ကိုမင်းထင်ကိုကိုကြီး သို့ :-)

မြစပဲရိုးDecember 8, 20151min15113

ဒီမိုကရေစီ ဆိုတာ ကျင့်သုံးရတဲ့ စနစ် ပါ။
လူညီရင်တော့ ပေးမှ ယူမှရယ် မဟုတ် ကျင့်သုံးနိုင်တာပါဘဲ။
ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ လက်ချောင်းများလို လူမညီ ချိန် မှာ ဒီမိုကရေစီစနစ် ကို ကျင့်သုံးနိုင်ဖို့ စည်းကမ်း၊ နည်းလမ်း၊ ဥပဒေများ လိုလာပါတယ်။
အဲဒီ အတွက် လုပ်ပိုင်ခွင့် ပါဝါ အာဏာ လိုပါတယ်။
အဲဒီ ပါဝါ အာဏာ ကို ရဖို့ လွှဲပေးဖို့ အရင်ဆုံး လိုနေတာပါ။

အဲဒီ ပါဝါ အာဏာ ကို ရလာပြီ ဆိုရင်တော့ ဒီမိုကရေစီ ဆိုတာ ကျွန်မတို့ အားလုံး ရဲ့ လက်ထဲ မှာပါ။
ဘယ်သူ့ ဆီက မှ လက်ဖြန့်တောင်းစရာ မလိုပါဘူး မဟုတ်လား။

ပါဝါ အာဏာ အတွက် တိုက်ယူလို့ မှ မရ တဲ့ အခြေအနေမှာ အေးအေးချမ်းချမ်း ညှိပြီး  အပေးအယူ လုပ်နိုင်ရင် ပြည်သူ အားလုံး အတွက် အကောင်းဆုံးပါ။
အဲဒါလေး ကို အသိလေးတော့ ရှိကြပါ။
အညိုးအတေး မာန အတ္တ တွေ ကို ကျွန်မတို့ ခွါထားလိုက်ရ အောင်ပါ။ အားလုံး စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် နဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သမျှ ပံ့ပိုး ကြရ အောင်ပါ။ :-))))

လေးစားစွာဖြင့်
မြ
ဂဇက်ရွာသူ စုန်းမ

13 comments

  • kai

    December 8, 2015 at 3:23 pm

    Searching fire
    ဟိုဖက်ရန်သူတွေက ငြိမ်နေပြီး.. ဘယ်မှာရပ်တည်နေမှန်းမသိရင်… ရှိလားမရှိလားတောင်မသိတော့ရင်… ရမ်းသမ်းပစ်ထည့်ရတာပေါ့…။
    အဲဒီမှာ.. တဖက်က…ငြိမ်မနေတော့ပဲ.. ပြန်ပစ်တယ်…။
    အဲတော့… သူတို့တည်နေရာကို သိရော…။

  • Alinsett @ Maung Thura

    December 8, 2015 at 3:52 pm

    အဲ့လူကြီးနဲ့ ဖုံးပြောဖူးတယ်
    FB မှာလည်း ျံက်ဖူးတယ်
    အနုပညာနဲ့ပတ်သက်ပြီး နည်းနည်း ပြောဖူးဆိုဖူးတယ်
    ကျနော်နဲ့ အဲ့လောက်အတိုင်းအတာလေးအတွင်း ထိတွေ့ဆက်ဖူးသမျှတော့—
    သိပ်
    အပေါက်အလမ်း
    မတည့်ချင်ချင်ဘု

    :k:

    နိုင်ငံရေးတော့ သားလည်း မသိသေးဝူးးး

    😆

  • သျှားသက်မာန်

    December 8, 2015 at 4:06 pm

    ဟုတ်ကဲ့ပါ……….ဒါပေမဲ့ Myanmar Times မှာတွေ ့လိုက်ရပါတယ်…ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ ့We work Together တဲ့ …စစ်တပ်နဲ ့ပူးပေါင်းရင်တော့…မပံ့ပိုးပေးနိုင်ပါဘူး..

    • မြစပဲရိုး

      December 9, 2015 at 5:00 am

      ဦးဏှောက်ဆေးခံ ရတယ် ဆိုတာ တစ်ဖက်သပ်ချည်း ပြောသလို ဖြစ်နေတာ။
      စစ်တပ် ကို အသားလွတ် ဝါးလုံးရှည်ရမ်းပြီး မုန်း နေတာ လဲ ဦးဏှောက်ဆေးခံ ရတယ် လို့ ခေါ်နိုင်မယ် သမီးရေ။
      စိတ်တော့မဆိုးပါနဲ့။

  • အီးမြောက်မြောက်

    December 8, 2015 at 7:30 pm

    ပြည်သူတွေ အရင်လို မဟုတ်
    အဖြစ်မှန်ကို ကောင်းစွာ ဘောပေါက် နားလည်နေကျဘီ အေးရှေးအေးရှေး

    များဒေါ့ ပေါက်သေးဘူး
    တွတ်ပဲရသေးဒယ်

  • မြစပဲရိုး

    December 9, 2015 at 4:55 am

    ဒေါ်အောင်ဆန်းစုကြည် အစိုးရ ခမျာ အာဏာ ပါဝါ မရသေး။
    အင်္ဂလိပ်ပြည် ကနေ နန်းစဉ်ရတနာတွေ အတင်းပြန်တောင်းခိုင်းနေသူလဲ ရှိပေါ့။ 😉
    စေတနာ ပျက်သွားအောင် အကွက်တွေ နဲ့ ရန်စဖို့တွေ၊ ရန်လိုဖို့တွေ ချည်းပါဘဲလား။
    အသက်တွေလဲ မငယ်တော့ဘူး။
    တစ်ခြား စိတ်ဓာတ်ရေးရာ၊ လူမှုရေးရာ တိုးတက်ဖို့ အကြောင်းလေးများ ပိုပြီး ရှေ့တန်းတင်ဖို့ မကောင်းပေဘူးလား။

  • kai

    December 9, 2015 at 7:35 am

    ဒေါ်စုကအာဏာရရ. အာဏာကဒေါ်စုရရ.. ကြိုက်တာဖြစ်..
    လက် ၅ချောင်းနဲ့.. ၂ခါ.. ၄ခါ.. ၅ခါ…

    … ကျိန်စာမိနေသောတိုင်းပြည်…။ :k:

  • အီးမြောက်မြောက်

    December 9, 2015 at 8:43 am

    စနစ်ကြောင့်မဟုတ် စနစ်ကြောင့်မဟုတ်

  • မြစပဲရိုး

    December 9, 2015 at 2:21 pm

    နေရွှေသွေးအောင် ရဲ့ ကြော်ငြာချက် က ကလေး အတွေးမို့ ဇာတ်ကို ရှုပ်သွားစေတာ ဆိုရင်လဲ အဲဒီ ကလေး အတွေး နောက်ကို လိုက်ပြီး ကလေး အတွေး တွေ ဆက် တွေးနေတာ နဲ့ ပိုရှုပ်ကုန်ရော။
    သိပ်ပြီး တက် မထောင်ကြစေချင်ဘူး။ ပန်းတိုင် မရောက်သေးပါ။
    စားသောက်ဆိုင်အခန်းအဝင် မှာ တံခါးဖွင့်ပေးသူ ကို ကျေးဇူး လို့ ပြောတာ တစ်သက်စာကျေးဇူးတင်ဖို့ မှ မဟုတ်တာ။
    အခုလဲ ကိုယ်တိုင် မဲ ပေးခဲ့တာ တွေ ဟာ နိုင်ငံ နဲ့ ပြည်သူ အတွက် တာဝန်ကျေဖို့ လုပ်တာဘဲ ဖြစ်ရမယ်။
    ငါတို့ မဲ ပေးလို့ ဒီမိုကရေစီ ရခဲ့တာ လို့ ကျေးဇူးတင်ချင်လဲ ကိုယ့်ဟာကိုယ် ပြန်တင်လို့ ရပါတယ်။
    ကယ်တင်ရှင်ကြီးများလို လက်မ ထောင် နေရာ စရာတော့ မဟုတ်ပါဘူး။ အားလုံး စည်းလုံးမှု ကြောင့်ပါဘဲ။
    သူများ ကို အပြစ်မြင်မိ ရင် ကိုယ့်ဟာ ကို အရင် စမ်းစစ်ကြည့်ကြဖို့ လဲ လိုပါတယ်။
    ကိုယ်က မြန်မာပြည် ရဲ့ ကောင်းသော အပြောင်းအလဲ အစစ်အမှန် ကို လိုချင်ရင်ပေါ့။

