တစ်​ခါကနှင်​့ အမှတ်​တရအပိုင်​းအစများ (၁)

ေမာင္ရိုးDecember 18, 20151min18910

~~ တစ်​ခါကနှင်​့ သဲထိတ်​ရင်​ဖို ~~

 

တစ်​ခါကဖြစ်​ပါသည်​ ။

​မောင်​ဆာမိငယ်​စဉ်​က ဂီတဝါသနာပါခဲ့ဖူးသည်​ ။

ဟို​အော်​ ဒီ​အော်​ အသံ​ကြောင်​ဖြင်​့ ဂစ်​တာတစ်​လုံးအ​ဖော်​ပြုလျှက်​ ရပ်​ကွက်​ထဲ ညစဉ်​နှိတ်​စက်​ခဲ့ဖူးသည်​ ။

ဒင်​ဒင်​ ​ဒေါင်​​ဒေါင်​ဟူ​သော ဂစ်​တာ​ခေါက်​သံကြားရသည်​နှင်​့ အပျို​လေးများမှအစ ၊ အပျိုကြီးအဆုံး အားလုံးတံခါးများပိတ်​ခြင်​းဖြင်​့ ဩဘာ​ပေးကြ​လေသည်​ ။

​မောင်​ဆာမိကား .. စိတ်​ဓတ်​မကျပါ ။

​အောက်​ပါသီချင်​းအား အသံ​ကြောင်​ဖြင်​့ဟစ်​​ကြွေးလျှက်​ပင်​ အပြုံးမပျက်​ ….။

“” ~~  အချစ်​ ရှိရင်​ မီး​လေးဖွင်​့ကာ … လက်​ပြစမ်​းပါဗျိုးးးးး ~~~

အချစ်​ရှိရင်​ .. တံခါး​လေးဖွင်​့ကာ လက်​ပြစမ်​းပါဗျိုးးးး … ~~~

~~~ အချစ်​နဲ့ကျ​နော်​ .. ရီးစားမဖြစ်​ခင်​ .. ရင်​းနှီးထားချင်​လို့ ~~~ ~~

~~ အချစ်​ရှိရင်​ .. မီး​လေးဖွင်​့ကာ  တံခါး​လေးဖွင်​့ပါဗျိုးးးးးးးး … ~~~ “”

 

သီချင်​သံ ဆုံးသည်​နှင်​့ ……

” ဝုန်​းးးးး ဒိုင်​းးးးးး “”

ဟူ​သော ပြူတင်​းတံခါး​ဆောင်​့ပိတ်​သံများ ​ပေါ်ထွက်​လာစမြဲ … ။

ဤမျှပင်​ ပရိတ်​သပ်​မှ ​ထောပနာပြုခြင်​းကိုရရှိခဲ့​သည်​ ။

မည်​သို့ပင်​ဖြစ်​​စေ ​မောင်​ဆာမိတစ်​​ယောက်​မှာ ရပ်​ကွက်​အား နှိတ်​စက်​မြဲ နှိတ်​စက်​လျှက်​ရှိ​လေသည်​ ။

တစ်​​ခု​သော ညချမ်​းအခါ၌ဖြစ်​သည်​ ။

ရပ်​ကွက်​ရုံးအနီး ​အော်​ကြီးဟစ်​ကျယ်​တီးခတ်​​နေစဉ်​ ရပ်​ကွက်​ရုံးမှ လာ​ရောက်​ပင်​့​ဆောင်​​လေ​တော့သည်​ ။

ထိုစဉ်​က စစ်​တပ်​မှအာဏာသိမ်​းပြီးကာစ ၁၉၈၉ ခန်​့တွင်​ဖြစ်​၍  ရပ်​ကွက်​လူကြီးများ လက်​​စောင်​းထက်​ချိန်​ပင်​တည်​း ။

 

ရပ်​ကွက်​ရုံးခန်​းတွင်​း၌ ဥက္ကဌဆိုသူ၏ ဩဝါဒအား နာရီဝက်​ခန်​့ကြားနာပြီး​နောက်​ …….

​မောင်​ဆာမိနှင်​့ ​သေ​ဖော်​ရှင်​ဖက်​နှစ်​ဦးအား လက်​မှတ်​ထိုးခံဝန်​ချုပ်​လုပ်​ခြင်​းဖြင်​့ ရပ်​ကွက်​ဆိပ်​ငြိမ်​မှုအားထိမ်​းသိမ်​းခဲ့ကြ​လေသည်​ ။

အထက်​ပါကိစ္စများဖြစ်​ပွားပြီး​နောက်​ ​မောင်​ဆာမိမှာ မိခင်​ကြီး၏ညမထွက်​ရအမိန်​့​အောက်​၌ ​ခြေချုပ်​မိ​ခဲ့ရသည်​ ။

ရပ်​ကွက်​ကား ….. အထူးပင်​ဆိပ်​ငြိမ်​သွားရ​လေ၏ ။

​​မောင်​ဆာမိတစ်​​ယောက်​မှာ ညမိုးချုပ်​​လေတိုင်​း ဝါသနာပိုးများထကြွ​သောင်​းကျန်း​လျှက်​ရှိသည်​့အား​လျော်​စွာ တစ်​မျိုးကြံပြန်​သည်​ ။

