မြ သည် detective

မြစပဲရိုးDecember 22, 20152min22215

ဒီနေ့ သတင်း နှစ်ပုဒ် ဖတ်အပြီး ခေါင်းထဲ အတွက်အချက် တွေနဲ့ ရှုပ်သွားမိတဲ့ အကြောင်းလေးပါ။

ပထမ သတင်းက Miss Philippines ဟု ပြောရမဲ့အစား Miss Colombia လို့ မယ်စကြာင်္ဝဠာ အမည်ကို မှား ကြေညာ မိသော သတင်း။
ဒီလောက် ရှင်းရှင်း ရေးထားတာ ကို မှားရ သလားဟု ထူးဆန်းသည်ဟု ထင်ပါက လဲ ထူးဆန်းသပေါ့။
လူဘဲဟယ်၊ အမှားကင်းပါ့မလား ဟု မထူးဆန်းပါ ဟု ထင်ပါကလဲ မထူးဆန်းပေါ့။
Miss Universe: Miss Colombia mistakenly crowned as winner –  21 December 2015  From the section US & Canada
http://www.bbc.co.uk/news/world-asia-35149195

ဒုတိယ သတင်း က ပထမ သတင်း အောက်မှာ More on this story ဆိုပြီး တွေ့လိုက်လို့ ဆက်ပြီးဖတ်မိ တဲ့ သတင်း။ အဲဒါက Miss Universe 2014 မှာ  Colombia ကဘဲ  Miss Universe ရခဲ့တဲ့ မိန်ကလေး (အခု 2015 ပွဲ မှာ သရဖူ ဆောင်းပေးသူ) က Donald Trump ကို ဝေဖန်ခဲ့လို့ Donald Trump တစ်ယောက် ဒေါဖောင်း တဲ့ သတင်း။
အဲဒီလို ဝေဖန်ချိန် ဇူလိုင်လ ထိ Donald Trump က Miss Universe ပွဲ  ရဲ့ ပိုင်ရှင်ပါ။
စက်တင်ဘာ လ ကမှ သူ့ ပိုင်ဆိုင်မှု ကို  ရောင်းထုတ်လိုက်တာ။
Miss Universe defends keeping crown despite Trump row
7 July 2015
http://www.bbc.co.uk/news/world-latin-america-33421449

Mr Trump had attacked Ms Vega for keeping her crown, saying: “Miss Universe, Paulina Vega, criticised me for telling the truth about illegal immigration, but then said she would keep the crown – hypocrite.”
While announcing his candidacy for the US presidency last month, Mr Trump had accused Mexico of sending rapists and other criminals to the United States.
He also pledged to build a “great wall” on the US border with Mexico and insisted it would be paid for by Mexicans.
He later insisted he was criticising US lawmakers, not Mexican people.
Following Mr Trump’s remarks, several TV networks across the Americas said they would no longer air Miss Universe, including the Spanish language network, Univision and NBC.
Mexico also announced that it would not send a contestant to the pageant. (ဒါပေမဲ့ ဝင်ပြိုင်ပါတယ်။ အကြောင်းက အဲဒီပွဲ က ဒီနှစ် Donald Trump လက်အောက် မှာ မရှိတော့ ဘဲ ဖြစ်သွားလို့ ထင်ရဲ့)

ဒါက Donald Trump Tweet လုပ်ထားတာပါ။
Donald J. Trump✔
@realDonaldTrump
Very sad what happened last night at the Miss Universe Pageant. I sold it 6 months ago for a record price. This would never have happened!
11:41 AM – 21 Dec 2015

ဘာရယ်မဟုတ်ပါဘူး။
ကိုယ့် အလုပ် ကိုယ်မလုပ်နိုင်ဘဲ သူများ တွေ အကြောင်း စပ်စုပြီး ဘယ်သူမှ မဝေဖန် သေးတာ ကို အစထုတ် ဆြာဂျီး စတိုင် နဲ့ အိုင်ဆေး ကိုသိန်းမောင် လုပ်ကြည့်တာပါ။

