Miss Universe မြန်မာ

မြစပဲရိုးDecember 17, 20152min33719

ဟိုး အရင် Miss Universe ပွဲ တွေ တုန်းက တစ်ခြားနိုင်ငံ က ပြိုင်ပွဲဝင် တွေ ကို ပိုကြိုက်ခဲ့ပါတယ်။
ဒီ တစ်ခါ တော့ ကိုယ့် မြန်မာမိန်းကလေး က အားလုံးထဲ မှာ ဆွဲဆောင်မှု အရှိဆုံး လို့ ထင်တာဘဲ။
လဲ သွားတာတောင်မှ ပုံမပျက် ထိန်းသွားတာ လေးက ပိုပြီးတောင် ဆွဲဆောင်မှု ရှိ တာ တွေ့ရတယ်။
သူတို့ သတင်းရဲ့ ခေါင်းစဉ် မှာ “Can’t keep Miss Universe Myanmar down” တဲ့။
Well Done.

Miss Universe Myanamr 2015
Can’t keep Miss Universe Myanmar down

အမျိုးသားဝတ်စုံ ပြိုင်ရာမှာလည်း အများ အမြင် ထူးဆန်းလွန်းလို့ “The weird and the wonderful national costume” ထဲ မှာလဲ ပါပါသေးတယ်။
သူ့ ဝတ်စုံ ကို တယ်လီဂရပ်ဖ် သတင်းဌာန က ဝေဖန်တာ က “စာခြောက်ရုပ်” နဲ့ တူသတဲ့။
အဖော်တွေ တော့ ရှိပါသေးတယ်။ ဘတ်စ်ကား ပုံ နဲ့ထိုင်းဝတ်စုံ က ထိပ်တန်းပါ။
ကိုယ်တို့ရဲ့ တစ်ခြား ပြိုင်ပွဲ က မန်းနန်းတော် ဝတ်စုံ ကြီး တွေ့ရင် ပိုပြီး ဟင် ဟာ ဖြစ်သွားဦးမယ်။
ဆန်းတိုင်းလဲ သိပ်ကောင်းတာမဟုတ်။ လူရီဖွယ်ဖြစ်တတ်တာ ကို သတိပြုသင့်တယ်။

Miss_Myanmar_May_B_3529372k
Miss Myanmar May Barani Thaw holds a traditional guitar and looks a bit like a scarecrow. (Comment from “telegraph.co.uk”)

 

Miss_Thailand_Anip_3529358k
Miss Thailand Aniporn Chalermburanawong – looking like the front end of a bus is probably better than looking like the back end of a bus. lol:-)) (Comment & Picture from “telegraph.co.uk”)

မေဘရဏီသော် ရဲ့ ပုံက Max Energy  အတွက် ပြက္ခဒိန် ထဲ မှာလဲ အတော်လေး လှ တာ တွေ့ရတယ်။
အားလုံးထဲ သူ အလှဆုံး လို့ ထင်တာဘဲ။
တစ်ခြား မိန်းကလေးများ လဲ ရေကူးဝတ်စုံ နဲ့ ကို ကြည့်လို့ ရှုလို့ ကောင်း လို့ တော်ပါသေးတယ်။
မြန်မာပြည်မှာ ရေကူးဝတ်စုံ တွေ ဝတ်ပြပြီး ဝတ်စုံ က တစ်ခြား လူ က တစ်ခြား ဖြစ် နေတာ တွေ ထက် စာရင် Max Energy  ပြက္ခဒိန်က မိန်းကလေး တွေ က နိုင်ငံခြားစံချိန်မှီ ရုပ်ခန္တာ လေး တွေ လို့ ပြောနိုင်မှာပါ။

Max Calendar

အမျိုးဘာသာ စောင့်ရှောက် ရေးသမားကြီး များ ခရိုနီ ထုတ် ပြက္ခဒိန် မို့ အသံထွက်ဖို့ မပြောနဲ့ အမြီးတောင် တနှံ့နှံ့ ဖြစ်နေမလားဘဲ။

