မာနမကြီးတက်သေးပါ

ကာရံDecember 6, 20151min1603

ငါမာနမကြီးတက်သေးပါ

နေရောင်နမ်းတဲ့ပန်း ငြိုးသတဲ့လား
လန်းစေဖို့ပျိုးခဲ့တဲ့နေ မာနကြီးသတဲ့လေတဲ့
ဟားဟားဟား အရမ်းရယ်ရတယ်
အလိုမကျတဲ့ တောင်းတရအောင်
မင်းလည်းလူသားတစ်ယောက်ပဲ အကြောက်တရားတော့ရှိမှပေါ့
ဒါပေမယ့် ငါမာနမကြီးတက်သေးပါ ့ ့ ့ ့

လူရယ်ဖြစ်လာရင် ဒူးထောက်ရမှာကြောက်မနေပါနဲ့
တောင်းပန်နေတာမဟုတ်ဘူးနော် ပေဖြစ်တုန်းမို့ပါ
နားလည်ပေးတိုင်း ရောက်တက်မလာပါနဲ့ ဒေါသကအနားမှာ
ရှိတက်လို့ပါ
ဒါပေမယ့် ငါမာနာမကြီးတက်သေးပါ ့ ့ ့ ့

တောင်းရတာလွယ်ပါတယ် ပြောင်းလဲရမှာက မင်းရဲ့စိတ်
ပေးရတာမြန်ပါတယ် ခေါက်ရိုးကျိုးနေတဲ့ အမူအကျင့်ကို ပြင်ပေးပါ
တစ်ခါတစ်ရံမှာ ငါလည်းခံစားတက်တဲ့ နှလုံးသားက မျက်ရည်အဖြစ်စီးကျတက်သေးတယ်
ဒါပေမယ့် ငါမာနမကြီးတက်သေးပါ

မာန မာန ထားကောင်းတဲ့အရာမဟုတ်ပေမယ့်
အပြောင်းအလဲများလာတော့လည်း ဘယ်တော့မှ ဟောင်းမသွားတာ ဒီမာန
မြင်ကြည့်ပေးပါ အလင်းရောင်နဲ့ဖြန်းပက်ထားတဲ့ ဒီကမ္ဘာကြီးမှာ
အကြင်နာလူသားတစ်ယောက်ဖြစ်ပေမယ့်လဲ
မာနတော့ကြီးတက်ပါသေးတယ်

ကာရံ ၃ ့၁ဝ ့၂၀၁၅

3 comments

  • အီးမြောက်မြောက်

    December 7, 2015 at 12:45 pm

    ဘယ်လောက်ကြီးလဲ အကို ပျကျိပါလား မျင်ဖူးခြင်လို့

  • ကာရံ

    December 7, 2015 at 8:30 pm

    ဟုတ်ပါဘူးကွယ်

  • Alinsett @ Maung Thura

    December 8, 2015 at 4:07 pm

    မာနက အရမ်းကြီးသွားတဲ့အခါ
    ဘယ်နား ထားမလဲငင်
    လူနဲ့ မာန ဆန့်သလောက် တန်သလောက်ပဲ ကောင်းပါရဲ့
    ဒါမဲ့ တချို့က လူကသာ ဘာမှ မဟုတ်ပဲ
    မဆန့်မပြဲမာနကြီးတွေနဲ့—

    :k:

Leave a Reply