ဝင်သာကက် – Sio Bak

ဇီဇီDecember 28, 20153min26818

ဒီ တနင်္လာတော့ ဟင်းစပ်တွေ မရှာပဲ ဝက်ခေါက်ကင်ရမလားစဉ်းစားပြီး တင်လိုက်တယ်။

ရထားတဲ့ ၂ နည်းကို ဖက်စပ်ပြီး ကိုယ်တိုင်ကင်ပြီးမှ တင်တာမို့ စိတ်ချလက်ချ စားလို့ရတယ်လို့။
ဒီမှာတော့ Crispy Roasted Pork လို့ ခေါ်တယ်။
ရန်ကုန်မှာ အခေါက်ကင်လို့ခေါ်ပြီး
မန်းလေး အခေါ်က နံကင်လို့ ခေါ်ပါတယ်။

ဟိ။  :mrgreenn:

 

နည်း ၂ နည်းကို အရင်ပြောရရင် ……..
ပထမနည်းက မွဘုတ်က ပေးတာပါ။ သူ့ရဲ့ မလေးရှားက မြန်မာစာဖိုမှူးမိတ်ဆွေရဲ့ နည်းပါ။ သူလည်း လက်တွေ့ကင်ပြီးပါပြီ။

ပထမနည်း

  1. ဝက်သုံးထပ်သားဗိုက်သားကောင်းကောင်း ရှာဝယ်ပါ
  2. ။လေးငါးယောက်စာဆိုရင် အလျား တစ်ပေ၊အနံခြောက်လက်မ လောက်ဆိုရင်ရပြီ။
  3. ပထမဆုံး ဝက်သားအပေါ်အောက်ကို အဝတ်ခြောက်နဲ့စိုထိုင်းမှူ့မရှိအောင်အရင်သုပ်ပါ
  4. ။ပြီးရင် ဗန်းထဲကိုရတေစ်ဝက်ကျော်ထည့်၊သံဇကာခံပြီး အသားကို အရေခွံအပေါ်ဘက်မှာထားပြီးတင်ပါ။
  5. ပီးတာနဲ့ black pepper and oregano အမှူန့် အနည်းငယ်တို့ကို အသားရဲ့အပေါ်အောက်ကိုနှံ့အောင်သုပ်ပါ။
  6. ပြီးရင် ပျားရည်သုံးဇွန်းလောက်ကိုအောက်ဘက် အသားမှာသုပ်ပါ။
  7. အရေခွံပေါ်ကိုမသုပ်ပါနဲ့။
  8. ပြီးရင် ဆား၂၅ဝ ဂရမ် ကို အရေခွံအပေါ်မှာ အသားတစ်ခုလုံးအနှံ့အညီအညာဖြူးပေးပါ။
  9. မှတ်ချက် အောက်ဘက်ကအသားကို ဆားမဖြူးရ။အရေခွံပေါ်မှာသာဖြူးရပါမည်။
  10. ဖြူးပြီးတာနဲ့ အာဗင် ထဲမှာ အပူချိန်၄၅ဝဒီဂရီ၊ဂက်နံပါတ် ၄ နဲ့ မိနစ်ခြောက်ဆယ့်ငါးမိနစ်အရင်ကင်ပါ
  11. ။ပေးထားတဲ့မိနစ်ပြည့်တာနဲ့ အရေခွံအပေါ်က ဆားတွေကိုအကုန်စင်တဲ့အထိခွာထုက်ပါ။
  12. ဆားများကို ခွာပြီးစင်သွားလျင် အာဗင်ထဲပြန်ထည့်ပြီး လေးဆယ့်ငါးမိနစ်ထပ်ကင်ပါ။
  13. မိနစ်ပြည့်တာနဲ့ အာဗင်ထဲကထုက်ပြီးစားလို့ရပါပြီ။

ဒုတိယနည်းကတော့ ဒီ ဗီဒီယိုလေးကို ကြည့်လိုက်ပါ။

ပြချိန် ခနလေးမှာ ရှင်းလင်းသဘောပေါက်လွယ်ကူလွန်းလို့ ကျနော် လုပ်စားမိတာပါ။

ဒုတိယနည်း

https://www.facebook.com/video.php?v=868731463199601&theater

http://themeatmen.sg/sio-bak-roast-pork-belly/

Ingredients
  1. 4kg of pork belly
  2. 2 tablespoons of salt
  3. 4 cubes of fermented red beancurd
  4. 2 tablespoons of 5 spice powder
  5. 2 tablespoons of coarse sea salt
  6. 2 tablespoons of ground white pepper
  7. Rice wine
  8. Rice vinegar (for brushing over skin)
  9. Metal skewers (4-6 skewers)
  10. Meat pricker (alternatively a fork would do)
  11. Brush
  12. Oven