ကြေညာသူ Steve Harvey မှားခဲ့တာ တကယ်ဘဲ ရိုးရိုးသားသားလား။
ကန့်လန့်ကာနောက်ကွယ် မှာ ဝှက်ဖဲ ရှိနေလား။
တိုက်တိုက်ဆိုင်ဆိုင် Mr Trump မရှိတော့မှ ဒီ လို ပြသနာ ဖြစ်လိုက်တာလား။
ဘူ သိနိုင်မလဲ။ နော။

ဒီလို လောကကြီး က အဖြစ်အပျက် တွေကို သံသယ နဲ့ ကြည့်နေမိတဲ့ ကိုယ့်ကိုယ်တောင် ပြန်သနားလာမိပါပေါ့။

ဘာဘဲဖြစ်ဖြစ် အခုလက်ရှိ လုပ်နေတဲ့ US presidential election မှာ Mr Trump တစ်ယောက် တစ်ခုခု ကို မွှေမလားဘဲ လို့ တောင် ကြားက နေ မဆီမဆိုင် စိုးရိမ်မိသား။
ဒါပါဘဲ။  lol:-))))

Miss Universe 2015
ဒါဟာ ဖြစ်ချင်သလို ဖြစ် တဲ့ Random အကြောင်းလား၊ အကြောင်းတစ်ခုကနေ ဖြစ်တဲ့ အကျိုးဆက်လား။ Who knows! !!!!

 

15 comments

  • ဇီဇီခင်ဇော်

    December 22, 2015 at 6:22 am

    အများကြီးး ဖစ်နိုင်တာပဲ…
    မယ်ရွေးပွဲ မှာ တိုက်ဆိုင်တယ် ဆိုတာ မရှိ..!!
    အောင်မြင်တဲ့ မယ် ရွေးပွဲများရဲ့နောက်ကွယ်မှာ ချမ်းသာသော သထိန်းကြီးးများရှိ၏.. ဟိ…!!

    အတည်ပြောရရင်
    ပိုက်ဆံတွေ သုံးဖို့ထက် အများကြီး ပိုလျှံ.. ဖြုန်းဖို့ လိုနေတဲ့ သထိန်းတွေ အာဏာရှင်တွေ
    လုပ်စရာကုန်သွားရင် ကြောက်စရာကြီးးး
    သူတို့ ဘဝမှာ သူများ ဘဝတွေ ကို မွှေနှောက် ကစားပြီးး ပျော်စရာ ရှာ ဖို့ ပဲ ကျန်တော့တယ်…

    • မြစပဲရိုး

      December 23, 2015 at 4:33 am

      အရီးကတော့ အဲဒီ လူကြီး ကို မျက်စိ စပါးမွှေးစူးနေတာမို့ သူ့ ပယောဂ မကင်းကို ထင်တာဘဲ။

  • kai

    December 22, 2015 at 7:07 am

    လူတွေသိပ်စိတ်မဝင်စားတော့တာမို့ပါ…။
    မယုံရင်.. ဂီဂီ့မေးကြည့်…။ :k:

    • ဂီဂီ့

      December 22, 2015 at 10:16 pm

      ဟုတ်ပ့

      • မြစပဲရိုး

        December 23, 2015 at 4:30 am

        ဟုတ်ပါ့။
        အဲဒါနဲ့ဘဲ ပို့စ်တစ်ပုဒ် တောင်ဖြစ်လို့။ 🙄

        သို့ပေမဲ့ အဲဒါဟာ တကယ်ဘဲ publicity stunt အတွက် ဆိုရင်တော့ စင်ပေါ်က မိန်းမ တွေ ကို စော်ကားတာဘဲ။

  • လုံမလေးမွန်မွန်

    December 22, 2015 at 12:03 pm

    အွန်းလေ.. ဒီလိုနိုင်ငံက.. ဒီလိုပွဲမျိုးမှာ.. ဒီလိုမှားတယ်ဆိုတာ..
    အံ့စရာကြီး.. ဩစရာကြီး..

