မကျော်ကြားသေးလို့ အလုပ်ပြုတ်တဲ့…မရွှေအိ

Shwe EiDecember 12, 20151min013

နာမည်ကြီး ယန္တယား ကုမ္ပဏီ ကြီးတစ်ခုရဲ့ အငယ်ဆုံး အဝယ်တော်စာရေး ဘဝ ရောက်လာဖို့က လွယ်မယောင်နဲ့ ခက်သည်။

အလုပ်ရတာက အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲအောင်လို့…တက်နေတဲ့ ကျောင်းကို ပစ်ထားခဲ့ပြီး
ကျွန်မ သဘောနဲ့ကျွန်မ ရန်ကုန်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကျွန်မအိမ်က မိသားစုကိုတောင် အသိပေးတဲ့ သဘောမျိုး ထုတ်ပြောခဲ့ခြင်းဖြစ်ပြီး… ပြောပုံက..အမေရေ..သမီးရန်ကုန်မှာ အလုပ်လုပ် မှာမို့ ကျောင်းမှာ ထွက်စာတင်ခဲ့ပြီ ဆိုတာမျိုး။

အမေကတော့ ကို့သမီး ဘွဲ့လွန် ပထမနှစ် တက်နေတဲ့ ကျောင်းသူဟာ ဆုံးဖြတ်ချက်မမှားနိုင်ဘူး ဆိုတဲ့ အတွေးမျိုးနဲ့ လက်ခံပေးလိုက်တာဖြစ်နိုင်သည်။
မဟုတ်ရင်လဲ တခြားတစ်ခုခုဖြစ်နိုင်သည်..ဘာဘဲဖြစ်ဖြစ် .. ယုံကြည်ပေးလို့ ကျေးဇူးတင်၏။

အတွေ့အကြုံမရှိသော အလုပ်သင် ဘဝသည် ပျော်စရာ အတိ။ သင်ပေးမဲ့ အကို အမတွေ တပုံ တပင် နဲ့ မပျော်မှာစိုး လို့ မုန့်ဝယ်ကျွေးတဲ့သူ မုန့်ဖိုးပေးတဲ့ သူကမရှား။

လောကမှ ခက်ခဲတဲ့ အရာတွေကို ကျော်လွှားဖို့ ရင့်ကျက်မှု လို အပ်လာတဲ့ အချိန် ကျွန်မမှာ အဆင်သင့်ရှိမနေခဲ့တာ..ကျွန်မရဲ့ ညံ့ ဖျင်းမှု သက်သက်လို့ဘဲ သတ်မှတ်ချင်သည်။

အလုပ် ဝင်စက နေရတဲ့ အရောင်းပြခန်း စာရေး ဘဝ သည် ယာယီမျှသာ။

တကယ်တမ်း အဝယ်တော်စာရေး ဘဝနဲ့ နိုင်ငံခြား ကုမ္ပဏီ တွေကို ချိတ်ဆက်ပြီး အလုပ် လုပ်ရတော့လဲ ကို့အထက်က စီနီယာ အစ အဆုံး သင်ပြပေးတဲ့ အပြင် တော်ရုံ တန်ရုံ အမှားလောက်တော့ စကားလုပ်မပြောတတ်သူမျိုး။

ဒီလောက် လွယ်နေတော့လဲ … အလိုလိုနေရင်း မျက်စိ စပါးမွှေးစူးသူတွေ များသထက် များလာတာ မဆန်း။

ကို့ရှေ့ က အတွေ့အကြုံ ရှိ ဝန်ထမ်းတွေအဖို့ အင်္ဂလိပ်စာ ကောင်းကောင်း ရေးတတ် ပြောတတ် ရုံနဲ့ နေရာ ပေးခံရသူ မိန်းခလေး ငယ်ငယ်လေးတစ်ယောက်ကို လေးစားပြဖို့ အကြောင်းမရှိ။

