မင်္ဂလာပါ။

ဒီနေ့ ငယ်မိတ်ဆက်ပေးမှာကတော့ လတ်တလော လူပြောများနေတဲ့ ”ဓားသွား ၁၄ ” လို့ ခေါ်တဲ့ “14 blades (Gam Yee Wai 2010)” ဇာတ်ကားပဲ ဖြစ်ပါတယ်။ ငယ်တို့ မြန်မာ  အများစု နှစ်သက်တဲ့ အခုံအပြန် အက်ရှင် ဓားသိုင်းတွေ၊ လေပေါ်ဝဲပြီး သစ်ရွက်နဲ့ ပစ်တာတွေကို ကွန်ပြူတာအဖက်စုံစုံလင်လင်နဲ့ မို့ အရမ်းကို ကြိုက်နှစ်သက်မိပြီး အများသူငှာ သိအောင် နည်းနည်းလေး လက်တို့ လိုက်ရပါတယ်။

ဇာတ်လမ်းလေးကတော့ ဂိုဏ်တူညီအစ်ကို က သစ္စာဖောက်ပြီး နိုင်ငံကို ပါ ရောင်းစားမယ့် အရေးကို အသက်ပေးကာကွယ်သွားတဲ့ဇာတ်လေးပါ။

အချစ်ရေးထက်စစ်ရေးကို ဦးစားပေးသွားတဲ့ မင်းသားအဖြစ် Donnie Yen.

ချစ်သူရည်းစားအတွက် အသက်ပင်သေသေ၊ အသုံးတော်ခံ အဆိုတော်မင်းသမီးချော Wei Zhao. (computer angel ဇာတ်ကားမှ ဒုတိယ မင်းသမီး)

ဂိုဏ်းချုပ်ကြီးအဖြစ် ဟုန်ကျင်းပေါင်။ Sammo Hung Kam-Bo

တို့ နဲ့ အတူ ဇာတ်ပို့ ဇာတ်ရံ ပေါင်းများစွာနဲ့ ပုံဖော်ထားတဲ့ အသစ်စက်စက် အက်ရှင်ဒရာမာ သိုင်းဇာတ်ကားလေးကို ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Imdb မှာ ရိတ်တင်း 6.1/10 376 votes » ရရှိထားပြီး Hong Kong Film Award မှာ

Best Action Choreography
Huan-Chiu Ku

Best Sound Design
Ken Wong
Phyllis Cheng

ဆုကြော်ငြာခံထားရပါတယ်။

အင်္ဂလိပ် တိုင်တဲလ်နဲ့  ဇာတ်ကားကိုတော့ ဒီမှာ (http://www.podnapisi.net/gam-yee-wai-2010-subtitles-p710536) ရယူနိုင်ပါတယ်။


cover

မှတ်ချက်။ http://www.imdb.com/title/tt1442571/

About ngelay44

nge lay has written 2 post in this Website..