စုန်းမစာ Single-Issue

မြစပဲရိုးDecember 7, 20151min25619

မနေ့ က အာဇာနည် ကုန်းမှာ လုပ် တဲ့ အညတရစစ်သည်များ လို့ ဆိုထားတာ ရယ်၊ အဲဒါကို ဦးစီး ဦးဆောင် လုပ်သူများ ရယ် (တစ်ခြားသော မြေးတော်)
ပေါင်းပြီး ချ တွက် ကြည့်လိုက်တော့  ……
ကိုယ့်နည်း ကိုယ့်ဟန် ခြေထိုးအက က နေတာ တောင် အားမရ ဒေါ်အောင်ဆန်းစုကြည် က ပန်းခြင်းမပို့ လို့ အပြစ်တင်တဲ့ messgae  ကို မမြင်ချင်လဲ မြင်လိုက်ရတာ စိတ်ပျက် တယ်။
တကဲ့ စေတနာ မပါတဲ့ ဟန်ပြ လုပ်ရပ် တွေ နဲ့ အောက်တန်းစား စိတ်ဓာတ် တွေ က တိုင်းပြည် ထူထောင်တာ မှာ ခလုတ်ကန်သင်း တွေပါဘဲ။

တပ် နဲ့ ပြည်သူ ကို စိတ်ဝမ်းကွဲ အောင် ရည်ရွယ်ချက် နဲ့ ခွဲနေသူများ ကို ထင်ထင်ရှားရှား ကို မြင်နိုင်နေပါတယ်။
တကယ်တော့ စစ်သား ဆိုတာ လဲ သာမာန်ပြည်သူများ က ထွက်လာတာပါ။
ဘာကိုမှ အမြင်မကြည် စရာ မရှိပါ။
ဒါကို မကွဲ ကွဲ အောင် ခွဲ နေတဲ့ ထောင်ချောက်များ ကို ဒီအချိန်မှာ ပိုပြီး သတိရှိရှိ နဲ့ ကြိုးစားရှောင်ကြပါ။

တိုင်းပြည်ထူထောင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် အလုပ်လုပ် နေတာ ကို လူတစ်စု တစ်ဖွဲ့ ထဲ က တင် အဖျက်လုပ်နေတာ မဟုတ်ပါ။
အတန်းအစားမျိုးစုံက  လူပေါင်းများစွာ ရဲ့ အတိုက်အခိုက်ခံ နေရတာပါ။
ဒီတော့ သူ့ဆီ ကို မိတ် ဆွေ အဖြစ် ပေါင်းလာတာမျိုး ကို ကျေးဇူးပြုပြီး အပြစ်မမြင်ကြပါနဲ့။
တတ်နိုင်ရင် အသိအမှတ်ပြု တာလေးတောင်မှ လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးလိုက်တာ ဟာလဲ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ပံ့ပိုး ကူညီပေးခြင်း တစ်မျိုးပါဘဲ။

ဒီကြား ထဲ မှာ ကျောင်းသားအရေး၊ လယ်သမားအရေး၊ အလုပ်သမား အရေး၊ လူ့အခွင့်အရေး၊ သဘာဝ ထိန်းသိမ်းရေး လို Single-issue နိုင်ငံရေးသမား များ က လဲ တစ်မှောင့်ပါ။
ဒီမိုကရေစီ အခြေခိုင်ပြီးချိန် Single-issue politics က ပြသနာ မဟုတ်ပေမဲ့ လမ်းမှန်မရောက်ခင် အခုလို အခြေအနေမျိုးမှာ အလွန်ဘဲ အန္တရာယ် ကြီးပါတယ်။
အများ အတွက် အားလုံး ခြုံပြီး စည်း နေရ မဲ့ အချိန်မှာ ကိုယ့် လိုဘ ကိုဘဲ ရှေ့တန်းတင်ကြပြီး ကိုယ့် issue မှ အရေးပါတယ်၊ အရေးကြီး တယ် ထင်ပြီး ချက်ချင်း Action ထ ယူဖို့ ကြိုးစားသူ တွေ
သူတို့ ကို မပူးပေါင်းတာမို့ ဒေါ်အောင်ဆန်းစုကြည် ကိုတောင် အပုတ်ချ တဲ့ ဒီမိုအမည်ခံ ပညာမဲ့ နိုင်ငံရေးသမား တွေ ဟာလဲ အခုချိန်မှာ အင်မတန် ကြီးမား တဲ့ အနှောက်အယှက်တွေပါ။

ဒီတော့ ကိုယ်ဟာ ပြည်သူ့ အတွက် ဆိုရင် ကိုယ့် အတ္တ၊ မာန၊ အညိုး တွေ ထားခဲ့ကြပါ။
လမ်းမှန်ကို ရောက် အောင် ကိုယ် နဲ့ အတူ လားရာတူ ကို လာတွန်း ပေးနိုင် တဲ့ ဘယ်သူ့ လက် တွေ  ကို မဆို ဝမ်းသာ အားရ ကြိုဆို ကြပါ။