ကံကောင်းတာက ..သူဌေးကိုယ်တိုင်က အားသွန်ခွန်စိုက် နာမည်ကြီးလှပါတယ်ဆိုတဲ့ အင်္ဂလိပ်စာ ဆရာကို ရုံးထိခေါ်သင်ပေးသည်၊ အင်္ဂလိပ်စာ…စာမေးပွဲတွေစစ်တိုင်း.. Scrabble ဆက်တဲ့ ပြိုင်ပွဲတွေ လုပ်တိုင်း ပထမ ဆု အမြဲ ချိတ်တတ်တဲ့ ကျွန်မကို သင်ပေးရကျိုး နပ်ပြီ ဆိုပြီး သဘောကျနေတော့ တော်ရုံ တန်ရုံ အနေအထားနဲ့ အပြစ်ရှာဖို့ ခက်သည်။

အဲဒါကြောင့်ဘဲလားမသိ…အခက်ခဲဆုံး ဆိုတာတွေနဲ့မှ ကြုံရတော့သည်။

ရာနဲ့ချိီတဲ့ Machinery Spare Parts တွေကို ဆော့ဖ်ဝဲ သုံးပြီး စာရင်းသွင်းရတဲ့ အခါ ကြုံရတတ်တဲ့ အမှား…
နိုင်ငံခြား ကုမ္ပဏီတွေကနေ ရှေ့ဟာပေး နောက်ဟာယူ စနစ်နဲ့ဝယ်ထားတဲ့ ယန္တရား တွေနဲ့ ပတ်သတ်တဲ့ အပေးအယူကိစ္စ ငွေလက်ကျန်ကိစ္စတွေ မေးတိုင်း ကွန်ပျူ တာပြန်မကြည့်ဘဲ အလွတ်မဖြေနိုင်တဲ့ အမှား
(တကယ်တော့ အိုက်စာရင်းတွေ ကျွန်မလဲ တစ်ခါမှ သွင်းရတာမဟုတ်)၊ ထစ်ခနဲရှိ အပြစ်ပြောဖို့ စောင့်နေတတ်တဲ့ မန်နေဂျာ မမနဲ့ သူပြောသမျ မဆိုင်းမတွ ထောက်ခံပေးတဲ့ ဂျန်နရယ် မန်နေဂျာ မမတို့ ကြားမှာ . . ဂါရဝတရား ရှေ့ မထားတတ်တဲ့ ကျွန်မ အဖြစ်က တကယ့်ကို မျက်မုန်းကျိုးစရာ။

အင်တာနက် ကလိချင်တာ ဂျီမေးသုံးချင်တာနဲ့ ရောပြီး နိုင်ငံခြား ကုမ္ပဏီ အသစ်တွေ ချိတ်ဆက်ပေးနိုင်ခဲ့ပေမဲ့ အလုပ်က ခွင့်ယူပြီး နယ်ပြန်တဲ့အချိန် တစ်ရက် နှစ်ရက်လောက် အိမ်မှာ ပိုနေမိရင်..သူဌေး ဆီ ရီပို့တက်ပြီး တိုင်တန်းတဲ့ အဆင့်ထိ ရောက်နေတာလဲ မသိခဲ့။

ကုမ္ပဏီ အလုပ်ဝင်ပြီး ၂နှစ်ခွဲပြည့်တဲ့ တစ်ခုသော မနက်ခင်းမှာ HR နဲ့ Admin က အက်ိုကြီး မျက်နှာမကောင်းစွာ ရောက်လာပြီး အစည်းအဝေး ထိုင်ကြမယ်လို့ ပြောပါသည်။

