အီးနံ့ကင်းစင် ဂဇက်ရွာတခွင်

ဂ်စ္စူDecember 7, 20151min28611

မောင်ညမဂေးတို့ရေ

တစ်ချိန်က ဂေးဇက်ဟူသော
ရွာတစ်ရွာမယ်
အူးဗိုက်ဟူသော ငမူးဟာ
ဘီအီးမူး၊ ပလပ်ကျွတ်တိုင်း ရွာသဂျီးအပါဝင် တစ်ရွားလုံးအိပ်မောကျနေချိန်တွေကို
အခွင့်ကောင်းယူ ပြီး
သူ အနှစ်နှစ် အလ လ သိုလှောင်ခဲ့သော အီအီးဖြင့် လိုက်လိုက်တို့သတဲ့ကွယ်

ဘလောက်တောင် အီးလိုက်တို့ခဲ့သလဲဆိုရင်
ခလေး လူကြီး ဘုန်းကြီး
ဖုန်းလေး.. ဟုတ်ပါဘူး…
ဆရာလေး ကျောင်းသား..ကျောင်းသမီး အိုး..
အတော်စုံအောင် သူ့အီအီးနဲ့ မလွတ်သလောက်ကိုပဲတဲ့ကွယ်

တစ်ရွာလုံး နီးပါး ကို အီအီးသုတ်နိုင်အောင်လဲ
အရင်ဘွက အီအီးပါရမီ ဖြည့်ဖူးသလားအောင့်မေ့ရအောင်ကိုဘဲ
အီးအင်အားတောင့် ၊အီးထွက်ကောင်းတယ်ဆိုပဲ ပေါ့ကွယ်

အီအီးသုတ်တာ ငြိုငြင်တဲ့လူတွေကိုလဲ
အီးဗုံးကျဲ အီးမုန်တိုင်းဆင် ပြီး မခံနိုင်အောင် အီးပညာ ထုတ်သုံးလိုက်ရင် အီးမွှန်ပြီးသေတဲ့လူတွေတောင် စိသတဲ့ပေါ့ကွယ်

ရွာသဂျီး အူးအိုင်ခု ဆိုရင်
အိမ်ပြင်ထွက်မရအောင်ကို ကိုယ်ပျောက် အီးတံတိုင်းတွေ ကာထားခံရတယ် ဆိုပဲတဲ့ကွယ်

တစ်နေ့မတော့
ရွာသဂျီး အိုင်ခုဟာ သူ့ဒယ်ဒီ တိုင်းရင်းသမားဒေါ်ကြီး အူးအိုင်ယုရဲ ့
နုှစ်တစ်ထောင် အီးဗုံးကာကွယ်ဆေးကြီးကို
အမှတ်ရပြီးသကာလ
စူပါဂလူး အမည်ရှိ အီးပေါက်ပိတ်ဆေး ကို အောင်အောင်မြင်မြင်ပဲ တီထွင် ဖော်စပ်နိုင်ပြီး
ဘီအီးအူးဗိုက် မူးပြီးအိပ်ပျော်နေခိုက်
အီအီးရီဆို့စ်တွေအားလုံးကို ပိတ်ပလိုက် နိုင်သတဲ့ကွယ်

အဲသလို
တစ်ရွာလုံး
အီးရန်ကင်းသွားတဲ့အခါ

ရွာသဂျီးအိုင်ခုက ဘီအီးအူးဗိုက်အား မေတ္တာရှေ့ထား အပြစ်မယူ အီးသင်ပုန်းချေကြောင်း ကြေငြာ မောင်းခတ်လေတဲ့အခါမတော့

အခါမတော့….အနှီအီးသူပုန်အား
ခွင့်လွှတ်ရကောင်းလားဆိုပြီး
ရွာထဲလူတွေ မကျေနပ်ကြဘူးပေါ့ကွယ်

အဲသလို..