Instructions

1. Wash & dry the pork belly.
2. Rub the sea salt onto skin evenly.
3. Mix the fermented red beancurd, 5 spice powder, sea salt and pepper and apply the mixture on the underside of the meat.
4. Poke the pork belly over it’s skin (you can use a fork, we got ourselves a pricker).
5. Skew the meat with skewers to keep the belly flat while roasting.
6. After skewing, put meat into the oven at 200 degrees celsius.
7. Take out the meat after 2 hours, and brush the skin once again with white vinegar.
8. Place the meat back in the over and place it in the top layer at maximum heat until skin chars.
9. Take the meat out, and scrape the charred bits off the top.
10. Remove the metal skewers, and rest the meat for 30 minutes.
11. Enjoy cutting THICK CHUNKS of delicious pork belly to savour!

~~~~~~~~~~~~~~~~~~~~~~~~~~~~~`

ဒါကတော့ ကျနော် စမ်းကင်ထားတာ။
အဟိ။
တစ်ယောက်စာ။

ဓာတ်ပုံနဲ့ တကွ ကိုယ်တိုင်ကင်ကြည့်ထားတာကို တင်လိုက်ပါတယ်။

 

ဟိဟိ အရောနည်းး ဘာဖြစ်လာမယ် မသိ.. ၁) ခြောက်အောင်သုတ် ၂) bean curd/5 spice/ pepper/ sea salt နဲ့ အသားးပိုင်းးကိုနယ်.. ၃) ဆားးပုံ ကင် ၄) ပြန်ထုတ်ဖယ် ၅) ထပ်ကင်
ဟိဟိ အရောနည်းး ..
၁) ခြောက်အောင်သုတ်
၂) bean curd/5 spice/ pepper/ sea salt နဲ့ အသားးပိုင်းးကိုနယ်..
၃) ဆားးပုံ ကင်
၄) ပြန်ထုတ်ဖယ်
၅) ထပ်ကင်

 

 

 

18 comments

  • alinsett

    December 28, 2015 at 9:53 am

    အယ်….ဝက်သားအကြောင်းပိုစ့်ကြီးပဲ…
    ကျနော်က ဝက်သားဆို မြင်တာနဲ့…ခေါင်း ကိုက်ချင်လာတတ်လို့….
    .မြန်မြန် ကြည့်ပြီး.. မြန်မြန်ပြန်ထွက်သွားတယ်…သပ်လား

    .ဝက်ခေါင်းသုပ် ဆိုင်ကို ပြေးတော့မယ်…
    ဝက်သားမြင်ရင် ခေါင်းကိုက်ချင်လာလွန်းလို့….

    :mrgreenn:

    • ဇီဇီခင်ဇော်

      December 28, 2015 at 10:32 am

      နာ ဆို တစ်ကိုယ်လုံးး ကိုက်ပစ်ထှာာာ
      :k:

    • ဇီဇီခင်ဇော်

      December 28, 2015 at 10:31 am

      အမလည်း မရှိဘူးးး
      အလုံ အိုးးဝယ် မိ လို့ အာ့နဲ့ စမ်းးကင်တာ..
      မဟုတ်ရင် မီးသွေးးနဲ့ ကင်တာချည်းပဲ..
      ဟီးးးး

  • မြစပဲရိုး

    December 28, 2015 at 4:29 pm

    MG စားဖိုမှူးကြီး ဇီခဇ ကို ဝိုင်းရံကြ။
    အားပိုများအောင်
    HCTA စားဖိုမှူးကြီး ဇွဲနန္ဒ ကိုပါ ဝိုင်းရံကြ။
    https://www.facebook.com/FOODMagazine/photos/pcb.1220277577998779/1220273787999158/?type=3&theater
    :-))))

