ဂိုဂဲလ်၊ ဂိုးဒယ်ဒီ၊ နက်ဝေါက့် စလူးရှင်း၊ နောက်ဘယ်သူ ့အလှည့်လဲ။

ngelay44March 25, 20101min520

ကျမက ဂိုးဂဲလ် ပရိတ်သတ် တယောက်ပါ။ ကျမ ဂိုးဂဲပေးထားတဲ့ ဝက်ဘေ့စ်အီးမေးလ်၊ ရှာဖို ့အင်ဖိုတွေလိုတိုင်း ဂိုဂဲလ်ရှာဖွေမှု စနစ်မှာ အမြဲ ရှိနေခဲ့တာပါ။ ပြီးတော့ ကျမ တက်ကနစ်ရှင် တယောက်အနေနဲ ့ဂိုဂဲလ် Apps တွေကိုုလည်း ဝက်ဆိုက်တွေမှာ အစဉ်တဆက်သုံးနေခဲ့တာပါ။ ကျမသူတို ့ရဲ ့အလုပ်တွေကို တော်တော်လေးစားပါတယ်။ သူတို ့တွေ ရဲ ့ရှာဖွေမှု အသုံးစနစ်က တကယ့်ကို အားကျစရာကောင်းလောက်အောင် ပြိုင်ဖက်ကင်းပါတယ်။ နောက်ပြီး ဂိုဂဲလ် အာ့သ်၊ ဂိုဂဲလ် ဘတ်စ်၊ တွေကလည်း သူတို ့တွေရဲ ့နည်းပညာအသစ်အသစ်တွေဟာ လည်း အံ့ဩသင့်လောက်အောင် ကောင်းမွန်ပြီး ကြိုးစားထားတာ တွေ ့ရပါတယ်။ ကျမ ဂိုဂဲကို တရုတ်က စည်းကမ်းတင်းကျပ်ပြီး ခုဆိုရင် ဂိုဂဲ တရုတ်ကထွက်ခွာတော့မယ် ဆိုတဲ့ သတင်းလည်း ကြားရော ကျမ အတော်ကို အံ့ဩသွားပါတယ်။

ခု ဂိုးဒယ်ဒီ ကလည်း တရုတ်ကထွက်ခွာတော့မယ်ဆိုပြီး ကြေငြာထားပါတယ်။ အကြောင်းရင်းကတော့ တရုတ်က ထပ်မှန်ထုတ်ပြန်လိုက်တဲ့ အင်တာနက်ဆိုင်ရာနက်ဥပဒေသစ်ရဲ ့တင်းကြပ်မှုကြောင့်လို ့ဆိုပါတယ်။ ဒေါ ့စီအန် ဒိုမိန်းမှာ လာရောက် မှတ်ပုံတင်သမျှ လူတွေဟာ မိမိနာမည်၊ လိပ်စာ၊ ဖုန်း သာမက မိမိ ကိုယ်ရေးကိုယ်တာ အသေးစိပ်အပြင်၊ ဖောင်မှာ လက်မှတ်ပါ ထိုးရမယ်လို ့ဆိုပါတယ်။ ဒါကြောင့် ဂိုးဒယ်ဒီ နဲ ့နက်စလူးရှင်း တို ့ဒေ့ါစီအန် ဒိုးမိန်းမှာ မှတ်ပုံတင်ခြင်းမှ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်းသိရပါတယ်။ တရုတ်အင်တာနက်စည်းကမ်းဟာ အရမ်းကို တရားလွန်ဖြစ်နေကြောင်း သူတို ့ကသုံးသပ်ပါတယ်။

သူတို ့လို အင်တာနက်ဂုရုကြီးတွေက စပြီး အန်တီကန်နေတော့ အသေးစားလုပ်ငန်းတွေကလည်း တရုတ်က ထွက်ဖို ့ပြင်ဆင်နေကြတယ်လို ့သိရပါတယ်။ အားလုံးက တရုတ်အစိုးရဟာ သူတို ့ဥပဒေကို ပြင်ဆင်ဖို ့မလုပ်ဘူးဆိုရင် သူတို ့အပြင်ကနေ ဖိအားပေးမယ် လို ့ဆိုပါတယ်။ ဒီလို သာ အတင်းအကြပ် ဥပဒေစနစ် ကို် ဆက်လက်ကျင့်သုံးမယ်ဆိုရင် တရုတ်တို ့လိုလားတဲ့ ဂလိုဘယ် စီးပွားရေးစနစ်ဟာ အတော့်ကို ဝေးကွာလွန်းနေပါတယ်။
ဒါပေမယ့် ရဟူး နဲ ့မိုက်ကရိုဆော့ဖ်ကတော့ တရုတ်ကို အလိုလိုက်အကြိုက်ဆောင်ပြီး အဲဒီ တင်းကြပ်မှုထဲမှာ ရှိနေဆဲပါ။ နောက် ဘာတွေဖြစ်လာမလဲ ဆိုတာတော့ ကျမတို ့လက်ပိုက်စောင့်ကြည့်နေကြရုံပါပဲ။ ဂိုးဂဲလ်ကတော့ တရုတ်ကနေ အောင်မြင်စွာ ဆုတ်ခွာသွားခဲ့ပါပြီ။