ကိုယ်တွေထက် ပညာ၊ ဉာဏ်ရည်၊ စိတ်ဓာတ်၊ အတွေ့အကြုံ အများကြီး သာတဲ့ အနှိုင်းမဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နောက် ကိုသာ ယုံကြည်စွာ လိုက်ကြဖို့ပါဘဲ။
ရှုမြင်ကွင်း တွေ ကို တစ်ခု ဆီမှာဘဲ single -issue အနေနဲ့ ပိတ်မနေ အောင်လဲ ကြိုးစားကြပါ။
ကိုယ်ကျိုး ကိုသာ သိပြီး စိတ်ဓာတ်နိမ့်ကျတဲ့ လူ အစုအဝေး ထဲ ကိုယ်မရောက်သွား၊မပါသွား အောင် သတိဝီရိယ အင်အား လေး စိုက်ထုတ်ကြပါ။

အဓိက ကတော့ ကိုယ်သွားချင်တဲ့လမ်း၊ လိုချင်တဲ့ပန်းတိုင် က ဘာလဲ သိကြပါ။
ကြားမှာ အာရုံပြောင်း မခံကြပါနဲ့။

 

19 comments

  • kai

    December 7, 2015 at 5:27 pm

    ဘယ်သူတွေဘာပြောပြော.. ယူအက်စ်ကတော့ .. ဒေါ်စုတက်ရင် ဆန်ရှင်လျှော့ချဖို့ပြင်နေပြီ…။
    သူတို့ကျ.. အချက်အလက်အရကောက်.. သေချာတဲ့အပြောင်းတွေကိုချည်း.. ဆွဲထုတ်ပြီးကြည့်တတ်တယ်..။

    • မြစပဲရိုး

      December 7, 2015 at 5:47 pm

      ဒါကိုလိုချင်လို့ ဒေါ်အောင်ဆန်းစုကြည် ကို တွန်းတင်ဖို့ လုပ်ပေးလိုက်တာ ထင်ပါတယ်။
      သူတို့ နားက ခရိုနီကြီး တွေ က သမ္မတ အကြံပေးများ လို နလပိန်းတုံး မှ မဟုတ်တာ။

      Win-Win အခြေအနေ ကို ရဖို့ ဆိုတာ ကိုယ့်ဘက် ချည်း ကိုဘဲ ကြည့်လို့ မရ တဲ့ အနေအထား ဆိုတာ ကို သတိထားကြဖို့ လိုတယ်။
      အဲဒီလိုWin-Win ညှိတဲ့ ပွဲ များ ဘေးက မချိမဆန့်ဖြစ်နေတဲ့ ဖျက်မျဉ်း များ ရဲ့ ရန် ကိုလဲ သတိထားဖို့ လိုပါတယ်။

      ရွှေပြည် ရဲ့ နိုင်ငံရေး သပွတ်အူကြီး က ထင်တာထက် ပို ဆိုး နေရော။
      လက်ရှိ အာဏာရှင် မတိုင်ခင် လက်ထက် က အကြွင်းအကျန် မီးပွါး လေးကလဲ ထတောက်ချင်နေတယ် ထင်ပါ့။

      လောလောဆယ် တော့ သူရို့ အချင်းချင်း ထဲ မှာဘဲ ဦးရာလူ / အားကြီး သူက Check အော်ခဲ့ သလားဘဲ။

      “့မြန်မာလူမျိုး တော်တော်များများရဲ့ စိတ်ဓာတ်က မေ့လွယ်ပျောက်လွယ်ပြီး အမှတ်မရှိတတ်ကြဘူး” ဆိုတာ နဲ့ ဆွ ပေးလိမ့်မယ်။
      အဲဒီလိုမျိုး လေး တွေ လေဘယ်တပ်ပြီး ဆွ လိုက် ရင် ကို ဒေါသပွါး တတ်ကြ တာ တွေ ကိုလဲ သတိလေး ကပ်ကြပါ။

      ဘာဖြစ်လဲ ကွယ်။
      အမှတ် မရှိဆိုလဲ မရှိဘူး ပေါ့။ lol:-)))) 😉
      လိုရင်းက ကိုယ့်သွားမဲ့ လမ်း မပျောက် အောင် အသိဉာဏ် သုံး နေတတ်ဖို့ ဘဲ လို တယ်။
      နောက်ပြန်ပြေးပြီး အနာဖတ် ခွါ ရမဲ့ အချိန်မဟုတ်ဘူး။

  • အီးမြောက်မြောက်

    December 7, 2015 at 7:13 pm

    အို…ရွာဆားတို့
    ရှုပ်ထွေးပွေလီလှသော မြန်မာ့နိုင်ငံရေးထဲ ဝယ်
    စားလာသွားသောက်ပြောဆိုနေထိုင် မတ်တပ်ကုန်းကွ အစစ အရာရာ သတိရှိကြကုန်လော့
    အီအီးကို လွယ်လွယ်ပေါက်ပါ
    သို့သော်
    အရာရာကို လက်လွတ်စပယ် မဆုံးဖြတ် မသုံးသပ် ကြလေနှင့်
    ဝဲကွက်ဟု ထင်ရပေမင့် သွားလှန်ကျိမှ ပွေးကွက်လိုလို ညှင်းကွက်လိုလို နှင့် အန်မတန် အကွက်များလှပေသည်
    မဟုတ်ကုန်လော

    • မြစပဲရိုး

      December 7, 2015 at 9:10 pm

      ပွေး နဲ့ ဝဲ ဘာကွာတုန်း မျောက်ကလေး ရဲ့။

      • အီးမြောက်မြောက်

        December 7, 2015 at 10:39 pm

        ဝဲက နာတယ် ပွေးက ယားတယ် ဇိမ်ရှိတယ်
        ကျော့အသိတစ်ယောက်ဆို
        ပွေးကို ပိုးမွေးသလို မွေးထားတာ
        ဇိမ်အပျက် မခံနိုင်လို့တဲ့