ညအ​မှောင်​ထုကိုအကာအကွယ်​ယူ၍ ခြံအ​နောက်​ဖက်​ ခဲ (ဂဲ) တပစ်​လွတ်​စာအကွာမှ​နေ၍ ဆိုမြဲ တီးမြဲ ​အော်​ဟစ်​ဆဲ ………..။

အဆိုနှင်​့အတီး တိုင်​ပင်​မကိုက်​

…… အသံအနိမ်​့အမြင်​့အလွဲလွဲအ​ချော်​​ချော်​ ……. ​ညောင်​နာနာ​ အသံ​သေးအသံပြာ တို့အား ​လေသင်​့တိုင်​းကြာရမည်​ဖြစ်​​လေ​တော့သည်​ ။

 

တစ်​​ခု​သော ည ကာလအခါတွင်​ဖြစ်​သည်​ ။

​ဇော်​ဝင်​းထွဋ်​သီချင်​းအား စိုင်​းထီးဆိုင်​၏​လေယူ​လေသိမ်​းဖြင်​့ ​အော်​ဟစ်​ပြီး​နောက်​ ​နံ​ဘေးမှ မီး​သေ​နေ​သော​ဆေး​ပေါ့လိပ်​တိုအား မီးညှိလိုက်​သည်​ ။

​ဆေးလိပ်​မီးညှိရင်​း ​မျက်​စိ​ရှေ့ခတ်​​စောင်​း​စောင်​းခြံ​ထောင်​့သို့ ကြည့်​့မိသည်​တွင်​ …..

 

“” ဟိုက်​!!! ! ​သောက်​ပလုပ်​တုတ်​ !! “”

 

​ပါးစပ်​ထဲရှိမီးခိုးများပင်​ သီးသွားရသည်​ ။

မိမိမျက်​လုံးအား ပွတ်​သပ်​်​့၍ ​နောက်​ထပ်​ပြန်​ကြည်​့မိသည်​ ။

အိမ်​မက်​များ မက်​​နေ​လေ​ရော့သလား … ????

ခန္တာကိုယ်​တ​လျောက်​ ကြက်​သီးဖုများ ထလာခဲ့ရသည်​ ။

​ဆောင်​း​ငွေ့သက်​​သော ​မြောက်​ပြန်​​လေသည်​ ​အေးစက်​မှင်​တက်​မိ​နေ​သော​မောင်​ဆာမိအား ဩဘာ​ပေး​နေသ​ယောင်​ …..

​ကြောရိုးတစ်​​လျောက်​ ချမ်​းစိမ်​့၍ လာ​သောအ​အေးဓတ်​သည်​ လက်​ဖျား​ခြေဖျားတို့အထိစီးဆင်​း​လေ​တော့သည်​ ။

 

မြင်​ရသည်​့အရာမူကား …..

အမျိုးအမည်​မသိ​သော ပုပု​သေး​သေး အ​ကောင်​ငယ်​​လေးသုံး​ကောင်​တို့သည်​ ခြံ​ထောင်​့မှ ငှက်​​ပျောပင်​စုစုထဲတွင်​ လိုက်​တမ်​း​ပြေးတမ်​းကစား​နေခြင်​းဖြစ​လေသည်​ ။

ကြွက်​ မဟုတ်​ပါ ။ ထို့အတူ ယုန်​လည်​းမဟုတ်​ပါ ။ ယုန်​သာသာ အရွယ်​ရှိ ​ခြေလက်​တို့ပါ​သော ၊ မတ်​တပ်​ရပ်​လျှက်​​ပြေး​သော ၊ ငှက်​​ပျောပင်​အား ​ခြေနှစ​်​ခြောင်​းဖြင်​့​ပြေးတက်​တတ်​​သော ၊ ဦး​ခေါင်​း ခတ်​ဝိုင်​းရှိ​လေ​သော နာမည်​မ​ဖော်​နိုင်​​သော သတ္တဝါ​လေးများ​ဖြစ်​​လေ​တော့သည်​ ။

ဤမြင်​ကွင်​းတို့အားထင်​ရှားစွာ​တွေ့ရပြီး​နောက်​ ​မောင်​ဆာမိလည်​း အိမ်​အတွင်​းသု့ိ ကသုတ်​ကယက်​​ပြေးဝင်​​လေ​တော့သည်​ ။

​မောင်​ဆာမိ သရဲမ​ကြောက်​တတ်​ပါ ။

ထို့အတူ သရဲဟူသည့်​့သတ္တဝါအားလည်​း မမြင်​ဖူးပါ ။

သို့​သော်​ ထိုခဏ၌ ကြားဖူးနားဝ ရှိ​သောပုံတိုပတ်​စများထဲမှ “မှင်​စာများ ​မြေဘုတ်​များ” အား သတိယမိ​လေ​တော့သည်​ ။

 

စာရင်​းချုပ်​​လေ​သော်​ …….

​မောင်​ဆာမိအား မိခင်​ကြီးမှ ကံနိမ်​့​နေသည်​ဟူ​သောအ​ကြောင်​းပြချက်​ဖြင်​့ တရားရိပ်​သာသို့ တစ်​လစခန်​းသွင်​းခြင်​းဖြင်​့ ပို့​ဆောင်​လိုက်​​လေ​သည်​ ။