  • Shwe Ei

    December 9, 2015 at 3:59 pm

    -ဒို့ အမေစုလဲ အလုပ်တောင် မလုပ်ရသေးဘူး
    -ဟိုလို လုပ်ပါလား ဒီလုပ်ပါလား .. ငါလဲမလုပ်တတ်ဖူးတွေရဲ့
    -မြင်းအီးပေါက်သလို တဖွတ် ဖွတ် ထွက်နေတဲ့ အသံတွေ နဲ့ စိတ်ရှုပ်နေရော့မယ် 😛

  • ဦးဦးပါလေရာ

    December 9, 2015 at 11:50 pm

    သာမန်အားဖြင့်ကို နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးအခင်းအကျင်းဆိုတာ သိပ်အရှင်းကြီးတော့မဟုတ်ပါဘူး..
    ဒီနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကတော့ အရှုပ်တကာ့ထိပ်ခေါင်ထဲမှာပါတယ်…
    နင်ရှုံးပြီ …. ဆင်း… ငါနိုင်ပြီ … ငါပြောသလိုလုပ်ကြ… ဆိုတဲ့ ကလေးကစားကွက်မျိုးနဲ့ တွက်လို့ လုံးလုံးမရပါဘူး..
    တချို့ကတော့ အဲဒါကို ရိုးရိုးနားမလည်လို့ ရိုးသားစွာ မချင့်မရဲဖြစ်ကြ ပြောဆိုဝေဖန်ကြပေါ့…
    တချို့ကတော့ အဲဒါကို သိရဲ့သားနဲ့ နားလည်ရဲ့သားနဲ့ တမင်ရူးချင်ယောင်ဆောင်ပြီး-
    တို့လိုက် ထောင်လိုက် ဆလိုက်ထိုးပြလိုက် လုပ်နေကြတာတွေ့ရတယ်..
    အဲဒါကိုက ဒီနိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာ ပေးထားချက်တစ်ခုဖြစ်ပါတယ်..
    ……………………..
    ပန်းတိုင်က အဝေးကြီးရှိပါသေးတယ်…
    အခုမှ လမ်းစကိုတောင် ရောက်ပြီလို့သေသေချာချာမပြောနိုင်သေးပါဘူး..
    ၁၉၉ဝ ကို သတိရပါ..
    ရွေးကောက်ပွဲနိုင်တာနဲ့ အုပ်ချုပ်ခွင့်ရတာ တစ်မျိုးစီပါနော
    အုပ်ချုပ်ခွင့်ရတာနဲ့ တကယ်အုပ်ချုပ်စီမံလို့ဘယ်လေက်ဖြစ်မဖြစ်ကလဲ တစ်မျိုးစီပါ…
    ကြိုက်ကြိုက်မကြိုက်ကြိုက် အမှန်အရှိတရားတွေကို ရဲရဲလက်ခံမှ
    အောင်မြင်စွာရှေ့ဆက်နိုင်မှာပါ…

  • မြစပဲရိုး

    December 10, 2015 at 3:09 am

    ဆက်ဆက်ရေ
    အရီးကတော့ သိပ်မသိပါဘူး။
    သူရေးထားတဲ့ “နေရွှေသွေးအောင် ပေးမှ ဒီမိုကရေစီ ရမယ် ဆိုရင် သူ့ကို ချန်ခဲ့” ဆိုတာ ကို အသိတစ်ယောက် လုပ်ထားလို့ တွေ့လိုက်လို့ပါ။
    ဒါကြောင့် ဒီမိုကရေစီ က ပေးလို့/ယူလို့ မရ။ ကျင့်ရမှာ။
    အာဏာကတော့ လု မယူနိုင်ရင် ပေးမှ ရ မဲ့ အဖြစ် မဟုတ်လား။

    သူကြီးမင်း တို့ မြောက်တူဝရီး
    ဟုတ်ပါတယ် စနစ် မကောင်း သေးခင်တော့ လူ တွေ ကို ဘဲ လွှဲချ ကြတာပေါ့။