  • မြစပဲရိုး

    December 7, 2015 at 9:09 pm

    ဒီ ရဲမိုး ငပိန်း က သူ့ ရဲ့ ဖွတ် ဦးဏှောက် နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို
    မဟာ Facebook စာမျက်နှာကြီးပေါ်ကနေ “ထပ်မံ ရေးသားထောက်ပြအပ်ပါတယ်” တဲ့။ 🙄
    ဒီလို သတိပေး ထောက်ပြမှု များ အတွက် ကျေးဇူးတင်ခံချင်တယ် ဆိုလဲ ကျေးဇူးပါရှင့်။ lol:-)))

    နှစ်ယောက် တွေ့တာချင်း အတူတူ “ဦးသန်းရွှေ ကိုတော့ မပြောဘူးလား” ဆိုတာ အဲဒီ စောက်ပေါ ကို မေးနိုင်သူများ မေးလိုက်ကြစမ်းပါ။

    ဒေါ်အောင်ဆန်းစုကြည် ကို တိုက်ခိုက်ပြီး ဒင်းလို ငပိန်း တွေ နာမည် ယူ နေကြ တဲ့ အဖြစ်။
    အို အသင်လောက …… လို့ သာ အော်လိုက်ချင်တော့ တယ်။

    ဒီလို Internet/ Facebook ထဲ မှာ စာတွေ ရေး တင်ပြီး (ကိုယ်လဲ အပါ)
    ကိုယ့်ဟာကို အဟုတ်ကြီး မှတ်နေတဲ့
    အပြင်မှာ ဘာမှ အသုံးမကျတဲ့
    ငပိန်း များကို ပြောနေ ရတာ အချိန် တွေ နှမြာဖို့ တော့ ကောင်းသား။
    ကိုယ့်ဘုရင်မလို သည်းခံမှု ပါရမီ က မခိုင်သေးတော့ လဲ ဒီမှာ ရေးပြီကွယ်။ 😉
    ဒင်း ခမြာ လဲ ကြံ့ဖွတ် အကြံပေးကြီး များလိုဘဲ၊ ဘာလုပ်လုပ် လူရီဖွယ်ချည်း ဖြစ်နေတော့တာ။
    တော်ပါပြီ စိတ်မတိုတော့ပါဘူး။
    ထိုင်ပြီး ရီနေတော့ မယ်။
    ဂျာနယ် ရောင်းထွက်ဖို့ ခမြာ အရှက် နဲ့ လဲ ရ ပေါင်းများပြီ။

    ဖိုးလပြည့် က ဖွတ်ရဲမိုး လုပ်မှ ပိုပြီး စင်ပေါ်ရောက်သွားခဲ့ပြီ။ ကောင်းရော။ lol:-)))
    အဲဒီ ဟာလေးကလဲ တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည် ကို အညိုး နဲ့ တိုက်ခိုက်ခဲ့သူ ဖြစ်ပေမဲ့ ပြောင်းလိုက်ဖို့လိုချိန်မှာမှာ ပြောင်းပြ လိုက်တာ ကို ဘဲ တကယ်ကျေးဇူးတင်ပါတယ်။
    ဖွတ်လို ဉာဏ်တုန်း နေရင် အသက်သာ အသေခံမယ်။ နေရာတော့ ဘယ်တော့မှ ဖယ် မပေးဘူး လုပ်နိုင်တယ် မဟုတ်လား။
    တိုင်းပြည် အတွက် လောလောဆယ် စစ်တပ် က အခရာပါ။

    စစ်တပ် ကို ပိုင်သူ အမိန့်ပေးနိုင်သူ နဲ့ အပိုင်ပေါင်းနိုင်မှ အခြေအနေ ကောင်း တဲ့ ဘက် ရမှာ ကိုတော့ မမေ့ကြလေ နဲ့ အရပ်ကတို့ ရေ။

    • အီးမြောက်မြောက်

      December 7, 2015 at 11:15 pm

      ဟုတ်အရီး
      ဆော်သာဆော်
      အားပေးတယ်
      အရီးနောက်မှာ ကျော် စိတယ်
      အရီးထိရင် ကျော်မခံဘူး

    • ဦးဦးပါလေရာ

      December 8, 2015 at 8:27 am

      ဒီလိုရှိတယ် မလတ်ရဲ့..
      ကိုရဲမိုးတို့(တို့) က ယနေ့ထိ ဟိုလူကြီးရဲ့ လူတွေပါ..
      ဟိုလူကြီးက ဟို မြေးတွေနဲ့ တဖွဲထဲပါ..
      ဟိုမြေးတွေက ဒီမြေးအဖိုးလက်ချက်နဲ့ နာထားတာပါ..
      ဒါထက် … စကားမစပ်…
      ကျုပ်အဖွားကတော့ အညာသူစစ်စစ်ပါ 😀

      • kai

        December 8, 2015 at 3:54 pm

        ၂၀၀၄မှာတပ်ကထွက်လာတဲ့ ကိုဘစိုးက.. ဦးခင်ညွှန့်အနွယ်ဖြစ်လောက်တယ်…..။
        .. ဆိုတော့. တနည်းအားဖြင့် ဦးနေဝင်းမိသားစုတွေနဲ့အဆက်အစပ်ရှိပုံရပါတယ်…။
        အခုတွေ့ဆုံပွဲကို.. မကျေမနပ်ဖြစ်နေတဲ့အုပ်စုတခုရှိတာ မြင်သာသွားသပေါ့..။

