ခေါင်းစဉ်မြင်တော့ ကျော်တို့ သမဒ အဟောင်းကြီးကို သတိယသွားကြသလားမသိ။

အဟေးဟေးဟေးးး

:k:

 

ဒီ ရွာရောက်တော့ သူငယ်ချင်း အသစ်တွေ ရလာတယ်။

ဟော ….ထမင်းဆိုင်ဖွင့်တော့ အပေါင်းအသင်းပိုများလာတယ်။

ရွာထဲမှာ စာပဲဖတ်တဲ့ စာဖတ်ပရိတ်သတ် ၂ ယောက် …

ကျနော် ဖွဘုတ်ကို ရှာပြီး လာ အက်နိုင်တာ ၂ ယောက် ရှိပါတယ်။ မွမိုးခိုင်နဲ့ မေသူဇော်ပါ။

ထမင်းဆိုင် ကို စဖွင့်ကတည်း က အားပေးလာတဲ့ အစားချစ်သူတွေပါ။

ဒီ တစ်ပတ်တော့ မေသူဇော် ရဲ့ လက်ရာ ရှင်းရှင်း ဓာတ်ပုံတွေပါ မြင်မိလို့ ထမင်းဆိုင် ပြန်ဖွင့်ချင်စိတ်ပေါက်သွားတာ

ဓာတ်ပုံရောချက်နည်းတွေရော လွယ်ကူရိုးရှင်းသပ်ရပ်တာမို့  ၉ ရက်စာ “မ” လာပါတယ်။

အားပေးကြပါဦးးး ခညာ။

:k:

 

ပုဇွန်ပင်စိမ်းချက်နဲ့ ငပိရည် တို့စရာ

၁) ကြက်သွန်ဖြူ/နီ ငရုတ်သီးထောင်းထားတာကို ဆီသတ် ပြီရင် ပုဇွန်ထည့် ဟင်းအိုးချခါနီး ပင်စိမ်း နဲ့ငရုတ်သီးစိမ်းထည့်တယ်။ ဆီပူလာရင် ကြက်သွန်နီလှီးထားတာထည့် ပြီးရင် ငရုတ်သီးစိမ်းထည့် ငါးပြုတ်ပြီသားထည့်၊ ငပိစိမ်းစားကိုရေဖျော်ထားတာကိုထည့် ရနည်းနည်းထပ်ထည့် ပွက်ပွက်ဆူပြီရင် ရပြီ ၂) မျှစ်ပြုတ် ပဲဇောင်းခါးသီးပြုတ် သခွားသီး ရှောက်ရွက် တို့စရာ

၁) ကြက်သွန်ဖြူ/နီ ငရုတ်သီးထောင်းထားတာကို ဆီသတ် ပြီရင် ပုဇွန်ထည့် ဟင်းအိုးချခါနီး ပင်စိမ်း နဲ့ငရုတ်သီးစိမ်းထည့်တယ်။
ဆီပူလာရင် ကြက်သွန်နီလှီးထားတာထည့် ပြီးရင်
ငရုတ်သီးစိမ်းထည့် ငါးပြုတ်ပြီသားထည့်၊
ငပိစိမ်းစားကိုရေဖျော်ထားတာကိုထည့်
ရနည်းနည်းထပ်ထည့်
ပွက်ပွက်ဆူပြီရင် ရပြီ
၂) မျှစ်ပြုတ် ပဲဇောင်းခါးသီးပြုတ် သခွားသီး ရှောက်ရွက် တို့စရာ

 

 

 

 

 

ကြက်ဥအာလူးဟင်း နဲ့ ပဲသီးကြော်

၁) ဆီပူလာရင် ကြက်သွန်ဖြူထည့်ကြော် ပဲသီးထည့် ဆားထည့် ပဲသီးကျက်ခါနီး ကြက်ဥထည့်ကြော်တယ် ၂) ကြက်သွန်နီ ငရုတ်သီးထောင်း ပုဇွန်ခြောက်ပါ ရောထောင်းတယ်။ အားလုံးထောင်းပြီသားတွေဆီသတ် ပြီရင် အာလူးထည့် နည်းနည်းကြာမှဘဲဥခြမ်းထားတာ ထည့် ပြီးရင် ရေထည့် အဖုံးအုပ် ရေခမ်းရင်စားလို့ ရပြီ။ အရည်ဟင်းတွေထက် အခြောက်ဟင်းတွေပိုကြိုက်လို့စ်!!!