    • မြစပဲရိုး

      December 23, 2015 at 4:37 am

      ဟုတ်မဟုတ်တော့မသိ။ အဲဒီလို Result ကို ပြောရတာ စာရွက် က For show တဲ့။
      တကဲ့ Result က နားကြပ်က တစ်ဆင့်ကြား ရတာ ကို ပြောရတာလို့ ပြောတာဘဲ။
      အင်တာနက် သတင်းတွေကတော့ သိတဲ့အတိုင်းဘဲ သမီးရေ။ ချင့်ယုံ ဘဲ။

  • E.မြောက်မြောက်

    December 22, 2015 at 8:16 pm

    ဘားမှဟုတ်ဘူး
    ညက
    ဘီအီဂလုတာ တစ်စိတ်လိုသွားလို့ လစ်မစ်မပြည့်ပဲ လပ်ကျွတ်သွားတာ
    ဟွန်း

    • မြစပဲရိုး

      December 23, 2015 at 4:37 am

      ဟုတ်ပါ့။
      ဟွန်း

  • kai

    December 23, 2015 at 6:01 am

    မေဘရဏီသော်ပြောတာကတော့.. သူတို့တွေမြင်နေရတဲ့… ဘုတ်မှာထိုးတာက.. အစကတည်းက.. မစ်စ်ဖိလစ်ပင်းတဲ့..။

    • E-မြောက်မြောက်

      December 23, 2015 at 10:20 am

      ကိုလှန်ဘီယာကို တက်တက် စော်ဒကားဒါဘဲနေမှာ
      အိုက်ဂဒုံး ..
      မြန်ပြည်မှာဆို ရေတန့်ဘူးကြိုက်လား ရှူ ရှူ း ဘူး ကြိုက်လားပဲ
      ဒိုမြန်မာဒွေက ဆိတ်ကျီးဒယ်
      ကိုလှန်ဘီယာမို့ ငြိမ်ခံဒါ ဟွန်း

  • Mike

    December 23, 2015 at 10:45 am

    .ဖတ်ပြီးဘာမှမဝေဖန်တတ်လို့ အသာဇက်ပုပြီးပြန်ထွက်သွားပါဂျောင်း :))

  • အောင် မိုးသူ

    December 23, 2015 at 11:40 am

    တကယ်တော့ ပရန်ဆန်တာက မဖြစ်သင့်ဘူးလေ။ အခု နောက်ထပ် သတင်းတစ်ပုဒ်ထွက်နေတယ်။ ပရန်ဆန်တာက ကဒ်ကဟာကိုမကြည့်ဘဲ Photometer ကိုကြည့်မိတယ်ဆိုလား။ အဲ့မျာ ကိုလံဘီယာလို့ ပြထားပါသတဲ့။ တကယ်တော့ ပရန်ဆန်တာ မွှေတာပါ။ ဒိုနယ်ဒရန့်ကတော့ သူသာဆို
    ပူးတွဲမစ်စ်ပေးပါတယ်တဲ့ ပြောသွားတယ်။

  • alinsett

    December 23, 2015 at 11:47 am

    .ဖွေးဖွေးလို့ ကြေငြာပြီးမှ…ဒေါ်ဖွားမေပါ…ဆိုပြီး…အလုပ်ခံရလို့ကတော့…
    ကျနော် ငြိမ်နေမှာမဟုတ်ဘူး။

    ခုကိစ္စတော့… ရှိစေတော့….
    အနော့် ဖွေးဖွေး မပါတဲ့ပွဲကို…ပါတဲ့ပွဲလောက် စိတ်မွင်ဇားဝူးးးး

    :k:

  • ဦးကြောင်ကြီး

    January 1, 2016 at 1:38 am

    အမ်တီမြက ကေ ျာင်းသားသပ်မဂ မုန်းတီးရေးဝါဒီစိုဒေါ့ စုံထောက်မလှုပ်နဲ့ လုံထိန်းလှုပ်။

Leave a Reply