အစည်းအဝေးဆိုတာက အလုပ်ဖြုတ်လိုက်ပြီ ဖြစ်ကြောင်း အသိပေးလိုက်တဲ့ အစည်းအဝေး။

HR, Admin နဲ့ ကျွန်မ သုံးယောက်ထဲသာ ထို်င်ရတဲ့ အစည်းအဝေး။ HR အသစ်ရဲ့ လက်စွမ်းပြချင်စိတ် အနည်းငယ်လဲ ပါဝင်နေမှန်း ရိပ်မိပါသည် (သိပ်ကျဉ်းတဲ့ ကမ္ဘာကြီးမို့ သူကအလုပ်လျှောက်သူ ..ကိုယ်က စီနီယာ ဝန်ထမ်းအဖြစ်နဲ့ တကြိမ်ပြန်ဆုံဖြစ်သေးသည်။)။

အကြောင်း အရင်းကို ပြောမပြနိုင်ပေမဲ့ ဝမ်းနည်းပါတယ်လို့ ထပ်တလဲလဲ ပြောနေတဲ့ Admin အကိုကြီးကို ပြန်ပြီးတောင် နှစ်သိမ့်ပေးခဲ့ရသေးသည်။ ဟုတ်တယ်လေ..ကျွန်မ မှ ဝမ်းနည်းတာ။

ကိုအလုပ်ပြုတ် ကြောင်း အခန်းထဲက လုပ်ဖေါ်ကိုင်ဘက် အမတွေကို အသိပေးတော့ စိတ်မကောင်းဖြစ်ပြီး တရှုံ့ရှုံ့ နဲ့ ငိုကြလေသည် (မန်နေဂျာမှလွဲ၍) ။ တစ်ခါ ထပ်ပြီး နှစ်သိမ့်ရပြန်သည်။ ကို့စီနီယာကတော့ မျက်နှာမကောင်း ပေမဲ့ စကားနည်းသူဖြစ်တော့ .. အသံပိုတိတ်သွားသည်။

နောက်တစ်ရက်တော့ ယူနီဖောင်းသုံးစုံ ပြန်အပ်ပြီး ကိုယ်ပိုင် အဝတ်အစားနဲ့ သုံး လေး ရက်လောက် ရုံးဆက်တက်ရသေးသည်။ ကိုင်းးး မလုပ်ချင်တော့တဲ့ အတူတူ ထွက်ဖြစ်သွားပြီ ဆိုတဲ့ အတွေးနဲ့ တရုံးလုံးရဲ့ သနားတဲ့အကြည့်တွေကို ကြံ့ကြံ့ခံ ရင်း.. သူတို့လက်ဆောင် ပေးတဲ့ ရွှေလက်စွပ်တကွင်း ဝမ်းသာအားရ လက်ခံယူခဲ့လေသည်။

အလုပ်ထွက်ပြီး နောက်တစ်နေ့ ရုံးကအမတွေ လူစုလူဝေးနဲ့ ချီတက်လာပြီး…နောက်ထပ်နံမယ်ကြီး ယန္တယား ကုမ္ပဏီ တစ်ခုက ကမ်းလှမ်းလာတယ်..အင်တာဗျူးသွားဖြေပါတဲ့။ ညီး..အလုပ်ပြုတ်သွားမှန်း သူတို့ သိတယ်တဲ့။

ကျေးဇူးတင်ပေမဲ့ ဒီလိုအသိုင်းအဝိုင်းထဲ ပြန်ဝင်ဖို့ စိတ်ကူးက လုံးလုံးမရှိတော့။ သို့သော် အသိအမှတ်ပြုတဲ့ အနေနဲ့တော့ အင်တာဗျူးသွားဖြေရအုံးမည်။

ဖြေပြီးတော့လဲ မလေးရှား သူဌေးက သဘောကျလို့ လစာတစ်ခါထဲညှိသည်။ အီလက်ထရောနစ် ပစ္စည်းတွေ မြန်မာပြည်ထဲကို အင်ပို့ လုပ်ချင်တယ်…တစ်ယောက်ထဲ သီးသန့် လုပ်နိုင်မယ်ဆိုရင် ရုံးလာတက်ပါတဲ့။

ကျွန်မစဉ်းစားပါအုံးမယ်ဆိုတာအပြင် ပိုမပြောဖြစ်ခဲ့။

လုပ်ဖြစ်မှာမှ မဟုတ်ဘဲလေ။

(စိတ်ပါရင်ဆက်ရေးပါအုံးမည်) :P
Shwe Ei
12 Dec 2015

About Shwe Ei

Shwe Ei has written 44 post in this Website..