၁) ဆီပူလာရင် ကြက်သွန်ဖြူထည့်ကြော် ပဲသီးထည့် ဆားထည့် ပဲသီးကျက်ခါနီး ကြက်ဥထည့်ကြော်တယ်
၂) ကြက်သွန်နီ ငရုတ်သီးထောင်း ပုဇွန်ခြောက်ပါ ရောထောင်းတယ်။
အားလုံးထောင်းပြီသားတွေဆီသတ် ပြီရင် အာလူးထည့်
နည်းနည်းကြာမှဘဲဥခြမ်းထားတာ ထည့်
ပြီးရင် ရေထည့် အဖုံးအုပ် ရေခမ်းရင်စားလို့ ရပြီ။
အရည်ဟင်းတွေထက် အခြောက်ဟင်းတွေပိုကြိုက်လို့စ်!!!

 

 

 

 

 

ကြက်အူချောင်းကြော် နဲ့ အစိမ်းကြော်

၁) ဆီထည့် ကြက်အူချောင်းထည့်ကြော် ၂) ဆီပူလာရင် အရင်ဆုံး ကြက်သွန်ဖြူ ပြီးတော့ ဥနီထည့်ကြော် ဂေါ်ဖီ ပြောင်းဖူးအသေး ပဲသီး ကြက်သားမှုန့် ဆားနည်းနည်း ပဲငံပြာရည် ခရုဆီထည့်ကြော်တယ်

၁) ဆီထည့် ကြက်အူချောင်းထည့်ကြော်
၂) ဆီပူလာရင် အရင်ဆုံး ကြက်သွန်ဖြူ ပြီးတော့ ဥနီထည့်ကြော် ဂေါ်ဖီ ပြောင်းဖူးအသေး ပဲသီး ကြက်သားမှုန့် ဆားနည်းနည်း ပဲငံပြာရည် ခရုဆီထည့်ကြော်တယ်

 

 

 

 

 

ငါးနီတူ ငရုတ်သီးကြော်နဲ့ ပဲသီးကြက်ဥကြော်

၁) ငရုတ်သီးအကြမ်းဖက်ကို ရေဆေး အစေ့တွေထုတ်ပစ်တယ်။ ငရုတ်ဆုံထဲ ကြက်သွန်ဖြူထည့်ထောင်း ငရုတ်သီးအကြမ်းဖက်ထည့်ထောင်း ပုဇွန်ခြောက်အကောင်ထည့်ထောင်း အားလုံးညက်သွားရင် ဒယ်အိုးထဲ ဆီထည့် ပူလာရင် အားလုံးထောင်းပြီးသာ ထည့်ကြော် ငံပြာရည်ထည့် ခဏနေကျက်ပြီ ၂) ဆီပူလာရင် ကြက်သွန်ဖြူထည့်ကြော် ပဲသီးထည့် ဆားထည့် ပဲသီးကျက်ခါနီး ကြက်ဥထည့်ကြော်တယ် ၃) ငါးနီခြောက် ရေဆေး ပြီ ဆီပူလာရင် ထည့်ကြော်တာ

၁) ငရုတ်သီးအကြမ်းဖက်ကို ရေဆေး အစေ့တွေထုတ်ပစ်တယ်။
ငရုတ်ဆုံထဲ ကြက်သွန်ဖြူထည့်ထောင်း ငရုတ်သီးအကြမ်းဖက်ထည့်ထောင်း ပုဇွန်ခြောက်အကောင်ထည့်ထောင်း
အားလုံးညက်သွားရင် ဒယ်အိုးထဲ ဆီထည့်
ပူလာရင် အားလုံးထောင်းပြီးသာ ထည့်ကြော် ငံပြာရည်ထည့် ခဏနေကျက်ပြီ
၂) ဆီပူလာရင် ကြက်သွန်ဖြူထည့်ကြော် ပဲသီးထည့် ဆားထည့် ပဲသီးကျက်ခါနီး ကြက်ဥထည့်ကြော်တယ်
၃) ငါးနီခြောက် ရေဆေး ပြီ ဆီပူလာရင် ထည့်ကြော်တာ

