပြောကြားခဲ့လေရာ ကျွန်တော်လည်းခေါင်းဆောင်နှစ်ဦး အဆင်ပြေတော့မည်ဟု အလွန်ပင်တွေးတောဝမ်းမြောက်ပြီးထိုနေရာတွင်ပင် အဖိုးကိုဦးသုံးကြိမ်ချရှိခိုးကန်တော့ခဲ့ပါသည်။

    ဤစာ၌ပထမတစ်ချက်အနေဖြင့် အန်တီနှင့်ကျွန်တော်ပြောခဲ့သော အကြောင်းအရာများအနက် ‘ထောက်ခံအားပေးသူနှင့် နောက်လိုက်များ’ (Supporters & Followers) အကြောင်းထပ်မံတင်ပြလိုပါသည်။

    အားလုံးသိကြသည့်အတိုင်း ပြီးခဲ့သည့်ရွေးကောက်ပွဲကျင်းပစဉ်ကာလအတွင်း အနီအစိမ်းထောက်ခံသူများအချင်းချင်း အကြီးအကျယ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြပါသည်။ ရင်းနှီးသူများလည်းစိတ်ဝမ်းကွဲရ၊ မိတ်ဆွေများလည်းအယုံကြည်ပျက်ရဖြင့် ဘာကောင်းကျိုးမှမရှိသောရလဒ်များဖြင့် ပြည်သူပြည်သားအချင်းချင်းစိတ်ဝမ်းကွဲမုန်းတီးမများဖြင့်သာအဖတ်တင်ခဲ့ရပါသည်။ ဒီကိစ္စသည် မြန်မာပြည်တွင်ဖြစ်ခဲ့သော ပဋိပက္ခပေါင်းများစွာများထဲမှသာဓကတစ်ခုသာဖြစ်ပါသည်။ တိုင်းပြည်တစ်ခုတည်ထောင်ရာတွင် ခေါင်းဆောင်ချည်းဦးဆောင်နေ၍မရပါ။ တိုင်းပြည်ဦးဆောင်သူများဘယ်လောက်ကောင်းသည်ဖြစ်စေ ပြည်သူများကမညီမညွတ်စိတ်ဝမ်းကွဲပြီး အချင်းချင်းတိုက်ခိုက်နေပါက ဘယ်လိုမှရှေ့သို့သွားနိုင်မည်မဟုတ်ဘဲ ဟင်္သာကိုးသောင်းဇာတ်ပျက်သည့်အဖြစ်အပျက်မျိုးနှင့်သာကြုံတွေ့နိုင်သည်ကို သတိမူရမည်ဖြစ်ပါသည်။ ဒါကြောင့်ယခုကဲ့သို့နှစ်ဘက်ခေါင်းဆောင်များက တိုင်းသူပြည်သားများ၏နောင်အနာဂတ်အကျိုးစီးပွားအတွက် စံပြအတုယူဖွယ်ရာပြန်လည်စည်းလုံးချစ်ကြည်နေစဉ်တွင် ကျွန်တော်တို့နောက်လိုက်များအားလုံးက မရှိခဲ့သောအငြိုးအတေးများကိုဖယ်ရှား သွေးထိုးခဲ့သောကောလဟလများကိုနားမယောင်ဘဲ ခေါင်းဆောင်များ၏ဦးဆောင်မှုနောက်သို့ ချစ်ကြည်စည်းလုံးစွာလိုက်ပါရန်လိုအပ်ပါကြောင်း ဤနေရာမှနေ၍ပြည်သူများအားလုံးသို့ရိုကျိုးစွာတိုက်တွန်းပြောကြားလိုပါသည်။

    ဒုတိယတစ်ချက်က သတင်းမီဒီယာများ၏အခန်းကဏ္ဍဖြစ်ပါသည်။မီဒီယာများသည်ပြည်သူလူထု၏ အတွေးအခေါ်ကိုတိုးတက်ပြောင်းလဲပေးနိုင်စွမ်းရှိသည့်အလျောက် ယခုကဲ့သို့နှစ်ဘက်လူကြီးများပြန်လည်ပေါင်းစည်းသင့်မြတ်နေချိန်တွင် ကျွန်တော့်ထံလာရောက်ဆက်သွယ်ကြသည့် ပြည်တွင်းပြည်ပမီဒီယာများဖြစ်ကြသည့် BBC, VOA, RFA, DVB, China Xinhua, Reuters, 7 Days, Mizzima, The Voice, Popular, Messenger, သံတော်ဆင့်, ပြည်မြန်မာ အပါအဝင်မီဒီယာအားလုံးကိုလည်း အပြုသဘောဆောင်သည့်သတင်းများရေးခြင်းဖြင့် အမျိုးသားရင်ကြားစေ့ရေးကို တစ်တပ်တစ်အားကူညီဆောင်ရွက်ပါရန် ခင်မင်စွာမေတ္တာရပ်ခံအပ်ပါသည်။ လူကြီးနှစ်ယောက်တွေ့ဆုံမှုကို မှတ်တမ်းတင်ဓာတ်ပုံရိုက်လိုသော်လည်း အခွင့်အရေးမရခဲ့၍ ခေါင်းဆောင်သုံးဦးအမှတ်တရလက်မှတ်ထိုးထားသော ငွေစက္ကူလေးကိုအမှတ်တရဖော်ပြလိုက်ပါသည်။ ထိုငွေစက္ကူလေး၏ထူးခြားချက်မှာ လက်မှတ်ထိုးထားသောလူကြီးများအားလုံးသည် တိုင်းပြည်ခေါင်းဆောင်နေရာတွင်ရောက်ရှိနေချိန် (သို့) အကြီးအကဲဖြစ်တော့မည့်အချိန်တွင်သာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

    မိသားစုတစ်စုတွင်ဖခင်သဖွယ်ကဲ့သို့သောနိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကိုယူရသည့်တပ်မတော်ခေါင်းဆောင်နှင့် မိခင်ကဲ့သို့သောပြည်သူကိုပြုစုပျိုးထောင်ရမည့် လူထုခေါင်းဆောင်တို့က မိမိတို့သည်တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်အူတုံတည်းဆင်းသည့်သားချင်းများဖြစ်သည်ကိုမေ့လျော့ကာ အချင်းချင်းအပြင်းအထန်ရန်လိုတိုက်ခိုက်ခဲ့ကြသည့်အတွက် သားသမီးများသဖွယ်ဖြစ်သော တိုင်းသူပြည်သားများမှာ ညှိုးငယ်သောမျက်နှာ၊သိမ်ငယ်သောစိတ်ထားတို့ဖြင့် ဝမ်းနည်းကြေကွဲစွာနှစ်ပေါင်းများစွာနေလာခဲ့ရပါသည်။ အမျိုးများသဖွယ်ဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကလည်းညီညွတ်မှုမရှိခဲ့ကြသည့်အပြင် အိမ်နီးချင်းသဖွယ်ဖြစ်သော ပတ်ဝန်းကျင်နိုင်ငံများကလည်း အချောင်ရဖို့လောက်သာစောင့်ကြည့်နေပြီး ရပ်ကွက်လူကြီးများသဖွယ်ဖြစ်သော အနောက်နိုင်ငံများကလည်း ဖိအားပေးဖို့လောက်သာချောင်းနေသည့်အတွက် မိဘသဖွယ်ပုဂ္ဂိုလ်များမညီမညွတ်ထပ်ဖြစ်နေပါက မြန်မာနိုင်ငံဟူသောမိသားစုကြီးသည် ဆင်းရဲတွင်းနက်သထက်နက်ဖို့သာရှိပါတော့သည်။ ဒီအခြေအနေဆိုးရောက်မလာအောင် ကာကွယ်ရန်ပြည်သူများအားလုံးကတာဝန်ယူဆောင်ရွက်ရမည့်အပြင် နှစ်ပေါင်းများစွာတစ်မျိုးပြီးတစ်မျိုးဆိုးလာသော တိုင်းပြည်ကံဇာတာသည်လည်း အကောင်းဘက်သို့ဦးတည်လာပြီဖြစ်သည်။

