ဆီလူး မမှားမိစေနဲ့

ဂ်စ္စူDecember 19, 20151min21110

အမတ်တွေ ပင်စင် လခ ပေးမဲ့အစား
အဲဒီပိုက်ဆံတွေကို
မီးမရှိတဲ့ရွာတွေ ဆေးရုံတွေ ကို တစ်လတစ်ခါလောက်စီပဲ ဖြစ်ဖြစ်
မီးချောင်းတစ်ချောင်း ဖြစ်ဖြစ် ၊
ဓာတ်တိုင် ဓာတ်ကြိုးတစ်ချောင်းပဲ ဖြစ်ဖြစ်ပါ
လူစည်ကားရာတွေမှာ အမှိုက်ပုံးတွေချပေးတာပဲ
ဖြစ်ဖြစ်ပါ၊ ပေါက်ပြဲနေတဲ့ ကားလမ်း တစ်ပေါက်
ဖာထေးပေးလိုက်တာပဲ ဖြစ်ဖြစ်ပါ တစ်ကဲ့ လိုအပ်နေတဲ့အရာတွေ နေရာတွေမှာ အစားထိုးသုံးလိုက်ရင် မကောင်းဘူးလားဗျာ

အမတ်တွေလဲ နိုင်ငံအကျိုးတွက် အမတ်လုပ်ကြတာ
ပင်စင်လဲ မတ်ကြမယ် မထင်ပါဘူး
အမတ်ထွက်ရင်လဲ ကိုယ့်စွမ်းကိုယ်စနဲ့ ရှာမစားနိုင်တဲ့လူတွေလဲ မပါလောက်ပါဘူး

ဂယ်ကြီး ပင်စင်တော့ မပေးလောက်ဘူးထင်တာပဲ
ဟုတ်တယ်မလား ဟင်င်

ဘောလုံး နှစ်ပွဲ ကြေးတူတူဖွင့်ထားရင်
အသင်းကြီး လူသာပြီး အမှတ်လိုတဲ့ ပွဲက အသင်းကို ရွေး လောင်းရသလိုပေါ့

အဲသလိုပဲ… လူဂျီးမင်းတို့လဲ နိုင်ငံ့ပိုက်ဆံတွေကို
နှိုင်းယှဉ်ပြီး သုံးကြဘာ

ဗိုးဗိုးမြောက်ပြောတဲ့ နှိုင်းရသဘောတရားလေး နားလည်ကြပြီးသားလို့ထင်ပါတယ်

မေ့မှာစိုးလို့ သတိပေးတာဘာ

ဟုတ်တယ်မလားသဂျီး
ဟတ်တာပေါ့ င့တူရယ်

ဒါဆို များတို့ရွာသားတွေကိုလဲ ပင်စင်ပေး..အဲလေ
ပင်စင်လခ တစ်လ တစ်တိန်းပေး..

အေးအေး..နှစ်တစ်ထောင်ကျိန်စာပြည့်ရင်ပေးမယ်
ဂိန်..တိန်..ဒိန်..

10 comments

  • ဇီဇီခင်ဇော်

    December 19, 2015 at 3:58 pm

    ပေးသင့်ပါတယ်။
    နောက်နောင် နိုင်ငံလုံးဆိုင်ရာ ဘယ်လိုရွေးကောက်ပွဲမျိုးမှ
    ယုတ်ဆွ အဆုံးးးး ၁ဝ အိမ်ခေါင်းမှူးအတွက်ရွေးချယ်တာမျိုးမှာတောင် ဝင်မပါတော့ပါဘူးး
    ဒီ အခွက်တွေ မမြင်ရစေပါဘူး စာချုပ်ချုပ်ရင် ပေးရတာ တန်ပါတယ်။
    ပေးလိုက်ပါ။

    :k:

    ဘယ်နဲ့ ဘယ်လို အရှက်မရှိတဲ့ လူတွေနဲ့ ရေစက်မကုန်နိုင်သေးတဲ့ တိုင်းပြည်လည်း မသိ။

    • E.မြောက်မြောက်

      December 19, 2015 at 4:09 pm

      ဟွန့်အွန်း ဟွန့်အွန်း ဗြားမှပေးနဲ့

  • kai

    December 19, 2015 at 5:48 pm

    ဟိုးးးရှေးရှေးကမ္ဘာစစ်ကာလက… သဲကန္တာရဖြတ်… ကုန်တွေသယ်ရတဲ့.. လား လို့ခေါ်တဲ့..ဝန်တင်တိရိဆ္တန်တွေရှိတယ်တဲ့ကွယ်..။
    အဲဒီအကောင်တွေ.. ခြေဒဏ်ရာရရင်ဖြစ်ဖြစ်.. နေမကောင်းရင်ဖြစ်ဖြစ်.. အပိုဝန်မထားနိုင်သမို့.. ရင်နာနာနဲ့သတ်ပစ်ရသတဲ့..။
    လားပင်စင်ပေးတယ်လို့.. ခေါ်တယ်..။