ဘာဘဲဖြစ်ဖြစ်။
အောင်မြင်ပါစေ မေဘရဏီသော်။
Wishing you all the best May Thaw. :-)))

19 comments

  • E.မြောက်မြောက်

    December 18, 2015 at 12:21 am

    လိုင်းမကောင်းဘူးဗျာ
    အောက်တစ်ပုံပဲ တက်တယ်

    ကွန်နက်ရှင်တွေ ဘာဖြစ်မှန်းမသိ

    • မြစပဲရိုး

      December 18, 2015 at 3:03 pm

      ကြည့်သင့်တဲ့ပုံ မြင်ရလို့ တော်သေးဟဲ့။ 😉

  • kai

    December 18, 2015 at 5:43 am

    ဖိုင်နယ်အထိပါသွားနိုင်တယ်လို့.. အခုတင်သတင်းရတယ်..။
    ချောလဲတာက .. အကောင်းဖြစ်သွားတာပေါ့..။

    တိုင်းပြည်နိုင်ငံရေးအခြေအနေနဲ့လည်းဟတ်မိ…။
    ချောလဲတယ်..။ ပြန်အထမှာ..တည်တည်ငြိမ်ငြိမ်ထလိုက်တာအပြင်.. လူတွေကိုပါလက်ခုပ်တီးအားပေးကြဖို့လုပ်ပြသွားသေး..။

    ပြဿနာက.. တူးပိစ်မှာတဲ့..။
    မလိုအပ်ပဲ.. ဖုံးလွန်းအားကြီးနေလို့.. အလှမပေါ်တာမို့… အမှတ်တွေဆွဲချသွားတယ်.. ကြားရပါကြောင်း..။

    • မြစပဲရိုး

      December 18, 2015 at 3:03 pm

      အဲဒီ တူးပိစ် က သူတို့ ပေးတာ ဝတ်ရ တာ ပြောတာဘဲ။ ဒါကြောင့် ဆင်တူ တွေ တစ်ချို့ ဖြစ်နေတာ။

      • kai

        December 18, 2015 at 5:00 pm

        အဝတ်သားထူပြီး ဗိုက်မာဆယ်နေရာ.. အမြှောင်းအစင်းတွေ ဖုံးထားသလိုဖြစ်နေလို့တဲ့.. ဝေဖန်ထားတယ်..။

        • Wow

          December 18, 2015 at 5:09 pm

          ဗိုက်ချပ်တွေဘာဒွေများ ဝတ်ထားတာမြန်းးးးလားးး :mrgreen:

  • ဇီဇီခင်ဇော်

    December 18, 2015 at 6:26 am

    Max က လူကြိုက်များတဲ့ အနီ နဲ့
    ချောလဲတဲ့ ကလေးမ တစ်ယောက်ထဲမှန်းး ခုမှသိတယ်..
    ပြိုင်ပွဲတေ မယ်တေ များးလို့ ဘူ့မှ မသိဘူးးး
    Max calendar နဲ့ အပြိုင် ဆက်ဆီ မင်းသမီးတွေ လည်း calendar ရှီတယ် အရီးးး
    ပိုကိတ်တယ်.. ဟိ…
    ကျနော် တို့ က ကိတ်မုန့်ပဲကြိုက်တယ်..
    :k:

    https://www.facebook.com/s.zarni/timeline/story?ut=43&wstart=0&wend=1451635199&hash=6600045203267699117&pagefilter=3

    • မြစပဲရိုး

      December 18, 2015 at 3:07 pm

      မြန်မာ ဆန်လွန်း တဲ့ မျက်နှာမျိုး၊ ကိုယ်လုံးမျိုး နဲ့ ဝတ်ပြ ရင်တော့ ကြည့်ကောင်းမယ်မထင်။ 🙄

  • လုံမလေးမွန်မွန်

    December 18, 2015 at 3:46 pm

    မှတ်မှတ်ရရ ဟိုတစ်နေ့က Miss Universe ရဲ့ Official facebook page ထဲ ဝင်ကြည့်တာ Miss Myanmar ပုံတွေကို တော်တော်နဲ့ ရှာမတွေ့ဘူး.. အရမ်းနည်းတယ်… တစ်ယောက်တည်း ရိုက်ထားတာဆို မရှိသလောက်ကို ရှားတယ်..

    National Costume က အတော်ကြီး ရုပ်ဆိုးတယ်.. ကယန်း (ပဒေါင်) လူမျိုးတွေရဲ့ တကယ့်ရိုးရာဝတ်စုံအစစ်နဲ့ ရိုုးရာဂစ်တာအစစ်ဆိုရင်တောင် အတော်လေး ဆွဲဆောင်မှုရှိတယ်မြင်.. အားအားရှိ ရွှေချချင်နေတဲ့ ကိုယ့်လူမျိုးအကြောင်း ပြောပြန်ရင်လည်း ကိုယ်ပေါင်ကိုယ်လှန်းထောင်းသလိုဖြစ်ဦးမယ်…

    ချော်လဲတဲ့ဗီဒီယိုဖိုင်တော့ မကြည့်ရသေးဘူး…. ကြည့်လိုက်ဦးမယ်..

    • kai

      December 18, 2015 at 4:59 pm

      အဲဒီအဝတ်အစားကို .. စာချောက်ရုပ်နဲ့တူတယ်လို့.. တွစ်တာမှာဝေဖန်ထားကြတယ်..။

  • Mike

    December 19, 2015 at 10:13 am

    .တူးပိစ်မှာတဲ့..။
    မလိုအပ်ပဲ.. ဖုံးလွန်းအားကြီးနေလို့.. ….အာ့တော့အမှန်ပဲ…ရုပ်ပျက်သွားတယ်

    • ဦးကြောင်ကြီး

      December 19, 2015 at 3:07 pm

      ပါမိုက် နူးဗါ ထူးတာ မြူ းလှ ျာ..

  • မြစပဲရိုး

    December 21, 2015 at 2:37 am

    ဘယ် ဆြာ ကများ “မြန်မာမမို့ ဖုံးဖိထားတယ်” လို့ စွပ်စွဲ နေသတုန်း။
    သူကြီး ဘဲ စသလား။

    Miss universe Mauritus 2015 swimwear ကို ကြည့်ပါ။
    Two pieces တောင်မဟုတ်။ ကလေးလေး တွေ ရဲ့ ရေကူး ဝတ်စုံလို အပြည့် ဖြစ်နေရော။
    ဘာလို့ လဲ တော့ မသိ။ 🙄
    http://www.missuniverse.com/photos/index/gallery_id:1 မှာ ဝင်ကြည့်။

    ဟန်ဂေရီ swinwear က မြန်မာ နဲ့ တူတယ်။

  • အောင် မိုးသူ

    December 23, 2015 at 9:24 am

    အရီးရေ အောက်ဆုံးပုံက မေဘရဏီသော်မဟုတ်ဘူး သူက Miss Universe Myanmar 2016 ထက်ထက်ထွန်းပါ။

    • မြစပဲရိုး

      December 23, 2015 at 10:32 pm

      အဲဒီ မိန်းကလေး ထက်ထက်ထွန်း က တစ်ခြား အနီ ရောင် မောင်အောင် ရဲ့။
      ပြက္ခဒိန် လေးကို ကြည့်ပါဦး။ :-)))

  • alinsett

    December 23, 2015 at 11:20 am

    ဘတ်စ်ကားကြီး…တက် စီး လိုက်ရ…

    :k:

    • မြစပဲရိုး

      December 23, 2015 at 10:33 pm

      အဲဒီ ဝတ်စုံက အမျိုးသားဝတ်စုံ အကောင်းဆုံး ဆုရတယ် ဆက်ဆက်။

  • Shar Thet Man

    May 15, 2018 at 1:31 pm

    Miss Universe ပွဲတွေကြည့်ရင် မျက်စိတော့အစာကျွေးမိသားပဲ..ဘာလို့ဆို သူတို့ဝတ်တဲ့အဝတ်တွေက လိုက်မမှီအောင်ကို
    ဆန်းလွန်းလို့လေ

Leave a Reply