    စာဖတ်ပရိသတ်အပေါင်းတို့… ယခုအခါတိုင်းပြည်အကြီးအကဲများသည်နိုင်ငံသူနိုင်ငံသားတို့၏ရေရှည်အကျိုးစီးပွားကိုရှေးရှုလျက် မာန်မာနများဘေးချ၍ ရင်းရင်းနှီးနှီးတိုင်ပင်ဆွေးနွေးကာ ကောင်းရာကောင်းကျိုးသယ်ပိုးထမ်းရွက်ခဲ့သည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါသည်။ ထိုခေါင်းဆောင်များအားလုံး ကိုယ်စိတ်နှစ်ပါးကြည်နူးချမ်းမြေ့စွာဖြင့် တိုင်းပြည်အကျိုးတာဝန်များ ဆထက်တိုး၍ဆက်လက်ထမ်းဆောင်နိုင်ရေးအတွက်ကျွန်တော်တို့တိုင်းသူပြည်သားများကလည်း စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ပူးပေါင်းကြိုးစားကြပါလျှင် ကျွန်တော်တို့အားလုံမျှော်လင့်နေရသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးသည် မဝေးကွာလှသောလက်တစ်ကမ်းအလိုတွင်ပင်ရောက်ရှိနေပါပြီဟုတိုက်တွန်းပြောကြားရင်း ကျွန်တော်၏စာကိုလည်းဤနေရာတွင်ပင် အဆုံးသတ်နိဂုံးချုပ်အပ်ပါသည်။

    • မြစပဲရိုး

      December 6, 2015 at 12:14 am

      ဒီလို အချိန်မှာ ကောင်းသော ပံ့ပိုးခြင်း၊ ပူးပေါင်းခြင်း များ အတွက် မည်သူ့ကို မဆို လေးစား ပါတယ်။
      ပြင်သင့်တဲ့အချိန်မှာ ပြင်နိုင်လိုက်နိုင်ဖို့ ကြိုးစားပေးလိုက်တာ ကိုဘဲ ကျေးဇူးတင်ပါတယ်။
      တိုင်းပြည် ရဲ့ အနာဂါတ် အတွက် ကောင်းဖို့ လမ်း ကို အားလုံးစည်းစည်းလုံးလုံး နဲ့ တွန်းတင် ပေးရမဲ့ အချိန်ပါ။

      တိုင်းပြည်မှာ ဒီလို စည်းလုံးမှု ရသွားမှာ ကို မရှုစိမ့် ဘဲ ဖြစ်နေကြသူများ ကိုလဲ ဝမ်းနည်းစွာ တွေ့နေရတာမို့ သတိ တော့ မပြတ်ရှိကြဖို့ လိုပါတယ်။
      အဓိက ဒေါ်အောင်ဆန်းစုကြည် အတွက်ပါ။

    • kai

      December 6, 2015 at 6:08 am

      ဧပြီ ၁ရက်နေ့ဒေါ်စုတက်လာရင်.. (အကြီးဆုံး)ကရက်ဒစ်တွေ.. ဖိုးလပြည့်ဆီသွားလိမ့်မယ်..။
      နောင်၅နှစ်မှာ မြန်မာပြည် ဒီမိုကရေစီလမ်းပေါ်ရောက်နေရင်.. ဖိုးလပြည့်တယောက် နိုင်ငံတကာက
      ဆုတွေများတောင်ရမလားမသိ…။

      • ဇီဇီခင်ဇော်

        December 6, 2015 at 2:04 pm

        ဘာဆိုင်လို့တုန်းး
        နားးမလည်ဘူးး
        အလင်းးပြပါ 🙄

        ဇွတ် ကို နေရာ ရ ချင်နေဒါလားး
        နိုင်ငံရေးးကို ခွေးတိုးပေါက်က ဝင်ချင်တာလားးး
        စင်တာကလော့လို မီးခိုးခေါင်းတိုင်ကနေ ဝင်ချင်နေတာလားး မသဲကွဲဘူးးးး

        • kai

          December 6, 2015 at 2:58 pm

          ၁၉၉ဝ က.. အဖွဲ့ချုပ်အခုလိုနိုင်ခဲ့ဖူးတယ်..။
          ၂လလောက်ကြာပြီးနောက်.. အနိုင်ရအမတ်တွေ..အဖမ်းခံရ..ထောင်ကျ.. ပြည်ပပြေးရဖြစ်ကုန်ကြတာ…။
          အဲဒီအချိန်က… စစ်တန်လျှားကိုပြန်မယ်လို့..အာမခံတဲ့… ကာချုပ်လည်း.. အရူးဘဝနဲ့နိဂုံးချုပ်ခဲ့သပေါ့…။
          ၂၀၁၅ အခုတကြိမ်နိုင်ပြန်တော့… (ဘယ်လိုတွေပြောနေကြစေ) သံသယက ကြီးကြီးမားမားရှိဆဲပါ..။

          အခုသူတို့တွေ့ကြတယ်ပေါ့…။
          အင်း..
          ဒေါ်စုအာဏာရဖို့.. သေချာချက်က… ၅၀%အထက်တော့ ကျော်သွားပြီ…။
          ဒီလိုဖြစ်အောင်လုပ်ပေးတဲ့သူတွေအားလုံးကို… ကျေးဇူးတင်ဂုဏ်ပြုရမှာပါလို့…။ :k:

      • ဇီဇီခင်ဇော်

        December 6, 2015 at 4:47 pm

        ပြောင်းကို ပြောင်းးပေးးရတော့မယ့်
        အခြေအနေမှာ
        သူ့ ကြောင့် ပြောင်းးတယ် ဖြစ်ရသေးးလားး
        ဘိုရွှေ လုပ်တဲ့ အကွက်မြန်းး ဘို ပြောင် လမ်းဘေးးရောက်ပေါ့..
        သူ့မြေးး မင်းးသားးဖြစ်လုပ်တဲ့ အကွက်ကြီးးပဲဗျ…
        လူရာကို မသွင်းသင့်တာကိုတော့ မ မနေနိုင်ဘူးးးး

        ဒေါ်စု နိုင်ပြီးး ကောင်းးတဲ့ အပြောင်းအလဲ အတွက် ပြည်သူနဲ့ ဒေါ်စု ဆီမှာပဲ ခရက်ဒစ် အကုန် ရှိတယ်..
        မျောက်လောင်းးဆီမယ် လုံးးဝမရှိဘူးးးးး

        မတောင်းပန်ရင်နေ…
        ကျေးဇူးးရှင်မျောက်လောင်းးအဖြစ်တော့ ဝင်မလာနဲ့…

        ——
        Credit to မဟာမိုင်း
        ဟား…ဟား….ဟား..ဟား…
        စွမ်းဆောင်နိုင်သတဲ့လား..ညီလေး..
        ငါတို့က မင်းကို ကျေးဇူးရှင်ကြီးအဖြစ် နေရာပေးရတော့မှာပေါ့နော်…
        မင်း..အဘိုး..တော်လွန်းသကွာ….
        ငါတို့ခွင့်လွှတ်ပါတယ်..
        ဒါပေမယ့်..မေ့..လိမ့်..မယ်..လို့တော့ မထင်နဲ့…
        မင်းညှိနှိုင်းပေးလို့ လူထုခေါင်းဆောင်နဲ့ စစ်ခေါင်းဆောင်အိုကြီး ပြေလည်မှုရတယ်ဆိုတဲ့ အချိုးတော့ မလုပ်နဲ့လကွာ..
        ငါတို့က နလပိန်းတုန်းမဟုတ်ဘူး….
        မင်းကို လူထုကြားထဲ နာမည်ကောင်းလေးနဲ့ရောက်အောင် တတ်နိုင်သမျှ တွန်းပို့တဲ့ မင်းအဘိုးကို ရိုရိုသေသေရှိခိုးလိုက်တာ ကောင်းပါတယ်..
        ငါတို့ အရူး..မဟုတ်ဘူး..ညီလေး..
        ငါတို့ပြည်သူတွေရဲ့ အာဃာတကို မင်းတို့ကြောက်စရာမလိုပါဘူး..
        အရိုးတွန်သံတွေနဲ့ အသက်ဝင်လာမယ့် ဥပဒေကိုပဲ မင်းတို့ကြောက်ပါ.ညီလေး..
        မင်းတို့တရားကို ငါတို့မစီရင်ဘူး..
        သမိုင်းရဲ့ သက်သေတွေက မင်းတို့ကို စီရင်လိမ့်မယ်..
        အဲဒီအခါ ငါတို့လည်း မတတ်နိုင်ဘူး..
        ၈၈ ကနေစပြီးအခုချိန်ထိ ငါတို့ပြည်သူတွေ ဆင်းရဲအတိရောက်ရတာ ဘယ်နယ်ချဲ့ကြောင့်မှ မဟုတ်ပါဘူး..ညီလေးရာ..
        မင်းကတော့ဘယ်သိမလဲ..
        သိလည်း လက်ခံမှာမှ မဟုတ်တာ..
        ဒါကြောင့်..နောက်ဆို စာအရှည်ကြီးမရေးနဲ့ကွာ..
        အာရုံနောက်တယ်..
        မင်းဟာ တော်ဝင်မိသားစုရဲ့ မြေးတော်လေးမဟုတ်သလို ငါတို့ဟာလည်း သက်ဦးဆံပိုင် ဘုရင်ရဲ့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေ မဟုတ်ပါဘူး..
        တကယ်တော့ ငါတို့ဟာ လက်နက်၊ အာဏာအားကိုးပြီး ရက်စက်တဲ့ မင်းအဘိုးရဲ့ အုပ်စိုးမှုအောက်မှာ နှစ်ရှည်လများ ခါးသည်းနာကြည်းစွာ နေလာခဲ့ရတဲ့ ပြည်သူတွေပါ..
        ပြည်သူတွေကြိမ်မီးအုံးသလို ဆင်းရဲမွဲတေမှုဒါဏ်ခံနေရတဲ့အချိန်မှာ မင်းကိုယ်တိုင်လည်း ပြည်သူပိုင်လေယဉ်ကွင်းထဲ ဒေါ်လာသန်းချီတန်တဲ့ ပြိုင်ကားကို ပတ်မောင်းနေခဲ့တာ မဟုတ်လား..
        ငါတို့နေရာမှန်ကို ငါတို့ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့ ရောက်အောင်ကြိုးစားပြီးသွားနေပါတယ်..
        ငါတို့ပြည်သူတွေအပေါ်မှာ မင်းတို့မိသားစုရဲ့ အပြစ်တွေအတွက် မတောင်းပန်ရင်နေပါ..ညီလေး..
        ကျေးဇူးရှင်ကြီးအဖြစ်တော့ နေရာဝင်မယူပါနဲ့…
        ပြည်သူတွေဟာ မင်းတို့ထင်ထားတာထက် အသိဉာဏ်ရှိသလို စိတ်သဘောထားလည်း ကြီးကျယ်မြင့်မြတ်ပါတယ်..