        မတော်.. တပ်ကအာဏာထသိမ်းရင်.. ထိခိုက်အခံရဆုံးဖြစ်မှာက.. အရင်တပ်ထွက် သူဌေးကြီးတွေပါလို့တော့.. ပြောကြည့်ချင်တယ်..။ :k:

    • Mike

      December 8, 2015 at 11:16 am

      စာဖတ်ပရိပ်သတ်လိပ်ပါတ်လည်အောင်မလာတာာာာာ

      Zarni Htike
      Follow
      20 hrs ·

      တစ်သက်လုံး ဦးသန်းရွှေရဲ့ အရိပ်မြင်ရင်တောင် ဖင်တုန်အောင် ကြောက်လာခဲ့ရတဲ့ ရဲမိုးလို ရဲထွဋ်တို့ မှုးဇော်တို့ အောက်ဆွဲ ထောက်ပြုတ်တစ်ကောင်ကတောင် ဦးသန်းရွှေကို ခုလို မီဒီယာပေါ်ကနေ တပ်မတော်က မထောက်ခံတဲ့ ပုံစံမျိုး ရင့်ရင့်သီးသီး မီဒီပေါ်ကနေ ဝေဖန်ရဲတယ်ဆိုတော့ ဦးသန်းရွှေအပေါ်မှာ သူ့တပည့်တွေရဲ့ ဆက်ဆံမှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။
      အမေစုကို မြေးအဖိုးနှစ်ယောက် ပြေးကပ်ရတဲ့ အကြောင်းအရင်း အမှန်က ဒါကြောင့်လား …
      အမေစုသာလျှင် သူတို့ကို ကာကွယ်ပေးနိုင်မယ့်သူလို့ ဗိုလ်ချုပ်မှုးကြီးဟောင်းက သတ်မှတ်ထားလိုက်ပြီလား။
      >>>>>>>>>>>>>>>>>>>>>>>>>>>>>

      ပြီးခဲ့တဲ ့ နိူဝင်ဘာ ရွေးကောက်ပွဲမှာ …
      အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ် အနေနဲ ့ ….
      တောင်ပြိုကမ်းပြို အနိူင်ရရှိခဲ့တယ် …

      ဒီအနိူင်ရရှိမှုကို …
      လက်ရှိအာဏာရ အစိုးရအဖွဲ ့နဲ ့ …
      တပ်မတော်ကလဲ …
      လက်ခံအသိအမှတ်ပြုခဲ့တယ် …
      အဓိပ္ပာယ်က ပြည်ခိုင်ဖြိုး အစိုးရဆင်းပြီး ….
      NLD အစိုးရတက်လာတော့မယ် …
      ဒါဟာ ငြင်းပယ်လို ့မရတဲ ့ အမှန်တရားပဲ ….

      ဒေါ်စု အနေနဲ ့ အစိုးရအဖွဲ ့ဖွဲ ့ဖို ့ပြင်ဆင်တယ် …
      ဒေါ်စုဖွဲ ့တဲ ့အစိုးရဟာ …
      တတ်သိ ပညာရှင်တွေ …
      လက်ရှိ အစိုးရအဖွဲ ့ထဲက လူဟောင်းတစ်ချို ့ …
      တပ်မတော်က လက်ရှိ ဝန်ကြီးတစ်ချို ့ …
      ဒီလိုလူတွေနဲ ့ ပြန်လည်ဖွဲ ့စည်းပြီး …
      အမျိုးသား ရင်ကြားစေ့ရေးကို လုပ်ဆောင်မယ် …
      တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမယ်လို ့…
      အကြမ်းဖျဉ်း သိထားတယ် …
      ဒီအထိ အိုကေတယ် … ဘာမှပြသနာမရှိ …

      NLD အမတ်အများစုဟာ …
      လွှတ်တော်ထဲကနေ အလုပ်လုပ်ရမယ် …
      ဒေါ်စုက အခု သူ ့အမတ်တွေကို …
      တင်းတင်းကျပ်ကျပ် ပြန်ကိုင်တွယ်လေ့ကျင့်တယ် …
      အမှိုက်ကောက်ခိုင်းတယ် …
      စာပြန်ကျက်ခိုင်းတယ် …
      နည်းနည်းတော့ လူဟားခံရတယ် …
      သို ့သော် ဒါလဲ အိုကေပါတယ် …
      ကောင်းတဲ ့ ကိစ္စ လုပ်တာပဲ ….
      smile emoticon
      smile emoticon
      smile emoticon
      smile emoticon
      smile emoticon

      ဒေါ်စု အနေနဲ ့ သမ္မတအထက်က နေမယ်လို ့ ….
      တရားဝင်ထုတ်ပြောတယ် …
      သမ္မတ အထက်က ဒေါ်စု ရှိနေမယ့် အစိုးရ နဲ ့ ….
      ဒေါ်စု သေဆိုသေ ရှင်ဆိုရှင် NLD လွှတ်တော် ….
      နည်းနည်းတော့ မအိုကေဘူး ….
      Check & Balance ပျက်နေတယ် …
      ဝိုင်းဝေဖန်တယ် …
      သို ့သော် … ဒါက မှန်းဆချက် …
      ဖြစ်လာမဖြစ်လာ ဆိုတာ …
      အချိန်ပေးပြီး စောင့်ကြည့်ရဦးမယ် …
      ဖြစ်လာခဲ့ရင်လဲ RTR ဘာညာနဲ ့ ဝိုင်းပြီးဖြုတ်ချ …
      လူထုကလဲ ပြန် Check & Balance လုပ်ကြတာပေါ့ …
      ဖြေရှင်းလို ့ရမယ့် နည်းတွေ ရှိတယ် ….