    ခရစ်စမတ်နေ့က ဝက်ကင် တယ်။ နောက်အချိန်ရရင် ပုံတင်ပြမယ်။ ဟိ။

    • ဇီဇီခင်ဇော်

      December 29, 2015 at 4:36 pm

      ဟားးးဟားးး
      အဲ့ဒီ ကော့မှူးး စားးဖိုဂျီးးကို
      ရွာ က ကလေးးမဒေနဲ့ အပြိုင် အူးးထားးရဒါ အရီးးရေ …
      မမဂျီးး ကို ဥ စားးး ပေးကြပါဆိုပြီးးး
      ဂဂ ကို အပူကပ်ထားးသေးးး
      ဟိ

  • kai

    December 28, 2015 at 4:58 pm

    ကိုလက်စရော………. (၃ခါ) ရွတ်

      • မြစပဲရိုး

        December 29, 2015 at 3:58 pm

        တော်သေးတယ် ပြီးရင်စား ဆိုလို့။
        ဟိုတစ်ခါ ဝက်၊ အမဲ မပါတော့ မပါလို့ ဆိုပြီး ဂျီ နေတာ ကို ပြန်ပြောတော့မလို့။ lol:-)))

        • kai

          December 29, 2015 at 4:27 pm

          အခု.. စမ်းသပ်မှုတခု လုပ်နေတယ်လေ..။
          ကိုလက်စရောတက်ချင်တာတက်.. စားသာစား..
          ပြီး.. ဆေးသောက်..။ ၃လအချိန်ရတယ်..။
          ဆေးသောက်ရင် တကယ်ကျ/မကျ သိမှာတဲ့..။
          ကျလို့ကတော့.. အစားပဲ.. ။ :k:

        • ဇီဇီခင်ဇော်

          December 29, 2015 at 4:34 pm

          ဟုတ်ပါ့..
          တဂျီးး ကိုလက် စထရောကြီးးတွက် ရေဘဝဲ ရယ် ပုဇွန်ရယ် ကင်ပေးးအူးးမယ် သိလားး
          ဟိဟိ

  • မြစပဲရိုး

    December 29, 2015 at 4:00 pm

    ဒီ ကလေးမ ဝင်ကက် စားပြီး အသံပျောက်နေပါရောလား။
    နေကောင်းလား၊ အလုပ်များလား။ 🙂

    • ဇီဇီခင်ဇော်

      December 29, 2015 at 4:32 pm

      ကျနော့ ရုံး ပီစီ ကြိုး ရေစိုလို့
      မင်းသားကြီးး လက်တော့ နဲ့ အလုပ်လုပ်နေရတာ.. သူ့ထဲ မြန်မာဖောင့် မရှိ မြန်မာလို မမြင်ရတာနဲ့ အလုပ်ပဲ လုပ်နေတာ…
      အေးးဆေးး မရေးးနိုင်လို့..
      ခု အကင်ဒေ စမ်းးနေတာ တစ်ခုပြီးးတစ်ခု.
      New year post အတွက်.
      တင်မယ် ဆိုပြီးး ခု ဝက်ကင်ပဲ မှီတယ် ..
      အဟီးးးးဟီးးးး
      :k:

  • E-မြောက်မြောက်

    December 29, 2015 at 8:38 pm

    မြည်းလိုက်လို့ကတော့ ရှယ်ပဲဗျာ ဂါလု

    • ဇီဇီခင်ဇော်

      December 31, 2015 at 12:30 pm

      မြည်းကြစို့။
      :K:

  • Ma Ei

    December 30, 2015 at 4:10 pm

    အရင်ကတော့ အဲ့ဒီ ဝင်သားကက်ဆို လာထားbJ….
    ခု မစားတော့တာတောင် ပုံကြည့်ရတာနဲ့ စားချင်ချင်ဖြစ်လာသလို ..
    🙂

    • ဇီဇီခင်ဇော်

      December 31, 2015 at 12:31 pm

      မွအိ က လှူထားတာလား၊.

      ၊ရှောင်တာလားး

      :mrgreenn:

  • ဦးကြောင်ကြီး

    January 1, 2016 at 1:00 am

    အရေဂွံ မခေါ်ဘူး.. အခေါက်လို့ ခေါ်ဒယ် မွပ်မရဲ့… စားခြင်လိုက်တာလဲ ပျာလို့ သောကြာနေ့မှန်းလဲမသိ။။။

Leave a Reply