13 comments

  • E.မြောက်မြောက်

    December 12, 2015 at 11:15 pm

    စဉ်းစားရင် ဟင်းစားထဲပါတွားလိမ့်မယ်
    ကျော်တောင် ဆင်းစားနေတာ ၅ နှစ်စိဘီ
    နောက်ဆုံး
    ဘလူးဂျီးတင်တဲ့ ဘဝ ပို့စ်ထဲက စောင်းတန်းရောက်တော့မယ်
    :lol:

    • ဇီဇီခင်ဇော်

      December 13, 2015 at 4:22 am

      အဲ့ စောင်းတန်းက အလုပ် အိုစကေရင် တညားးကို လက်တို့ဘာာာာ…
      :mrgreenn:

  • မြစပဲရိုး

    December 13, 2015 at 3:03 am

    စိတ်မပါလဲ ဆက်ရေးပါ ဒေါ်ချွေ၏ ရယ်။
    ရှေ့က ဆယ်လီ တွေ ထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလို့ပါ။

    စည်းကမ်း မလိုက်နာလို့ ဖြစ်ဖြစ်၊ အလုပ်တာဝန်မနိုင်/ပေါ့လို့ဘဲ ဖြစ်ဖြစ် သတိပေး တာတွေ အရင်လုပ်ရပါတယ်။
    အဲဒီ အဆင့်တွေ အားလုံးကျော်ပြီး နောက်ဆုံး မရမှ ဖြုတ်ရတာပါ။
    ဘာကြောင့်ထုတ် တယ် ဆိုတဲ့အကြောင်းကိုတော့ မရ ရအောင် မေးသင့်ခဲ့သလားဘဲ။
    အကြောင်းရင်း မပြောနိုင်တာ ဆိုကထဲ က မတရားဘူး။

    ဘာဘဲဖြစ်ဖြစ် အခုချိန်မှာတော့ အဲဒါက ရီစရာဖြစ်နေပါပြီ မဟုတ်လား။

    • Shwe Ei

      December 13, 2015 at 11:50 am

      င်္Family Type ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်လုပ်ခဲ့ရတာ တစ်ကြောင်း
      အလုပ်ဝင်တော့ အသက် ၂ဝ အလုပ်ပြုတ်တော့ ၂၃ နှစ်…အတွေ့အကြုံနဲ့ ကိုက်ညီတဲ့ ရင့်ကျက်မှုက ရှိသင့်သလောက် မရှိသေး
      ဖြုတ်လိုက်ဘီ လို့ပြောတဲ့အချိန်မှာ ပြုတ်ဘီဟေ့လို့ အော်ပြေးလာတာကလွဲလို့ ကျန်တဲ့ကိတ်စ စဉ်းစားရကောင်းမှန်းလည်း နားမလည် (အိမ်ပြန်ပီး ၆လ လောက် ထိုင်စားနေလို်က်သေးတာ)
      သာမီး ညံ့သင့်သလောက် ညံ့ခဲ့ပါတယ် လို့စ် :mrgreen:
      ကို့နောက်မှ ဖြုတ်ခံရတဲ့ အမတွေထဲက တစ်ယောက်ကတော့ တရားပြန်စွဲတယ်…လျော်ကြေးလဲ ရလိုက်တယ်
      သများကတော့ ၃လ စာနဲ့ ကျေနပ်လိုက်တယ်… :P