    လားပင်စင်ပေးရင်ကော… :k:

    • E.မြောက်မြောက်

      December 19, 2015 at 6:04 pm

      ဟွန့်အွန်း ဟွန့်အွန်း
      အဲဒါ ခုဏက တရဲလာခြောက်တဲ့
      အောင်ကြုနဲ့ ငခြောက်ကိုပဲ ပေးလိုက်

    • ဇီဇီခင်ဇော်

      December 19, 2015 at 7:25 pm

      စကား အတင်းစပ်
      ဘောလီဝုဒ်က Oh my God (OMG) ကား က ၂ ကား ရှိတာ။
      ခု ထိုင်ကြည့်နေရင်း တဂျီးကိုပဲ ပြေးပြေးမြင်နေတာ မခက်ဘူးလား

      :k:

  • Mike

    December 21, 2015 at 1:09 pm

    .လားပင်စင်ပေးရင်တော့အကောင်းဆုံးပေါ့သဂျီးရယ်

  • Mike

    December 21, 2015 at 1:58 pm

    Ye Min
    Follow
    23 hrs ·

    ဟား ဟား ဟား ဟား ဟား

    ဖစ်မှဖစ်ရလေ အမတ်မင်းရယ်

    ကျုပ်တို့လို နေပူမရှောင် မိုးရွာမကြောက်နဲ့
    တောတိုးမျှစ်ချိုးစားပြီး

    ကံမကောင်းရင်
    မိန်းမကမုဆိုးမဘဝကိုအော်တိုရောက်သွားနိုင်တဲ့
    ကောင်တွေတောင်

    စစ်သက်၅ နှစ်လောက်နဲ့ ပင်စင်ပေးဖို့
    မပြောခဲ့ကြတာ ့ ့ ့၊

    အခု ခင်ဗျားတို့ကျမှပဲ
    ၅ နှစ်လုံးလုံးဲ
    အဲယားကွန်းခန်းထဲမှာ အသားတိုးအောင်အိပ်လိုက်၊
    ဂေါက်သီးရိုက်လိုက်၊
    ခွင့်လေးယူလိုက်၊
    နေ့တွက်စားရိတ်လေးထုတ်လိုက်၊
    စပွန်ဆာရှာပြီး ကေတီဗွီလေးတက်လိုက်၊
    မာစွပ်သွားလိုက်နဲ့
    ဟန်ပြ မာန်ကြွနေကြတဲ့သူတွေက

    နိုင်ငံရေးပင်စင်ဆိုပြီး
    နိုင်ငံတော်ဘဏ္ဍာက သိန်း ၁၀ဝ လောက်လိုချင်
    နေကြတယ်ဆိုလို့

    တပ်ထဲမှာ အနှစ် ၄ဝ လောက်အမှုထမ်းပြီး
    တပ်ကထွက်လို့

    နေစရာမရှိကြတဲ့
    ကျုပ်တို့ရဲဘော်တွေသာသိရင်တော့

    ခင်ဗျားတို့ကိုု
    နိုင်ငံရေးပင်စင်ပေးမဲ့အစား ့ ့ ့ ု

    လားပင်စင်ပေးဖို့တောင်းဆိုကြမှာ
    တွေးမိလို့ပါ ။

    အတော်ရီစရာကောင်းတဲ့ အမတ်တွေပဲဗျာ။
    ဟား ဟား ဟား ဟား ဟာ်း

    Credit Zawwin Hlaing Via Le Le Tun

    • kai

      December 21, 2015 at 2:39 pm

      ယူအက်စ်တပ်တွေလည်း.. ကန်ထရိုက်နဲ့လုပ်ကြတာမို့.. စစ်ပြန်ဆို.. ဒုက္ခရောက်ရော…။
      တချို့လမ်းဘေးရောက်…။
      ရဲထဲ.. လုံခြုံရေးအလုပ်တွေထဲ ဝင်လုပ်ကြရတာများတယ်.။
      မြန်မာပြည်လည်း.. တချိန်ဆို.. အဲလိုဖြစ်လိမ့်မယ်…။ :k:

  • alinsett

    December 23, 2015 at 10:41 am

    အဲ့ ပင်စင်ကိစ္စကြီး ကြားရတာ…အတော် စိတ်ပျက်မိ…..
    ဟိုတခါ… လစာ ဆယ်သိန်းပေးဖို့ တောင်းကတည်းက…ကြည့်ကြည့်ပြီး..စိတ်ပျက်လာတာ….
    အခုဆို ပိုဆိုး…

    🙁

  • အူးစည်

    March 17, 2016 at 7:38 am

    အူးမျောက်က အနောက် သန် တယ်နော်.. 😀

Leave a Reply