        • kai

          December 6, 2015 at 5:09 pm

          တပ်ကအာဏာမပြောင်းပေးလည်း.. လူထုက.. ဘာမှလုပ်မရဘူးလို့ပြောချင်မိတယ်…။
          ၁၉၉ဝ ကလည်း.. ရတယ်…ရတယ်နဲ့… .. နှစ်တွေတိုက်စားခဲ့ပေါ့…။
          မနည်း..
          ၂ဝကျော်… ရာစုနှစ်တစိတ်..။

          ဗမာ့တပ်မတော်ရဲ့ ထုံးစံအရ..အာဏာရှင် ကာချုပ်အဟောင်းကို..အာဏာရှင် ကာချုပ်အသစ်က… သစ္စာခံလေ့မရှိ…။
          အဲဒီတခုပဲ.. ရင်တမမကြည့်ရမယ်.. .ထင်မိတယ်….။
          သာမန်ကြည့်ပြောရရင်.. ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ၈၈ ကဗိုလ်ကြီးရာထူးပဲရှိသေးတဲ့အခုကာချုပ်မင်းအောင်လှိုင်… နယ်ရုပ်များဖြစ်ပါ၏..။

          ဒေါ်အောင်ဆန်းစုကြည်က… ဒါကိုသေသေချာချာသိတယ်..။
          သေသေချာချာလည်း… သဘောပေါက်တယ်…။ ဒါကြောင့် တောက်လျှောက်ကြိုးစားနေခဲ့ဟန်ရှိတယ်..။
          ခြေလှမ်းမမှားသေး..။

          ကာချုပ်အောက်မှာရှိတဲ့.. ပြည်ထဲရေးဝန်ကြီးဌာနအောက်က… တိုင်း..မြို့နယ်..ရပ်ကွက်.. ကျေးရွာအထိသော.. အုပ်ချုပ်ရေးယန္တယားကို… ဒေါ်စုအစိုးရသစ်က… ဘယ်လိုကိုင်တွယ်(နိုင်)မလဲသာ… အင်မတန်စိတ်ဝင်စားစရာကောင်းလာပြီလို့.. ထင်ပါကြောင်း…။

    • ムラカミ

      December 6, 2015 at 7:04 pm

      ဒါမိုးတေ များများတင် သပ်လား

      မျန်ကျန်င့်မှာ ဖေ့စဘုတ်ဂျီး ဘန်းထားတာဆိုတော့လေ…
      ဘူမှ မဖတ်ရ မမြင်ရ မကြားရ မျက်စိပိတ် နားကန်းဖြစ်နေတာဆိုတော့…

      ဆာဒုပါတော် ဆာဒု ဆာဒု

      စဒါဘာ ..စဒါဘာ

  • kai

    December 6, 2015 at 12:44 pm

    U.S. Plans to Ease Myanmar Trade Sanctions
    4 Dec 4, 2015 1:37 PM EST
    By Josh Rogin

    The U.S. Treasury Department is preparing to make it easier for American companies to do business through a port in Myanmar that is owned by a sanctioned company whose reclusive owner has close ties to the ruling military junta.
    ..
    The Treasury and State Departments briefed some Congressional officials about the pending decision this week, although they do not need legislative approval for the change. Staffers on both the Republican and Democratic side told me that there was concern that the administration was moving forward with the license before properly consulting Congress. Some legislators are also concerned that the timing sends the wrong signal to the Myanmar government, which has not yet completed several crucial reforms. Last month, the party led by the dissident Aung San Suu Kyi overwhelmingly won the nation’s first open parliamentary elections, but the new government won’t be formed until next spring.

  • kai

    December 6, 2015 at 3:31 pm

    2016 Global Climate Risk Index
    Honduras, Myanmar & Haiti top of climate change risk list
    Germanwatch

    Published on Thursday, 3 December, 2015 at 11:32
    (AFP) Honduras, Myanmar and Haiti top a new list of nations hardest hit by two decades of storms, floods, landslides and droughts that killed more than half a million people, climate analysts reported Thursday, warning of more frequent disasters if Earth’s overheating cannot be tamed.

  • ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး

    December 6, 2015 at 4:22 pm

    နိုင်ငံ့အကြီးကဲ ဖြစ်မဲ့ ပုဂ္ဂိုလ်တွေရဲ့ လက်မှတ်ဟာ
    ဖိုးလပြည့် ရဲ့ ငါးထောင်တန်မှာ ကြိုပြီး အမှတ်တရ နေရာယူလေ့ရှိပါတယ်
    သို့ကြောင့်
    နောင် ၅ နှစ်ကြာလျင် မြောင်းဒဂါအူးဗိုက် ဘီအီးခိုက်ရဲ့
    မော်ကွန်းဝင်လက်မှတ်လဲ အနှီပုဂ္ဂိုလေးရဲ့ ငါးထောင်ကျပ်တန်ပေါ်မှာ
    နေရာမယူပါဘူးလို့ မည်သူပြောနိုင်အံ့နည်း
    သို့ကျောင့် ကျနုပ်အားလဲ ကြိုတင်၍ ရိုသေ ဆက်ဆံကြကုန်လော့ ရွာဆားတို့

    မှန်လှပါဖလာ့

    • kai

      December 6, 2015 at 5:14 pm

      ငုရင်ကိုပဲ… ရအောင်ယူပါဦး ဗိုက်ဗိုက်ရယ်..။
      ဆားနဲ့ပါ ဖလာ့…။ :k:

  • မြစပဲရိုး

    December 6, 2015 at 5:50 pm

    ဇီကလေး ရေ
    ကာချုပ် ဆိုတာ ဦးသန်းရွှေ ကို အင်မတန်လေးစားနေဆဲ ပါလို့ တရားဝင် ပြောထားပြီး သားပါ။
    ဦးသန်းရွှေ ကလဲ သူ့စကား ကို အသက်ပေးကာကွယ်မဲ့ သူ ကို နေရာချထားတာပါ။
    ဖိုးလပြည့် က ဦးသန်းရွှေ ရဲ့ အသည်းကျော်ပါ။
    ဒီတော့ မြန်မာပြည် ရဲ့ အနာဂါတ် အကောင်းအဆိုးဟာ ပါဝါ နဲ့ လက်နက် ကို သုံးနိုင်နေဆဲ သူတို့ နဲ့ လဲ ဆိုင်ပါတယ်။
    အဲဒါ ကို မျက်စိစုံမှိတ်ပြီး သူတို့ နဲ့ ဘာဆိုင်လဲ ပြောလို့ မရပါဘူး။
    အများကြီးကို ဆိုင်ပါတယ်။
    ဒီလို လူ တွေ ကို အပြောင်းအလဲ ကာလမှာ ချန်ခဲ့လို့မရနိုင်တာ ကို လက်ခံချင်/မခံချင် လက်ခံရမှာက အမှန်တရား တစ်ခုပါ။