အူးအိုင်ခုက သင်ပုန်းခြေ ခွင့်လွှတ်ပါတယ်ဆိုပေမဲ့
နှာခေါင်းနား ကပ်သုတ်ခံရတဲ့ အူးပေတို့ နဖူးထိပ် အသုတ်ခံရတဲ့ ရွာတောင်ပိုင်းက အူးမိုက်တို့
အီးငွေ့သိုင်း အထုတ်ခံရလို့ မသောက်ရပဲမူးမူးသွားတဲ့ မြောက်ပိုင်းက အောချူးတို့က အခဲမကျေ
တွေ့ရာအရက်ဝိုင်း ပုလင်းမဆိုင်းပဲ…အီးလက်တုံ့ပြန်မည်တကဲကဲပေါ့ကွယ်
(မှတ်ချက် မြောင်းဒဂါအူးဗိုက်နဲ့ ပုလင်းနဲ့က အရက်ဆိုင်မှာ အမြဲ တွဲရက်ရှိလို့ တွေ့ရာပုလင်း ဆွဲသောက် အဲ ဆွဲရိုက်မည့်သဘော)

တစ်ဂယ်တော့ အီးသုတ်ခံရတဲ့ ရွာသားတွေအနေနဲ့ ခံရခက်မှန်း ကိုယ်တိုင် အသုတ်ခံရတဲ့အူးအိုင်ခုကိုယ်တိုင်လည်း
အသိဆုံလေကွယ်

သိမပေါ့
အူးဗိုက်က
ညတိုင်း
ဘီအီးကို ပဲခြမ်းသုတ်၊ ဓညင်းဝက် မီးဖုတ်နဲ့ အဲဗား ကစ်တာ အနံ့ကတထောင်းထောင်း၊ ဒါတောင် အငွေ့တံတိုင်းပဲ သုံးခံရသေးတာ
သိပ်သိပေါ့

သို့သော်ပေါ့လေ ကွယ်

အမြော်မြင်ရှိတဲ့ အူးအိုင်ခုက
ရွာ့ရှေ့ရေးကြိုတွေးသကိုးကွဲ့

သူအီးပေတိုင်း ကိုယ်အီးပေရင် တစ်ရွာလုံး အီးစော်နံပြီး အီးပေရွာအဆင့်ကနေ တက်လိမ့်မည် မဟုတ်ပဲ
အီးတောထဲတွင် ဝလအီးသာ လည်နေခြေပြီး
ရွာနိ်းချင်းများအလယ်တွင် အီးပေရွာအဖြစ် မျက်နှာငယ်ရမည်မို့..
ရွာစားတိုအား ဤသို့ ဆော်ဩ မေတ္တာရပ်ခံသတဲ့ကွယ်

အို…
ရွာစားတို့
မင်းတို့အလှည့်ကျ အီးတွေပေါက်ကြ
ငါ့အလှည့်ကြ အီး ပါပန်းပစ်မယ် ဟူသော
စိတ်ထားများဖျောက်၍

မြင့်မြတ်သော မေတ္တာ ဂရုနာ အကြင်နာ ဥပေက္ခာတို့ဖြင့် အီးပုံ အီးငွေ့များအား ဖုံးလွှမ်းပြီး
အီးနံ့ကင်းစင် ဂေးဇက်ရွာတခွင် အဖြစ် တည်ဆောက်ကြလော့

ဟူ၍ ဖြစ်ပါသတဲ့ကွယ်။

မောင်ညမဂေးဒို့ရေ
ပုံပြင်လေးဂဒေါ့ ဒါဘာဘဲဒဲ့ဂွယ်။

လေးစားလျက်
ငါးထောင်တန်တွင် လက်မှတ်တက်ထိုးမည့်
အောက်မြီးမြီး (ရှေ့သို့လှမ်းချီ ဂေးဇက်ပြည် )

11 comments

  • အီးမြောက်မြောက်

    December 7, 2015 at 12:50 am

    အတိုရီးတို့..
    လွန်လွန်ကျူးကျူး နောက်မိလျင် ခွင်လွှတ်ပါခညာ

  • မြစပဲရိုး

    December 7, 2015 at 2:43 am

    ကျုပ်ကတော့ ရွာသဂျီးအိုင်ခု လို တော့ မေတ္တာထားနိုင်လို့ မဟုတ်။
    မကျေနပ်လို့ တုတ်နဲ့ တောင် ထိုးချင်တာ။
    သို့ပေမဲ့ မတော်လို့ အထိုးမတည့်ဘဲ E ပေါက် ကို ထိုးမိလို့E အပေါက်ပြန်ပွင့် သွားမှဖြင့် E ပြန် တို့ခံ ရမဲ့ ရန်ကြောက်လွန်းလို့
    ချော့ရုံမက ထိုင်ရှိခိုး ဆိုတောင် ခိုးပါတယ် မြည်းအောက်အောက် ရယ်။ 😉 :-)))

  • Alinsett @ Maung Thura

    December 7, 2015 at 9:42 am

    ဆရာမင်းလူ ရေးဖူးတဲ့ အီးဝစ်ထုကိုတောင် သတိရမိ—-
    အဲ့ထဲက အီးကတော့ အီလက်ထရောနစ်ခေတ်ဆီ ရောက်သွားတာကို ခပ်ရွဲ့ရွဲ့လေး သရော်ပြီး ရေးထားတဲ့အီးး
    မှတ်မှတ်ရရ ဆရာမင်းလူက သူနဲ့ခေတ်ပြိုင် သူ့နောင်ရင်းညီကိုတွေဖြစ်တဲ့ တာရာမင်းဝေ နီကိုရဲ စတဲ့ဆရာတွေရဲ့ကလောင်ကိုတောင် တာရာအီးဝေ၊ အီးကိုရဲ၊ အီးခိုက်စိုးစန်— ဆိုပြီး နာမည်ပြောင်းပေးထားသေး
    သူ့ကိုယ်သူလဲ မင်းလူကနေ အီးလူ လို့ပြောင်းချင်သတဲ့—

    ဒီပို့ဖတ်ပြီး အာ့လေး သတိရသွားလို့

  • Mike

    December 7, 2015 at 10:02 am

    .ခွားမသေး အောက်မြည်းမြည်း…
    .တွေ့ကြသေးတာပေါ့ကွာ…ပိုက်ဆံစုတာဘီအီးတစ်လုံးဖိုးပြည့်ရင် :))

    • အီးမြောက်မြောက်

      December 7, 2015 at 10:22 am

      သဂျီးရေ..
      အီမယ် များကိုရှဲနေဒယ်တော့

      • အီးမြောက်မြောက်

        December 7, 2015 at 10:27 am

        အီးဗုံးတစ်လုံး လွှတ်လိုက်မယ် ဖွတ်ထ်စ်
        (အားနဲ့ အင်နဲ့ လွှတ်လိုက်တာပဲ ဒါပေမဲ့ အီးဒုံးခွင်းတွေဆင်ထားတော့
        အီးအားက ဝုန်းလို့မမြည်ပဲ ဖွတ် ဖြစ်သွားတယ်ကွဲ့)

  • kai

    December 7, 2015 at 12:16 pm

    “အီး”ဆိုတာ.. အပေါက်ထဲမဝင်ခင်တချိန်က.. “စားစရာ”ပါ..။ :k:

    • Mike

      December 7, 2015 at 1:18 pm

      .ကဗျာဆန်လှချည်လား အီးရယ်…အဲ့..သဂျီးရယ် :k:

  • ဦးဦးပါလေရာ

    December 8, 2015 at 6:56 am

    .ဟဲ့ …. အီးမျောက်မျောက်ကဲ့ ……..
    .မျောက်တို့မည်သည် ငါးထောင်တန်ပေါ် ကိုယ်တိုင်လက်မှတ်ထိုးရတာမဟုတ်..
    .ရူးချင်ယောင်ဆောင်ပြီး သူများကို ထိုးခိုင်းရတာဖြစ်တယ်..
    .သင့်ကြောင့် မျောက်သမိုင်း မရိုင်းစေနဲ့ ……..

    • အီးမြောက်မြောက်

      December 8, 2015 at 12:44 pm

      အင်ပါလေရာ အိုင်ထရက်စ်ယူ

  • အောင် မိုးသူ

    December 8, 2015 at 2:57 pm

    စိန်မျောက်မျောက်ဆိုသူမှာလည်း အူးမိုက်ရဲ့ အီးကိုသဘောကျပြီး သူ့နာမည် စိန်နေရာကို အီးလို့ပြောင်းလိုက်သတဲ့ကွယ်။

Leave a Reply