တင်မြင့် နဲ့မှ တန်သော လိပ်ကျွန်း လူသတ်မှု
Photo credit to original uploader
လိပ်ကျွန်း လူသတ်မှု နှစ်ယောက်ကို ဒီနေ့ ၂၄ ရက်နေ့မှာသေဒဏ်ချလိုက်ပါပြီဗျာ
အစိုးရတွေ အစိုးမရတွေ ကို့နိုင်ငံသားအပေါ် ဘာတွေ ကာကွယ်ပေးခဲ့သလဲ၊ တစ်နှစ်အချိန်ရတယ် အဲကာလရဲ့ ခင်ဗျားတို့ ကြိုးစားအားထုတ်မှုက သေဒဏ်လား ။ ဒါဆို လူကြီးမင်းတို့ ညံ့အိ။
ခင်များဒို့အစား ကျုပ်ရှက်ဒယ်
ရိုင်းရိုင်းပြောရရင် စခွက်လု အိုစာမင်းစာမက
ဆွေစဉ် ဆယ်ဆက် စားမကုန်သောက်မကုန်အောင်
အိတ်ထဲထည့်ဖို့ပဲသိကြတာ
ပြည်သူတွေ ဘွ
လယ်တွေ ကျွဲတွေ နွားတွေ ရောင်း၊ မရှိချီးငှါးပြီး တပါသွား အလုပ်ထွက်လုပ်ကြနေရတာ
ရွာတွေဆို အဖိုးကြီးအဖွားကြီးပဲ ကျန်တော့တယ်
အလှူအတန်းတွေ ဆို ကွန်းတောင်ပန်းတောင် ကိုင်မဲ့လူတောင်မရှိ၊ သူတို့ကို မမြင်ရတော့ ကျုပ်စိတ်မကောင်း ။
အတော်များများ လူလိမ်တွေမိ၊ အနှိမ်ခံဘွ အစော်ဂါးခံဘွတွေ နဲ့ တရွာပြောင်းပြီး သူကောင်းမဖြစ်ခဲ့ကြဘူး။
ဧရာမတွင်း အဝီဇိပေါက်ပြီး သယံဇာတတွေသာ
ပြောင်တလင်းခါသွားတယ် ပြည်သူတွေ အတွက် အလုပ်ကိုင် အခွင့်လမ်းမပြောနဲု့ ရင်ခွဲရုံက ဆရာဝန်တွေတောင် ဖုန်းဓာတ်မီးနဲ့ ထွန်းပြီး ခွဲစိတ်နေကြရတဲ့ဘွတွေ၊ ဖယောင်းတိုင်ထွန်းပြီး နှစ်ထောင်နဲ့ လောက်အောင်သုံး ဆိုတာက လာသေးတယ်။
ဒါတောင် နိုင်ငံသားတိုင်းမှာ တင်နေတဲ့ သောက်ကြွေး အိမ်ပေါ်တက်မတောင်းသေးတာပဲ ကျေးဇူး တင်ရမဲ့အပေါက်။ ကျနော်ကတော့ ပြဿ
နာမရှိပေမဲ့၊ ကျနော့ညီလေးက ခုမှ နှစ်တန်းစာမေးပွဲဖြေ ကျနော့ အဖွားလဲ အသက်ကြီးပြီ အလုပ်မရှိဝင်ငွေမရှိ ဆိုတော့ သူတို့မပေးနိုင်မှာ ကျုပ်စိုးရိမ်တာကော။
တချို့ လဲ အကြွေးမပေးနိုင်လို့ တိုင်းတပါး ထွက်ပြေးကြတာလဲ ပါမပေါ့ဗျာ။
ဆက်မယ်..
အလုပ်ကိုင်ခွင့်လမ်း မက်လောက်စရာမရှိ၊ ပညာအရည်ချင်း အ သုံးလုံးကြေယုံလောက်သိ
အတွေ့ကြုံဗဟုသုတ ထုံး၊ ကွမ်း ရောစားရင် အနီထွက် တယ်ဆိုယုံလောက်သိ ဆိုတဲ့ လူတန်းစားတွေ အောလဘုံ၊ မယုံ ဟိုစောက်ရူး ဖိုးတစ်ခေတ်မေးကြည့်။ အဲလိုလူတန်းစားတွေ အတွက် ဘာတွေ တာဝန်ကျေခဲ့သလဲ၊ ဝိုင်းစုခိုင်သိန်း ပြောတဲ့ မက်လောက်စရာမရှိ ဆိုတာ လူကြီးမင်းတို့ရဲ့ ပြည်သူအပေါ်ထားသော တာဝန်ကိုပြောတာပါ။
ပြည်တွင်းကပြည်သူ့ဘွ ကို မမြှင့်တက်ဘူး၊
ပြည်ပရောက် နိုင်ငံသားတွေအတွက်လဲ ထိရောက်တဲ့ တာဝန်ယူ ကာကွယ်မှု မပေးနိုင်ဘူး။
တစ်နှစ်အတွင်း ခများတို့ ညံ့ခဲ့ကြအိ။
ထို့ကြောင့် ခင်များတို့ကို ကျုပ်မုန်းဒယ်။
မပြီးသေးဘူ
ထိုင်းက ဘာဂိုင်း ညာဂိုင်း သဒေါင်းစားဂိုင်းတွေဆီကို ဓားတင်မြင့်လိုကောင် ဆယ်ယောက်လောက် လွှတ်ပေးပြီး
ကုန်းကုန်း ဘွပြောင်းပေးလိုက်ကြစမ်းဘာ
အဲနှစ်ယောက်နေရာမှာ တင်မြင့်ဖြစ်မှ သေဒဏ်ကျခံရကျိုးနပ်မှာ
ကျုပ်ကဒေါ့ ဆယ်ကောင်လောက်စားပြီးမှ ၂ ကောင်လောက် ပြန်ကျွေးချင်တာ။
တရားရုံးဆုံးဖြတ်ချက် တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ..
တင်မြင့်နဲ့မှ တန်သော လူသတ်မှုဖြစ်သည်။
ဒါဆို.. ဒီလူသတ်မှုက..ဒီနှစ်ယောက် သတ်တာ မဟုတ်ဘဲ…
(အပြစ်မရှိဘဲ… သေဒဏ် ခံရတာ)လို့…ဆိုလိုတာပေါ့နော်… ။
———–
ဒါဆို ထိုင်းနိုင်ငံ တရားရုံးက ဘာကြောင့် အပြစ် မရှိတဲ့ မြန်မာနိုင်ငံသားတွေကို …
(ဘာကြောင့်) သေဒဏ်ပေးသနည်း…
အပြစ် မရှိကြောင်း (မြန်မာတစ်ပြည်လုံးအတွင်းက လူတွေက…ယူဆနေကြတဲ့အပြင် မျက်မြင် သက်သေလည်း မရှိတဲ့ ဒီအမှုမှာ သူတို့ဟာ …တရားခံအစစ်မဟုတ်ကြောင်း) ထင်ရှားနေပါတယ်ဆိုတာတောင်မှ….
ဘာကို ရည်ရွယ်ပြီး… သေဒဏ် ပေးပါလိမ့်ပေါ့…
စဉ်းစားစရာပဲ….နော့…
Was this answer helpful?
LikeDislikeသက်သေတွေရှိတယ်ဆို ခုတော့ ဘယ်လိုဖြစ်တာတုန်း။ ထင်တာတော့ ထိုင်းက ဖော်ရိန်နာတွေ လုံခြုံရေးကို အထိပါးမခံနိုင်ဘဲ ဓားစားခံ ထိုးကျွေးလိုက်တာလားမသိ။ စိတ်မကောင်းဘူး ကိုယ့်နိုင်ငံက အကြီးအကဲတွေကရော ဘာလုပ်ပေးနီုင်မလဲ။
Was this answer helpful?
LikeDislikeမြန်မာနှစ်ဦးအား သေဒဏ်ချမှတ်မှုမှာ ထိုင်းက မြန်မာအစိုးရအပေါ် စိန်ခေါ်သကဲ့သို့ ဖြစ်ဟု ကော့တောင်အရေးဆောင်ရွက်သူ ဦးထူးချစ်ဆို
24 December 2015 14:08
ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားနေသည့် ထိုင်း၊ မြန်မာနှင့် ဗြိတိန်သုံးနိုင်ငံနှင့် သက်ဆိုင်သည့် ကမ္ဘာကျော်ကော့တောင် (လိပ်ကျွန်း) လူသတ်မှု နှင့်ပတ်သက်၍ စွပ်စွဲခံရသူ မြန်မာနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့ခြင်းသည် ထိုင်းအစိုးရအနေဖြင့် မြန်မာအစိုးရကို စိန်ခေါ်လိုက်သကဲ့သို့ ခံစားရကြောင်း စွပ်စွဲခံရသူ မြန်မာအမျိုးသားနှစ်ဦးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်သည့် ဦးထူးချစ်က ဒီဇင်ဘာ ၂၄ ရက်တွင် The Ladies သို့ပြောသည်။
“ထိုင်းအစိုးရအနေနဲ့တော့ ဒါမြန်မာအစိုးရကို စိန်ခေါ်လိုက်သလို ခံစားရတယ် ။ တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ သန်းပေါင်းများစွာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အင်မတန်မှ စိုးရိမ်စရာကောင်းတယ်၊ အမိန့်ချတဲ့ အချိန်မှာ အမှု ခုနစ်မှုနဲ့စွဲထားတဲ့ အချိန်မှာ ကလေးတွေကို အမြင့်ဆုံးအမှု အနေနဲ့ သေဒဏ်ချလိုက်ပါတယ်” ဟု ဦးထူးချစ်ကပြောသည်။
လိပ်ကျွန်းလူသတ်မှု နှင့် ပတ်သက်၍ ဖမ်းဆီးခံ မြန်မာအလုပ်သမားနှစ်ဦးကို လူသတ်မှု ကျူးလွန်သည်ဟုဆိုကာ ထိုင်းတရားသူကြီးက သေဒဏ်ပြစ်ဒဏ် အပါအ၀င် ပြစ်မှု ခုနစ်မှုလုံးကို သီးခြားပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုကို အောက်တိုဘာ ၁၁ ရက်က အပြီးသတ် စစ်ဆေးပြီးစီးခဲ့ပြီး ဒီဇင်ဘာ၂၄ ရက်တွင် အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းခေါ် ( လိပ်ကျွန်း ) တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှာ ၂၀၁၄ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်သည့် ဟန်နာဝစ်ထာရစ်ခ်ျ ၂၃ နှစ်နှင့် ဒေးဗစ်မီလ်လာ ၂၄ နှစ် တို့နှစ်ဦးသည် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က အသက် ၂၂ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား နှစ်ဦးကို တရားခံအဖြစ် စွပ်စွဲကာ ဖမ်းဆီး၍ ပြစ်မှုခုနစ်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုကို စစ်ဆေးရာတွင် နှစ်ဖက်သက်သေ ၃၄ ဦး က ရုံးချိန်းစုစုပေါင်း ၂၁ ကြိမ်တိုင် ထွက်ဆိုချက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၁ ရက် တွင် ရုံးချိန်းများ အပြီးသတ်ခဲ့ကာ စွပ်စွဲခံရသူ နှစ်ဦးဘက်မှ ထိုင်းရှေ့နေအဖွဲ့သည် တရားသူကြီး စီရင်ချက်ချရာတွင် ထည့်သွင်းစဉ်းစားနိုင်မည့် သက်သေခံစာရွက် ထောင်ပေါင်းများစွာကို တရားရုံးတွင် သွင်းခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် (ယနေ့) တွင် လိပ်ကျွန်းလူသတ်မှုအား အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အမိန့်ချမှတ်ခဲ့သည့်အပေါ် ဦးထူးချစ်က “အယူခံဆက်တက်ပါမယ် ။ အယူခံက နှစ်ဆင့်တက်ရပါမယ် ။ ပထမတစ်ဆင့်ကတော့ ခရိုင်အဆင့်မှာ အယူခံတစ်ခု တက်မယ် ။ လိုအပ်လို့ရှိရင်တော့ ဗဟိုအစိုးရကို အယူခံတက်ပါမယ် ။ အယူခံနှစ်ခုတက်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောဆိုသည်။
လိပ်ကျွန်းလူသတ်မှုကို စစ်ဆေးရာတွင် ထိုင်နိုင်ငံ မှ DNA ပညာရှင်များက DNA မတူညီကြောင်း ထုတ်ပြန်ခဲ့သည်။ “ထိုင်းကရှိတဲ့ DNA ပညာရှင်တွေကအစ ပြောထားတဲ့ ကိစ္စဖြစ်တယ် ။ နောက်တစ်ခု သူကလည်း သက်သေအတိအကျ မပေးနိုင်ဘဲ အခုလိုမျိုး အမိန့်ချတယ်ဆိုတော့ မတရားသဖြင့် ကိုယ်တွေ နိုင်ငံသားတွေကို အမိန့်ချတယ်လို့ ခံစားရတယ်” ဟု ဦးထူးချစ်ကပြောသည်။
ထိုင်းနိုင်ငံတွင်ရှိသည့် မြန်မာလုပ်သားနှစ်ဦး၏ အမှုသာ မဟုတ်ဘဲ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အကာအကွယ်ပေးရန်မှာ လက်ရှိ မြန်မာအစိုးရအနေဖြင့် သာမက နောင်တက်လာမည့် အစိုးရ၊ အဓိကအားဖြင့် မြန်မာ့တပ်မတော်အနေဖြင့် တတ်နိုင်သည့်ဘက်က စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီး အကာအကွယ်ပေးရန် အချိန်ရောက်ပြီဟု ပြောကြားချင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးသူဖြစ်သည့် ဦးထူးချစ်က ဆက်လက် ပြောကြားခဲ့သည်။
(The Ladies News)
https://www.facebook.com/News.TheLadies/
Was this answer helpful?
LikeDislikeသတ်တယ်လို့ ပြောရအောင် ခိုင်လုံတဲ့ သတင်းမကြားပါဘူး
စဖမ်းတာ အခင်းဖြစ်ည စီစီတီဗီထဲ တွေ့လို့ ဖမ်းချုပ်ရာက
ပြန်မလွှတ်ပဲ ဘားပိုင်ရှင်၊ ရဲ၊ စကားပြန်တွေရဲ့ ပါးစပ်ထဲ
ပြောချင်ရာပြော သတင်းတွေနဲ့ ကြာလာပြီး
ကြာလာတော့.
သူတို့လက်ခုပ်ထဲကရေဖြစ်ပြီး ဂျပိုးကို တဖြည်းဖြည်း
လိပ် သဏ္ဌာန် တူလာအောင် ဖန်တီးဖို့ အချိန်
တစ်နှစ် ကြံစည်ခွင့်ရှိခဲ့တယ်ကော
ကိုယ်တိုင် ကျူးလွန်မကျူးလွန်ကတော့ ကာယကံရှင်ထက်
ဘသူမှမသိနိုင်
ပြည်သူအကုန်လုံးကတော့ မဟုတ်ပါစေနဲ့ပဲ
မျှော်လင့်နေကြတာပါ
ဘာကြောင့်လဲဆိုတော့
အနှိမ်ခံမြန်မာလုပ်သား အလုပ်သွားလုပ်ကြတာဖြစ်တယ်
ဘိခ်ျ သွား ကမြင်းကြောထတာမဟုတ်ဘူး
ပြီးတော့ ထိုင်းမှာ လူမိုက်တွေ မိုက်ကြေးခွဲတဲ့ဂိုင်းတွေလဲ
ရှိနေတာကြောင့်
ုတကယ်မကျူးလွန်ခဲ့ရင် နစ်နာရပြီကောဗျာ
Was this answer helpful?
LikeDislikehttps://www.change.org/p/david-cameron-independently-investigate-the-horrific-murders-of-hannah-witheridge-and-david-miller/u/14625682?tk=ORV4AyN1SDlS3IuPIWxUeU9rgHUNuSVW3DK6khS29Kw&utm_source=petition_update&utm_medium=email
16 Dec 2015 — Petition update
Summary of Facts and Candlelight Vigil Day 4
Christopher Harkins
honolulu, U.S. Minor Outlying Islands
Facts from that article:
{
Below is a great summary by another facebook supporter of the facts of the trial, and why we are all so upset at the blatant cover up and constant miscarriages of justice seen in this case.
KOH SAMUI TRIAL FACTS.
Hannah’s clothing untested for forensics and missing from evidence (obviously would have the murderer’s DNA on them).
Both young Burmese men were allegedly tortured for a false confession. Their bruises seen by witnesses.
No valid DNA evidence has been presented at the court.
According to Thai police DNA samples were contaminated or ‘used up’.
Thai police didn’t test the alleged murder weapon for DNA. Dr. Pornthip, head of the Central Institute of Forensic Science stated in court that the DNA on the murder weapon does not match the defendants.
There are undisclosed discrepancies between Thai coroner’s report vs UK report.
Thai suspects DNA sample never received and tested.
CCTV footage at pier never checked despite an early morning boat leaving on the day of the murders.
Two actual eyewitnesses to the murders of Hannah and David too afraid to testify.
High ranking police gave very contradictory statements whilst testifying at court.
No “chain of custody” maintained with forensics.
No DNA evidence regarding cigarette butts given to the court.
Blonde hair found in Hannah’s hand with root on it never forensically tested. now, missing from evidence.
}
I believe that the sentence today is enforced and carried out. not Justice. :-((((
Was this answer helpful?
LikeDislikeအခုအခြေအနေနဲ့ဆို… မြန်မာများ.. ထိုင်းနေရာလောက်များ အဆင့်ရှိရင်.. ကမ္ဘာ့လူသားတွေဘယ်နားနေရမယ်တောင်.. မသိဖြစ်မှာ..။
ဆိုတော့..
ချကွ.. သတ်ကွ.. ၀ါးရင်းတုတ်နဲ့တက်ရိုက်ကွ…။
အရှင်မထားဘူးကွ…။ အမှုန့်ချေပစ်ကွ…။ ဘာကြောက်နေရသလည်းကွ..။
ထိုင်းမှာအလုပ်လုပ်နေတဲ့.. မြန်မာ၂သန်းလည်းပြန်လာကြကွ..။
ထိုင်းကသွင်းတဲ့.. အချိုမှုန့်လည်းမစားဘူးကွ..။
ထိုင်းကပေးတဲ့.. ဓာတ်ငွေ့ရောင်းရငွေလည်းမယူဘူးကွ…။
ကွ.. ကွ.. ကွ…
နောက်ပြီးတကယ်ပြောတာမဟုတ်ဘူးဆိုတာ.. ဟုတ်တယ်လို့မဆိုလိုပါကြောင်း..။
Was this answer helpful?
LikeDislikeနေဘာ အိုင်ခုရာ
အိုင်ခုပြောတဲ့ မြန်မာထက် အဆင့်ရှိတယ်ဆိုဒဲ့ ထိုင်း
ကလိန်ကကျစ်
ဘာအဆင့်မှ မရှိလို့ ခိုးဝင်မြန်မာလုပ်သား အချိုချောင်ဈေးနဲ့
အလုပ်ခန့်ထားပြီး ရှော့တက်မှ ငယ်ကျိုးငယ်နာဖော်တာ
ဘာအဆင့်ရှိတာတုန်း
တစ်ကယ်အဆင့်ရှိ မခန့်နဲ့လေ
ဒီကောင်တွေ မခန့်ပဲ ဘသူမှ ခိုးဝင်ပြီး အလုပ်မလုပ်ဘူး ရှင်းသလား
မရှင်းရင် ဒယ်အိုးနော်
ဒီအန်အေကိစ္စ
မတူဘူးပြောပြီးမှ ခုဘာလို့ တူပြန်သတုန်း
ဝိုင်းအဝှါပြုလို့ အဝှါသွေးထွက်တာလဲ အငုံးလေးဆို ထားတော့
အချိန်တန် အာနေမဲ့အမျိုးကြီး
ပေါက်တူး ခုတ်လို့သေတာတဲ့
ဒဏ်ရာကြည့်တော့ လက်မလောက်ပဲ ရှိတယ်
ဝန်ခံရင် ၄ ပုံ ၁ ပုံပဲကျမတဲ့
သက်သာမလား
ယောင်ယမ်းဝန်ခံမိပြီးတော့ ဘယ်ရှေ့နေမှ မကယ်နိုင်ဘူး
ကျွံသွားပြီ
အိုး
ရှင်းပြမောတယ်
ထိုင်းအစိုးရ တစ်ဖတ်သတ်လွှင့်တဲ့ သတင်း ယုန်ဘူး
အဆင့်မရှိတဲ့ မြန်မာထက် ပို အဆင့်မရှိသော ထိုင်းအစိုးရကို ယုန်ဗူး
ခိုးဝင် လုပ်သားများ သတိထားပါ တရားဝင်များလဲသတိရှိပါ
ယုန်ဗူး ယုန် ဗူး
Was this answer helpful?
LikeDislikeကိုတင်မြင့်ဆို ဘလောက်တန်သလဲ
မိုက်ကြေးခွဲတယ် သတ်တယ် လုတယ် ထောင်စောင့်ကိုရိုက်ပြီး
ထောင်ဖောက်ပြေးတယ် ထွက်လာ ထက်သတ်တယ်
သတ်လို့ လိုက်ဖမ်းတဲ့ရဲ ထပ်သတ်တယ်
အော..
ခု သေဒဏ်ပေးတယ်
လုပ်ရပ်နဲ့ ပစ်ဒဏ် ဘလောက်တန်သလဲ
လာမလုပ်နဲ့ ကိုယ်တွေက ဘာလုပ်လုပ် တွက်တတ်တယ်
ဘောပွဲ အမြဲ ရှုံးဒယ် :-)
အချိုမှုန်မစားဘူးဗျာ ကျန်းမာရေးမညီညွတ်လို့
အချိုမှုန့် မသုံးတဲ့ဆိုင်ရွေးစားတယ်
ဓာတ်ငွေ့ မရောင်းဘူးဗျာ ဓာတ်ငွေ့ပေးငွေရတယ် ဘယ်ရောင်းရောင်း ငွေ ရတယ်
ချိုလို့ ချောင်လို့ ခန့်တဲ့အလုပ်မလုပ်ဘူးဗျာ
ထရေသောက် ပဲမြစ်ဖုတ် မြေပဲလှော် ဝါးနေ အေးဆေးပဲ
:-)
လာမယှဉ်နဲ့ သူ့ဘိုးအေ အမေဒီကန် စီးပွားပိတ်ဆို့တာတောင်
မှုတာမဟုတ်ဘူး ဘောပေါက်
ဘောမပေါက်ရင် ဒယ်အိုးဗျ
Was this answer helpful?
LikeDislikeကွာခြား လိုက်ပုံက ………..
နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်လို့ မြန်မာသံအမတ်ပြောပြီ
မြန်မာလူငယ်နှစ်ယောက်ဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို ထိုင်းတရားရုံးက ဗြိတိသျှနိုင်ငံသားနှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ချမှတ်ခဲ့တာကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံကြား သံတမန်ရေးဆက်ဆံမှု ထိခိုက်မှာ မဟုတ်ပါဘူးလို့ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြောတယ်လို့ ရိုက်တာကဆိုပါတယ်။
“အားလုံးက လူသားတွေပဲဖြစ်ကြပါတယ်။ ဒါ့ကြောင့် သေဒဏ်ပေးခံရတယ်လို့ ကြားရင် စိတ်မကောင်းဖြစ်ကြမှာပဲ။ ဒါပေမယ့် ဒီကိစ္စက ဥပေဒလမ်းကြောင်းဖြစ်တာမို့ ဥပဒေကိုလိုက်နာရမယ်”လို့ ဦးဝင်းမောင်က ဆိုပါတယ်။ ထိုင်းဝန်ကြီးချုပ်ရုံးဝန်ကြီး ပန်နာဒါနဲ့ ဦးဝင်းမောင်တွေ့ဆုံအပြီး အခုလိုပြောခဲ့တာဖြစ်သလို “ဒီအမှုက ထိုင်းအစိုးရအနေနဲ့ သေသေချာချာ ကိုင်တွယ်ဖို့မျှော်လင့်သလို နှစ်နိုင်ငံ သံခင်းတမန်ခင်း ထိခိုက်မှု မရှိပါဘူး”လို့ ဆက်ပြောခဲ့ပါတယ်။
အခြား နိုင်ငံသားတွေကို သူတို့ နိုင်ငံ တွေက ကာကွယ်ပေး ပုံက …………
“The executions could cause a diplomatic fallout between Australia and Indonesia similar to earlier this year when the Netherlands and Brazil recalled their ambassadors after their nationals were killed,”
http://www.aljazeera.com/news/2015/04/indonesia-executes-drug-smugglers-firing-squad-150428172428432.html
Was this answer helpful?
LikeDislikeအောက်လမ်းနည်းတွေရပ်ကြပါ
အောင်မျိုးကျော်
၂၇၊ ၁၂၊ ၂၀၁၅
ဒီနေ့ ရန်ကင်းဘက်သွားရင်း အမေစုအိမ်ရှေ့က ဖြတ်သွားခိုက် ဆန္ဒပြနေကြတဲ့ ဘုန်းကြီးတချို့နဲ့ လူတစုကို ခြံဝမှာတွေ့တယ်။
ဘယ်လိုရည်ရွယ်ချက်နဲ့ လာသလဲဆိုတာ သိချင်လို့ သွားကြည့်ဖြစ်တယ်။ ထင်တဲ့အတိုင်းပါပဲ အများစုက အမေစုကို အမျိုးသားရေးမလုပ်ဘူးဆိုပြီး ပြည်သူနဲ့ အမေစုကို သွေးခွဲတဲ့ စကားတွေပြောနေကြတယ်။ အများစုက ရခိုင်သံခပ်ဝဲ၀ဲ စကားပြောကြတယ် ဓာတ်ပုံထဲမှာပါတဲ့ ဘုန်းကြီးကအများဆုံးပြောတယ်။ ကျွန်တော်က ကားလမ်းတဖက်မှာ ရပ်ပြီးဓာတ်ပုံရိုက်တယ်။ ဗွီဒီယိုရိုက်တယ်။ ကျွန်တော့ဘေးမှာ ရဲနဲ့ စသုံးလုံးကလို့ထင်ရတဲ့ အရပ်ဝတ် ဗိုက်ရွှဲရွှဲ အော်ကီတော်ကီခါးချိတ်ထားတဲ့ ၃ယောက်လောက်ရှိတယ်။ ယောပုဆိုးအနက် နဲ့ အင်္ကျီအဖြူ (ငြိမ်း/ပွင့် ယူနီဖောင်း) ၀တ်ထားတဲ့ တက္ကသိုလ်ကျောင်းသားအရွယ် ကောင်လေး ၂ယောက်ထိုင်နေကြတယ်။ သိပ်မကြာဘူး ဗိုက်ရွှဲရွှဲတယောက်က ကောင်လေးတွေကို လှမ်းပြောတယ်။ ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ မင်းတို့ကို ထိုင်ဖို့ခေါ်လာတာမဟုတ်ဘူးလို့ ပြောတယ်။ ကောင်လေးတွေ ချက်ချင်းပဲထ လူအုပ်ထဲဝင်ပြီး ဟိုအော်ဒီအော်လုပ်တော့တာပဲ။
လူအုပ်ထဲမှာ အသားမဲမဲ ရုပ်က စွမ်းအားရှင်ပုံနဲ့ အသက်က ၅၀ လောက်လူတယောက်က နိုင်ငံရေးက အဓိကမဟုတ်ဘူး အမျိုးကိုစောင့်ဖို့အဓိက အမျိုးမစောင့်သူတွေကို အာဏာမပေးနဲ့ စသဖြင့် ပြောနေပါတယ်။ ဘုန်းကြီးတပါးကလဲ ဒီဘက်ခြမ်းထိရောက်လာပြီး အမေစုက အမျိုးမစောင့်ဘူးလို့ ဒေါသနဲ့ပြောဆိုနေတယ်။ ဒီအချိန်မှာပဲ ဗိုက်ရွှဲရွှဲလူက ဘုန်းဘုန်း ဖြေးဖြေး ဖြေးဖြေး ဆိုပြီးပြောတယ်။ ဘုန်းဘုန်းကလဲ အဲဒီလူကို တရိုတသေနဲ့ အေးအေးဆိုပြီး လူအုပ်ထဲပြန်ဝင်သွားပါတယ်။
ကိုယ့်နားကိုယ့်မျက်လုံးတောင်မယုံချင်ဘူး ဖြစ်သွားတယ်။ တကယ့်ကို ကောက်ကျစ်ယုတ်မာစွာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေကြတယ် ဆိုတာ တွေ့လိုက်ရတယ်။
ကျွန်တော်တို့လဲ စိတ်မကောင်းပါ။ ဒီ ၂ယောက်အတွက်တင် မဟုတ်ဘူး ပြည်ပမှာရော ပြည်တွင်းမှာရော ဆုံးရှုံးနစ်နာ ကျေကွဲစရာတွေ အများကြီးပါ။
ထိုင်းမှာ မြန်မာတွေ ခွေးသေ၀က်သေ သေနေရတာ အခုမှမဟုတ်ဘူး ၁၉၇၀ ပတ်ဝန်းကျင်က စခဲ့တဲ့ ဒုက္ခတွေပါ။ ပြည်တွင်းမှာလည်း ကိုယ့်တိုင်းရင်းသားအချင်းချင်း သတ်နေကြတာ ထောင်သောင်းချီ သေကုန်ပါပြီ။
တကယ်အမျိုးသားရေးကို မြတ်နိုးရင် မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်ချင်ရင် ပြည်တွင်းစစ်ရပ်ဖို့ မတရားမှုတွေကိုရပ်တန့်ဖို့ ဖားကန့်မှာ ကျောက်တူးတာတွေရပ်ဖို့ ဆန္ဒပြကြပါ။
မတရားတဲ့ အပြစ်ပေးမှုနဲ့ အသက်ဆုံးရှုံးရမဲ့ ကလေး ၂ ယောက်ကို အသုံးမချကြပါနဲ့။ အောက်လမ်းနည်းတွေ ရပ်တန်းကရပ်ကြပါ။
အောင်မျိုးကျော်
၂၇၊ ၁၂၊ ၂၀၁၅
Was this answer helpful?
LikeDislikeအမှန်က တော့ မျိုးချစ်စိတ်ပြချင်တာ ထက် ဆူအောင်ပူအောင် ကို ဖြစ်ဖို့ လမ်းဖောက်နေတာ လို့ ထင်တယ်။
ဒီအတိုင်းသာ အရိပ်အကဲ မသိ ဆက်ပြီး စခန်းသွားနေရင်တော့ အဲဒီ ကလေး နှစ်ယောက် အပေါ် ကမ္ဘာက သက်ဝင် နေတဲ့ မေတ္တာတွေ တောင်ပျက်သွားလိမ့်မယ်။
အရင်ကထဲ က တစ်စိုက်မတ်မတ် ကြိုးစားပေး သူလာ တွေ က တောင် စိတ်ရှည်ကြဖို့ သွေးမဆူကြဖို့ ပြန်တောင်းပန်နေရတဲ့ အဖြစ်။
အဲဒီလူ တွေ ကို အားတောင်နာဖို့ ကောင်းတယ်။
ကလေးနှစ်ယောက် ကို တကယ်သနားသူတိုင်း အဲဒီ ဆန္ဒပြမှုတွေကို အားမပေးသင့်ပါ။
အရင်ကတော့ ဘုမသိ ဘမသိ ဖြစ်ပြီး အခု မှ အမျိုးချစ်ပြနေသူများ ကတော့
ကလေးနှစ်ယောက် အတွက် လုပ်ပေးတာထက် တိုင်းပြည်ပျက် အောင် ဖျက်နေတာ လို့ဘဲ ဆိုတော့မယ်။
Was this answer helpful?
LikeDislikeတရားမဝင်အလုပ်သမားတွေကို ဖမ်းတယ်ဆိုတော့.. အဲဒီအလုပ်သမားတွေကို လက်ခံပြီး အလုပ်ခိုင်းထားတဲ့ အလုပ်ရှင်တွေကရော အဖမ်းမခံရဘူးလား…
အဲဒါကို မရှင်းဖြစ်နေတာ..
Was this answer helpful?
LikeDislike-သေဒဏ်လို့ကြားလိုက်တာနဲ့ ဥပဒေကြောင်းအရ မှန်မမှန် စဉ်းစားတာက နောက်မှာထားလို့
-ဓါးဆွဲပီးတိုက်ပလိုက်မယ် အရင်ပြောကထဲက မြန်မာပြည်ကလူတွေ စဉ်းစားတွေးခေါ်နိုင်မှု
-ဘလောက် ကျဆင်းနေဘီလဲ မှန်းလို့ရတယ်
-လူပိန်းအစိုးရနဲ့ လူပိန်းပြည်သူ ကီးပြန်ကိုက် လို့ရမဲ့ အကွက်တစ်ကွက် ဖန်တီးလိုက်သလိုဘဲ
-ကြားထဲက အမေစု နားငြီးတာပေါ့
-အနောက်နိုင်ငံတွေမှာလုပ်သလို ဖယောင်းတိုင်ထွန်း ဆုတောင်းတဲ့ ဓလေ့ ဗုဒ္ဓဘာသာ နိုင်ငံမှာ မထွန်းကားတာ အံ့အောစရာဘဲ…
Was this answer helpful?
LikeDislikeအိမ်ပြန်လို့ အဲဒီအကြောင်းကို အမေနဲ့ပြောဖြစ်တော့ အမေကလည်း စိတ်မကောင်းဘူးတဲ့.. ကြားကြားချင်းကတည်းက ရင်ထဲမကောင်းတာတဲ့.. ငါ့သားလေးသာဆိုရင်လို့ တွေးမိပြီး မျက်ရည်တောင် ကျတယ်တဲ့.. အဲဒါနဲ့ ဘုရားပန်းတွေ.. သောက်တော်ရေတွေလဲ.. ဆီမီးတွေထွန်းပြီး.. ဘုရားရှိခိုး.. သီလယူ.. သံဗုဒ္ဓေ ဘယ်နှစ်ခေါက်နဲ့ ဂုဏ်တော်ဘယ်နှစ်ခေါက်ဆိုလား ရွတ်ပြီး မေတ္တာပို့ပေးသတဲ့….
Was this answer helpful?
LikeDislikeဝူး…
ခုမှပဲ စိတ်အေးရတော့တယ်
ဆရာ ကိုတော်လေး ဖိုးတစ်ခေတ်က ၆ ရက်နဲ့ ဘယ်နမိနစ်ဆိုလား
တရားထိုင်ပြီးရင် လွတ်စေရမယ်တဲ့
တော်ပါသေးရဲ့တော်
Was this answer helpful?
LikeDislikeကျိန်စာဆိုတာ.. အဲဒါပဲ..
တိုင်းပြည်တိုးတက်ဖို့လမ်းပေါ်များရောက်မယ်မကြံသေး..။ အိမ်နီးနားချင်းနိုင်ငံကို ရန်သွားလုပ်…။
ဟိုကတကယ်ဆော်ရင်…. ခံနိုင်တဲ့အင်အားလည်းရှိတာမဟုတ်…။
သဘောက.. ရန်ဖြစ်ကြလို့.. နဘမ်းအလုံးမှာ..
အောက်ကလည်းပိပြားနေသေး… ကြောက်ပြီလား.. ကြောက်ပြီလားကွ…. လို့.. အော်နေတာလို့..
အဟမ်း.. ဟတ်ချိုး.. ဘွတ်..။
Was this answer helpful?
LikeDislikeကိုယ်တိုင်ပါပြီး လက်တွေ့လုပ်လို့ မရတဲ့ဟာမျိုး တွေ ဆိုရင် လေကျယ်ဖို့ တော့ လွယ်ကြသား။
ရှမ်းပြည်ဘက်မှာ စစ်ပွဲတွေကြောင့် ကလေး တွေ သေကြေ ဒုက္ခရောက်တာမျိုး တွေ ကို ကိုယ်တိုင် သွားပြီး ကာကွယ်ပေးကြပါတော့လား။
ဒီလို အဖျက် စိတ်ဓာတ် တွေ နဲ့တော့ ဟုတ်နေတော့မှာပါဘဲ။
ဘယ်သူတွေပါလဲကြည့်လိုက်လို့ မဘသ ဆိုတာ နဲ့ တင် တော်ရုံ စဉ်းစားတတ်သူဆို သိနေကြပါပြီ။
အမျိုး ဘာသာ သာသနာ လဲ သူတို့ လက်ထဲ မှာ နာလန်တောင်ထနိုင်ဖို့ မရှိတော့။
ဒါကိုတောင် မသိ မမြင် နားမလည် တာကတော့ သနားဖို့တောင်ကောင်းလာပေါ့။
Was this answer helpful?
LikeDislikeWin Naing Oo
December 27 at 10:03pm ·
အိမ် နဲ့ မလှမ်းမကမ်း မှာ စင်ကာပူ အနောက်ပိုင်း အကျဉ်းထောင် ရှိတယ် ။ ဒီမှာ အများ အားဖြင့် အိုဗာစတေယာ တွေ လူဝင်မှု ဥပဒေ တွေ နဲ့ ငြိ ပြီး ကျနေတဲ့ နိုင်ငံခြားသား ခိုးဝင် လုပ်သားတွေ ၊ ကြိမ်ဒဏ် ကျခံရမဲ့သူတွေ ထားတယ် လို့ ဆိုတယ် ။
ဟိုယခင်က ရေကူး ခိုးဝင် ဆိုတာ ဗမာ အများစု ( အတိအကျ ပြောရရင် မွန်အများစု ) ဖြစ်တယ် ။ အိုဗာ စတေယာတွေ ကို ချတဲ့ ပြစ်ဒဏ်က ဖင်လှန် ကြိမ်ဆော်တာပါ ။ လူသား ဂုဏ်သိက္ခာ နဲ့ အရှက်ကို အဆုံးစွန်ထိ ဆွဲ ချ တဲ့ အပစ်ပေးနည်းမျိုးပဲ ။ ဒီ ပြစ်ဒဏ်ကို ခံယူခဲ့ရသူတွေ ရဲ့ အများစု ဟာ ကိုယ်ရွှေ ကိုယ်မျိုးတွေပါပဲ ။
၂၀၀၅ လောက်က တဖက်ကမ်း ဂျိုဟိုး မှာ နေခဲ့စဉ် မိုးရွာနေတဲ့ ညတစ်ည မှာ ပုံးလွတ်ကလေးတွေ ကိုယ်စီ ဆွဲပြီး စင်ကာပူဖက်ကမ်း ကို ရေကူးခိုးဝင်မဲ့ အဖွဲ့တွေ အမှောင်ထဲ တိုးဝင်သွားတာ ကို နောက်ကျောကနေ ကြည့်ရင်း မျက်ရည် ကျခဲ့ရဖူးတယ် ။ ငါတို့ ဘ၀တွေ ၊ ခေတ်သစ် ကျွန်ဖြစ်နေခဲ့ကြရတဲ့ ရွှေ့ ပြောင်းလုပ်သား အမည်ခံ ငါတို့ ဘ၀တွေ ။ ငါတို့ ကိုယ်တိုင်တွေ့ ကြုံ ခဲ့ ရတဲ့ ခံစားမှု ထက် ပိုမိုတဲ့ ဇာတိ ပုည ဂုဏ်မာန စိတ်ခံ တွေ မြင်ရင် ပြုံးချင်ချင် ဖြစ်လာတာကို မနဲ ထိန်းရတယ် ။
စင်ကာပူ အရှေုပိုင်း ချန်ဂီ အကျဉ်းထောင်ထဲမှာ သေဒဏ် ကျခံထားရဆဲ ဗမာ အိမ်အကူ ကောင်မလေး ရှိတယ် ။ သူ့အတွက် ပို့စ် ၂ ခါ ရေးခဲ့ဖူးထင်ပါရဲ့ ။ ပြီးတော့လည်း မေ့မေ့ပျောက်ပျောက် ပဲလေ ။ ရွှေ့ ပြောင်းလုပ်သားချင်းအတူတူ ခေတ်သစ် ကျွန်ဖြစ်ရတာချင်း အတူတူ ကိုးရီးယား စင်ကာပူ ကလူက ထိုင်းက လူကို ပြန်သနားနေရတဲ့ အဖြစ် ။
တကယ်တော့ ဖားကန့်မှော်ထဲက မြေစာတွေကြား ပြားပြားဝပ်ကျ ခဲ့ ရတာတွေ လည်း ရွှေ့ ပြောင်း လူသားတွေပဲ မဟုတ်လား ။ အစုစု သေခဲ့ကြတာ ၃၀၀ တဲ့ မောင်တို့ ။ ၂ ယောက်ထဲ မဟုတ် ။
ခိုတောင်မှာ ၊ အင်ဒိုကျွန်းပေါ်မှာ ၊ ဘန်ကောက်မှာ ၊ မဲဆောက်မှာ မနေ့ကဆိုရင် ရနောင်းမှာ မတရားမှု တွေဟာ အနမတဂ္ဂ ဖြစ်ပေါ် နေခဲ့တယ် ။ ထိုင်းရောက် ရွှေ့ ပြောင်း လုပ်သားတွေ ရဲ့ အရေး ကို အတိုက်အခံ ခေါင်းဆောင် ဒုက္ခသည်စခန်း အလည်ရောက်မှ ခေါင်းငဲ့အကြည့်ခံရတဲ့ အဖြစ်မျိုးဆိုတော့လည်း မတရား ခံရတယ် ထင်လာရင် သူ့ ပြေးကပ်ချင်ကြတာ သဘာဝတော့ ကျသပေါ့လေ ။
သို့သော် သူငယ်ချင်းတို့ ကိုင်ဆောင်လာတဲ့ ကြွေးကြော်သံ စာသားကိုတော့ ဝေဖန်ဆန်းစစ်လိုတယ် ။ The world want REAL justice . တဲ့ ။
ကမ္ဘာကြီးဟာ တရားမျှတမှု အစစ်ကို တကယ်လိုချင်တယ် ဆိုတာ မင်းတို့ သေချာရဲ့လား ။ ဘယ်လိုမျိုး ကိုယ်စားပြု မှု နဲ့ ပြောတာလဲ ။
တကယ်တော့ The world need REAL justice ဖြစ်သင့်တာပါကွာ ။ ကမ္ဘာကြီးဟာ တရားမျှတမှု အစစ် ကို လိုအပ်နေတာပါ ။
အဲဒီ အတွက် မင်းတို့ ၊ ငါတို့ ရဲ့ ဆန္ဒ ဖော်ထုတ်မှု က လူအားလုံးဆီ ပြန်လည်ဖော်ထုတ်ရမှာပါ ။ တကယ်က ထိုင်းမို့ ၊ ကိုးရီးယား မို့ မလေးရှားမို့ ဗမာ ကို နှိမ့်ချနေကြတာလား ၊။
ပညာမဲ့ ဥစ္စာမွဲ အိမ်နီးချင်း မို့ ဖိလို့ ရသလို ဖိနေတာလား အမေပေးထားတဲ့ ဦးနှောက်ကလေး အလုပ်ပေး စဉ်းစားကြည့်ကြရအောင်ပါ ။
ဘုရားပွဲဈေးမှာ ကြက်သား ရောင်းတဲ့ ကုလား ကို အနိုင်ကျင့် ၀ံ့ရုံ နဲ့ ဇာတိ ပုည ဂုဏ်မာန ဘ၀ဆုံးနေရရှာတဲ့ ငါတို့ နိုင်ငံသား ဖြစ်တည်မှု စိတ်ခံတွေ နဲ့ ဆိုရင်
ဒေါ်စု မက လို့ သူ့အဖေ ဗိုလ်ချုပ်ကိုယ်တိုင် သေရွာကထလာပြီး အုပ်ချုပ် ခဲ့ရင်တောင် ဒို့လူလေးများ ညီသလေ ၊ ဝေလေလေ ဘ၀က မလွတ်နိုင်ကြပါဘူး ။
Was this answer helpful?
LikeDislikeNo Comment ..
???
???
Was this answer helpful?
LikeDislike