    အခု တို့ တွေ လိုချင်တာ မြန်မာပြည် ရဲ့ အနာဂါတ် တိုးတက်ကောင်းမွန်ဖို့ပါ။
    တကယ်ဘဲ တိုင်းပြည် ကို တိုးတက်ချင်ရင် အနာဟောင်းတွေ ကို ပြန်ဆွရမဲ့ အချိန်မဟုတ်တော့ပါဘူး။
    ရှေ့ကို ဘဲ ကြည့်ပြီး စည်းစည်းလုံးလုံး နဲ့ အကောင်းဆုံး ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ပါဘဲ။

    မဟုတ်ရင်တော့ နှစ်ဖက်လုံးမှာ ငါစွဲ တွေ က တိုင်းပြည်ရဲ့ ရှေ့မှာရောက်ပြီး အမုန်းတရား တွေ နဲ့ အပြန်လှန် နေသွားဖို့ဘဲ ရှိတယ်။
    ဒီတော့ ကိုယ့်ဟာကို ပြန်ပြီး မေးခွန်းထုတ်ကြည့်ကြပါ။
    ဘာကို လိုချင်တာလဲလို့။
    ငါ့အတ္တ အတွက်လား၊ အများကောင်းကျိုး အတွက်လား ဆိုတာကို။

    အကောင်းဆုံး ရလဒ် တစ်ခု အတွက် နှစ်ဘက် ညှိနှိုင်းမှု မရရင် ဘယ်လို မှ မရနိုင်ပါဘူး။
    သူတို့ ဘက် က ဘယ်လို အကြောင်းနဲ့ ဖြစ်ဖြစ် ညှိလာခဲ့တာ ကို ဘဲ ကျေးဇူးတင်လိုက်ရအောင်ပါ။
    ဒီလို လုပ်လိုက်လို့ ကိုယ့်ဆီမှာ ဘာများ ထိခိုက်ပြီး နာ သွားစရာ ရှိလို့ လဲ။ နော။
    ကျေအေးလိုက်ကြရအောင်ပါ။ :-)))

    • ဇီဇီခင်ဇော်

      December 6, 2015 at 6:07 pm

      ကျေအေးးပါတယ် အရီးး
      ကျေးဇူးရှင်နေရာ မထားနိုင်တာပါ..

      • မြစပဲရိုး

        December 6, 2015 at 6:18 pm

        နေရာဆိုတာ ယူချင်တိုင်း ယူလို့မရပါဘူး သမီးရာ။ :-))
        ဒီလို ဘဲ ကျေးဇူးရှင် ဆိုတာ ကလဲ ကိုယ့်ဟာကိုယ် ကဗ္ဗည်းထိုးလို့ ရတာ လိုက်လို့။
        မြန်မာပြည် လွတ်လပ်ရေးခရီး ထဲ နာမည်ကောင်း ဝင်ယူကြသူ တွေလဲ သမိုင်းမှာ ကျန်ပါတယ်။
        ကျေးဇူးရှင် လို့ ရယ်မှ မဟုတ်တာလေ။
        ဒီလိုပါဘဲ။ သမိုင်းအမှန် အတွက် အများ က ဆုံးဖြတ်တာပါဘဲ။

    • မသိဘူး… အဲ့မျောက်လောင်းကို ကျေးဇူးရှင်လုပ်နေတာတွေ တစ်စက်လေးမှ ကြည့်မရဘူး အရီးရာ…
      ကိုယ်တွေမဲပေးခဲ့တဲ့လက်သန်းလေးကို ပြန်ပြန်ကြည့်နေမိတယ်…

      • kai

        December 9, 2015 at 7:43 am

        နောက်၅နှစ်နေ.. ပြန်ဖြုတ်ချပေါ့…။
        =
        ယူအက်စ်မှာဆိုရင်တေ့ာ.. သမ္မတက.. အာဏာမရခင်တော့… လူထုခေါင်းဆောင်ပေါ့…။
        အာဏာရပြီးရင်တော့.. အာဏာရှင်ပဲ…။
        သူပြောတာလုပ်.. သူ့ဦးဆောင်မှုနောက်.. ဖြောင့်ဖြောင့်လိုက်ကြရတာပဲ…။ မလုပ်သူ ထွက်ပဲ..။

        ဒေါ်စုကတော့ သနားစရာ..
        အာဏာတောင်မရသေး..။ :k:

      • မြစပဲရိုး

        December 10, 2015 at 3:34 am

        ဇီတို့ လုံမတို့
        မျောက်လောင်း ကို ပင့် မ နေတဲ့ အုပ်စုလိုက်ကြီး မျောက်လောင်းလေး နောက် ကို လိုက်လာရင်ဘဲ ဒီဘက်မှာ အုပ်စုတောင့်သွားမှာ မဟုတ်လား။
        လေရဲမိုး တို့ ကို တိုက်ဖို့ အင်အား တိုးတာပေါ့။ 😉

        တကယ်တော့ အဲဒီ ကလေး တွေ က တော်တော် မှာ သူတို့ ပါတ်ဝန်းကျင် က ဘုရင်လို ပင့် မပြီး စိတ်ဓာတ် ကို ဖျက်ထားခံရလို့ပါ။
        ဘာဘဲဖြစ်ဖြစ် တို့တွေ စိုးရိမ်နေ တဲ့ အာဏာပြောင်းပေးဖို့က ဘယ်သူ့လက်ထဲ မှာ ဆိုတာ တောက်လျှောက် သိလာတာပါ မဟုတ်လား။
        သူတို့ က လျှော့လိုက်တဲ့ သဘောပါ။ ကို နားလည် လိုက် တဲ့ သဘောပေါ့။
        အဲဒီ လူဆိုး တွေ လူကောင်း ဖြစ်လာအောင်၊ ကိုယ့်ဘက် ကို စိတ်ထားမှန် နဲ့ ပူးပေါင်းလာအောင် ဒီဘက်က မကြိုးစား သင့်ပေဘူးလား။
        သူတို့ ပူးပေါင်းတာ ကို လက်ခံပြီး ကျေးဇူး ပြောလိုက်လို့ လဲ သမိုင်း ကြီး ဝုတ်ကနဲ ပြန်ပြောင်း မသွားပါဘူး။
        ကျေးဇူးရှင်လို ပြောနေတာ တွေ ကလဲ သူ့တို့ အသိုင်းအဝိုင်း ထဲ မှာ သူတို့ ဟာ သူတို့ မြှောက်ပင့် ဖားယား နေတာ ထုံးစံပါ။
        အခုမှ မဟုတ်ပါဘူး။
        တစ်ခါတစ်ခါ စိန်တွေ သီး နေ တဲ့ ကိုယ်လုံး ဝဝ ကြီး တွေ ကို နတ်သမီးလေး တွေ အလား ပြောနေတာ တွေ က အဆန်းမဟုတ်ပါလေ။
        မှန် ရှိ ရင်တော့ သူတို့ လဲ သူတို့ ရုပ် ကို သိကြမှာပါ။
        ပင့်တာ တွေ ကို အဟုတ်မှတ်ရင်း ကိုယ့်ဟာကို ဖော့ကြည့်နေကြလျင်တော့ မသိဘူး။
        ကိုယ့်မှာတော့ တစ်ခါ တစ်ခါ ပြူးတူးပြဲတဲ ကြီး တွေ မြင်ရတာ လန့်တောင် လန့်တယ်။
        ဒါကြောင့် သူတို့ အသိုင်းအဝိုင်း ထဲ မှာ ပြောချင်တာ ပြော၊ ပင့်ချင်တာ ပင့်နေတာ တွေ ကို အရေး လုပ် မနေပါနဲ့။
        သာမာန် အသိရှိရင်တောင် လူ ဆိုတာ ကြည့်ကောင်း၏။ မကောင်း၏ ခွဲတတ်ပါတယ်။
        ကျေးဇူးရှိ မရှိ ဆို တာကလဲ ဒီအတိုင်းပါဘဲ။
        ကိုယ် နဲ့ မှ မဆိုင်တာ။
        ရုံးစောင့် တဲ့ ဒလဝမ် ကို တောင် တံခါးဖွင့်ပေးရင် ကျေးဇူး ပြောနေကျဘဲ မဟုတ်လား။

        ကဲ ကလေးတို့ စိတ်ပြေကြတော့ နော်။
        :-)))

        • kai

          December 10, 2015 at 4:00 pm

          ကိုဘစိုးတို့အုပ်စု .. ဒီတခါတော့..တက်ခ်တစ် တော်တော်မှန်သွားတယ်..။
          ဟိုမှာဖက်က.. ပန်းရောင်မရင့်တရင့်တွေတောင်.. ခဏလောက်.. ပါးစပ်အဟောင်းသား.. ဖြစ်သွား… ဖြစ်သွား..။ :k:

        • မြစပဲရိုး

          December 12, 2015 at 5:04 am

          အရူးချီးပန်း တက်ခ်တစ် လား။
          တစ်ချို့ က ဒါကို လုပ်ကွက် လို့ ပြောတယ်။
          ကျွန်မတော့ မထင်ပါဘူး။
          သူတို့ ထဲ မှာ စည်းလုံးမှု နဂိုထဲ က မရှိတာပါ။
          အေးနေဝင်း ကို သူ့မိဘ က သတင်းစာထဲ ကြော်ညာ ထည့်ထားကထဲ က တစ်ခုခု ကို ကန့်လန့်တိုက်နေခဲ့လို့ဘဲ။
          မောင်မောင်အောင် က ရဲမိုး ဆရာ။
          ဒီလူ ရဲ့ အပြင်က ပုံ နဲ့ စရိုက် က အနံ့သိပ်ကောင်းတာမဟုတ်ဘူး။
          သူက စစ်ပြုတ်ပြီး ရေကြောင်းမှာ ဒုချုပ်လားမသိ။
          အဲဒါကို အစိုးရ ခုံလှုပ်လာတော့ ကြောက်ကန်ကန်ရပြီပေါ့။သပွတ်အူ တွေ မှ ရှုပ်နေတာ စိတ်ပျက်စရာ။

          ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်သူ ကလာပေါင်းပေါင်း ဝမ်းသာအားရလက်ခံတယ်။
          ခုံမဖယ်ချင်တဲ့ လက်ရှိ အစိုးရ မချိမဆန့်ဖြစ်နေတာ မြင်ရလို့။

  • ムラカミ

    December 6, 2015 at 7:09 pm

    ၂၀၁၅ ဆိုတာ ကွန်ဆွပ်ရှင် လုပ်ငန်း တေ နားကားတဲ့နှစ်
    ၂၀၁၆ မှာ မြေဇေးကျမယ် ပြောကြတယ်….
    အခွင် ကိစ္စ သေချာဗျင်းမယ် ကြားနေတယ်….
    ကွန်ဆွပ်ရှင် ပြန်ဂေါင်းမော့လာမလား ….
    မစ်ဒယ်ခလာ့စ်ပဲ ရှိရင်းစွဲ လျော့မလား မပြောတတ်…

    ကျိတေးတာပေါ့…..

    • kai

      December 7, 2015 at 12:07 pm

      သာမန်အားဖြင့် တိုင်းပြည်တပြည်ရဲ့ လုပ်အားဈေးကွက်နဲ့.. ငွေရင်းမြစ်ဈေးကွက်က.. ကွန်စရပ်ရှင်နဲ့အိမ်မြေဈေးမှာ မှီတည်နေတယ်..။
      ဆိုတော့… ဂျိုးတို့.. ဒီလောက်ညံ့မယ်.. မထင်..။ :k:

    • မြစပဲရိုး

      December 7, 2015 at 3:33 pm

      ဘယ်ကနေ မ လာလဲ သူကြီးမင်း။
      ကြည့်ရတာ လူတိုင်းမှာ masturbation issue ရှိပြီး ဘာသာရေး လမ်းညွန်မှု လိုတယ်လား။
      သူကြီးမင်း ဆိုတော့ ရှေ့က နေ သာ သွားပြီး အရင် လမ်းညွန်မှု ယူပါတော့။ lol:-))))

      • kai

        December 7, 2015 at 4:38 pm

        ပျော်အောင်လုပ်ထားတာပါ… တဲ့..။
        အနည်းဆုံးတော့ အရီးလတ်ရဲ့.. ကိုယ့်မျက်စိကိုယ် စိတ်ချယုံကြည်မှုတော့ မြင်သာသွားသပေါ့.. :k:

      • မြစပဲရိုး

        December 7, 2015 at 5:19 pm

        ကာလာဘလိုင်းသမား တွေ ဆိုရင် ဘယ်လို လုပ်မတုန်း သူကြီးမင်းရဲ့။
        အင်းလေ – ဒါဆိုလဲ သူတို့ ဟာသူတို့ ကာလာဘလိုင်း လို့ အသိဝင်သွားတာပေါ့။ ပြသနာတော့ မဟုတ်ပါဘူး။ :-))

  • မြစပဲရိုး

    December 10, 2015 at 4:29 am

    ‘Trump’s not wrong – we can’t wear uniform in our OWN cars’: Five police officers claim Donald Trump is RIGHT about parts of London being so ‘radicalised’ they are no-go areas

    Read more: http://www.dailymail.co.uk/news/article-3352406/Scotland-Yard-mocks-Trump-s-claims-London-police-terrified-Muslim-areas-officers-claim-tycoon-RIGHT.html#ixzz3trYTJtgE

    သူကြီး တို့ ရဲ့ Mr Trump တစ်ယောက် ဒီကို လာပြီး ပြသနာ လုပ် နေတယ်။
    လန်ဒန် က ရဲများ လဲ မူဆလင်တွေကို ကြောက်နေရတယ် ဆိုပြီး။
    ဒီက နိုင်ငံကြီးသား အမတ်မင်း များ ကတော့ သူ့ကို ရှုံ့ချနေတယ်။
    ဒါပေမဲ့ ကာယကံရှင် “ရဲ” တစ်ချို့ကတော့ သူပြောတာမှန်သတဲ့။
    တကယ်တော့ “ကြောက်ရပါတယ်” ဆိုတဲ့ အမှန်တရား တစ်ခု ကို သိသိကြီး နဲ့ မသိဟန်ဆောင်နေကြတာလို့ ထင်တာပါဘဲ။
    အဲဒါဟာ မမှန်ကြောင်း သက်သေပြဖို့ က မူဆလင် များသာပါဘဲ။
    အဲဒီ အတွက်ကို ကျန်သူများက ဝိုင်းပြီး ပံ့ပိုး အားပေးသင့်တယ်။

    Trump UK ban petition passes 329,000 signatures
    A petition calling for Republican presidential hopeful Donald Trump to be barred from entering the UK has gathered more than 329,000 names, so MPs will have to consider debating it.

    http://www.bbc.co.uk/news/uk-35052505

    ဒီမှာတော့ ဒီလိုအချိုး ဆိုရင် ရှုံးဖို့များသွားပြီ။ US မှာတော့ မသိ။
    UK က ဒီလုပ်လိုက်တာလဲ တနည်း အားဖြင့် သာမာန် မူဆလင်အများစု တွေ ကို ရန်မလိုကြောင်းပြနည်း တစ်မျိုးဘဲ ထင်ရဲ့။

    • kai

      December 10, 2015 at 3:53 pm

      ယူအက်စ်မှာလည်း ပြုတ်မှာပါ အရီးလတ်ရယ်..။
      ထရမ့်က.. ဆယ်ရီဘရိတ်တီပဲ…။
      ပျင်းနေကြတာနဲ့.. တီဗီရီရယ်လတီရှိုးလို ကြည့်နေကြတာလို့ထင်…။

  • မြစပဲရိုး

    December 10, 2015 at 4:31 am

    သူကြီး တို့ ဆီကဘဲ မစ္စတာ အာနိုး ကြီး က carbon emission တွေ နဲ အောင် လူတွေ အသားစားလျှော့ (အဓိက -အမဲသား) ပြီး အသီးအရွက် မျှ စားဖို့ တဲ့ ဗျို့။
    သူကြီး ရဲ့ မြန်မာပြည်မှာ အမဲသားများများစားရေး စီမံကိန်း ကို နှောက်ယှက် နေပါတယ်။
    http://www.bbc.co.uk/news/science-environment-35039465
    Former California Governor Arnold Schwarzenegger says people should go meat-free one or two days a week to protect the climate.
    Meat-eating was an environmental problem, with farming creating an estimated 28% of global greenhouse gases, the body-builder and movie star told BBC News.