    ချွေ၏ လေး
    ဒေါ်အောင်ဆန်းစုကြည် ကို ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား ဆရာကြီး စတိုင်ဖမ်း ပြောနေသူ တွေ က
    ဘာတွေလဲ ဆိုတာ သူတို့ဟာသူတို့ မသိကြဘူး ထင်ရဲ့။
    ဖွတ် တွေ လဲ ဘေးက မ နေတဲ့ ဟာ တွေ ကြောင့် သူတို့ ဟာသူတို့ အဟုတ်ကြီး ထင်ရင်း တစ်ဖက်ကို အထင်သေး ရာက အရှုမလှ ထိုးကျသွား တာ ကို နမူနာ ယူသင့်ကြတယ်။

    ကိုပါရေ
    ကျွန်မ အထင်တော့ နိုင်ငံရေး လုပ်သူများ ဟာ လူရိပ် လူကဲ ကြည့်ပြီး အပါးအနပ်ရှိရှိ ဆွဲယူသိမ်းသွင်းနိုင် တတ်ရ မယ် ထင်ပါတယ်။
    အဲဒီလို သူများ အရိပ်အခြေ မကြည့်တတ်ဘဲ ကိုယ့် လိုချင်တာ ဘဲ ဇွတ်လုပ်နေရင်တော့ အုတ်နံရံ ကို ခေါင်းနဲ့ ပြေးစောင့်သလိုဘဲဖြစ်မယ်။
    အလုပ်မဖြစ် ဘဲ ကိုယ့်ဆီမှာ ဘဲ အနာ တွေ တိုးရင်း တိုးရင်း ပေါ့။
    ဒါကြောင့် တစ်ချို့ နိုင်ငံရေးသမား တွေ လုပ်ခဲ့တာ သူတို့ မှာသာ ရင် ထဲ မှာ အနာ တွေ နဲ့ ပြည့်သွားပြီး နိုင်ငံ လဲ ဘာမှ ပြောင်းမသွားတာ လို့ တွေးမိတယ်။
    နိုင်ငံ မှာ အဲလိုလူ တွေ ဟိုဘက်ဒီဘက် ဖြစ်ချိန် ပိုပိုဆိုး သွားတာ လို့လဲ ထင်မိ ပါတယ်။
    အခု ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြေလှမ်း တွေ က တော့ ကျွန်မ မှာ လေးစားပြီး ရင်း လေးစားရင်း ပါဘဲ။
    သူ့ဆီကနေ ကျွန်မတို့ အားလုံး (ကမ္ဘာ ကပါ) သင်ယူ အတုခိုး စရာ တွေ မှ အများကြီး ဖြစ်လာပြီ။
    One & Only နောက်ထပ် ဒီလို ခေါင်းဆောင်ရဖို့ မဖြစ်နိုင်တော့ဘူး။
    ဒါကို ေ-ာက်သုံးတစ်စက်မှ မကျ တဲ့ တန်ဖိုးမဲ့ ဟာတွေ က ဝေဖန် အပြစ်တင်တာ တွေ ကို ကြားရတာ စိတ်ထဲဒေါသပွါးရတယ်။
    အပြင်မှာ ဆိုရင် လက်မပါမိအောင် အတော်သတိထားရမလားဘဲ။
    ကျွန်မချစ်သော အမျိုးသမီးကြီး လို စိတ်ထားတတ်ဖို့ အတော် ကြိုးစားရဦးမယ်။
    အတော်မလွယ်တာနော်။ 🙄

  • အခုမှ တံခါးဖွင့်ဘို့သော့ရတာ
    အထဲ မရောက်သေး
    ဆန္ဒစောလို့မရ

    ဖြစ်ချင်တာတွေ
    ထင်ရာမြင်ရာလျှောက်ပြောနေလို့မရ
    ဖဘ ရှိတာ တစ်ခုကောင်းတာက
    အကုန်သိရတယ် ဖုံးကွယ်လို့မရ

    မကောင်းတာက လမ်းလွဲအောင်
    လျှောက်ရေးနေလို့ရတယ်

    ဒေါ်စု မှာ တိကျတဲ့ရည်မှန်းချက် ရှိပြီးသား
    အသံကြောင့်ဖားသေမှာဘဲစိုးတယ်

Leave a Reply