  • ဇီဇီခင်ဇော်

    December 13, 2015 at 4:21 am

    ငိုဗျဇီ…!!
    တညားး ပြုတ်ဖူးးတုန်းးက ရွှေလက်စွပ် မရတဲ့ အပြင် ဖလမ်းးထ ပြီးး မန်းးလေးး ပြန်သွားးတာ
    ရထားးတဲ့ ပိုက်ဆံ ကုန်ခဲ့ ပါရောလားးး
    ???
    ခိခိ
    ဘဝ မှာ အတွေ့အကြုံ စုံတယ်လို့ပဲ မှတ်ပါတယ်…
    ခုများးတော့ ခါတလေ တောင့်တမိတယ်..
    ‘နာ့ ၆ လ စာ လောက်ပေးးပြီးး အလုပ်ထုတ်ရင် ကောင်းးမယ်’ လို့…!!
    လုပ်နေရတာလည်းး ညည်းးငွေ့…
    ကွကိုယ် အလုပ်ထွက်လည်းးမထွက်နိုင်..

    :mrgreenn:

    • Shwe Ei

      December 13, 2015 at 12:11 pm

      ..အလုပ်လဲ မထွက်နိုင် ငြီးငွေ့လာတဲ့ ဒဏ်လဲ မခံနိုင်..ဖြစ်လာဘီဆိုရင်..
      ..stress လျော့ဖို့ တစ်ခုခု ကြံရတာဘာဘဲ
      ..သများတော့ လစာကောင်းကောင်းပေးတတ်တဲ့ အလုပ်တွေလျှောက်တယ်…
      ..အင်တာဗျူးးတွေ ဖြေတယ်…ခေါ်တာ မခေါ်တာ သူ့အပိုင်းလို့ သဘောထားပြီး
      ..အကုန်လျှောက် try တယ်.. (မျှော်လင့်ချက်နဲ့ အသက်ရှင်တဲ့ သဘောပေါ့လေ)
      ..၂ခု ၃ခု လောက် လုပ်ကြည့်လို့ အဆင်မပြေရင် ခန ညိမ်သွားပြန်ရော :D
      -ပရဟိတနဲနဲလုပ် ဈေးနဲနဲရောင်း ခရီးနဲနဲထွက် လိုက်ပြန်ရင်လဲ အာရုံပြောင်းတာဘာဘဲ ..
      (အလုပ်မပြောင်းနိုင်တဲ့ တူတူ .. ပြောင်းလို့ ရသမျ အကုန်လျှောက်ပြောင်းတယ်ဘဲ ဆိုပါတော့… ေိေိေိေိ)
      .

  • alinsett

    December 14, 2015 at 11:13 am

    အနော်တော့ အလုပ်မပြုတ်ဖူးသေးဘူး
    ဒါမယ့်အလုပ်လည်း မမြဲသေးဘူး
    ဟိုတလောက ထွက်လိုက်တဲ့အလုပ်ကတော့ သုံးနှစ်လောက်လုပ်ပြီးမှ
    ကိုယ့်အတွက် ဘာတက်လမ်းမှ မရှိမှန်း(ရင်းခဲ့တဲ့အချိန်၃နှစ်ကို နှမြောစွာ) သိလ်ိုက်ရတာ၊၊

    အဲ့ထက်ပို သိလိုက်တာကတော့ ဆိုးလွန်းတဲ့အလုပ်ရှင်ကို
    မကျေနပ်လို့ တဖြုတ်ဖြုတ် ထွက်နေကြသူတွေကို ကိုယ်ချင်းစာတတ်သွားတာ၊၊
    ကျနော်ထွက်တဲ့ လမှာပဲ— ကျနော်နဲ့အတူ နောက်ထက်လေးယောက်(ပေါင်း၅ယောက်)
    တပြိုင်တည်း ထွက်ကြတာဆိုပါတော့—