    နောက် ပုတ်ရဟန်း အကြံပေး တွေထဲ က တစ်ယောက်ကတော့ ရာသီဥတုဖေါက်ပြန်တာနည်း အောင် သားဆက်ခြား/တား ရမတဲ့။
    ဒါလဲ သူကြီးမင်း ရဲ့ မြန်မာပြည်မှာ ကလေးများများမွေးဖို့စီမံကိန်း ရဲ့ အဖျက်ဘဲ။
    http://www.bbc.co.uk/news/science-environment-35040477
    Cardinal says birth control may offer climate ‘solution’
    One of the Catholic Church’s most senior prelates has said that birth control could “offer a solution” to the impacts of climate change.

    lol:-))))

    • kai

      December 10, 2015 at 3:57 pm

      ကမ္ဘာကို ဂေဟပျက်အောင် ဖျက်ခဲ့တာ.. ယူအက်စ်နဲ့ အခုတိုးတက်နေတဲ့တိုင်းပြည်ကြီးတွေပါ…။
      ပျက်တော့မှ.. ငမွဲနိုင်ငံတွေကို.. အတင်းလာပြုပြင်ခိုင်း.. မီဒီယာ၊ တီဗီ။ရုပ်ရှင်တွေကနေ.. ဘရိမ်းဝက်ရှ်လုပ်နေတာလည်းသူတို့..။
      သူတို့ကိုယ်တိုင်ကျ.. တိုင်းပြည်စီးပွားရေး တစက်တောင်အထိမခံ…။
      ကာဗွန်ထုတ်မှုကိုလည်း .. မလျှော့…။

      ဆိုလိုတာက… မြန်မာနိုင်ငံလို တတိယနိုင်ငံတွေမယ်.. တာဝန်မရှိ..။
      ဂေဟမကလို့.. ဂေဟဘကြီးပျက်ပျက်.. ကိုယ်တိုင်စီက… (အရင်) ချမ်းသာအောင်သာ လုပ်ကြဖို့လိုပါ၏..။

  • မြစပဲရိုး

    December 10, 2015 at 4:40 am

    Quotes of the week

    Donald Trump (Candidate for President of US) : We have places in London and other places that are so radicalised that the police are afraid for their own lives.

    Boris Johnson (The Mayor of London): The only reason I wouldn’t go to some parts of New York is the real risk of meeting Donald Trump.

    lol:-)))))

  • မြစပဲရိုး

    December 10, 2015 at 2:21 pm

    Mark Zuckerberg
    9 hrs · Palo Alto, CA, United States ·

    I want to add my voice in support of Muslims in our community and around the world.

    After the Paris attacks and hate this week, I can only imagine the fear Muslims feel that they will be persecuted for the actions of others.

    As a Jew, my parents taught me that we must stand up against attacks on all communities. Even if an attack isn’t against you today, in time attacks on freedom for anyone will hurt everyone.

    If you’re a Muslim in this community, as the leader of Facebook I want you to know that you are always welcome here and that we will fight to protect your rights and create a peaceful and safe environment for you.

    Having a child has given us so much hope, but the hate of some can make it easy to succumb to cynicism. We must not lose hope. As long as we stand together and see the good in each other, we can build a better world for all people.

    လူသား တွေကြား စည်းတား၊ စည်းခြားပြီး ကမ္ဘာမြေ ကို အမုန်းတရား၊ အညိုးအတေး များ ကင်း အောင် ကြိုးစားကြည့်ကြဖို့ အချိန်တန်ပါပြီ။
    မြန်မာပြည် မှာ က ရန်စ တွေပွါးနေတာ တစ်မြေထဲနေ တစ်ရေထဲသောက် သွေးချင်းတွေပါ။ အသိ အမြန်မှန်များ ရကြပါစေ။

  • kai

    December 10, 2015 at 3:51 pm

    Donald Trump: Ban all Muslim travel to U.S.

    By Jeremy Diamond, CNN
    (CNN)Republican presidential front-runner Donald Trump called Monday for barring all Muslims from entering the United States.

    “Donald J. Trump is calling for a total and complete shutdown of Muslims entering the United States until our country’s representatives can figure out what is going on,” a campaign press release said.

  • kai

    December 12, 2015 at 5:21 pm

    Transition Team များ ဖွဲ့စည်း ဆောင်ရွက်
    Myanmar President Office
    Yesterday at 4:11am ·

    နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု စနစ်တကျ ဆောင်ရွက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်

    ================================================

    နေပြည်တော် ဒီဇင်ဘာ ၁၀

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ဒီဇင်ဘာလ ၂ ရက်တွင် နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် ယခင်က အစဉ်အလာ မရှိခဲ့သေးသည့် နိုင်ငံတော် အကြီးအကဲ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတစ်ခု ထူထောင်ရန်ကိစ္စကိုလည်း နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

    အဆိုပါဆွေးနွေးချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရဘက်မှ နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီကို ဖွဲ့စည်းထားရှိပြီး ယင်းကော်မတီတွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ကြောင်း သိရှိရသည်။

    ယင်းအထောက်အကူပြု ကော်မတီနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အသွင်ကူးပြောင်းရေးအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ယင်းအဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူတို့အား တာဝန်ပေးအပ်ထားကြောင်း သတင်းရရှိသည်။

  • kai

    December 12, 2015 at 5:22 pm

    Fox News
    December 10 at 11:00am ·

    Vladimir Putin said the Russian missiles used to combat terrorists in Syria could be fitted with nuclear warheads, but added he hopes the situation will not come to that, according to reports.

    • kai

      December 15, 2015 at 9:42 am

      ညှူ့ မသုံးဖြစ်ဖို့မျှော်လင့်တယ်ဆိုတာကိုက… သုံးချင်သုံးမယ့်သဘော…။

  • မြစပဲရိုး

    December 15, 2015 at 4:53 am

    http://www.bbc.co.uk/news/world-us-canada-35059128

    Ford tells Trump his role as US president in a film ‘was just a movie’
    10 December 2015 Last updated at 09:31 GMT

    Harrison Ford has told US Republican presidential candidate Donald Trump that his role as the US president in Air Force One was just “a movie”.
    Speaking to The New York Times recently, Trump praised Ford’s role as a heroic president in the film.
    He told the newspaper: “My favourite was Harrison Ford on the plane. I love Harrison Ford. He stood up for America”.

    http://www.bbc.co.uk/news/world-us-canada-35066940
    Is Donald Trump a Democratic secret agent?
    11 December 2015
    Republican leaders are currently thrashing about – holding secret meetings, issuing confidential memos and making public denunciations – as they approach a state of near panic over what Donald Trump is doing to their party. It’s enough to make some believe that Mr Trump may not have the Republican establishment’s best interests at heart.

    Could Donald Trump be a secret double-agent, sent by Democrats to destroy their party from within?

    အခုမှ တွေ့လို့။ အတော်ရီ ရ တဲ့ လူဘဲ။
    သို့ပေသည့် ရွှေပြည်က ဖွတ် တွေ ကိုတော့ မမှီသေးပါလေ။ lol:-))))

    • kai

      December 15, 2015 at 10:02 am

      လောလောဆယ် ယူအက်စ်ကမြန်မာဘုန်းကြီးကျောင်း၊ ချချ်၊ဗလီတွေကို အကြမ်းဖက်မယ် ထောက်လှမ်းရေးသတင်းတက်နေလို့(ဆိုလား) ပြင်ဆင်ရေးစလုပ်နေပါရဲ့..။
      အော်.. အင်း.. အမေရိကား… :k:

      • မြစပဲရိုး

        December 16, 2015 at 5:11 am

        အခုတော့ သူကြီးမင်းတို့ နေရပ်မှာ ကလေးကျောင်းတွေ ပါ ပိတ်ပါပေါ့။ ပိပိလေး တို့ ကျောင်းရောပိတ်တယ်လား။

        Los Angeles schools shut over email threat to students
        http://www.bbc.co.uk/news/world-us-canada-35102954