 

 

 

 

 

ပုဇွန်ချက်နဲ့ ကင်ပွန်းချဉ်ဟင်း

၁) ပုဇွန်ကိုအခွံခွာပြီ ဆား ထည့်နယ်ထားပြီ ဆနွင်းမှုန့်မကြိုက်လို့ ပုဇွန်ဆို မထည့်ဘူး ဆီပူလာရင် ကြက်သွန်နီကြက်သွန်ဖြူငရုတ်သီမှုန့်ထောင်းထားတာကို ဆီသတ် ပုဇွန်ထည့်ကြော် ဟင်းအိုးချခါနီးမှ ငရုတ်သီးစိမ်းထည့်တယ် ၂) ကန်မွန်းချဉ်ရွက် ရေဆေးထား အိုးထဲ ရေထည့် ဆူလာရင် ကြက်သွန်နီထည့် ဆားနည်းနည်း ငံပြာရည်နည်းနည်း ပုဇွန်ခြောက်မှုန့်မျာများထည့်တယ် အချဉ်ကြောက်လို့ ကန်မွန်းချဉ်ရွက်ထည့် ငရုတ်သီးစိမ်းထည့်တယ်

၁) ပုဇွန်ကိုအခွံခွာပြီ ဆား ထည့်နယ်ထားပြီ ဆနွင်းမှုန့်မကြိုက်လို့ ပုဇွန်ဆို မထည့်ဘူး
ဆီပူလာရင် ကြက်သွန်နီကြက်သွန်ဖြူငရုတ်သီမှုန့်ထောင်းထားတာကို ဆီသတ်
ပုဇွန်ထည့်ကြော် ဟင်းအိုးချခါနီးမှ ငရုတ်သီးစိမ်းထည့်တယ်
၂) ကန်မွန်းချဉ်ရွက် ရေဆေးထား
အိုးထဲ ရေထည့် ဆူလာရင် ကြက်သွန်နီထည့် ဆားနည်းနည်း ငံပြာရည်နည်းနည်း ပုဇွန်ခြောက်မှုန့်မျာများထည့်တယ်
အချဉ်ကြောက်လို့
ကန်မွန်းချဉ်ရွက်ထည့် ငရုတ်သီးစိမ်းထည့်တယ်

 

 

 

 

 

ကြက်သားမျှင်ကြော် နဲ့ ပဲဟင်း

၁) ကြက်သားပြုတ်ပြီသားကို မျှင်ထားပြီး ကြက်သွန်နီ/ဖြူထည့် ဂျင်းသေးသေးလေးတွေလှီးထားတာကိုထည့် ကြက်သားထည့်ပြီ ကြက်သားမှုန့် ခရုဆီထည့်ကြော်တာ ၂) အိုးထဲ ရေဆေးပြီသား ပဲနဲ့ရေထည့်တယ် ကြက်သွန်နီထည့် ဆားထည့် ကြက်သားမှုန့်နည်းနည်းထည့်တယ်

၁) ကြက်သားပြုတ်ပြီသားကို မျှင်ထားပြီး ကြက်သွန်နီ/ဖြူထည့်
ဂျင်းသေးသေးလေးတွေလှီးထားတာကိုထည့်
ကြက်သားထည့်ပြီ ကြက်သားမှုန့် ခရုဆီထည့်ကြော်တာ
၂) အိုးထဲ ရေဆေးပြီသား ပဲနဲ့ရေထည့်တယ် ကြက်သွန်နီထည့် ဆားထည့် ကြက်သားမှုန့်နည်းနည်းထည့်တယ်

 

 

 

 

 

 

ဘဲဥ ငရုတ်သီးချက်နဲ့ မုံညင်းရွက်ကြော်

၁) ငရုတ်သီးအကြမ်း ကြက်သွန်ဖြူ ပုဇွန်ခြောက် ထောင်းထားတာကို ဆီသတ်ပြီး ဘဲဥပြုတ်ပြီသားထည့်ကြော် ငံပြာရည်နည်းနည်းထည့်ကြော်တယ် ၂) ဆီထည့် ကြက်သွန်ဖြူထည့် မှုန့်ညှင်းရွက် ထည့် ကြက်သားမှုန့် ခရုဆီထည့်ကြော်တာ