ဤသို့လျှင်​ သဲထိတ်​ရင်​ဖိုမှသည်​ မဟာသတိပဌန်​အကျင်​့မြတ်​စခန်​းသို့ သွား​ရောက်​ခဲ့ရ​လေ​သော အဖြစ်​အပျက်​များပင်​ဖြစ်​​ပေ​တော့သည်​ ။

 

 

​လေးစားလျှက်​

ဈာန်​

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

10 comments

  • kai

    December 18, 2015 at 11:02 am

    တကောင်… ဒေါ်လာ၁သန်းအသာလေးပဲ..။
    အရှင်သာဆို.. ၁ဝသန်းလည်းဖြစ်…။

    တောက်စ်..
    ဒီလောက်ကံတက်နေတာကို… :k:

    • Shwe Ei

      December 18, 2015 at 11:41 am

      -သဂျီး အာ့လို ပြောမယ်မှန်းသများသိပီးသား
      -ပြေးဘီ…ဝှစ်..ဝှစ် 😉

  • E.မြောက်မြောက်

    December 18, 2015 at 11:52 am

    ဒီမှင်စာ အိုင်ခုနဲ့ ပေးတွေ့လိုက်လို့ကတော့
    မီလျံ ဘီစကွတ် အဲ ဘိစနက်ပဲ
    မဂ္ဂဇင်းမထုတ်ပဲ မှင်စာတွေချည်း မျိုးဖောက်ပြီး
    ရုံသွင်း ပြစားမယ် တကဲကဲလုပ်နေမှာ မျင်ရောင်သေး

  • ဇီဇီခင်ဇော်

    December 18, 2015 at 11:59 am

    အာ့ဒါ ….
    မှင်စာလို့ ခေါ်တယ်။
    ကလေးလေးတွေ အစိမ်းသေရင် ဖစ်တာ။

    ပုံ/ ၁၃ ကြိုး

    :k:

  • Mike

    December 19, 2015 at 10:18 am

    .ဟီဟိ..ကိုဆာမိကံတက်တာတဲ့…ဟုတ်သား..လိုက်ဖမ်းထားလိုက်ရမှာ :))

  • ဦးကြောင်ကြီး

    December 19, 2015 at 3:05 pm

    အူးဇံ ဒူးပ ျံ မူးလှံ ခြူ းစံ..

  • မြစပဲရိုး

    December 21, 2015 at 2:47 am

    ခရီးတို က ပြန်လာလို့ နောက်မှ ပြန်လာမန့် မယ်။ 🙂

  • အောင် မိုးသူ

    December 23, 2015 at 8:44 am

    ကျတော်တို့ရပ်ကွက်ထဲမှာလည်း လေးငါးကောင်ထပ်မနည်း တွေ့ဖူးကြတယ်။ မှင်စာလေးတွေ နေမှာပေါ့။

  • alinsett

    December 23, 2015 at 11:40 am

    သရဲတို့ ဘာတို့…မှင်စာတို့….
    အဲ့လို ပရလောကသားဆိုတာတွေကို ..ဒီနေ့ဒီအချိန်ထိ..ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မမြင်ဖူးရှာတဲ့ ကျနော်…
    ကံ အတော် မြင့်နေသလားမသိ….

    ကျနော့်မှာဖြင့်….အပြင်မှာ မမြင်ဖူးတိုင်း… ရုပ်ရှင်ဇာတ်လမ်းတွေ…ကြည့်ကြည့်ပြီး အာသာဖြေရတာ အမော…

    :k:

  • မြစပဲရိုး

    December 23, 2015 at 9:52 pm

    မှင်စာလေးတွေ က တောင် အားပေးကြတယ် ဆိုမှတော့ နဲ တဲ့ပါရမီ မဟုတ်ပါလားရှင်။
    ဂီတလောက ထဲ ကိုယ်လုံးပစ် ဝင်လိုက်ရင် ပေါက် မှာကို။ :-))))

Leave a Reply