        • kai

          December 16, 2015 at 7:32 am

          ပိတ်ပါ့…။
          ကျောင်းသွားပြီးလမ်းကနေလှည့်ပြန်လာတယ်..။ ပြီးတော့ သူ့အမေနဲ့ မောလ်ထဲသွားလည်တယ်တဲ့..။
          အခု.. ရီပါ့ဗလစ်ကန်င်ဒီဘိတ် စီအန်အန်က.. လာနေတယ်..။ လပ်စ်ဗေးဂတ်မှာလုပ်တာ..။
          မစ်စ်ယူနီဗတ်စ်လုပ်နေတဲ့နေရာနဲ့သိပ်မဝေး..။

          သမ္မတလောင်း.. ဆန်တိုရမ်ပြောတာလေးတွေးနေမိတယ်..။
          အစ္စလမ်ဘာသာက.. ဘာသာရေးစစ်စစ်မဟုတ်..။ ရှိယားဥပဒေပြုမှုပါတာကြောင့်.. အရပ်ဖက်အစိုးရအဖွဲ့အစည်းသဘောလည်း ပါတယ်တဲ့..။
          တော်တော့်ကို.. တွေးစရာ..။ :k:

  • kai

    December 17, 2015 at 1:01 pm

    http://www.rfa.org/burmese/news/myanmar-asean-12162015222759.html

    အာဆီယံမှာ မြန်မာ အနိမ့်ဆုံး
    2015-12-16

    ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP က ထုတ်ဝေလိုက်တဲ့ ၂ဝ၁၅ ခုနှစ် လူသားဖွံ့ဖြိုးမှုညွန်းကိန်းမှာ မြန်မာနိုင်ငံကို အဆင့် ၁၄၈ သတ်မှတ်ပြီး ဖွံ့ဖြိုးမှုနည်းပါးနိုင်ငံစာရင်း ထည့်သွင်းထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ ထဲမှာ မြန်မာပြည်က အနိမ့်ဆုံးလည်းဖြစ်ပါတယ်။ ကမာ္ဘ့နိုင်ငံ ၁၈၈ နိုင်ငံပါဝင်တဲ့ အဲဒီစာရင်းကို ၁။ ဖွံ့ဖြိုးမှု အလွန်မြင့်မားသောနိုင်ငံများ၊ ၂။ ဖွံ့ဖြိုးမှုမြင့်မားနိုင်ငံများ၊ ၃။ ဖွံ့ဖြိုးမှုအလယ်အလတ် နိုင်ငံများနဲ့ ၄။ ဖွံ့ဖြိုးမှုနည်း ပါးနိုင်ငံများဆိုပြီး အုပ်စု ၄ ခုခွဲထားပါတယ်။

    UNDP က ဒီဇင်ဘာလ ၁၅ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီစာရင်းအရ ကမာ္ဘပေါ်မှာ ဖွံဖြိုးမှုအမြင့်ဆုံးနိုင်ငံ အဖြစ် နော်ဝေနိုင်ငံကိုသတ်မှတ်ထားပြီး ဩစတြေးလျက ဒုတိယနဲ့ ဆွစ်ဇာလန်က တတိယဖြစ်ပါတယ်။ အမေရိ ကန်ပြည်ထောင်စုက အဆင့် ၈ ဖြစ်ပြီး အာရှနိုင်ငံတွေထဲမှာ ထိပ်ဆုံးဖြစ်တဲ့ စင်္ကာပူက အဆင့် ၁၁၊ ဂျပန်က အဆင့် ၂ဝ၊ တရုတ်က အဆင့် ၉ဝ၊ ထိုင်းက ၉၃ နဲ့ အိန္ဒိယက အဆင့် ၁၃ဝ ဖြစ်ပါတယ်။

    ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်က နှစ်စဉ်ထုတ်ပြန်တဲ့ အဲဒီစာရင်းကို နိုင်ငံအသီးသီးရဲ့ လူ့သက်တမ်း၊ ပညာရေးနဲ့ လူနေမှုအဆင့်အတန်းတွေ အပေါ်မူတည်ပြီး တွက်ချက်တယ်လို့ သိရပါတယ်။ အခုထုတ်ပြန်တဲ့စာရင်းအရ လူမှုဘဝအမြင့်မားဆုံး နော်ဝေနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းက ၈၂ နှစ်နဲ့ ပျမ်းမျှတနှစ်ဝင်ငွေက ဒေါ်လာ ၆ သောင်းခွဲဖြစ်ပါတယ်။ နော်ဝေနိုင်ငံသားလူငယ်တွေ ပျမ်းမျှပညာသင်ကြတဲ့ကာလက ၁၈ နှစ်ဖြစ်ပါတယ်။

    မြန်မာနိုင်ငံသားတွေရဲ့ သက်တမ်းက ၆၆ နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ ၄၆ဝဝ နဲ့ လူငယ်တွေ ပျမ်းမျှ ပညာသင်ကြားကြတာက ၉ နှစ်ပဲရှိပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းက ၇၅နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ တစ်သောင်းသုံးထောင်ကျော်နဲ့ လူငယ်တွေ ပညာသင်ကြားတဲ့နှစ်က ၁၄ နှစ် ဖြစ်ပါတယ်။

  • kai

    December 17, 2015 at 1:05 pm

    Our country of the year
    Most favoured nation

    Which country improved the most in 2015?
    Dec 19th 2015 | From the print edition

    Our winner, therefore, is Myanmar. Five years ago it was a larcenous dictatorship where even pictures of Aung San Suu Kyi, the opposition leader, were banned from newspapers. In November Miss Suu Kyi’s party won 77% of the vote. The army, which retains huge privileges, appears ready to share power. It could still go wrong. (Myanmar still treats the Rohingya and other minorities disgracefully.) But the country’s transition to something resembling democracy has come faster than anyone dared expect. For that, Myanmar wins the prize.

  • kai

    December 18, 2015 at 5:35 am

    ”ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါ တာပဲ လိုချင်တယ်ဆိုတာကို လုံးဝမလို ချင်ဘူး”
    ဒီဇင်ဘာ၁ရရက်ညနေ၅နာရီခန့်တွင်လွှတ်တော်အစည်းအဝေးအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တို့ စည်ပင်ဧည့်ရိပ်သာခန်းမတွင် တွေ့ဆုံ ခဲ့ပြီး ”ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါ တာပဲ လိုချင်တယ်ဆိုတာကို လုံးဝမလို ချင်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
    ဒေါ်အောင်ဆန်းစုကြည်မှ ”မလို လားအပ်တဲ့ ဝန်ကြီးဌာနတွေပေါင်းဖြစ် မယ်။ အခိုျ့ဝန်ကြီးဌာနတွေမှာ ဝန်ထမ်း တွေ ဖောင်းပွနေတယ်။ ဝန်ထမ်းတွေကို စတင်ခန့်အပ်ကတည်းက သေသေချာချာ စစ်ဆေးရမယ်။
    အရည်အချင်းတွေမြှင့်တင် ပေးရမယ်။ အောက်ကဝန်ထမ်းတွေက လည်း အထက်လူကြီးရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ရဘူး။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်ဆိုတာ ကို လုံးဝမလိုချင်ဘူး။ အခွင့်အရေးနဲ့ တာဝန်ဟာ ခေါင်းနဲ့ပန်းလိုပဲ အခွင့်အရေး ယူရင် တာဝန်ယူရမယ်။ တပ်မတော်ထဲ ကလာလာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကလာလာ ဝန်ထမ်းက ဝန်ထမ်းပဲ။
    ကျောသားရင်သား ခွဲခြားမှာမဟုတ်ဘူး။ အတိတ်တွေကို ထားပစ်ခဲ့မယ်။ အတိတ်တွေကို မထားခဲ့ နိုင်ရင် အတိတ်ရဲ့အကျဉ်းသားတွေပဲဖြစ် မယ်။ ပြည်သူကို ယုံကြည်လို့ နိုင်ငံရေး လုပ်တာ ပြည်သူတွေကို မယုံကြည်ဘဲနဲ့ နိုင်ငံရေးမလုပ်ဘူး။ ပြည်သူပြည်သားတွေ လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်အောင် လုပ်ရမယ်။ ဝန်ထမ်းတွေ စိတ်မပူပါနဲ့။ ဝန်ထမ်းတွေက ကျွန်မတို့ကို ကြောက်ဖို့ မလိုဘူး။ နိုင်ငံကို တိုးတက်အောင်လုပ်နေ တဲ့အချိန်မှာ ပြည်သူတွေအတွက်လုပ်တာ လို့ စိတ်ထဲမှာထားရမယ်”ဟု ပြောကြားခဲ့ သည်။
    ယင်းအပြင် ”အများပြည်သူူဆင်းရဲ နေချိန်မှာ ကိုယ်ချမ်းသာနေတာ ဂုဏ်ယူ စရာမဟုတ်ဘူး။ အစိုးရကိုပဲ အားကိုးနေ ခြင်းသည် ဒီမိုကရေစီစိတ်ဓာတ်မဟုတ် ဘူး။ ဝန်ထမ်းများ စိတ်အေးလက်အေးနဲ့ နေပါ။ ဖြုတ်ထုတ်သတ်တာ ကျွန်မတို့ မူဝါဒထဲမှာ မပါဘူး။ ကျွမ်းကျင်မှုမရှိသေး တောင် ကျွမ်းကျင်မှုရှိအောင် လုပ်ဆောင် ပေးမယ်။ အဖွဲ့ခုျပ်ကိုယ်စားလှယ်တွေကို လည်း ကြောက်စရာမလိုဘူး”ဟု ပြော ကြားခဲ့သည်။
    ထွန်း(နေပြည်တော်)
    ( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

