အမတ်တွေ ပင်စင် လခ ပေးမဲ့အစား
အဲဒီပိုက်ဆံတွေကို
မီးမရှိတဲ့ရွာတွေ ဆေးရုံတွေ ကို တစ်လတစ်ခါလောက်စီပဲ ဖြစ်ဖြစ်
မီးချောင်းတစ်ချောင်း ဖြစ်ဖြစ် ၊
ဓာတ်တိုင် ဓာတ်ကြိုးတစ်ချောင်းပဲ ဖြစ်ဖြစ်ပါ
လူစည်ကားရာတွေမှာ အမှိုက်ပုံးတွေချပေးတာပဲ
ဖြစ်ဖြစ်ပါ၊ ပေါက်ပြဲနေတဲ့ ကားလမ်း တစ်ပေါက်
ဖာထေးပေးလိုက်တာပဲ ဖြစ်ဖြစ်ပါ တစ်ကဲ့ လိုအပ်နေတဲ့အရာတွေ နေရာတွေမှာ အစားထိုးသုံးလိုက်ရင် မကောင်းဘူးလားဗျာ

အမတ်တွေလဲ နိုင်ငံအကျိုးတွက် အမတ်လုပ်ကြတာ
ပင်စင်လဲ မတ်ကြမယ် မထင်ပါဘူး
အမတ်ထွက်ရင်လဲ ကိုယ့်စွမ်းကိုယ်စနဲ့ ရှာမစားနိုင်တဲ့လူတွေလဲ မပါလောက်ပါဘူး

ဂယ်ကြီး ပင်စင်တော့ မပေးလောက်ဘူးထင်တာပဲ
ဟုတ်တယ်မလား ဟင်င်

ဘောလုံး နှစ်ပွဲ ကြေးတူတူဖွင့်ထားရင်
အသင်းကြီး လူသာပြီး အမှတ်လိုတဲ့ ပွဲက အသင်းကို ရွေး လောင်းရသလိုပေါ့

အဲသလိုပဲ… လူဂျီးမင်းတို့လဲ နိုင်ငံ့ပိုက်ဆံတွေကို
နှိုင်းယှဉ်ပြီး သုံးကြဘာ

ဗိုးဗိုးမြောက်ပြောတဲ့ နှိုင်းရသဘောတရားလေး နားလည်ကြပြီးသားလို့ထင်ပါတယ်

မေ့မှာစိုးလို့ သတိပေးတာဘာ

ဟုတ်တယ်မလားသဂျီး
ဟတ်တာပေါ့ င့တူရယ်

ဒါဆို များတို့ရွာသားတွေကိုလဲ ပင်စင်ပေး..အဲလေ
ပင်စင်လခ တစ်လ တစ်တိန်းပေး..

အေးအေး..နှစ်တစ်ထောင်ကျိန်စာပြည့်ရင်ပေးမယ်
ဂိန်..တိန်..ဒိန်..

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး