ထိုးပြီးသွားပြီ

ပိုလီအကွက်တွေ ထိုးချင်လွန်းလို ့ပိုက်ဆံစုနေတာ သွားထိုးတာ ကိုသုဆီမှာပေါ့ အရင်က

ပုံတွေလည်း ကိုသုဆီမှာပဲထိုးခဲ့တာဆိုတော့။ ဒီတစ်ခါထိုးတော့ နှစ်ခါခွဲထိုးလိုက်ရတယ်။

နောက်ဆုံးတစ်ခေါက် အီစလံဝေနေတာပဲ။ နာတာမှ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ဟိဟိ

 

B612-2015-12-23-06-42-47_1450830593403 B612-2015-12-23-06-43-33

17 comments

  • Mike

    December 23, 2015 at 10:40 am

    .လုပ်ချင်တာလုပ်လိုက်ရတော့ပျော်တယ်မဟုတ်လား..ပီးရင်တော့ဘယ်လောက်အေးအေးအိုက်တတ်လာလိမ့်မယ် :))

  • alinsett

    December 23, 2015 at 10:43 am

    ထိုးပြီးသွားတဲ့အခါ….
    .ပြန်နှုတ်ချင်လာရင်တောင် လွယ်လွယ် နှုတ်မရတဲ့အရာပါလား…လို့…တွေးမိ…

  • kai

    December 23, 2015 at 10:43 am

    အရောင်စုံခေတ်မစားဘူးလား..။
    ကျုပ်ဆိုစဉ်းစားနေတာ… လက်မောင်းမှာအင်း,စမတွေချချင်လို့…။
    ဟုတ်ဟုတ်မဟုတ်ဟုတ်…အတင်းပရိုမိုးရှင်းလုပ်ရင်… မြန်မာတွေအတွက်.. ဈေးကွက်အခွင့်အလန်းပဲ..လို့..။

    • အောင် မိုးသူ

      December 23, 2015 at 11:00 am

      အဲ့လို အင်း စမတွေက ထိုင်းမှာတော့ အယူအဆအရ ထိုးကြတယ်။ ဒီမှာလည်း အရင်ကတည်းက ရှိပါတယ်။ ခုထိုးထားတာက ပိုလီနရှင်လို့ခေါ်တယ်။ ကာလာတွေမကြိုက်လို တစ်ရောင်တည်းထိုးတာ။

  • Mike

    December 23, 2015 at 10:46 am

    .ကျန်သွားလို့…စွတ်ကျယ်များများဝယ်ထားတော့ :))

  • ဇီဇီခင်ဇော်

    December 23, 2015 at 11:35 am

    သတ္တိမွေးလိုက်အူးမယ်။
    :k:

    • အောင် မိုးသူ

      December 23, 2015 at 11:43 am

      ပထမဟာတွေ အဲ့လောက်မနာပေမယ့် ခုဟာက အပြည့်တွေဖြစ်လို့ တစ်ဝက်ကျော်ကျော်မှာ အဝတ်စကို ကိုက်ထားရတယ်။ ဟိဟိ

  • HMM

    December 23, 2015 at 3:20 pm

    သွေးကလေးစစ်ဖို့ အပ်ကလေးနဲ့ထိုးတာ ပွက်ဆိတ်လေးကိုက်တာတောင် ထွန့်ထွန့်လူးတတ်တဲ့သူဆိုတော့ လုံးဝမစဉ်းစား.. :byee:
    သူများတွေ လှတပတထိုးထားတာမြင်ရင် သရေတော့အကျသား..
    စိတ်ထင် skin carving ကပိုလှသလိုလို :k:
    ကြုံတုန်းဆေးထိုးတာ :mrgreenn:

  • E-မြောက်မြောက်

    December 23, 2015 at 6:30 pm

    ဂွတ်ထ
    ဝါသနာတော့ ပါအိ
    ပါမစ်အပိတ်ခံထားရလို့ မီထိုးရ

  • မြစပဲရိုး

    December 23, 2015 at 9:44 pm

    အာ့ဆိုရင် ကြောင်ကလေးလိုပေါ့ပေါ့ပါးပါး ခုန် နိုင်ပြီပေါ့။
    အခုခေတ်မတော့ မကြိုက်တော့ရင် လေဆာနဲ့ ဖျက်လို့ရသတဲ့။
    ဒီတော့ မြန်မာစကားပုံ “အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး” တော့ သုံးပုံတစ်ပုံ ဂွမ်းပြီ။
    😉

    • HMM

      December 24, 2015 at 8:54 am

      အမှန်က နှစ်ပုံတစ်ပုံ ဂွမ်းနေပြီ အရီးရဲ့.. နောက်ဆယ်စုနှစ် တစ်ခုခွဲလောက်ဆို သုံးပုံနှစ်ပုံဂွမ်းလောက်ပြီ

  • ဂျက်စပဲရိုး

    January 11, 2016 at 10:19 am

    တက်တူး ထိုးချင်တယ်..
    ကိုယ့် ကို ကိုယ် လူမြင်ကောင်းအောင် အရင် ဝိတ်ချဦးမှဘာာာာ 😛

Leave a Reply