  • kai

    December 29, 2015 at 4:49 pm

    Hmuu Zaw with Ye Htut and 2 others.
    53 mins ·
    The Pan-Asia Railway Network
    လာမယ့် ဆယ်စုနှစ်အတွင်းမှာ မကြာခဏလိုလို ရည်ညွှန်းရတော့မယ့် The Pan-Asia Railway Network ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စင်္ကာပူနဲ့ ချိတ်ဆက်မယ့် မြောက်ပိုင်းရထားလမ်းမှာရော တရုတ်နဲ့ချိတ်ဆက်မယ့် အနောက်ပိုင်းရထားလမ်းမှာရော အချက်အခြာ ဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဒါဟာ တရုတ်ပြည်မကြီးနဲ့ အရှေ့တောင်အာရှကျွန်းဆွယ်ကို ဆက်စပ်ပေးမယ့် တရုတ်နိုင်ငံရဲ့ စီမံကိန်းလျာထားချက် ဖြစ်ပါတယ်။ ဘန်ကောက်ပို့စ်ကတော့ သိမ်းဆည်းထားရမယ့် မြေပုံလို့ ညွှန်းဆိုထားပါတယ်။
    Source – Bangkok Post Learning

  • kai

    December 30, 2015 at 6:22 am

    မြန်မာပြည်လမ်းတွေနဲ့.. ပြောင်းပြန်ကြီးဖြစ်နေတဲ့.. လက်ယာစတီယာရင်ကားတွေကြောင့် အပြစ်မဲ့လူ့အသက်တွေဘယ်လောက်ဆုံးရှုံးခဲ့ဖူးသလည်း… စစ်တမ်းထုတ်ချင်မိတယ်…။
    တနှစ်တနှစ်.. ထောင်ဂဏန်းအသာလေးရှိမယ်လို့.. မှန်းပါတယ်..။

    ထို့ကြောင့်.. ဤဥပဒေကိုကြိုဆိုသင့်တယ်လို့.. ထင်..။

    • alinsett

      December 30, 2015 at 8:57 am

      အဲ့ဒီ ဥပဒေ ထွက်လာပြီးနောက်ပိုင်း….
      အရင် တင်သွင်းထားတဲ့ (ညာမောင်း)ကားတွေ ဈေးတွေ ထိုးတက်သွားတယ်…
      စလစ်ဈေးတွေလည်း တက်… ကားပါကင်ပါမစ်ဈေးတွေလည်း တက်….
      အရင်က သိန်းတစ်ရာအောက်ကားတွေ အခု သိန်းတစ်ရာကို အသာလေး ခုန်ကျော် ..တက်သွား။။။။

      ဆိုတော့… မြန်မာပြည်ရဲ့… အရင့်အရင် အမြော်အမြင်မရှိ….ညာမောင်းတင်သွင်းစနစ်ကြောင့်…
      ( စနစ်ကြောင့် )
      ယာဉ်မောင်းအတော်များများ(အတော်များများ)လည်း… ညာမောင်းနဲ့ပဲ အသားကျ…
      (ဘယ်မောင်းဆိုရင်…ပြန်လေ့ကျင့်ရ…အယူအဆတွေ ပြန်ချိန်ရ ပြန်မှတ်သားရနဲ့မို့…. )
      အစကတည်းက…. ညာကပ်မောင်းလမ်းစနစ်ကို ဖော်ဆောင်လိုက်ချိန်ကတည်းက…
      အမြော်အမြင်ရှိစွာနဲ့…ဘယ်မောင်းကားချည်း တင်သွင်းခွင့် ပြုခဲ့မည်ဆိုလျှင်….

      • kai

        December 30, 2015 at 1:33 pm

        လမ်းကြော၁ခုပဲရှိတဲ့လမ်းဆိုပါစို့…။
        ရှေ့ကားကနှေးနေမယ်ဆိုရင်.. ကျော်တက်မယ်ပေါ့..။
        အဲလိုလုပ်တဲ့အခါမယ်.. မျက်နှာချင်းဆိုင်ဖက်က လာနေတဲ့ကားကို ကြည့်မယ်ဆိုရင်….. လက်ယာကပ်မောင်စနစ်မှာထားတဲ့.. လက်ယာစတီယာရင်ကားကြောင့်…ချက်ခြင်း ကြည့်လို့မရပါဘူး..။
        ကားတခြမ်းစာလောက်ထွက်ပြီး..လှမ်း ကြည့်ရပါမယ်..။
        အဲဒီအခါမယ်.. ဟိုမှာဖက်ကကားက.. အရှိန်နဲ့ဝင်လာတယ်ဆို… နောက်ကျသွားပြီပေါ့..။

        မြန်မာပြည်က… အရင်က.. အင်္ဂလန်လို… လက်ဝဲကပ်မောင်းစနစ်..။
        ဒါကို.. ဘိုနေဝင်းပြင်ခဲ့တာလို့.. မှတ်ဖူးပါတယ်..။
        အဲဒီလိုပြင်လိုက်တာကြောင့်.. ဆုံးရှုံးခဲ့တဲ့.. ယဉ်မောင်းနဲ့အပြစ်မဲ့သူတွေအသက်ဟာ.. သိန်းဂဏန်းအသာလေးရှိ…။

        ဆိုတော့..
        ဘိုနေဝင်းပြင်ပြီးနောက်ပိုင်း.. အမေရိကထုတ်ကားတွေအစား… ဂျပန်တပါတ်ရစ်ကားစုတ်တွေ မြန်မာပြည်က သုံးခဲ့ရတာပေါ့…။
        ဥရောပ.. ယူအက်စ်စ်ကားသစ်တွေဝယ်ဖို့.. ပိုက်ပိုက်မှ…မရှိတာလေ…။
        အဲဒီလိုနဲ့.. ဒီခေတ်ရောက်လာ…

        အမှားကိုသိရင်.. အမှန်ပြင်ဖို့.. လွယ်ပါတယ်..။
        အခုသိ..အခုပြင်ပေါ့…။ နောက်ကျတယ်… ဟူသည်မရှိ..။

        ပြောချင်တာတခုတော့ရှိ..
        လက်ဝဲကပ်မောင်းစနစ်ကို… ပြန်ပြောင်းရင်ကော… မဖြစ်နိုင်ဘူးလား..။
        ဘယ်ဟာက..အနာဂတ်တိုင်းပြည်အတွက်.. အကောင်းဆုံးလဲ..။
        အာစီယံနိုင်ငံတွေက.. ဘာလဲ.. ဘယ်လဲ..
        အိမ်နီးချင်းနိုင်ငံတွေကရော….။
        မြန်မာပြည်ဖြတ်ပြီး… ကုန်ကားတွေလာမယ်..။ ရေနက်ဆိပ်ကမ်းမှာကုန်တင်ချမယ်.. ။ အခွန်ငွေတွေကောက်မယ်ဆို.. ရမယ့်ငွေက ဘီလီယံ…။
        အဓိကက.. စိန့်ပြည်…။ ထိုင်း…။

        တွေးသင့်တာတွေ… :k:

        • ムラカミ

          December 31, 2015 at 8:50 am

          သပ်လား..
          ဆားတို့ ကွင်ပြည်မှာလေ…
          ဟွန်ဒါဖစ် တဇီး ၁၅သိန်းပဲ စိတယ်…သပ်လား…
          ဒေါနတောင်ခြေတဝိုက်မှာ မောင်းချင်တိုင်းမောင်း …..
          အေးချေး အေးချေး….

Leave a Reply