၁) ငရုတ်သီးအကြမ်း ကြက်သွန်ဖြူ ပုဇွန်ခြောက် ထောင်းထားတာကို ဆီသတ်ပြီး
ဘဲဥပြုတ်ပြီသားထည့်ကြော်
ငံပြာရည်နည်းနည်းထည့်ကြော်တယ်
၂) ဆီထည့် ကြက်သွန်ဖြူထည့် မှုန့်ညှင်းရွက် ထည့် ကြက်သားမှုန့် ခရုဆီထည့်ကြော်တာ

 

 

 

 

 

 

ပဲပင်ပေါက်၊ ပဲပြား ကြော် နဲ့ ငါး ငပိရည်

၁) ပဲပြားကိုသတ်သတ်အရင်ကြော်ထား၊ ဆီထည့် ကြက်သွန်ဖြူထည့် ပဲသွေးထည့်ကြော် ပဲပင်ပေါက်ထည့် ပဲပြာထည့် ကြက်သားမှုန့်ထည့် ပဲငံပြာရည်ထည့်ကြော်တာ ၂) ဆီပူလာရင် ကြက်သွန်နီလှီးထားတာထည့် ပြီးရင် ငရုတ်သီးစိမ်းထည့် ငါးပြုတ်ပြီသားထည့် ငပိစိမ်းစားကိုရေဖျော်ထားတာကိုထည့် ရေနည်းနည်းထက်ထည့် ပွက်ပွက်ဆူပြီရင် ရပြီ

၁) ပဲပြားကိုသတ်သတ်အရင်ကြော်ထား၊
ဆီထည့် ကြက်သွန်ဖြူထည့် ပဲသွေးထည့်ကြော်
ပဲပင်ပေါက်ထည့် ပဲပြာထည့် ကြက်သားမှုန့်ထည့် ပဲငံပြာရည်ထည့်ကြော်တာ
၂) ဆီပူလာရင် ကြက်သွန်နီလှီးထားတာထည့်
ပြီးရင် ငရုတ်သီးစိမ်းထည့် ငါးပြုတ်ပြီသားထည့်
ငပိစိမ်းစားကိုရေဖျော်ထားတာကိုထည့်
ရေနည်းနည်းထက်ထည့် ပွက်ပွက်ဆူပြီရင် ရပြီ

 

 

 

 

 

ငါးချက် နဲ့ မှို မုံညင်းကြော်

၁) ကြက်သွန်ဖြူ နီ ဂျင်း ငရုတ်သီးမှုန့် ထောင်းပြီသားကို ဆီသတ် ပြီးရင် ဆား နယ်ထားတဲ့ ငါးထည့် နည်းနည်းမွှေပေးပြီး ရေနည်းနည်းထည့်ချက် ရေခမ်း ဆီပြန်လာရင် ရပြီ ၂) မှိုကို ရေစိမ်ထားပြီ ရေနွေးနဲ့ခဏပြုတ် ပြီးလှီးထား ဆီပူလာရင် ကြက်သွန်ဖြူထည့် မှိုထည့် မှုန့်ညှင်းရွက်ထည့် ကြက်သားမှုန့်ထည့် ခရုဆီထည့် ထည့်ပြီးချက်ရင်ရပြီ

၁) ကြက်သွန်ဖြူ နီ ဂျင်း ငရုတ်သီးမှုန့် ထောင်းပြီသားကို ဆီသတ် ပြီးရင်
ဆား နယ်ထားတဲ့ ငါးထည့် နည်းနည်းမွှေပေးပြီး ရေနည်းနည်းထည့်ချက် ရေခမ်း ဆီပြန်လာရင် ရပြီ
၂) မှိုကို ရေစိမ်ထားပြီ ရေနွေးနဲ့ခဏပြုတ် ပြီးလှီးထား
ဆီပူလာရင် ကြက်သွန်ဖြူထည့် မှိုထည့် မှုန့်ညှင်းရွက်ထည့် ကြက်သားမှုန့်ထည့် ခရုဆီထည့် ထည့်ပြီးချက်ရင်ရပြီ

ဇီဇီ

About ဇီဇီ

ဇီဇီ has written 346 post in this Website..

CJ # 129120