      ဦးသိန်းစိန် နဲ ့ ဒေါ်စု တို ့တွေ ့တယ် …
      ဒေါ်စုက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်စေ့စပ်တယ် …
      ဦးသိန်းစိန်က အာဏာလွှဲပြောင်းပေးမယ် လို ့…
      တရားဝင် ထုတ်ပြန်ကြေငြာတယ် …
      အကြမ်းဖျဉ်း အားလုံးအိုကေတယ် ….

      တပ်ချုပ် နဲ ့ ဒေါ်စုတွေ ့တယ် …
      နှစ်ယောက်လုံး ရီရီမောမော ပြုံးပြုံးရွှင်ရွှင် နဲ ့ …
      တပ်ဟာ အခြေခံဥပဒေကို …
      ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို ့ တာဝန်ယူထားတယ် …
      ခြေဥကို ပြင်ချင်ရင် တပ်မတော် နဲ ့ ညှိနိူင်းဆောင်ရွက်ရမယ် …
      လုပ်ထုံးလုပ်နည်းနဲ ့အညီ ဥပဒေနဲ ့ အညီ ပြင်ဆင်ရမယ် …
      ဒါဟာ ဒီခြေဥ အတည်ဖြစ်ကတည်းက …
      တပ်မတော်က အစဉ်တစိုက်ပြောလာခဲ့တဲ ့ စကားပဲ …
      ဘာမှ အထူးအဆန်း မဟုတ် ….

      အထက်မှာ ဖော်ပြခဲ့တဲ ့ ဖြစ်စဉ်အားလုံးဟာ …
      ရွေးကောက်ပွဲ အပြီး တစ်လအတွင်းမှာ …
      ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ ့ဖြစ်စဉ်တွေ ဖြစ်တယ် …
      အားလုံးဟာ အပြုသဘောဆောင်တယ် …
      တိုင်းပြည် ဖွံ ့ဖြိုးတိုးတက်ဖို ့ လမ်းကြောင်းအတိုင်း …
      တရွေ ့ရွေ ့သွားနေတယ် ….
      ဒီအထိ အားလုံးအဆင်ပြေတယ် …
      အားလုံး အိုကေတယ် ….
      ကျွန်တော်တို ့အားလုံးဝမ်းသာရတော့မလား ???

      အဲဒီအချိန် မထင်ထားတဲ ့ ကိစ္စတစ်ခု စပေါ်လာတယ် …
      အဲဒါကတော့ သမိုင်းဝင်တဲ ့ ည ကိစ္စပဲ …

      သမိုင်း ဝင်သလား …
      အင်းစိန် ဝင်သလားတော့ မသိ …
      အခြေအနေတွေဟာ အားလုံး ရှုပ်ထွေးကုန်တယ် ….

      နံပါတ်တစ် – ဒီသမိုင်းဝင်မယ့် ည ကိစ္စကို …
      တပ်မတော်က လုံးဝ ကြို မသိဘူး …
      ( အစိုးရကလဲ မသိဘူးလို ့ သိရတယ် )

      ဒီတွေ ့ဆုံမှုဟာ …
      ဦးသန်းရွှေ သဘောနဲ ့ လုပ်သည်ဖြစ်စေ …
      ကိုနေရွှေသွေးအောင် သဘောနဲ ့ စီစဉ်သည်ဖြစ်စေ …
      လက်ရှိ တပ်မတော်အပေါ် ကွက်ကျော်ရိုက်သလို …
      ဖြစ်နေတာတော့ သေချာတယ် …
      သို ့သော် … ရှိစေတော့ …

      ဦးသန်းရွှေ နဲ ့ ဒေါ်စုနဲ ့ တွေ ့ကြတယ် …
      ပထမသတင်းထွက်လာတော့ စစ်ရုံးမှာ …
      သတင်းထွက်ထွက်ချင်း နီးစပ်ရာတွေ လိုက်စုံစမ်းတော့ …
      တပ်ချုပ်က ပြင်ဦးလွင်ရောက်နေတယ် …
      ဒုချုပ်ပဲ စစ်ရုံးမှာ ရှိတာ …
      အဲဒီနေ ့က စစ်ရုံးမှာ ဘာတွေ ့ဆုံမှုမှ မရှိ …
      ဒါတော့ အကြမ်းဖျဉ်းသိရတယ် …
      ထပ်ပြီး စိတ်ကသိကအောင့် ဖြစ်စရာကောင်းတာက …
      ဒီတစ်ခါတွေ ့ဆုံမှုကိုလဲ …
      တပ် နဲ ့ အစိုးရက ကြို မသိပြန်ဘူး …..