    အလုပ်ရှင်ကတော့ အတော်အံ့ဩသွားတယ်လေ
    သူ မဖြုတ်ပဲ အားကိုးရတဲ့လူဟောင်း ငါးယောက်တိတိ တပြိုင်တည်း
    အလုပ်ထွက်တော့ (၁၂ယောက်ပဲ ရှိတဲ့ ဝန်ထမ်းထဲက လူဟောင်းငါးယောက် ထွက်တာဆိုတော့)မျက်ကလူးဆန်ပြာ ဖြစ်သွားတယ်၊၊
    အရေးပေါ် အစည်းအဝေးတွေ ဘာတွေ ထ လုပ်ပြီး ပေါက်ကွဲသတဲ့

    တခါတခါကျတော့ အဖြုတ်ခံလိုက်ရတာ တန်တယ် သင့်တယ်လို့ ယူဆရတဲ့အလုပ်တွေနဲ့လည်းတွေ့တတ်—
    မဖြုတ်ပဲ (လောင်းရိပ်အောက်က ခုန်ထွက်သလို) ထွက်လိုက်မိတာကို တစ်စက်ကလေးမှ နောင်တမရသင့်တဲ့ အလုပ်မျိုးနဲ့လည်း
    -တွေ့ရတတ်—

    :lol:

    • Shwe Ei

      December 14, 2015 at 11:29 am

      -ဒညင်းဝက်ပြောတာမှန်တယ်…တခါတလေတော့လဲ..ကိုယ့်ဆုံးဖြတ်ချက်ကို ..ယုံကြည်မှုထားသင့်တယ်
      -ဘေးလူက ဘာပြောပြော ကို့လောက် ထဲထဲဝင်ဝင် မသိနိုင် မခံစားနိုင်ဘူး
      -ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ ပြသနာတွေကို ကိုင်တွယ်နိုင်ဖို့ဘဲလိုတာ
      Fighting !!

  • လုံမလေးမွန်မွန်

    December 14, 2015 at 2:49 pm

    မမချွိပြောသလိုပဲ ၆ လစာပေးပြီး အလုပ်ဖြုတ်ခံထိချင်တာ . . . ဘယ်လောက် မျက်စိစပါးမွှေးစူးအောင်နေနေ အလုပ်မဖြုတ်တော့ ခက်သားလား . . .

    ခုမှ ဖတ်ြဖြစ်လို့ . . . နောက်အပိုင်း ကူးလိုက်အူးမယ်

  • လုံမလေးမွန်မွန်

    December 14, 2015 at 2:54 pm

    ငင့် . . . ဟို အပိုင်းဆက်ဒေနဲ့ ဒါနဲ့က မတူဝူးပဲ . . . ဒါကို ဆက်ရေးပေးဘာ အိုနိ . . . ဒါဘဲ :)

    • Shwe Ei

      December 15, 2015 at 9:47 am

      -ညီမငေးရဲ့ အလုပ်ဖြုတ်ခံထိချင်တယ် ဆိုတာ ဆုမတောင်းကောင်းဝူး
      -၆လစာ ကတော့ မဆိုးဝူးပေါ့လေ :mrgreen:
      ဆက်ရေးတာတော့ ရေးချင်ပါတယ်.. ကြိုးစားပါ့မယ်လို့စ် :)

  • Mike

    December 15, 2015 at 2:25 pm

    အတွေ့အကြုံနည်းသေးလို့ပါ…နောက်ဆိုရင်ဘယ်အလုပ်ကို ဘယ်အချိန်ထွက်သင့်တယ်ဆိုတာပါသိလာပါလိမ့်မယ်….ခုလည်း သူ့ထက်ပိုကောင်းတဲ့အလုပ်ရဖို့ဖြစ်လာတယ်လို့တွေးပေါ့…

    • Shwe Ei

      December 16, 2015 at 8:59 am

      -ဟုတ်ကဲ့ သာမီး အိုက်ဂလို နဲ့ ပြောင်းလိုက်လာလိုက်တာ.. အခုလုပ်နေတာနဲ့ဆို ၄ခုမြောက်ရှိဘီလို့စ် :D

Leave a Reply

%d bloggers like this: