အလွမ်းည ဒီဇင်ဘာ

ကာရံDecember 5, 20151min1536

အလွမ်းည ဒီဇင်ဘာ

တစ်ခန်းတစ်နား လွမ်းရတဲ့ည
မြူ မှုံများ ဖြန့်ကျဲထားသတဲ့လား
ရင်ခွင်လေးနွေး အေးမြပေမယ့်
အနားမှာသူမရှိတော့လဲ ဒီဇင်ဘာရေ
မင်းလေးကတော့ နှင်းတွေဝေမစဲပေါ့
ငါလွမ်းနေတုန်းပါလေ ့ ့ ့ ့ ့

အချမ်းပိုလူမိတာထက်
မလွမ်းပို သူရှိနေမလားလို့
ချစ်တေးဆို မော့အငေးမှာ
လမင်းလေး သာနေတယ်မေ
ကြယ်ကလေးများ တစ်ဖွေးဖွေးပေါ့ ့ ့ ့ ့ ့

ဆောင်းရိပ် နှောင်းအတိတ်ခြေရာအောက်
ချယ်ရီတွေပျောက်ခဲ့ပြီပေါ့
မေရယ် ခုတော့ကိုယ်လေ ကော်ဖီခါးခါးလေးသောက်ရင်း
အလွမ်းည ဒီဇင်ဘာကို တမ်းတလို့ ကြို ခဲ့ပြီလေ

ကာရံ ၁ ့၁၂ ့၂၀၁၅

6 comments

  • ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး

    December 5, 2015 at 10:02 pm

    ကြိုက်ကြိုက်

    • ကာရံ

      December 6, 2015 at 10:58 am

      ကျေးဇူးပါ ကဗျာလေးပိုခံစားပေးတဲ့အတွက်

  • Mike

    December 7, 2015 at 1:15 pm

    .အလွမ်းညဒိုင်ယာရီလေးပေါ့

  • Alinsett @ Maung Thura

    December 8, 2015 at 4:12 pm

    ဖုန်းနဲ့ ရေး တင်ရတာလား
    အစက်အပြောက်လေးတွေ ဘာညာသာလကာလေးတွေ
    အကျအပျောက် တွေ ့လို့

  • ကာရံ

    December 9, 2015 at 4:54 pm

    အင်းဟုတ်တယ် အလင်းစက်ရေ ဖုန်းနဲ့ပဲရေးဖြစ်လို့လေ

Leave a Reply