      နောက်ဆုံးကျတော့ …
      ကြေငြာချက် ထွက်လာတယ် ….
      ပွင့်ပွင့်လင်းလင်းပြောရရင် …
      အတော် စိတ်မသက်မသာ ခံစားရတယ် …
      ဒီတစ်ခါ ခံစားရတာတော့ …
      ကျွန်တော် တစ်ယောက်တည်း မဖြစ်နိူင် ….
      တပ်မတော်တစ်ခုလုံးရော …
      တပ်က မိသားစုအများစုရော …
      ကျွန်တော့်လို ခံစားကြရမယ် ထင်တာပဲ …

      တပ်မတော်ခေါင်းဆောင် အများစုဟာ …
      ဦးသန်းရွှေအပေါ် …
      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းတစ်ဦး အနေနဲ ့ …
      ဂါရဝတရားနဲ ့ လေးစားရင်းစွဲ ရှိကြပေမယ့် …
      တပ်မတော်သား အများစုဟာ …
      ဦးသန်းရွှေ ရဲ ့ ….
      နိူင်ငံရေး နဲ ့ တပ်မတော်တည်ဆောက်ရေးဆိုင်ရာ …
      ဆောင်ရွက်ချက် အတော်များများကို …
      လက်ခံနိူင်ကြပေမယ် ့ ….
      ဦးသန်းရွှေ မိသားစု ရဲ ့ မသမာမှုလုပ်ရပ်တွေကိုတော့ …
      ဘယ်သူမှ မနှစ်မျို ့ကြဘူးဆိုတာ …
      ဒေါ်အောင်ဆန်းစုကြည်အနေနဲ ့ သဘောပေါက်စေချင်တယ် …

      တပ်မတော်ကို ပြည်သူအများစု အထင်အမြင်လွှဲစေခဲ့တဲ ့ ….
      ဖြစ်ရပ်ပေါင်းများစွာရဲ ့ ….
      အဓိကတာဝန်ရှိသူ မိသားစုတစ်ခုက ….
      အဲဒီဖြစ်ရပ်တွေနဲ ့ ဘာမှမသက်ဆိုင်တဲ ့ …
      ဒီနေ ့မျိုးဆက်သစ် တပ်မတော်အပေါ် …
      ပြည်သူ ့မျက်နှာကို ကြည့်ပြီး …
      ခင်ဗျားတို ့ ယုံကြည်ချက် ခံယူချက်တွေကို ပြောင်းလိုက်ပါ
      ကျုပ်တို ့ မိသားစုက ကြားဝင် စေ့စပ်ဖျောင်းဖျပေးမယ်ဆိုတဲ ့ …
      သဘောမျိုး ပါဝင်တဲ ့ ကြေငြာချက်ဟာ …
      ကမာ္ဘ ့ ရယ်စရာအကောင်းဆုံး ဟာသ တစ်ခု ဖြစ်နေတယ် …
      smile emoticon
      smile emoticon
      smile emoticon
      smile emoticon
      smile emoticon

      တပ်မတော်ဟာ သူ ့ယုံကြည်ချက် ၊ သူ ့ ခံယူချက်နဲ ့ …
      ခိုင်ခိုင်မာမာ ရပ်တည်နေတဲ ့ အဖွဲ ့အစည်းဖြစ်တယ် …
      တပ်မတော်ရဲ ့ အိုင်ဒီယိုလော်ဂျီဟာ …
      တပ်မတော် စတင်သန္ဓေတည်ကတည်းက …
      တစ်ပါတည်း သန္ဓေတည်ခဲ့တဲ ့ အိုင်ဒီယိုလော်ဂျီ ဖြစ်တယ် …

      ဒီထက် ရှင်းအောင်ပြောရရင်တော့ …
      ဒီ ယုံကြည်ချက် ဒီခံယူချက်တွေဟာ …
      ဦးသန်းရွှေ ချပေးခဲ ့တာ မဟုတ်ဘူး …
      ဦးသန်းရွှေ ချပေးခဲ့တာ မဟုတ်လို ့ …
      ဦးသန်းရွှေ သွားပြောပြီး ပြင်ခိုင်းလို ့လဲ မရနိူင်ဘူး …

      ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နေတာလဲ ?
      ဘာတွေ လုပ်ချင်နေတာလဲ ?
      ဘာတွေ ဖြစ်ချင်နေတာလဲ ?

      ဒီတွေ ့ဆုံမှုတွေ …
      ဒီကြေငြာချက်တွေဟာ …
      အခြေအနေတွေကို ပို ရှုပ်ထွေးကုန်မယ်ဆိုတာ …
      ဒေါ်စုအနေနဲ ့ မစဉ်းစားတတ်တော့ဘူးလား ?

      လက်ရှိအခြေအနေဟာ …

      ၁။ လက်ရှိအစိုးရက အာဏာလွှဲပေးမယ် …

      ၂။ NLD အစိုးရတက်လာမယ် …
      အဲဒီအစိုးရကို ဒေါ်စုက ကိုင်တွယ်ထိန်းချုပ်မယ် …

      ၃။ NLD ကြီးစိုးတဲ ့ လွှတ်တော် တက်လာမယ် …
      အခြေခံဥပဒေထဲက တစ်ချို ့ပုဒ်မတွေမှ အပ …
      ကျန်တဲ ့ဥပဒေအားလုံး စိတ်တိုင်းကျ ပြင်ဆင်ရေးဆွဲခွင့်ရမယ် ….

      ၄။ တပ်မတော်ဟာ တက်လာတဲ ့ NLD အစိုးရကို ကြိုဆိုတယ် …
      သို ့သော် ခြေဥကို ပြင်မယ်ဆိုရင်တော့ …
      တပ်မတော်နဲ ့ ညှိနိူင်းတိုင်ပင် ဆောင်ရွက်ရမယ် …

      ၅။ NLD အစိုးရဟာ …
      တိုင်းပြည် ဖွံ ့ဖြိုးတိုးတက်ရေးကိစ္စအားလုံးကို …
      သူ ့စိတ်တိုင်းကျ ….
      သွန်လိုသွန် မှောက်လိုမှောက် လုပ်နိူင်မယ်….

      အပေါ်မှာ မေးထားတဲ ့ မေးခွန်းကို ပြန်မေးရရင် ….
      ဒီလောက် လုပ်ပိုင်ခွင့် ရထားတဲ ့အခြေအနေမျိုးမှာ ….
      ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နေတာလဲ ?
      ဘာတွေလုပ်ချင်နေတာလဲ ?
      ဘာတွေ ဖြစ်ချင်နေတာလဲ ?

      တစ်ချို ့ကိစ္စတွေဟာ …
      ပေါ့စေလိုလို ့ ကြောင်ရုပ်ထိုးပေမယ့် …
      ဆေးကြောင့် လေးသွားတတ်တယ်ဆိုတာ …
      ဒေါ်အောင်ဆန်းစုကြည်အနေနဲ ့ …
      ပြန် သတိပြုမိစေချင်တော့တာပဲ …. ။ ။

      ( ရဲမိုး )
      — feeling disappointed.

    • အီးမြောက်မြောက်

      December 8, 2015 at 12:49 pm

      ဖရီး ဘလက်ပစ် ဖရီးဘလက်ပစ်

  • ムラカミ

    December 8, 2015 at 10:29 am

    အစ်ရှူး ဆိုလို့ ဘာမျန်းတုန်းလို့….
    ပိစိပေါက်စ ကိစ္စရပ်လေးတွေကို အစ်ရှူးတံဆိပ် တပ်တာ သိပ်မမိုက်ပါဘူး ယောက္ခမဂျီးရာ..
    ..
    .
    issue မှာ stages တွေ ရှိသဗျ
    – potential
    – emerging
    – current
    – crisis
    – dormant
    ဆိုပြီးတော့…
    အဝေးဟေးဟေးဂျီး …..

    ထပ်ပြောမယ်…..
    မ-အအောင် ….ပီအာရ် ဖတ်ကြ …………

  • Mike

    December 8, 2015 at 2:30 pm

    သက္က မိုးညို
    18 hrs ·

    ယခု အကောက်အယူများသည် အပြင်မှ ရပ်ကြည့်နေသော ထဲထဲဝင်ဝင် မသိရသည့် ပြည်သူတစ်ယောက်၏ အမြင်များဖြစ်သည်။ မှားချင်မှားမည်။ မှန်ချင်မှန်မည်။ “ထင်မြင်ချက်များသာဖြစ်ကြောင်း” သေသေချာချာ ပြောပါသည်။

    ၁- စာဖတ်သူကြီး၏ ခေါင်းအား မည်သူမှ မလှန်ဝံ့သေး။ ယခုထက်တိုင် ချုပ်ကိုင်ထားဆဲ ရှိသည်ကို ရှေ့ထွက်လာမှ သိရသည်။ ငါးနှစ်လုံးလုံး ငြိမ်သက် တိတ်ဆိတ်နေခဲ့သည်။ သို့သော် လက်ရာများက သူ့လက်ရာများ ဖြစ်ကြောင်း သိသာသည်။ အာဏာကို ယခုသမ္မတလက်ထဲ လွှဲကာနီး နိုင်ငံဥသျှောင်အဖွဲ့ပဲ ဖွဲ့တော့မလိုလို၊ တရုတ်ပြည်ပဲ ထွက်ပြေးတော့မလိုလို အသံထွက်သည်ကို မှတ်မိကြမည်ထင်သည်။ အဲသည်လို ဘာမှန်းမသိအောင် လုပ်ခြင်းသည် သူ့ပညာဖြစ်သည်။ ယခုလည်း ရှေ့သို့ ထွက်လာပြီ။ တယောက်ထဲမဟုတ်။ မြေးတော်လေးကိုပါ ပွဲထုတ်လာသည်။

    ၂- သန်းခေါင်ယံ ပါတီသိမ်းပွဲကို မှတ်မိကြမည်ထင်သည်။ သူရို့သည် မီးကြွင်းမီးကျန်ထားရိုးမရှိ။ ကော်ဖီဆိုင်ရှင် ခံရချိန်ကိုကြည့်ပါ။ သို့သော် ပါတီတွင်းကိစ္စကို ရဲကားများဖြင့် ဆူဆူညံညံလုပ်ပြီး အုတ်အော်သောင်းနင်း ဖြစ်သည့်တိုင် မန်းက အပြုံးမျပ်ကျန်သည်။ အပြုံးကတော့ နွမ်းသည်ပေါ့။ တပ်မတော် မျိုးဆက်သစ် နှင့် မျိုးဆက်ဟောင်း သမ္မတတို့ ခရီးတွေ ထွက်ကြသည်။ ပူးပူးတွဲတွဲ တွေ့ကြသည်။ သည်တော့ မန်းတယောက် နောက်ကောက်ကျပြီ ထင်ကြသည်။ သမ္မတဘက်တော်သားတွေ ခြေစွာလာသည်။ ပြန်ဝန်ကပင် ကောင်လေးကို ခပ်စပ်စပ် နှိပ်သည်။

    ၃- ပြောရရင် တိုင်းရေးပြည်ရာသည် ကြက်ဥအရောင် သဖွယ်ဖြစ်သည်။ NLD အပြတ်အသတ်နိုင်သောအခါ ကစားကွက်က အသစ်ပြောင်းရသည်။ ခြေငြိမ်နေသည့် စာဖတ်သူကြီး ကိုယ်တိုင် လှုပ်ရှားလာရသည်။ ဒေါ်စုနှင့် ညှိရသည်။ ထိုအခါ ချောင်သို့ ရောက်လုလုမန်းသည် တန်ဖိုးတက်လာသည်။ သူက ဒေါ်စုနှင့် ခင်မင်ရင်းနှီးလျက်သား ရှိသည်ကိုး။ သည်တော့ မန်းကို ကန်ခဲ့သူများ မခံမရပ်နိုင်ဖြစ်လာသည်။ ရဲမိုးတို့ ဘာတို့သည် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူလိုလို လုပ်လာခဲ့သည်မှာ ကြာပြီ။ သည်တော့ တပ်နဲ့ စာဖတ်သူကြီး တိုက်ပေးသည်။ မရ။ သည်လိုတော့ မရ။ ကြည့်ရသည်မှာ ကောင်လေး၏ team သည် အတော် ထက်ထက်မြက်မြက် ရှိပုံရသည်။ မီးပွားနှင့် အရောင်လက်သည်ကို ခွဲတတ်သည်။ မီးပွားကို ရအောင်ငြိမ်းသွားသည်။

    ၄- ယခုလောလောဆည် ဒေါ်အောင်ဆန်းစုကြည် ငြိမ်နေသည်။ ဆွေးနွေးပွဲတွင် လိုသည်တို့ ရခဲ့ပုံရသည်။ (မှန်းဆခြင်း ဖြစ်သည်) ယခုအချိန်တွင် စောင့်ကြည့်နေသည်က ပိုကောင်းသည်။ ပြည်သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တသားတည်း ရှိနေရမည်။ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် အကောင်းမမြင်သော အုပ်စုကတော့ ရှိနေမည်။ ဒါလည်း သဘာဝကျသည်။ ရှိပါစေ။ သူလည်းပြောထားသည်။ ၁၀၀% ထောက်ခံမှုရသော နိုင်ငံရေးသမားမရှိ။ သည်တော့ ပြည်သူအများစု( တော်တော်ကြီးများသော အများစု) ကတော့ ယုံကြည်နေမည်ဆို ရပြီ။ သူတို့ အပေးအယူသည် တိုင်းပြည်ကို တဖက်သတ်ယူခဲ့ချိန်လောက်ကတော့ဖြင့် မဆိုးဟု ယုံသည်။ ဆက်၍ စောင့်ကြည့်ကြမည်။

  • Alinsett @ Maung Thura

    December 8, 2015 at 3:58 pm

    အခုတလော နိုင်ငံရေးအခြေအနေက
    သပွတ်အူနဲ့ ချည်ခင်ကို ရောပြီး သံဆူးကြိုးနဲ့ ချည်ပြထားသလ်ုကြီးးး
    မူးလိုက်တာ

  • ရွေးကောက်ပွဲအပြီး နိုင်ငံရေးဟာ ရှုပ်ထွေးမယ်လို့တော့ ထင်ထားပြီးသား..
    ခုက ထင်ထားတာထက် ပိုရှုပ်ထွေးနေတော့ ဉာဏ်မမီတဲ့ကိုယ်တွေ ဘယ်လိုမှ မလိုက်နိုင်တော့ဘူး…

    ရွေးကောက်ပွဲအခြေအနေကောင်းတော့ ဧည့်သည်တွေဆီက inquiry တွေ အများကြီးပြန်ဝင်လာတယ်…
    ဖဘ မကြည့်အား.. ရွာထဲတောင် ပတ်မချောင်းအား..
    တတ်နိုင်သလောက်လိုက်ဖတ်ကြည့်နေရတယ်…

    ဘယ်လိုပဲဖြစ်ဖြစ်.. ကိုယ်တွေကတော့ ဒေါ်စုကို အကြွင်းမဲ့ယုံတယ်… ပြည်သူတွေ ဒါလုပ်ပေးပါဆို လုပ်ပေးလိုက်ဖို့ပဲ အသင့်ပြင်ထားတယ်…

  • မြစပဲရိုး

    December 9, 2015 at 4:50 am

    ရဲမိုး ဆိုတဲ့ လူ ကို ထုတ်ပြီး သုံးနေတာကတော့ ဇွန်ကြီး တို့ ဇာကြီး တို့ နဲ့ မဲဆွယ်သလိုဘဲ။
    lol:-))))

    မှတ်ချက်များ အတွက် အားလုံးဘဲ ကျေးဇူးပါ။ :-))

    PS – အဲဒီ အာဇာနည်ကုန်း လုပ်နေတဲ့ “အညတရစစ်သည်များ” နေ့ ဆိုတာ ဦးနေဝင်း သေတဲ့ နေ့ အတွက် အမှတ်တရ လို့ သိခဲ့တာ မှန်လား/မှားလား တော့မသိ။
    မနှစ်က စခဲ့တာ။

    • kai

      December 9, 2015 at 7:39 am

      Ne Win (Burmese: နေဝင်း IPA: [ne wɪɴ]; 14 May 1910 – 5 December 2002)

Leave a Reply